HomeLifeStyleလက်တွေ့ဘဝရဲ့ ဟီးရိုးလေးကို ဂုဏ်ပြုခဲ့တဲ့ Spider Man မင်းသား။

လက်တွေ့ဘဝရဲ့ ဟီးရိုးလေးကို ဂုဏ်ပြုခဲ့တဲ့ Spider Man မင်းသား။

- Advertisement -

စူပါဟီးရိုးတွေဟာ ရုပ်ရှင်ဇာတ်ကားထဲမှာတင်မဟုတ်ဘဲ ပြင်ပလက်တွေ့ဘဝမှာပါ တကယ်ရှိတယ်ဆိုတာကို ပရိသတ်အားလုံးလည်း မျက်မြင်ကိုယ်တွေ့ရှိခဲ့ပြီးသား ဖြစ်မှာပါ။ ဒီစူပါဟီးရိုးတွေထဲမှာ လူမျိုး၊ ဘာသာ၊ လူလတ်တန်းစားမရွေး ပါဝင်ခဲ့ပြီး ဒီတခါမှာတော့ ထူးထူးဆန်းဆန်းအနေနဲ့ တော်တော်လေးကိုငယ်ရွယ်သေးတဲ့ ကလေးငယ်တယောက် ပါဝင်လာခဲ့ပါတယ်။

ဒီကောင်လေးရဲ့ နာမည်ကတော့ Bridger Walker လို့ခေါပြီး ပြီးခဲ့တဲ့ (၂၀၂၀) တုန်းက သူ့ညီမငယ်လေးကို ခွေးတကောင်ရန်ကနေ အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ Bridger တယောက် ဒီလိုမျိုး ညီမငယ်ကို ကာကွယ်ပေးခဲ့တာကြောင့် ခေါင်းမှာ ခွေးကိုက်ရာပေါင်းများစွာနဲ့ ဒဏ်ရာရရှိခဲ့ပြီး အချက် (၉၀) အထိ ချုပ်ခဲ့ရပါတယ်။

Bridger ကို Marvel ပရိသတ်ပေါင်းများစွာက စာပို့ဂုဏ်ပြုအားပေးခဲ့ကြပြီး Spider Man မင်းသားဖြစ်တဲ့ Tom Holland ကလည်း No Way Home ရိုက်ကွင်းရှိရာဆီ Bridger ကို ဖိတ်ကြားခဲ့ပါတယ်။ Tom ဟာ ကလေးငယ်လေးကို Spider Man ခေါင်းစွပ်စွပ်ပေးခဲ့သလို Spider Man ဟန်နဲ့ ဓာတ်ပုံရိုက်ဖို့အတွက်လည်း ကိုယ်နေဟန်ထားကို သင်ပေးခဲ့ပါတယ်။

- Advertisement -

- Advertisement -

Bridger အနေနဲ့ Spider Man ရိုက်ကွင်းထဲ ရောက်ရှိနေတာကြောင့် ရိုက်ကူးရေးအဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံခွင့်ရရှိခဲ့ပြီး Spider Man နဲ့အတူ လေထဲမှာပါ ကရိန်းအကူအညီနဲ့ ပျံသန်းခွင့်ရရှိခဲ့ပါသေးတယ်။ Bridger ရဲ့ဖခင် Robert ကတော့ အခုလိုမျိုး သူ့သားအတွက် အမှတ်ရစရာနေ့ရက်လေး ဖန်တီးပေးခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး နောက်ကွယ်မှာ ဒီဇာတ်ကား ဘယ်လိုဖန်တီးထားလဲဆိုတာကို မြင်ရတာလည်း စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ဆိုပါတယ်။

Robert က “Tom က ဝတ်စုံအပြည့်နဲ့ အနားမှာရှိနေတဲ့အချိန် ကလေးတွေရဲ့မျက်နှာကို မြင်ရတာ အဖိုးမဖြတ်နိုင်ပါဘူး။ သူတို့တွေ ကျနော့်သားသမီးအပေါ်ပေးခဲ့တဲ့ ကြင်နာမှုနဲ့ ကျေးဇူးတရားတွေကို ကျနော်ဘယ်တော့မှမမေ့ပါဘူး” လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ Bridger ကို အားပေးဂုဏ်ပြုတဲ့သူတွေထဲမှာ Tom Holland နဲ့ ရိုက်ကူးရေးအဖွဲ့သားတွေအပြင် တွဲဖက်သရုပ်ဆောင် Zendaya လည်း ပါဝင်ခဲ့ပါသေးတယ်။ ဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ သန်း (၂၀၀) အသုံးပြုထားတဲ့ Spider Man: No Way Home ဇာတ်ကားကို ဒါရိုက်တာအဖြစ် Jon Watts က ရိုက်ကူးခဲ့ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

9 + 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...