HomeSportဂျိတ်ခ်ပေါလ်ကို ဂန္တဝင်လက်ဝှေ့သမားတွေနဲ့ ခိုင်းနှိုင်းချီးကျူးလိုက်တဲ့ လိုဂန်ပေါလ်။

ဂျိတ်ခ်ပေါလ်ကို ဂန္တဝင်လက်ဝှေ့သမားတွေနဲ့ ခိုင်းနှိုင်းချီးကျူးလိုက်တဲ့ လိုဂန်ပေါလ်။

YouTuber တွေဖြစ်ခဲ့တဲ့ သူတို့ညီအကိုနှစ်ယောက်ဟာ လက်ရှိအချိန်မှာတော့ လက်ဝှေ့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြပြီး ထိုးသတ်ပွဲတွေလည်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ လိုဂန်ပေါလ်ဟာဆိုရင်လည်း YouTuber KSI အပြင် ကမ္ဘာကျော်လက်ဝှေ့သမားကြီး မေဝဲလ်သာနဲ့ပါ ထိုးသတ်ခဲ့ဖူးပါတယ်။

- Advertisement -

နာမည်ကျော် YouTuber တယောက်လည်းဖြစ်တဲ့ ဂျိတ်ခ်ပေါလ်ဟာ လက်ရှိမျိုးဆက်တခုအတွက် မိုက်တိုင်ဆန်လို လက်ဝှေ့သမားတယောက်ဖြစ်တယ်လို့ အကိုဖြစ်သူ လိုဂန်ပေါလ်က ပြောကြားလိုက်ပါတယ်။ ဂျိတ်ခ်ပေါလ်နဲ့ လိုဂန်ပေါလ်တို့ ညီအကိုဟာ မကြာခဏဆိုသလို အငြင်းပွားစရာတွေကို ပြုမူပြောဆိုနေပြီး ကမ္ဘာကျော်လက်ဝှေ့သမားကြီးတွေအတွက်တော့ မျက်စိစပါးမွေးစူးစရာ ဖြစ်နေခဲ့ပါတယ်။

“The problem child” လို့တောင် နာမည်ပြောင်ရထားတဲ့ အသက် (၂၄) နှစ်အရွယ် ဂျိတ်ခ်ပေါလ်နဲ့ ပတ်သက်လို့ လိုဂန်ပေါလ်က “ကျနော်တို့ရဲ့ အဘိုးအဘွားခေတ်တုန်းက မိုဟာမက်အလီ ရှိခဲ့ပါတယ်။ ကျနော်တို့ မိဘတွေခေတ်ကျတော့ မိုက်တိုင်ဆန်ပေါ့။ အခုဆိုရင် ကျနော်တို့မျိုးဆက်မှာ ဂျိတ်ခ်ပေါလ်ရှိနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ လိုဂန်ပေါလ်ရဲ့ ပြောစကားကတော့ လက်ဝှေ့သမားကြီးတွေအတွက်ရော၊ ပရိသတ်တွေအတွက်ပါ စိတ်အချဉ်ပေါက်စရာ စကားတခွန်း ဖြစ်ခဲ့ပါတယ်။

- Advertisement -

YouTuber တွေဖြစ်ခဲ့တဲ့ သူတို့ညီအကိုနှစ်ယောက်ဟာ လက်ရှိအချိန်မှာတော့ လက်ဝှေ့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြပြီး ထိုးသတ်ပွဲတွေလည်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ လိုဂန်ပေါလ်ဟာဆိုရင်လည်း YouTuber KSI အပြင် ကမ္ဘာကျော်လက်ဝှေ့သမားကြီး မေဝဲလ်သာနဲ့ပါ ထိုးသတ်ခဲ့ဖူးပါတယ်။

- Advertisement -

ဂျိတ်ခ်ပေါလ်ဟာ လက်ဝှေ့သမားဘဝ ပွဲဦးထွက်တွေကတော့ တော်တော်လေး ကောင်းမွန်နေတယ်လို့ဆိုနိုင်ပေမယ့် အကိုဖြစ်သူ လိုဂန်ပေါလ်ကတော့ မေဝဲလ်သာ၊ KSI တို့နဲ့ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဂျိတ်ခ်ပေါလ်နဲ့ပတ်သက်လို့ လိုဂန်ပေါလ်ရဲ့ အခုမှတ်ချက်ကတော့ တော်တော်လေးကို အငြင်းပွားစရာကောင်းနေပြီး ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ လိုဂန်ပေါလ်ရဲ့ပြောစကားအပေါ် ဝေဖန်နေကြပါတယ်။

ဂျိတ်ခ်ပေါလ်အနေနဲ့ တကယ့်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားနဲ့ မထိုးသတ်ဖူးသေးဘဲ YouTuber AnEsonGib, ဘတ်စကတ်ဘောကစားသမားဟောင်း Nate Robinson, MMA ဖိုက်တာတွေဖြစ်တဲ့ Ben Askren and Tyron Woodley တို့နဲ့သာ ထိုးသတ်ဖူးသေးတာပါ။ အဲ့ဒါကြောင့်လည်း Hasim Rahman Jr ထိုးသတ်ရမယ့်ပွဲက ဂျိတ်ခ်ပေါလ်အတွက် သူ့ရဲ့ လက်ဝှေ့သမားဘဝမှာ ပရော်ဖက်ရှင်နယ်ကစားသမားနဲ့ ပထမဆုံးထိုးသတ်ရမယ့် ပွဲတပွဲဖြစ်လာမှာပါ။

 

<Unicode Version>

 

#soshwesport

- Advertisement -

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one + 20 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...