HomeTechမြန်မာ့အရေးကိစ္စနဲ့ပတ်သက်လို့ Facebook ကို တရားစွဲလိုက်ပြီဖြစ်တဲ့ ရိုဟင်ဂျာများ။

မြန်မာ့အရေးကိစ္စနဲ့ပတ်သက်လို့ Facebook ကို တရားစွဲလိုက်ပြီဖြစ်တဲ့ ရိုဟင်ဂျာများ။

- Advertisement -

Facebook ဟာ ၄င်းတို့ရဲ့ပလက်ဖောင်းကနေတစ်ဆင့် အမုန်းစကားတွေကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး ဒီအရာတွေက သုံးစွဲသူတွေကို ပိုမို Engage ဖြစ်စေတာကြောင့် အမုန်းစကားတွေကို ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုထားတယ်လို့လည်း စွပ်စွဲခံနေရပါတယ်။ အမုန်းစကားပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ Facebook ရဲ့ လုပ်ရပ်က အခုချိန်ထိ အောင်မြင်တယ်လို့မဆိုနိုင်ဘဲ နိုင်ငံရေးအရပါ Facebook ကို အသုံးချမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း Facebook ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကိစ္စတွေမှာ လူနည်းစုအပေါ် အကြမ်းဖက်မှုကို အားပေးတဲ့ အမုန်းစကားတွေ ပျံ့နှံ့စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ရိုဟင်ဂျာတွေက Facebook ကို အမေရိကန်ဒေါ်လာ ဘီလီယံ (၁၅၀) ရလိုမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာပြဿနာအတွင်း ခန့်မှန်းခြေ ရိုဟင်ဂျာ (၁၀,၀၀၀) ခန့်က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

- Advertisement -

လက်ရှိအချိန်မှာ Meta လို့လည်းခေါ်ဝေါ်နေကြတဲ့ Facebook ကတော့ အခုကိစ္စနဲ့ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။ ဒုက္ခသည်အချို့ကို ကိုယ်စားပြုတဲ့ ဗြိတိန်အခြေစိုက်ဥပဒေကုမ္ပဏီတခုက Facebook ရဲ့ Algorithm တွေက ရိုဟင်ဂျာတွေအပေါ် အမုန်းပိုများစေခဲ့ပြီး မြန်မာနိုင်ငံကအခြေအနေတွေကို Facebook အနေနဲ့ ဆန်းစစ်လေ့လာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

- Advertisement -

ဒါ့အပြင် Facebook အနေဖြင့် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ပို့စ်တွေ ဒါမှမဟုတ် အကောင့်တွေကို ဖယ်ရှားဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ သတိပေးနေတဲ့ကြားက Facebook အနေနဲ့ သင့်လျော်တဲ့အရေးယူမှုတွေကို အချိန်မှီပြုလုပ်ဖို့လည်း Facebook က ပျက်ကွက်ခဲ့ခြင်း ဖြစ်ပါတယ်။

- Advertisement -

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ရှေ့နေတွေက “Facebook ဟာ အရှေ့တောင်အာရှက နိုင်ငံငယ်လေးမှာ စျေးကွက်ထိုးဖောက်နိုင်ဖို့အတွက် ရိုဟင်ဂျာတွေရဲ့ အသက်တွေကို အရောင်းအဝယ်လုပ်ဖို့ ဆန္ဒရှိခဲ့တယ်” လို့ စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ သန်း (၂၀) ကျော်ရှိပြီး သတင်းအချက်အလက်မျှဝေဖို့အတွက် Facebook က အဓိကပလက်ဖောင်းအဖြစ် ရပ်တည်နေခဲ့ပါတယ်။

ရိုဟင်ဂျာအရေးကိစ္စတွေမှာ တော်တော်လေးဆိုးရွားတဲ့ အကြောင်းအရာတွေက Facebook မှာ ပျံ့နှံ့ခဲ့ပြီး ဒီအတွက် လုံလောက်တဲ့ ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ဘူးလို့လည်း Facebook က (၂၀၁၈) ခုနှစ်မှာ ဝန်ခံခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားဖြန့်ဝေမှုတွေကို ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်ခဲ့ခြင်းက လူမျိုးရေးတင်းမာမှုကနေ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတခုဆီကို ဦးတည်သွားစေတယ်လို့လည်း ဝေဖန်သူတွေက ဆိုပါတယ်။

