HomeHealth & Beautyကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေတဲ့ အသီးအနှံ ၅ မျိုး။

ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေတဲ့ အသီးအနှံ ၅ မျိုး။

- Advertisement -

လေ့လာတွေ့ရှိချက်တွေအရ နွေရာသီဟာ ကိုယ်အလေးချိန်လျှော့ချရန် တစ်နှစ်တာလုံးရဲ့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီနဲ့ မိုးရာသီမှာတော့ ပျင်းရိတဲ့နံနက်ခင်းတွေနဲ့ တိုတောင်းတဲ့နေ့တွေထက် နွေရာသီမှာတော့ တောက်ပတဲ့မနက်ခင်းနဲ့ ရှည်လျားတဲ့နေ့တာတွေ ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီပေါ် အသီးအနှံတွေကလည်း ဝိတ်ချဖို့ ကူညီပေးနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားပြီး အဟာရပြည့််ဝတဲ့အပြင် ကိုယ်အလေးချိန်ကျစေမယ့် နွေရာသီရဲ့ အသီးအနှံ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

- Advertisement -

၁။ ဖရဲသီး။

- Advertisement -

- Advertisement -

ဖရဲသီးဟာ နွေရာသီရဲ့အကောင်းဆုံး အသီးအနှံဖြစ်ပြီး ချိုမြိန်အေးမြကာ လန်းဆန်းစေပါတယ်။ ရေဓာတ် ၉၂% ပါဝင်တဲ့ ဖရဲသီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး အစား,စားချင်စိတ်ကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ဖရဲသီးတွင် အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း lycopene ပါဝင်တာကြောင့် ကင်ဆာဆဲလ်များကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

 

၂။ သခွါးသီး။

ကြွပ်ရွပြီးအရသာရှိတဲ့ သခွါးသီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးလို့ရပါတယ်။ သခွါးသီးဟာ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ အပူလွန်ကဲခြင်းမှ ကာကွယ်ပေးနိုင်ပြီး သဘာဝအအေးဓာတ်ကို ရရှိစေပါတယ်။ သခွါးသီးတွင် ရေဓာတ် ၉၅% ပါဝင်ပြီး ကယ်လိုရီပါဝင််မှုပမာဏကလည်း အရမ်းနည်းပါတယ်။ သခွါးသီးကို စားသုံးထားခြင်းဖြင့် အချိန်အတော်ကြာ ဗိုက်ပြည့်နေစေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ အသားအရေကို ကျန််းမာလှပစေပါတယ်။

 

၃။ လိမ္မော်သီး။

လိမ္မော်သီးမှာ ပိုတက်စီယမ်နဲ့ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် A, K, ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အခြားသော အဟာရဓာတ်တွေ ပါဝင်ပါတယ်။ လိမ္မော်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီက ကိုယ်ခံအားစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ရေဓာတ် ၈၈% ပါဝင်တာကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်စေကာ နွေရာသီရဲ့အပူဒဏ်ကို ခံနိုင်ရည်ရှိစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပိုတက်စီယမ်ပါဝင်မှုကြောင့် နွေရာသီတွင်ဖြစ်တတ်တဲ့ ကြွက်သားတွေ ကြွက်တက်ခြင်းကို လျှော့ချပေးပါတယ်။

 

၄။ သခွါးမွှေး။

ဖရဲသီးလိုမျိုး သခွါးမွှေးသီးတွင်လည်း ရေဓာတ်နဲ့ အဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သခွါးမွှေးသီးတွင် ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင််ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင် A, B, K, C, zinc နဲ့ copper ကဲ့သို့ အခြားသော သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ကာ အမြင်အာရုံကို ကောင်းမွန်စေပြီး သွေးဖိအားကို လျှော့ချပေးပါတယ်။

 

၅။ မက်မွန်သီး။

မက်မွန်သီးဟာလည်း ကယ်လိုရီနည်းတဲ့ အသီးအနှံဖြစ်ပြီး အစာ,စားချင်စိတ်ကို လျှော့ချပေးပါတယ်။ မက်မွန်သီးမှာ ရေဓာတ် ၈၉% နဲ့ အမျှင်ဓာတ်များစွာပါဝင်တာကြောင့် ဗိုက်ပြည့်စေကာ ဗီတာမင် A,C, iron, zinc နဲ့ အခြားသောအဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

<Unicode Version>

 

ကိုယ္အေလးခ်ိန္ေလွ်ာ႕ခ်ရာမွာ အေထာက္အကူျဖစ္ေစတ့ဲ အသီးအႏွံ ၅ မ်ိဳး။

 

ေလ့လာေတြ႕ရွိခ်က္ေတြအရ ေႏြရာသီဟာ ကိုယ္အေလးခ်ိန္ေလွ်ာ႕ခ်ရန္ တစ္ႏွစ္တာလုံးရဲ႕ အေကာင္းဆံုးအခ်ိန္ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေဆာင္းရာသီနဲ႕ မိုးရာသီမွာေတာ့ ပ်င္းရိတဲ့နံနက္ခင္းေတြနဲ႔ တိုေတာင္းတဲ့ေန႔ေတြထက္ ေႏြရာသီမွာေတာ့ ေတာက္ပတဲ့မနက္ခင္းနဲ႔ ႐ွည္လ်ားတဲ့ေန႔တာေတြ ႐ွိတဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ရာသီေပၚ အသီးအႏွံေတြကလည္း ဝိတ္ခ်ဖို႔ ကူညီေပးႏုိင္ပါတယ္။ ေရဓာတ္ပါဝင္မႈျမင့္မားၿပီး အဟာရျပည့္္ဝတဲ့အျပင္ ကိုယ္အေလးခ်ိန္က်ေစမယ့္ ေႏြရာသီရဲ႕ အသီးအႏွံ (၅) မ်ိဳးကို ေဖာ္ျပေပးလုိက္ပါတယ္။

