HomeOtherAnimalsပန်းချီဆရာဖြစ်နေတဲ့ ဝက်တကောင်ရဲ့ တန်ဖိုးမြင့် ပန်းချီကားတချပ်အကြောင်း။

ပန်းချီဆရာဖြစ်နေတဲ့ ဝက်တကောင်ရဲ့ တန်ဖိုးမြင့် ပန်းချီကားတချပ်အကြောင်း။

အခုတင်ဆက်ပေးမယ်သတင်းမှာတော့ ဝက်လေးတစ်ကောင်က ပန်းချီကောင်းကောင်း ဆွဲနိုင်တယ်လို့ ပြောရမှာဖြစ်ပြီး သူ့ရဲ့သခင်ကတော့ ဒီဝက်ကို Pigcasso လို့ အမည်ပေးထားပါတယ်။ ဒါ့အပြင် Pigcasso ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကိုလည်း ပေါင် (၂၀,၀၀၀) နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

- Advertisement -

ထူးခြားဆန်းပြားတဲ့အရာတွေကို မြင်တွေ့နေကျ ကမ္ဘာကြီးမှာ ဝက်တကောင်က ပန်းချီဆွဲတတ်တယ်လို့ ပြောလာရင် ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ပါဘူး။ လူသားတယောက်အနေနဲ့တောင်မှ ပန်းချီမှာ ပါရမီပါဖို့ဆိုတာ တော်တော်လေးကို ခဲယဉ်းပြီး တချို့ဆိုရင် သာမန်ပုံလေးတပုံကိုတောင် ဖြောင့်အောင် မဆွဲတတ်ကြသူတွေရှိပါတယ်။

ဒါပေမယ့် အခုတင်ဆက်ပေးမယ်သတင်းမှာတော့ ဝက်လေးတစ်ကောင်က ပန်းချီကောင်းကောင်း ဆွဲနိုင်တယ်လို့ ပြောရမှာဖြစ်ပြီး သူ့ရဲ့သခင်ကတော့ ဒီဝက်ကို Pigcasso လို့ အမည်ပေးထားပါတယ်။ ဒါ့အပြင် Pigcasso ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကိုလည်း ပေါင် (၂၀,၀၀၀) နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

ပိုင်ရှင်ဖြစ်သူကတော့ Pigcasso  မှာ စိတ္တဇဖြစ်မှုကို ဖော်ပြနိုင်တဲ့ဟန်တခုရှိတယ်လို့ ယုံကြည်နေပြီး သူနှစ်သက်ရာအတိုင်း ဆေးရောင်တွေခြယ်သရာကတဆင့် အဓိပ္ပာယ်ရှိတဲ့ အံ့အားသင့်စရာ ပန်းချီကားတွေက ရုပ်လုံးပေါ်လာခဲ့ပါတယ်။ Pigcasso  ကို တောင်အာဖရိကရှိ တိရစ္ဆာန်ဂေဟာတခုကနေ ကယ်တင်ခဲ့ပြီး သူ့ရဲ့ပိုင်ရှင်သစ် Joanne Lefson က Pigcasso  ရဲ့ အရည်အချင်းကို ဆက်လက်ထိန်းသိမ်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

- Advertisement -

ဝက်တွေဟာ ဉာဏ်ရည်ထက်မြက်တဲ့ တိရစ္ဆာန်တွေထဲမှာပါဝင်ပြီး အရုပ်မျိုးစုံနဲ့ ပေးဆော့ပေမယ့် Pigcasso  ကတော့ ဒါတွေအားလုံးကို ဖျက်ဆီးလေ့ရှိပါတယ်။ Pigcasso  မဖျက်ဆီးတဲ့အရာတွေကတော့ စုတ်တံအပါအဝင် ပန်းချီနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပဲရှိတယ်လို့ ပိုင်ရှင်ဖြစ်သူက ပြောပါတယ်။ ပိုင်ရှင်သစ်ဆီ ရောက်ရှိပြီး မကြာမီမှာပဲ Pigcasso  က သူ့ရဲ့တင်းကုပ်မှာ တပ်ဆင်ထားတဲ့ ကင်းဗတ်စပေါ်မှာ ပုံရေးဆွဲဖို့ စုတ်တံကို စတင်အသုံးပြုခဲ့ပါတယ်။

- Advertisement -

အချိန်တိုအတွင်းမှာပဲ Pigcasso က ပန်းချီကားပေါင်းများစွာကို ဖန်တီးရေးဆွဲလာခဲ့ပြီး ကမ္ဘာတဝှမ်းမှာ သူ့ရဲ့ပန်းချီကားပေါင်း (၄၀၀) ကျော်ကို ရောင်းချထားပြီးဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ “Wild and Free” လို့ နာမည်ပေးထားတဲ့ ပန်းချီကားတချပ်က ပေါင် (၂၀,၀၀၀) အထိ တန်ကြေးရှိခဲ့ပြီး ဒီပန်းချီကားကိုတော့ ဂျာမနီနိုင်ငံသား Peter Esser က ဝယ်ယူသွားခဲ့ပါတယ်။

အနုပညာ အထူးသဖြင့် ပန်းချီပညာရပ်ကို ဝါသနာပါသူတွေအနေနဲ့ကတော့ Pigcasso ကိုမြင်ပြီး စိတ်ဓာတ်ကျဖို့ထက် ဝက်တကောင်တောင်မှ ပန်းချီကောင်းကောင်းဆွဲနိုင်တယ်ဆိုရင် ဝါသနာပါတဲ့ လူသားတယောက်အနေနဲ့ ဘာကြောင့် ပန်းချီမဆွဲနိုင်ရမှာလဲဆိုတဲ့စိတ်မျိုးကိုသာ ထားသင့်တယ်လို့ တွန်းအားပေးနေကြပါတယ်။

ဒါ့အပြင် ရယ်စရာတခုအနေနဲ့ သင်ဆွဲလိုက်တဲ့ ပန်းချီကား ရောင်းထွက်ဖို့ ခက်ခဲနေတယ်ဆိုရင် ဒီပန်းချီကားကို ဝက် ဒါမှမဟုတ် တိရစ္ဆာန်တကောင်က ရေးဆွဲတယ်လို့ နာမည်တပ်ပြီး ထုတ်ရောင်းသင့်တယ်လို့လည်း တိုက်တွန်းနေကြပါတယ်။ တိရစ္ဆာန်တကောင်က ဒီလိုမျိုး ပန်းချီရေးဆွဲတာကလည်း အခုမှ ပထမဆုံး မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ (၂၀၀၅) ခုနှစ်တုန်းက အာဖရိကတိုက်၊ ကွန်ဂိုက ချင်ပန်ဇီတကောင် ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ဟာ ပေါင် (၁၄,၀၀၀) စျေးသတ်မှတ်ခံခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် လက်ရှိ Pigcasso ရဲ့ “Wild and Free” ပန်းချီကားကတော့ ချင်ပန်ဇီရဲ့ ပန်းချီကားပေါက်စျေးကို စံချိန်ရိုက်ချိုးနိုင်ခဲ့ပြီလို့ ဆိုရမှာလည်းဖြစ်ပါတယ်။

<Unicode Version>

 

#soshweanimal

- Advertisement -

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...