Facebook ဟာ ၄င်းတို့ပလက်ဖောင်းပေါ်က ဗမာနဲ့ရခိုင် ဘာသာစကားတွေကို စောင့်ကြည့်အကဲခတ်တဲ့နေရာမှာ တက်တက်ကြွကြွမရှိခဲ့တာကလည်း အခုလိုမျိုး အခြေအနေဆိုးတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ယုံကြည်နေပါတယ်။ အခု တရားစွဲဆိုမှုက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပြီး Facebook အနေနဲ့ ပြန်လည်ဖြေရှင်းဖို့ ခက်ခဲနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်တုန်းကလည်း UN က Facebook အနေနဲ့ အမုန်းစကားပျံ့နှံ့မှုတွေကို ထိန်းချုပ်တဲ့နေရာမှာ နှေးကွေးပြီး ထိရောက်မှုမရှိဘူးလို့ စွပ်စွဲခဲ့ဖူးပါတယ်။ ရိုဟင်ဂျာ (၇၀၀,၀၀၀) ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးခဲ့ရတဲ့ ဒီဖြစ်ရပ်မှာ မြန်မာစစ်တပ်က အကြမ်းဖက်၊ လူသတ်၊ မုဒိမ်းမှုနဲ့ နေအိမ်တွေ၊ ရွာတွေကို မီးရှို့ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ခဲ့ပါတယ်။

<Unicode Version>

 

 

ျမန္မာ့အေရးကိစၥနဲ႔ပတ္သက္လို႔ Facebook ကို တရားစြဲလိုက္ၿပီျဖစ္တဲ့ ရိုဟင္ဂ်ာမ်ား။

 

Facebook ဟာ ၄င္းတို႕ရဲ႕ပလက္ေဖာင္းကေနတစ္ဆင့္ အမုန္းစကားေတြကို ထိန္းခ်ဳပ္နိုင္ဖို႔ ခက္ခဲေနဆဲျဖစ္ၿပီး ဒီအရာေတြက သုံးစြဲသူေတြကို ပိုမို Engage ျဖစ္ေစတာေၾကာင့္ အမုန္းစကားေတြကို ရည္ရြယ္ခ်က္ရွိရွိ မ်က္ကြယ္ျပဳထားတယ္လို႔လည္း စြပ္စြဲခံေနရပါတယ္။ အမုန္းစကားပ်ံ႕ႏွံ႕မႈေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတဲ့ Facebook ရဲ႕ လုပ္ရပ္က အခုခ်ိန္ထိ ေအာင္ျမင္တယ္လို႔မဆိုနိုင္ဘဲ နိုင္ငံေရးအရပါ Facebook ကို အသုံးခ်မႈေတြ ရွိခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာလည္း Facebook ဟာ ျမန္မာနိုင္ငံက ရိုဟင္ဂ်ာအေရးကိစၥေတြမွာ လူနည္းစုအေပၚ အၾကမ္းဖက္မႈကို အားေပးတဲ့ အမုန္းစကားေတြ ပ်ံ႕ႏွံ႕ေစခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔အတူ ရိုဟင္ဂ်ာေတြက Facebook ကို အေမရိကန္ေဒၚလာ ဘီလီယံ (၁၅၀) ရလိုမႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္။ (၂၀၁၇) ခုႏွစ္က ျမန္မာနိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ ရိုဟင္ဂ်ာျပႆနာအတြင္း ခန္႔မွန္းေၿခ ရိုဟင္ဂ်ာ (၁၀,၀၀၀) ခန္႔က ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္သတ္ျဖတ္ျခင္းကို ခံခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာ Meta လို႔လည္းေခၚေဝၚေနၾကတဲ့ Facebook ကေတာ့ အခုကိစၥနဲ႔ပတ္သက္လို႔ တစုံတရာ တုံ႔ျပန္ေျပာၾကားျခင္း မရွိေသးပါဘူး။ ဒုကၡသည္အခ်ိဳ႕ကို ကိုယ္စားျပဳတဲ့ ၿဗိတိန္အေျခစိုက္ဥပေဒကုမၸဏီတခုက Facebook ရဲ႕ Algorithm ေတြက ရိုဟင္ဂ်ာေတြအေပၚ အမုန္းပိုမ်ားေစခဲ့ၿပီး ျမန္မာနိုင္ငံက အေျခအေနေတြကို Facebook အေနနဲ႔ ဆန္းစစ္ေလ့လာဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ Facebook အေနျဖင့္ ရိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္ဖို႔ လႈံ႕ေဆာ္တဲ့ပို႔စ္ေတြ ဒါမွမဟုတ္ အေကာင့္ေတြကို ဖယ္ရွားဖို႔လည္း ပ်က္ကြက္ခဲ့ပါတယ္။ အဖြဲ႕အစည္းေတြ၊ မီဒီယာေတြ သတိေပးေနတဲ့ၾကားက Facebook အေနနဲ႔ သင့္ေလ်ာ္တဲ့အေရးယူမႈေတြကို အခ်ိန္မွီျပဳလုပ္ဖို႔လည္း Facebook က ပ်က္ကြက္ခဲ့ျခင္း ျဖစ္ပါတယ္။