 

၁။ ဖရဲသီး။

ဖရဲသီးဟာ ေႏြရာသီရဲ႕အေကာင္းဆံုး အသီးအႏွံျဖစ္ၿပီး ခ်ိဳၿမိန္ေအးျမကာ လန္းဆန္းေစပါတယ္။ ေရဓာတ္ ၉၂% ပါဝင္တဲ့ ဖရဲသီးမွာ အမွ်င္ဓာတ္ပါဝင္တာေၾကာင့္ အခ်ိန္ၾကာၾကာ ဗိုက္ျပည့္ေနေစၿပီး အစား,စားခ်င္စိတ္ကို ထိန္းညိွေပးပါတယ္။ ဒါ့အျပင္ ဖရဲသီးတြင္ အမွ်င္ဓာတ္၊ ဗီတာမင္စီ၊ ဗီတာမင္ေအ၊ မဂၢနီဆီယမ္၊ ပိုတက္စီယမ္နဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္း lycopene ပါဝင္တာေၾကာင့္ ကင္ဆာဆဲလ္မ်ားႀကီးထြားမႈကို ဟန္႔တားေပးႏုိင္ပါတယ္။

 

၂။ သခြါးသီး။

ၾကြပ္႐ြၿပီးအရသာ႐ွိတဲ့ သခြါးသီးကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ စားသံုးလုိ႔ရပါတယ္။ သခြါးသီးဟာ ေရဓာတ္ခမ္းေျခာက္ျခင္းနဲ႔ အပူလြန္ကဲျခင္းမွ ကာကြယ္ေပးႏုိင္ၿပီး သဘာဝအေအးဓာတ္ကို ရ႐ွိေစပါတယ္။ သခြါးသီးတြင္ ေရဓာတ္ ၉၅% ပါဝင္ၿပီး ကယ္လုိရီပါဝင္္မႈပမာဏကလည္း အရမ္းနည္းပါတယ္။ သခြါးသီးကို စားသုံးထားျခင္းျဖင့္ အခ်ိန္အေတာ္ၾကာ ဗိုက္ျပည့္ေနေစၿပီး ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးကာ အသားအေရကို က်န္္းမာလွပေစပါတယ္။

 

၃။ လိေမၼာ္သီး။

လိေမၼာ္သီးမွာ ပိုတက္စီယမ္နဲ႔ ဗီတာမင္စီ ၾကြယ္ဝစြာပါဝင္ၿပီး ဗီတာမင္ A, K, ကယ္လ္စီယမ္၊ မဂၢနီဆီယမ္နဲ႔ အျခားေသာ အဟာရဓာတ္ေတြ ပါဝင္ပါတယ္။ လိေမၼာ္သီးမွာ ပါဝင္တ့ဲ ဗီတာမင္စီက ကိုယ္ခံအားစနစ္နဲ႔ ဇီဝကမၼျဖစ္စဥ္ကို ျမွင့္တင္ေပးၿပီး ေရဓာတ္ ၈၈% ပါဝင္တာေၾကာင့္ အခ်ိန္ၾကာၾကာ ဗိုက္ျပည့္ေစကာ ေႏြရာသီရဲ႕အပူဒဏ္ကို ခံႏုိင္ရည္႐ွိေစတာ ျဖစ္ပါတယ္။ အထူးသျဖင့္ ပိုတက္စီယမ္ပါဝင္မႈေၾကာင့္ ေႏြရာသီတြင္ျဖစ္တတ္တဲ့ ၾကြက္သားေတြ ၾကြက္တက္ျခင္းကို ေလွ်ာ႕ခ်ေပးပါတယ္။

 

၄။ သခြါးေမႊး။

ဖရဲသီးလုိမ်ိဳး သခြါးေမႊးသီးတြင္လည္း ေရဓာတ္နဲ႔ အဟာရဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ သခြါးေမႊးသီးတြင္ ကယ္လုိရီပါဝင္မႈနည္းၿပီး အမွ်င္္ဓာတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ကို ေလွ်ာ႕ခ်ေပးႏုိင္ပါတယ္။ ဗီတာမင္ A, B, K, C, zinc နဲ႔ copper ကဲ့သို႔ အျခားေသာ သတၱဳဓာတ္မ်ား ၾကြယ္ဝစြာပါဝင္ကာ အျမင္အာ႐ံုကို ေကာင္းမြန္ေစၿပီး ေသြးဖိအားကို ေလွ်ာ႕ခ်ေပးပါတယ္။

 

၅။ မက္မြန္သီး။

မက္မြန္သီးဟာလည္း ကယ္လုိရီနည္းတဲ့ အသီးအႏွံျဖစ္ၿပီး အစာ,စားခ်င္စိတ္ကို ေလွ်ာ႕ခ်ေပးပါတယ္။ မက္မြန္သီးမွာ ေရဓာတ္ ၈၉% နဲ႔ အမွ်င္ဓာတ္မ်ားစြာပါဝင္တာေၾကာင့္ ဗိုက္ျပည့္ေစကာ ဗီတာမင္ A,C, iron, zinc နဲ႔ အျခားေသာအဟာရဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။

<Zawgyi Version>

 

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read