HomeHome & Propertyနိုင်ငံရပ်ခြားအလုပ်သမားများအတွက် ကမ္ဘာတစ်ဝှမ်း ငွေကုန်ကြေးကျမှုနှုန်း ကွာခြားချက်များ။

နိုင်ငံရပ်ခြားအလုပ်သမားများအတွက် ကမ္ဘာတစ်ဝှမ်း ငွေကုန်ကြေးကျမှုနှုန်း ကွာခြားချက်များ။

- Advertisement -

ပြည်ပအလုပ်သမားများအတွက် နေထိုင်စရိတ်မြင့်တက်မှုနှုန်းတွင် စင်္ကာပူနိုင်ငံက မြင့်တက်လာပြီး ထိုင်းနိုင်ငံမှာတော့ ဆန့်ကျင်ဘက်ကို ဦးတည်လျက်ရှိနေပါတယ်၊။ ဘန်ကောက်မြို့ဟာ အဆင့် ၁၂ ဆင့် ကျဆင်းသွားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ အဆင့် ၅၇ နေရာမှာ တည်ရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဘန်ကောက်မြို့ဟာ ပြည်ပအလုပ်သမားများအတွက် နေထိုင်စရိတ်မြင့်မားမှုအဆင့် ကျဆင်းလာတာ ၂ နှစ်ဆက်တိုက် ရှိနေပြီဖြစ်ပြီး အခြားမြို့တွေကတော့ အဆင့် ၁၂၅ အတွင်းမှာတောင် ပါဝင်နေခြင်း မရှိပါဘူး။

“ ခရီးသွားလာမှု ကန့်သတ်ခြင်းနဲ့ နိုင်ငံခြားလည်ပတ်မှုကို တားမြစ်ထားခြင်းရဲ့ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို သက်ရောက်မှုရှိစေခဲ့ပြီး ထိုင်းနိုင်ငံအတွင်းမှ မြို့အားလုံးရဲ့အဆင့်ကို ကျဆင်းစေခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်ပဧည့်သည်များ နည်းပါးခြင်းကြောင့် ဘတ်ငွေတန်ဖိုး ကျဆင်းလာပေမယ့် နိုင်ငံအတွင်း အခြားမြို့တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နည်းပါးနေပါသေးတယ်။” လို့ ECA International ရဲ့ အာရှဒေသအလုပ်အမှုဆောင် Lee Quane က ဆိုပါတယ်။

- Advertisement -

အခြားတဖက်မှာတော့ စင်္ကာပူနိုင်ငံဟာ နိုင်ငံရပ်ခြားမှ အလုပ်သမားတွေအတွက် ကမ္ဘာ့လူနေမှုစရိတ် အဆင့်သတ်မှတ်ချက်မှာ မြင့်တက်လာခဲ့ပါတယ်။ အဆိုပါမြို့ဟာ အခုအချိန်မှာဆိုရင်တော့ ကမ္ဘာ့စျေးအကြီးဆုံး တည်နေရာအဆင့် ၁၂ မှာရှိနေပြီး အာရှမှာတော့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။ စင်္ကာပူနိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု အတော်လေး မြင့်တက်လာခဲ့ကာ ငှားရမ်းနေထိုင်မှု စရိတ်စကများ တိုးလာမှုနဲ့အတူ နေ့စဉ်သုံးပစ္စည်းတွေရဲ့ ဖောင်းပွမှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျပန်ယန်းနှင့် အမေရိကန်ဒေါ်လာတို့ကို ကျော်ဖြတ်ပြီး စင်္ကာပူဒေါ်လာဟာ အဆင့်နှစ်ဆင့် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်လို နိုင်ငံတွေမှာတော့ ပြည်ပအလုပ်သမားများအတွက် လူနေမှုစရိတ် ကျဆင်းလာတယ်ဆိုတာဟာ အဆိုပါဒေသမှာ နေထိုင်ဖို့အတွက် စရိတ်စက နည်းပါးလာတာကို ဆိုလိုတာ မဟုတ်ဘူးဆိုပြီး Quane က ထောက်ပြပြောဆိုခဲ့ပါတယ်။

- Advertisement -

“နိုင်ငံအများစုမှာ ကုန်စျေးနှုန်းတွေ တက်နေသလို အရှေ့တောင်အာရှရဲ့ လူနေမှုစရိတ်ကလည်း ကျဆင်းသွားခြင်း မရှိပါဘူး။ ဒေသအတွင်း စျေးနှုန်းတွေ မြင့်တက်လာခြင်းဟာ အာရှပစိဖိတ်ဒေသထက် ပိုမိုကျယ်ပြန့်ပြီး ဥရောပနဲ့ မြောက်အမေရိကကဲသို့သော အခြားဒေသတွေမှာ တွေ့ရတဲ့ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ဆင်တူပါတယ်” လို့ Quane က မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။ “Quane က အခြားတဖက်မှာတော့ ကျွန်တော်တို့ရဲ့သုတေသနပြုချက်အရ အာဖရိကနဲ့ လက်တင်အမေရိကလို နေရာမျိုးတွေအတွက် ကုန်စည်နဲ့ ဝန်ဆောင်မှုစျေးနှုန်းတွေဟာ သိသိသာသာ တိုးမြင့်လာတာကို တွေ့မြင်ရပြီး သမိုင်းဝင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတာကိုလည်း တွေ့မြင်ရပါတယ်” လို့ဆိုပါတယ်။

- Advertisement -

<Unicode Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read