HomeBanking & Financeကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ယောက်ဖြစ်လာတဲ့ Crypto Exchange CEO

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတစ်ယောက်ဖြစ်လာတဲ့ Crypto Exchange CEO

- Advertisement -

ChangPeng “CZ” Zhao ဟာ Binance လို့ခေါ်တဲ့ Cryto exchange တစ်ခုကို လည်ပတ်နေသူဖြစ်ပြီး သူဟာ ကမ္ဘာ့ထိပ်တန်း ဘီလျံနာစာရင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ခန့်မှန်းချေ ဒေါ်လာ ၉၆ ဘီလျံခန့် ချမ်းသာသူဖြစ်တယ်လို့ Bloomberg ရဲ့ ဘီလျံနာညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။ Zhao ရဲ့ ထူးခြားတဲ့ကံကြမ္မာကြောင့် Oracle ရဲ့ တည်ထောင်သူ Larry Ellison နဲ့ ပြိုင်ဘက်တွေဖြစ်နေပြီး အိန္ဒိယနိုင်ငံသားဖြစ်သူ Mukesh Ambani ကို ကျော်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်နဲ့ ကနေဒါနွယ်ဖွား စွန့်ဦးတီထွင်ပညာရှင်ဟာ လျင်လျင်မြန်မြန် ရွေ့လျားနေတဲ့ ဒစ်ဂျစ်တယ် ငွေကြေးလောကမှာ ကြွယ်ဝချမ်းသာမှုတွေရဲ့ ဖန်တီးမှုသင်္ကေတ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အခြားသော Cryto တည်ထောင်သူတွေဟာလည်း virtual coin တွေရဲ့တန်ဖိုးတွေ မြင့်တက်လာတာကြောင့် ပျော်ရွှင်ခဲ့ကြရပါတယ်။ ဒါကြောင့်လည်း ethereum ဖန်တီးသူ Vitalik Buterin နဲ့ Coinbase တည်ထောင်သူ Brian Armstrong တို့ နှစ်ဦးစလုံးဟာ ဘီလျံနာတွေ ဖြစ်လာခဲ့ပါတယ်။

- Advertisement -

နောက်ထပ် Cryto exchange တစ်ခုဖြစ်တဲ့ FTX ရဲ့ CEO ဖြစ်သူ Sam Bankman Fried က “ဒီနယ်ပယ်မှာ မကြုံစဖူး ကြွယ်ဝခြင်း ဖန်တီးမှုပမာဏ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပြောကြားခဲ့ပါတယ်။ “ဒါတွေနဲ့ ဘာလုပ်ရမယ်ဆိုတာကို တွေးတောနေသူတွေ အများကြီးရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ လူငယ်ဘီလျံနာ တစ်ယောက်ဖြစ်တဲ့ Sam က ဟောင်ကောင်မှာ ပြုလုပ်တဲ့ အာရှဘဏ္ဍာရေးဖိုရမ်က ဆွေးနွေးမှုတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

- Advertisement -

Twitter က Post တစ်ခုမှာတော့ Zhao ဟာလည်း ထူးခြားမှုကို အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။ “အဆင့်သတ်မှတ်ချက်တွေကို စိတ်မပူပါနဲ့။ လူဘယ်လောက်များများကို မင်းကူညီနိုင်မလဲဆိုတာကိုသာ အာရုံစိုက်ထားပါ” လို့ သူက ရေးသားခဲ့ပါတယ်။ Binance ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “CZ ဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝသမျှကို လှူဒါန်းနေသူဖြစ်ပြီး ကြွယ်ဝမှုရဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို ဝေမျှနေသူပါ” လို့ CNN စီးပွားရေးသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

- Advertisement -

ပြီးခဲ့တဲ့နှစ်တွေက Facebook တည်ထောင်သူ Mark Zuckerberg ကဲ့သို့ အခြားသော နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေဟာ Warren Buffett နဲ့ Bill Gates တို့က အစပြုခဲ့တဲ့ Giving Pledge ကို လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအား ၎င်းတို့ရဲ့ပိုင်ဆိုင်မှုတွေကို လှူဒါန်းရန်အတွက် တိုက်တွန်းခဲ့ပါတယ်။ Zhao ဟာ ၂၀၁၇ ခုနှစ်မှာ Binance ကို တည်ထောင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ကမ္ဘာ့အကြီးဆုံး Cryto exchanges တွေထဲက တစ်ခုဖြစ်လာစေဖို့အတွက် တည်ဆောက်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ Blog Post တစ်ခုအရတော့ ၎င်းတို့ရဲ့ အကြီးအကဲဖြစ်သူဟာ ကနေဒါရွေ့ပြောင်းမိသားစုတစ်ခုမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် McDonald’s မှာ အလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရှိရပါတယ်။ McGill University မှာ Computer science ကို လေ့လာခဲ့ပြီးနောက်မှာတော့ သူဟာ Tokyo Stock Exchange နဲ့ Bloomberg အတွက် ကုန်သွယ်မှု software ပိုင်းမှာ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ “CZ တစ်ယောက် ၂၀၁၃ ခုနှစ်က ပိုကာတစ်ပွဲကစားခဲ့ချိန်မှာ Bitcoin အကြောင်း လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ဘဝတစ်ခုလုံးကို Cryto အပေါ်မှာ မြှုပ်နှံလိုက်တော့တာပါပဲ” လို့ Binance ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားခဲ့ပါတယ်။

အခြားသော exchange တွေလိုပါပဲ Binance ဟာလည်း မကြာသေးမီလတွေအတွင်းက ကမ္ဘာတဝှမ်းမှာ စည်းမျဉ်းဥပဒေတွေအရ အတားအဆီးတွေကို ရင်ဆိုင်ခဲ့ရပြီး UK နဲ့ Canada အပါအဝင် နိုင်ငံတော်တော်များများမှာ ကန့်သတ်ချက်တွေ ရှိနေခဲ့ပါတယ်။ Zhao ကတော့ ဆုတ်ယုတ်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီး “ရှင်းလင်းသော စည်းမျဉ်းများသည် ဆက်လက်တိုးတက်မှုအတွက် အရေးကြီးပါတယ်။” လို့ ပြီးခဲ့တဲ့နှစ်က အိတ်ဖွင့်ပေးစာမှာ ရေးသားခဲ့ပါတယ်။

“တကယ်တော့ ကန့်သတ်ချက်တွေ ပိုများလာတာက ဒီနယ်ပယ်ဟာ ရင့်ကျက်လာတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာတွေပါပဲ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ “ဘာကြောင့်လဲဆိုတော့ အဲ့ဒီကန့်သတ်ချက်တွေက Cryto မှာ ပါဝင်ဖို့အတွက် ဘေးကင်းတယ်လို့ ခံစားရတဲ့ ပိုမိုကျယ်ပြန့်တဲ့ လူဦးရေအတွက် အခြေခံအုတ်မြစ်ကို သတ်မှတ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်” ဆိုပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။

<Unicode Version>

 

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read