HomeHome & Propertyတန်ဖိုးသင့်အိမ်ခြံမြေနဲ့ ကွန်ဒိုတိုက်ခန်းများ ရောင်းထွက်နိုင်ရေးအတွက် အဓိကသော့ချက်များ။

တန်ဖိုးသင့်အိမ်ခြံမြေနဲ့ ကွန်ဒိုတိုက်ခန်းများ ရောင်းထွက်နိုင်ရေးအတွက် အဓိကသော့ချက်များ။

မြို့တမြို့၊ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလာတဲ့ တန်ဖိုးသင့် အိမ်ခြံမြေတွေနဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချတဲ့ပုံစံတွေဟာ ပုံမှန်ရောင်းချလေ့ရှိတဲ့ ဇိမ်ခံအိမ်ရာ၊ ကွန်ဒိုတွေနဲ့ မတူကွဲပြားလျက် ရှိပါတယ်။ အိမ်ခြံမြေအကျိုးဆောင်အဖြစ် ဒီလောကထဲကို ဝင်ရောက်လာတဲ့ အစောပိုင်းအချိန်ကာလတွေမှာ တန်ဖိုးသင့် အိမ်ခြံမြေနဲ့ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချတဲ့ပုံစံက ပိုပြီးပညာသားပါတယ်လို့တောင်ဆိုနိုင်ပါတယ်။

- Advertisement -

အိမ်ခြံမြေစျေးကွက်ရဲ့ အလုပ်လုပ်ပုံနဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေက ပညာသားပါလွန်းတယ်လို့ဆိုနိုင်ပါတယ်။ ယန္တရားတိုင်းရဲ့လည်ပတ်မှုတွေအတွက် လိုအပ်ချက်တခုဖြစ်တဲ့ ဒီအိမ်ခြံမြေလုပ်ငန်းတွေက ကိုဗစ်ကပ်ရောဂါအလွန်မှာ ပြောင်းလဲမှုတွေရှိလာခဲ့ပြီး ဒီအပေါ်မှာ ရောင်းသူ၊ ဝယ်သူ နှစ်ဖက်လုံးက အလိုက်သင့်စီးမျောနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

မြို့တမြို့၊ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလာတဲ့ တန်ဖိုးသင့် အိမ်ခြံမြေတွေနဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချတဲ့ပုံစံတွေဟာ ပုံမှန်ရောင်းချလေ့ရှိတဲ့ ဇိမ်ခံအိမ်ရာ၊ ကွန်ဒိုတွေနဲ့ မတူကွဲပြားလျက် ရှိပါတယ်။ အိမ်ခြံမြေအကျိုးဆောင်အဖြစ် ဒီလောကထဲကို ဝင်ရောက်လာတဲ့ အစောပိုင်းအချိန်ကာလတွေမှာ တန်ဖိုးသင့် အိမ်ခြံမြေနဲ့ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချတဲ့ပုံစံက ပိုပြီးပညာသားပါတယ်လို့တောင်ဆိုနိုင်ပါတယ်။

- Advertisement -

ဝယ်သူတယောက်က အသုံးပြုလိုတဲ့ ငွေကြေးပမာဏ၊ ဝယ်သူရဲ့လိုအပ်ချက်နဲ့ လိုချင်တပ်မက်မှု အစရှိတာတွေကို ထည့်သွင်းတွက်ချက်ရလေ့ရှိပြီး ဒီနေရာမှာ ထူးခြားတဲ့စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ တန်ဖိုးသင့်အိမ်ခြံမြေနဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချတဲ့နေရာမှာ အရေးပါတဲ့ အဓိကသော့ချက်တွေအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

၁။ လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေကိုသာ သတ်မှတ်ထားခြင်း။

သင့်အနေနဲ့ တစုံတယောက်အတွက် တန်ဖိုးသင့်အိမ်ခြံမြေ ဒါမှမဟုတ် ကွန်ဒိုတိုက်ခန်းတခန်းကို ကူညီရှာဖွေပေးနေရပြီဆိုရင် ပထမဆုံးအရေးကြီးတဲ့အချက်က ဝယ်သူဘက်က အသုံးပြုလိုတဲ့ ငွေကြေးပမာဏနဲ့ ကိုက်ညီနိုင်မယ့် မျှော်လင့်ချက်ကိုသာ လက်တွေ့ကျကျ သတ်မှတ်သင့်ပါတယ်။ သူတို့အတွက် အဓိကလိုအပ်တဲ့အရာတခု ဒါမှမဟုတ် နှစ်ခုလောက်ကို ကောင်းကောင်းနားလည်ထားရမှာဖြစ်ပြီး ဒီအရာက အစပထမခြေလှမ်းပဲဖြစ်ပါတယ်။

