HomeHealth & Beautyစတော်ဘယ်ရီသီး ပုံမှန်စားသုံးခြင်းဖြင့်် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ။

စတော်ဘယ်ရီသီး ပုံမှန်စားသုံးခြင်းဖြင့်် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ။

- Advertisement -

၁၈ ရာစုကတည်းက စတော်ဘယ်ရီသီးကို ဥရောပမှာ စတင်စိုက်ပျိုးခဲ့ကြပါတယ်။ အရည်ရွှမ်းပြီးချိုမြိန်တဲ့ စတော်ဘယ်ရီးသီးတွေဟာ ဗီတာမင်စီနဲ့ မန်းဂနိစ်ရဲ့အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး ဗီတာမင် B9 နဲ့ ပိုတက်စီယမ်တို့ သင့်တင့်မျှတစွာ ပါဝင်ပါတယ်။ တစ်နေ့ကို စတော်ဘယ်ရီသီး ရှစ်လုံးခန့်စားပေးခြင်းက မယုံနိုင်လောက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်တဲ့အကြောင်း လေ့လာတွေ့ရှိချက်တွေအရ ဖော်ပြလိုက်ပါတယ်။

 

- Advertisement -

နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း။

- Advertisement -

ကမ္ဘာတစ်ဝှမ်း လူသေဆုံးမှုအများဆုံး အကြောင်းအရင်းတွေထဲမှာ နှလုံးရောဂါက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ စတော်ဘယ်ရီးသီးတွေဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုလက်စထရော၊ သွေးပေါင်ချိန်နဲ့ သွေးဥဆဲလ်တွေရဲ့လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ စတော်ဘယ်ရီးသီးက သွေးတွင်း antioxidant အခြေအနေကို တိုးတက်စေပြီး သွေးတွင်းဖိအားကိုလည်း လျှော့ချပေးပါတယ်။ ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးကာ သွေးကြောတွေရဲ့လုပ်ဆောင်ချက်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

- Advertisement -

 

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း။

သွေးတွင်းသကြားဓာတ် မြင့်မားမှုက အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေနဲ့ ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။ စတော်ဘယ်ရီးသီးဟာ အစာချေဖျက်မှုကို နှေးကွေးစေပြီး ဂလူးကို့စ်နဲ့ အင်ဆူလင်နှစ်မျိုးလုံးရဲ့ အတက်အကျကို ထိန်းညှိပေးပါတယ်။

 

ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း။

လေ့လာမှုများအရ စတော်ဘယ်ရီသီးလိုမျိုး ဘယ်ရီသီးမျိုးစိတ်တွေဟာ oxidative stress နဲ့ ရောင်ရမ်းမှုတွေကို တိုက်ဖျက်နိုင်စွမ်းရှိပြီး ကင်ဆာအမျိုးအစားများစွာကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီးသီးမှာပါဝင်တဲ့ အာဟာရဓာတ်ကလည်း ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ရပ်တန့်စေနိုင်ပါတယ်။

 

အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း။

စတော်ဘယ်ရီးသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အူအတွင်းရှိ အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွါးစေကာ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်မတက်အောင် ထိန်းထားပေးပြီး တခြားသော အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။

<Unicode Version>

 

 

စေတာ္ဘယ္ရီသီး ပုံမွန္စားသုံးျခင္းျဖင့္္ ရ႐ွိလာမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား။

၁၈ ရာစုကတည္းက စေတာ္ဘယ္ရီသီးကို ဥေရာပမွာ စတင္စိုက္ပ်ိဳးခဲ့ၾကပါတယ္။ အရည္႐ႊမ္းၿပီးခ်ိဳၿမိန္တဲ့ စေတာ္ဘယ္ရီးသီးေတြဟာ ဗီတာမင္စီနဲ႔ မန္းဂနိစ္ရဲ႕အေကာင္းဆုံး အရင္းအျမစ္ျဖစ္ၿပီး ဗီတာမင္ B9 နဲ႔ ပိုတက္စီယမ္တို႔ သင့္္တင့္မွ်တစြာ ပါဝင္ပါတယ္။ တစ္ေန႔ကို စေတာ္ဘယ္ရီသီး ရွစ္လုံးခန႔္စားေပးျခင္းက မယုံႏိုင္ေလာက္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ရရွိေစႏိုင္တဲ့အေၾကာင္း ေလ့လာေတြ႕ရွိခ်က္ေတြအရ ေဖာ္ျပလိုက္ပါတယ္။

ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစျခင္း။

ကမၻာတစ္ဝွမ္း လူေသဆံုးမႈအမ်ားဆုံး အေၾကာင္းအရင္းေတြထဲမွာ ႏွလံုးေရာဂါက တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ေလ့လာေတြ႕ရွိခ်က္အရ စေတာ္ဘယ္ရီးသီးေတြဟာ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစၿပီး ကိုလက္စထေရာ၊ ေသြးေပါင္ခ်ိန္နဲ႔ ေသြးဥဆဲလ္ေတြရဲ႕လုပ္ေဆာင္မႈကို တိုးတက္ေကာင္းမြန္ေစပါတယ္။ စေတာ္ဘယ္ရီးသီးက ေသြးတြင္း antioxidant အေျခအေနကို တိုးတက္ေစၿပီး ေသြးတြင္းဖိအားကိုလည္း ေလွ်ာ႕ခ်ေပးပါတယ္။ ေရာင္ရမ္းမႈေတြကိုလည္း ေလွ်ာ႕ခ်ေပးကာ ေသြးေၾကာေတြရဲ႕လုပ္ေဆာင္ခ်က္ကိုလည္း တိုးတက္ေကာင္းမြန္ေစပါတယ္။

 

ေသြးတြင္းသၾကားဓာတ္ကို ထိန္းညိွေပးျခင္း။

ေသြးတြင္းသၾကားဓာတ္ ျမင့္မားမႈက အဝလြန္ျခင္း၊ ဆီးခ်ိဳေရာဂါ၊ ႏွလံုးေရာဂါေတြနဲ႔ ဆက္စပ္ေနတယ္လို႕ ေလ့လာေတြ႕ရွိခ်က္ေတြအရ သိရွိရပါတယ္။ စေတာ္ဘယ္ရီးသီးဟာ အစာေခ်ဖ်က္မႈကို ေႏွးေကြးေစၿပီး ဂလူးကို႔စ္နဲ႔ အင္ဆူလင္ႏွစ္မ်ိဳးလံုးရဲ႕ အတက္အက်ကို ထိန္းညိွေပးပါတယ္။

 

ကင္ဆာေရာဂါကို ကာကြယ္ေပးျခင္း။

ေလ့လာမႈမ်ားအရ စေတာ္ဘယ္ရီသီးလိုမ်ိဳး ဘယ္ရီသီးမ်ိဳးစိတ္ေတြဟာ oxidative stress နဲ႔ ေရာင္ရမ္းမႈေတြကို တိုက္ဖ်က္ႏိုင္စြမ္း႐ွိၿပီး ကင္ဆာအမ်ိဳးအစားမ်ားစြာကို ကာကြယ္ႏုိင္ေၾကာင္း ေတြ႕ရွိရပါတယ္။ ဒါ့အျပင္ စေတာ္ဘယ္ရီးသီးမွာပါဝင္တဲ့ အာဟာရဓာတ္ကလည္း ကင္ဆာဆဲလ္ေတြရဲ႕ ႀကီးထြားမႈကို ရပ္တန္႔ေစႏုိင္ပါတယ္။

 

အူလမ္းေၾကာင္းကို ေကာင္းမြန္ေစျခင္း။

စေတာ္ဘယ္ရီးသီးမွာ အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ အူအတြင္း႐ွိ အက်ိဳးျပဳဘက္တီးရီးယားေတြကို တိုးပြါးေစကာ အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ကိုယ္အေလးခ်ိန္မတက္ေအာင္ ထိန္းထားေပးၿပီး တျခားေသာ အစာအိမ္နဲ႔ အူလမ္းေၾကာင္းက်န္းမာေရးေတြကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။

<Zawgyi Version>

 

#ST(Soshwe)

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read