HomeHome & Propertyအိမ်ခြံမြေရောင်းချဖို့အတွက် အကောင်းဆုံးအချိန်က ဘယ်အချိန်ဖြစ်မလဲ?

အိမ်ခြံမြေရောင်းချဖို့အတွက် အကောင်းဆုံးအချိန်က ဘယ်အချိန်ဖြစ်မလဲ?

- Advertisement -

အိမ်ခြံမြေရောင်းချဖို့အတွက် အစီအစဉ်ရှိတယ်ဆိုရင်တော့ အပြင်ဘက်မှာလည်း ဝယ်ယူဖို့ ရှာဖွေနေသူတွေ အမြဲရှိနေတာကြောင့် ခက်ခဲတဲ့ အချိန်ကာလဆိုတာ မရှိပါဘူး။ အိမ်ခြံမြေ အရောင်းမြှင့်တင်ဖို့အတွက် အကောင်းဆုံးလကို ရွေးချယ်သင့်တာမျိုးမဟုတ်သလို အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက်လည်း ကွဲပြားခြားနားချက်တွေရှိပါတယ်။

ယေဘုယျအားဖြင့် မေလကတော့ အိမ်ခြံမြေအရောင်းစာရင်းတင်ဖို့ အကောင်းဆုံးလလို့ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အဓိက အားလပ်ရက်အများစုဟာ မေလလောက်မှာ ကုန်ဆုံးတာဖြစ်ပြီး လူအများစုကတော့ အိမ်အသစ်ရှာဖို့ အချိန်လိုလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ရှာဖွေမှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အားလပ်ရက်ပေါင်းများစွာရှိနေတဲ့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာတော့ ဒီအချက်က မှန်ကန်ပါတယ်။ နောက်တချက်ကတော့ အခွန်ထမ်းဆောင်ခြင်းကာလ ပြီးဆုံးသွားတဲ့အချိန်ဖြစ်ပြီး ဒီအချိန်မျိုးမှာဆိုရင် အိမ်ဝယ်ယူသူတွေဟာ ၄င်းတို့တတ်နိုင်တဲ့ ငွေကြေးပမာဏကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်လို့ပဲ ဖြစ်ပါတယ်။

- Advertisement -

လက်တွေ့ကျကျပြောရမယ်ဆိုရင်တော့ အိမ်ခြံမြေရောင်းဝယ်ရေး Website တွေမှာ စုံစမ်းမေးမြန်းမှုအများဆုံးလဟာ မေလပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဓိကမြို့ကြီးတွေကနေ စုံစမ်းမှုတွေဖြစ်ပေမယ့် ခရီးသွားလုပ်ငန်းကို အဓိကထားတဲ့ ဧရိယာတွေမှာဆိုရင်တော့ သက်ဆိုင်ရာ ရာသီအလိုက် ခရီးသွားလာမှု မြင့်မားတဲ့ရာသီမျိုးမှာ အရောင်းအဝယ် ပိုဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဒီလိုနေရာမျိုးမှာ အိမ်ရောင်းချဖို့ရှိတယ်ဆိုရင်တော့ ဒီအချက်က သတိပြုရမယ့် အချက်ပဲ ဖြစ်ပါတယ်။

- Advertisement -

အောက်တိုဘာလကတော့ အိမ်ခြံမြေ အရောင်းမြှင့်တင်ဖို့အတွက် အကောင်းဆုံးလ မဟုတ်ပေမယ့် နှစ်တစ်နှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်း လုပ်ဆောင်သင့်တဲ့ ကာလပဲဖြစ်ပါတယ်။ ဒါကတော့ အချက် ၂ ချက်ကြောင့်ပဲဖြစ်ကာ ပထမအချက်ကတော့ နှစ်မကူးခင် ရွေ့ပြောင်းလိုသူတွေဟာ အောက်တိုဘာလလောက်ကတည်းက အိမ်ခြံမြေရှာဖွေမှုတွေ လုပ်ဆောင်လာကြလို့ပဲဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အိမ်ခြံမြေဝယ်ယူသူတွေဟာ ၄င်းတို့ရဲ့ဘတ်ဂျက်ကို သေချာစေဖို့အတွက် ဒီအချိန်ထိ စောင့်ဆိုင်းလာကြတာပဲ ဖြစ်ပါတယ်။

- Advertisement -

အိမ်ခြံမြေအရောင်းစာရင်းတင်ရန်အတွက် အဆိုးရွားဆုံးလကတော့ အရှေ့တောင်အာရှနိုင်ငံအချို့မှာ Ghost Month လို့ လူသိများတဲ့ ဩဂုတ်လပဲ ဖြစ်ပါတယ်။ ဒီကာလမှာတော့ ကံဆိုးမှုတွေဟာ နေ့စဉ်ဘဝ အဖြစ်အပျက်တွေအပေါ် ဖြစ်ပေါ်လာစေနိုင်တယ်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်တွင်းအိမ်ခြံမြေစျေးကွက်အများစုကတော့ ဩဂုတ်လဆန်းနဲ့ စက်တင်ဘာလဆန်းပိုင်းမှာ အရောင်းနှေးမှုတွေ ကြုံတွေ့ရတတ်ပါတယ်။

ဆက်လက်ဖော်ပြရမယ်ဆိုရင်တော့ အိမ်ခြံမြေအရောင်းစာရင်းတင်ဖို့ အကောင်းဆုံး လရယ်လို့တော့ မရှိပါဘူး။ လူတွေက အိမ်အသစ်တွေကို အဆက်မပြတ်ရှာဖွေနေပြီး အိမ်ခြံမြေ အရောင်းအဝယ် ပလက်ဖောင်းတွေမှာ အရောင်းစာရင်းတင်လိုက်တာနဲ့ ဝယ်သူတွေ ရရှိလာနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း ရှင်းပြရရင်တော့ အရောင်းစာရင်းမတင်ဘူးဆိုရင် ရောင်းထွက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ခြံမြေနဲ့ပတ်သက်ပြီး ရောင်းချဖို့ရှိတယ်ဆိုရင် ချက်ချင်း အရောင်းစာရင်း တင်ထားလိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

<Unicode Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read