အေမရိကန္နိုင္ငံ၊ ဆန္ဖရန္စစၥကိုၿမိဳ႕ရွိ ေရွ႕ေနေတြက “Facebook ဟာ အေရွ႕ေတာင္အာရွက နိုင္ငံငယ္ေလးမွာ ေစ်းကြက္ထိုးေဖာက္နိုင္ဖို႔အတြက္ ရိုဟင္ဂ်ာေတြရဲ႕ အသက္ေတြကို အေရာင္းအဝယ္လုပ္ဖို႔ ဆႏၵရွိခဲ့တယ္” လို႔ စြပ္စြဲထားပါတယ္။ ျမန္မာနိုင္ငံမွာ Facebook အသုံးျပဳသူ သန္း (၂၀) ေက်ာ္ရွိၿပီး သတင္းအခ်က္အလက္မၽွေဝဖို႔အတြက္ Facebook က အဓိကပလက္ေဖာင္းအျဖစ္ ရပ္တည္ေနခ့ဲပါတယ္။

ရိုဟင္ဂ်ာအေရးကိစၥေတြမွာ ေတာ္ေတာ္ေလးဆိုးရြားတဲ့ အေၾကာင္းအရာေတြက Facebook မွာ ပ်ံ႕ႏွံ႕ခဲ့ၿပီး ဒီအတြက္ လုံေလာက္တဲ့ ထိန္းခ်ဳပ္နိုင္စြမ္း မရွိခဲ့ဘူးလို႔လည္း Facebook က (၂၀၁၈) ခုႏွစ္မွာ ဝန္ခံခဲ့ပါတယ္။ ရိုဟင္ဂ်ာေတြအေပၚ အမုန္းစကားျဖန္႔ေဝမႈေတြကို ထိထိေရာက္ေရာက္ တားဆီးဖို႔ ပ်က္ကြက္ခဲ့ျခင္းက လူမ်ိဳးေရးတင္းမာမႈကေန ရက္စက္ၾကမ္းၾကဳတ္တဲ့ အၾကမ္းဖက္မႈတခုဆီကို ဦးတည္သြားေစတယ္လို႔လည္း ေဝဖန္သူေတြက ဆိုပါတယ္။

Facebook ဟာ ၄င္းတို႕ပလက္ေဖာင္းေပၚက ဗမာနဲ႔ရခိုင္ ဘာသာစကားေတြကို ေစာင့္ၾကည့္အကဲခတ္တဲ့ေနရာမွာ တက္တက္ႂကြႂကြမရွိခဲ့တာကလည္း အခုလိုမ်ိဳး အေျခအေနဆိုးေတြ ျဖစ္ေပၚေစခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။ အခု တရားစြဲဆိုမႈက ေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းေနၿပီး Facebook အေနနဲ႔ ျပန္လည္ေျဖရွင္းဖို႔ ခက္ခဲနိုင္တယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္တုန္းကလည္း UN က Facebook အေနနဲ႔ အမုန္းစကားပ်ံ႕ႏွံ႕မႈေတြကို ထိန္းခ်ဳပ္တဲ့ေနရာမွာ ေႏွးေကြးၿပီး ထိေရာက္မႈမရွိဘူးလို႔ စြပ္စြဲခဲ့ဖူးပါတယ္။ ရိုဟင္ဂ်ာ (၇၀၀,၀၀၀) ေက်ာ္ ဘဂၤလားေဒ့ရွ္နိုင္ငံအတြင္း ထြက္ေျပးခဲ့ရတဲ့ ဒီျဖစ္ရပ္မွာ ျမန္မာစစ္တပ္က အၾကမ္းဖက္၊ လူသတ္၊ မုဒိမ္းမႈနဲ႔ ေနအိမ္ေတြ၊ ရြာေတြကို မီးရွိဳ႕ျခင္းအပါအဝင္ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေပၚေပၚထင္ထင္ ျပဳလုပ္ခဲ့ပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read