Spotify wrapped 2021 ကတော့ နားဆင်သူတွေရဲ့ အမူအကျင့်တွေအရ ထွက်ပေါ်လာတဲ့ အကောင်းဆုံးသီးချင်းတွေ ၊ အဆိုရှင်တွေ ၊ အယ်လ်ဘမ်တွေ ၊ podcasts တွေနဲ့အတူ ထွက်ရှိလာပါပြီ။
Spotify wrapped ဆိုတာကတော့ နှစ်စဉ်ဒီဇင်ဘာလရောက်တိုင်း ကျင်းပလေ့ရှိတဲ့ Spotify ရဲ့ subscribers တွေအကြိုက် နားဆင်မှုအများဆုံးသီချင်းနဲ့ အဆိုတော်တွေကို ရွေးချယ်တဲ့ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ Spotify ဟာ ဒီဇင်ဘာလမှာ အလုံးစုံတိုင်းတာမှုတစ်ခုကို ရနိုင်ဖို့အတွက် ဇန်နဝါရီလ ၁ ရက်နေ့ကနေစပြီး အောက်တိုဘာလ ၃၁ ရက်နေ့ကြားမှာ နားဆင်သူတွေရဲ့ အသုံးပြုမှု အချက်အလက်တွေကို တိုင်းတာလေ့ရှိပါတယ်။ subscribers တွေအနေနဲ့လည်း ၂၀၂၁ ခုနှစ်အတွင်း နားဆင်မှု အများဆုံးဖြစ်ခဲ့တဲ့ သီချင်းတွေကို မိုဘိုင်းအက်ပ်မှာ ရှာဖွေနိုင်ပြီပဲဖြစ်ပါတယ်။
The red carpet is ready for you 💃
Get your #SpotifyWrapped now and share how you listened this year.https://t.co/Gkp585MbUk pic.twitter.com/kQaQrXEyGI— Spotify (@Spotify) December 1, 2021
Spotify wrapped: ၂၀၂၁ ခုနှစ် နိုင်ငံတကာမှ နားဆင်မှုအများဆုံး အဆိုရှင် ၅ ဦး။
Bad Bunny ကတော့ အယ်လ်ဘမ်အသစ်တောင် ထုတ်ထားခြင်းမရှိပဲ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရှိနေခဲ့ပါတယ်။
၁. Bad Bunny
၂. Taylor Swift
၃. BTS
၄. Drake
၅. Justin Bieber
Spotify wrapped: ၂၀၂၁ ခုနှစ် နိုင်ငံတကာမှ နားဆင်မှုအများဆုံး သီချင်း ၅ ပုဒ်။
Lil Nas X ရဲ့ ပွဲဦးထွက်အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ကတော့ ကမ္ဘာ့အကောင်းဆုံး ၅ ပုဒ်ထဲကို ပါဝင်ခဲ့ပါတယ်။ Call me by your name ပဲ ဖြစ်ပြီး ကျန်တဲ့သီချင်းတွေကတော့ ..
၁. ‘Drivers license’ by Olivia Rodrigo
၂. ‘MONTERO (Call me by your name)’ by Lil Nas X
၃. ‘STAY’ (ft. Justin Bieber) by Kid LAROI
၄. ‘Good 4 u’ by Olivia Rodrigo
၅. ‘Levitating (ft. Da Baby) by Dua Lipa
Spotify wrapped: ၂၀၂၁ ခုနှစ် နိုင်ငံတကာမှ နားဆင်မှုအများဆုံး အယ်ဘမ် ၅ ခု။
ဒီနှစ်မှာတော့ Ed Sheeran ရော Adele ရော အယ်လ်ဘမ်တွေ ထွက်ခဲ့ကြတာဆိုတော့ အခြားသော အဆိုတော်တွေအတွက် top 5 နေရာမှာ ပါဝင်နိုင်ဖို့က ခက်ခဲမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် Adele ရဲ့ အယ်ဘမ်ဟာ Spotify ရဲ့ စစ်တမ်းကောက်ယူမှုကာလအပြီး ရက် ၃၀ ကြာမှ ထွက်ရှိခဲ့တာဖြစ်လို့ ဒီနှစ်မှာတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
၁. SOUR by Olivia Rodrigo
၂. Future Nostalgia by Dua Lipa
၃. Justice by Justin Bieber
၄. = by Ed Sheeran
၅. Planet Her by Doja Cat
Spotify wrapped: ၂၀၂၁ ခုနှစ် နိုင်ငံတကာမှ နားဆင်မှုအများဆုံး Podcast ၅ ခု။
Joe Rogan ကတော့ နိုင်ငံတကာမှာ လူကြည့်အများဆုံး Podcast ဖြစ်ခဲ့ပါတယ်။
၁. The Joe Rogan Experience
၂. Call Her Daddy
၃. Crime Junkie
၄. TED Talks Daily
၅. The Daily
ဒါတွေအပြင် Spotify မှာဆိုရင် အမှတ်တရသီချင်းများ နားဆင်ခြင်းဟာ Trend ဖြစ်ခဲ့ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာဆိုရင် အရင်သီချင်းဟောင်းတွေကို ပြန်ရှာဖွေပြီး မျိုးဆက်သစ်တွေက လက်ခံနားထောင်လာကြတာမျိုးတွေ ရှိတယ်လို့ သိရှိရပါတယ်။
<Unicode Version>
၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း အကောင်းဆုံး သီချင်း ၅ ပုဒ်၊ အဆိုတော် ၅ ယောက်နဲ့ အယ်လ်ဘမ် ၅ခု။
၁. Bad Bunny
၂. Taylor Swift
၃. BTS
၎. Drake
၅. Justin Bieber
၎. ‘Good 4 u’ by Olivia Rodrigo
၎. = by Ed Sheeran
၅. Planet Her by Doja Cat
၂. Call Her Daddy
၃. Crime Junkie
၎. TED Talks Daily
၅. The Daily
<Zawgyi Version>
#soshweentertainment
#soshweforyourdailylife
#likeandshare