ဝယ်သူဘက်က အသုံးပြုလိုတဲ့ ဘတ်ဂျက်ပမာဏနဲ့ လိုချင်တဲ့အရာမကိုက်ညီဘူးဆိုရင် ဒါကို အတင်းညှိယူဖို့ မကြိုးစားဘဲ လက်တွေ့ကျတဲ့ ပြောင်းလဲမှုတခုကို ပြုလုပ်သင့်ပါတယ်။ ဒီအတွက်လည်း သင့်ဘက်က အကူအညီပေးနိုင်ပြီး ဒီအချက်က ဆက်လက်ဖော်ပြပေးမယ့် အကြောင်းအရာနဲ့လည်း ဆက်စပ်လျက်ရှိပါတယ်။

 

၂။ ရွေးချယ်စရာ အများအပြား ပြင်ဆင်ထားပါ။

ဝယ်သူအတွက် ရွေးချယ်စရာတွေ များပြားနေဖို့က တန်ဖိုးသင့် အိမ်ခြံမြေနဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချတဲ့နေရာမှာ အရေးပါတဲ့အချက်တချက်ဖြစ်ပါတယ်။ အိမ်ခြံမြေအသစ်ရှာဖွေနေတဲ့ ဝယ်သူတယောက်က သူအလိုရှိတဲ့ အချက်အလက်ပေါင်းများစွာကို ပြင်ဆင်ထားလေ့ရှိပါတယ်။ အဲ့ဒါကြောင့် အပေါ်မှာ ဖော်ပြခဲ့သလိုမျိုး သူတို့သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေ၊ သူတို့လိုချင်နေတဲ့အရာတွေကို မတွေ့မချင်း လိုက်လံရှာဖွေနေတာမျိုးက လက်တွေ့ကျနိုင်မှာမဟုတ်ပါဘူး။

အဲ့ဒါကြောင့် ဝယ်သူတွေအတွက် ရွေးချယ်စရာအများအပြားကို ပြင်ဆင်ပေးထားပြီး ဒီအရာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို နှိုင်းယှဉ်ချိန်ဆနိုင်ဖို့အတွက် သင့်ဘက်က ပြင်ဆင်ပေးထားသင့်ပါတယ်။ အဲ့ဒီအရာတွေထဲကမှ သူတို့လိုချင်တာ တခုခုတွေ့သွားမယ်လို့ အာမခံချက်မပေးနိုင်ပေမယ့် အနည်းဆုံးတော့ ရွေးချယ်စရာမရှိတဲ့ အနေအထားမျိုးကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

 

၃။ သင့်ရဲ့ကွန်ယက်ကို ပိုမိုဖြန့်ကြက်ပါ။

သင့်လက်ထဲမှာရှိနေတဲ့ တန်ဖိုးသင့်အိမ်ခြံမြေနဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချနိုင်ဖို့အတွက်ဆိုရင် သိမြင်နိုင်စွမ်းကလည်း ပိုမိုအားကောင်းဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး သင့်ရဲ့ကွန်ယက်ကို ထပ်မံဖြန့်ကြက်နိုင်ဖို့အတွက် နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ လက်ရှိအချိန်မှာ အိမ်ခြံမြေအကျိုးဆောင် ဝက်ဘ်ဆိုက်တွေပေါ်ပေါက်လာခဲ့ပြီး အဲ့ဒီဝက်ဘ်ဆိုက်တွေကတဆင့်လည်း သင့်ရဲ့တန်ဖိုးသင့်အိမ်ခြံမြေနဲ့ ကွန်ဒိုတိုက်ခန်းတွေကို အလွယ်တကူ ရောင်းချနိုင်ပြီဖြစ်ပါတယ်။

<Unicode Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read