HomeOtherအချင်းချင်း ထိတွေ့စရာမလိုတဲ့ လူဝင်မှုကြီးကြပ်ရေး ကောင်တာအသစ်များကို စတင်အသုံးပြုနေတဲ့ ကမ္ဘာ့ပထမဦးဆုံးနိုင်ငံ။

အချင်းချင်း ထိတွေ့စရာမလိုတဲ့ လူဝင်မှုကြီးကြပ်ရေး ကောင်တာအသစ်များကို စတင်အသုံးပြုနေတဲ့ ကမ္ဘာ့ပထမဦးဆုံးနိုင်ငံ။

- Advertisement -

ဟောင်ကောင်မှာတော့ QR Code နဲ့ မျက်နှာအတည်ပြု နည်းပညာတို့ကို အသုံးပြုပြီး လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုကောင်တာများကို ဟောင်ကောင်ရဲ့ နယ်စပ် ဂိတ် ၃ ခုမှာ စတင်အသုံးပြုနေပြီလို့ သိရှိရပါတယ်။ မိုဘိုင်းအက်ပလီကေးရှင်းကနေ စာရင်းပေးသွင်းထားတဲ့ အသက် ၁၁ နှစ်နဲ့အထက် ဟောင်ကောင်နိုင်ငံသားများဟာ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဟောင်ကောင်- ဇူဟိုင်း – မကာအို တံတားနဲ့ ရှန်ကျန်းပင်လယ်အော်တို့မှာ တပ်ဆင်ထားတဲ့ အထိအတွေ့မဲ့ e-channels တွေကနေ ဖြတ်ကျော်ပြီး ဟောင်ကောင်ကနေ ထွက်ခွာနိုင်ပြီဖြစ်ပါတယ်။

သတင်းအချက်အလက်အတွက် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လက်ထောက်အမှုဆောင်ဒါရိုက်တာဖြစ်သူ Gavin Ho Ka-wing က ကောင်တာအသစ်တွေဟာ အထူးသဖြင့် Covid-19 ကာလမှာ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုအပိုင်းအတွက် အဆင်ပြေစေပြီး ဘေးကင်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကောင်တာရောက်မှ ပိုက်ဆံအိတ်တွေ ၊ လက်ဆွဲအိတ်တွေထဲကနေ ID ကတ်ကို ထုတ်ပေးနေရတာမျိုး မဟုတ်သလို လက်ဗွေနှိပ်စက်တစ်လုံးပေါ်မှာ လူအများကြီးက နှိပ်ရတာမျိုးလည်း မရှိတော့တာကြောင့် ကျန်းမာရေးအတွက် ပိုအဆင်ပြေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ မြို့တွင်းကို ဝင်ရောက်လာမယ့် ခရီးသည်တွေအတွက်တော့ အထိအတွေ့မဲ့ ကောင်တာအသစ်တွေအပြင် သာမန်ရိုးကျ နည်းလမ်းအတိုင်း လက်ဗွေနှိပ်ဖြတ်သန်းသွားလာနိုင်တဲ့ ကောင်တာအဟောင်းတွေကိုပါ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

- Advertisement -

စနစ်အသစ်ဟာဆိုရင် ခရီးသွားတွေကို ၇ စက္ကန့်ထဲနဲ့ ဘော်ဒါလိုင်းကို ဖြတ်သန်းစေနိုင်မှာဖြစ်ပြီး “ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ e-channels တွေထက် ၁ စက္ကန့် ပိုမြန်သွားပါတယ်။ တကယ်တန်းမှာတော့ ၁ စက္ကန့်ဆိုတာ အတော်များပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့တစ်နေ့ကို ထိန်းချုပ်မှု အမှတ် နေရာမှာ ဖြတ်သန်းသွားလာတဲ့ခရီးသွား အရေပတွက်က အရမ်းများတာကြောင့်ပါပဲ။ ၂၀၁၈ ခုနှစ်က သန်း ၃၀၀ ရှိခဲ့တာဆိုတော့ အခုစက်တွေနဲ့ဆိုရင် စက္ကန့်ပေါင်း သန်း ၃၀၀ ပိုမြန်သွားပါတယ်” လို့ Ho က ပြောကြားခဲ့ပါတယ်။

- Advertisement -

ထိန်းချုပ်မှုအမှတ်တစ်ခုစီရဲ့ ထွက်ခွာချိန်နဲ့ ဆိုက်ရောက်ခန်းမတွေတိုင်းမှာ e-channels ၄ ခုကနေ ၅ ခုကို တပ်ဆင်ထားပြီး ထိန်းချုပ်မှုအမှတ်များကို အသုံးမပြုခင်မှာ ခရီးသွားတွေအနေနဲ့ ID ကတ်ထဲက အသေးစိတ်အချက်အလက်တွေကို ဟောင်ကောင်အစိုးရ ဝန်ဆောင်မှုတွေအတွက် အတည်ပြုပေးနိုင်တဲ့ “iAM Smart” မိုဘိုင်းအက်ပ်ထဲမှာ ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

- Advertisement -

အဲ့ဒီနောက်မှာတော့ “contactless e-Channels” မိုဘိုင်းအက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး “iAM Smart” နဲ့ ချိတ်ဆက်ကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါအက်ပ်မှ ထုတ်ပေးတဲ့ QR Code ကို e-channel မှာ တပ်ဆင်ထားတဲ့ Scanner ရှေ့မှာ ပြရမှာဖြစ်ပြီး ကင်မရာကို တည့်တည့်ကြည့်ကာ မျက်နှာကို အတည်ပြုခြင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လူဝင်မှုကြီးကြပ်ရေးကောင်တာ ဖြတ်ကျော်ခြင်း ပြီးဆုံးပြီ ဖြစ်ပါတယ်။

Ho က အဆိုပါ စနစ်ရဲ့ မျက်နှာအတည်ပြုစနစ်ဟာ ၉၉% တိကျမှုရှိတယ်လို့ ဆိုပါတယ်။ ဒါတောင်မှပဲ သူက “ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအပိုင်းကို ပိုပြီးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ လက်ဗွေရာ ကောက်ယူခြင်းလိုမျိုးပါပဲ တစ်ခါထဲနဲ့ လက်ဗွေနှိပ်မရတာမျိုးဖြစ်သလို မျက်နှာအတည်ပြုခြင်းကိုလည်း မကျော်ဖြတ်နိုင်သူတွေ ရှိနိုင်ပါတယ်” လို့ ထပ်လောင်းပြောခဲ့ပါတယ်။

ကိုယ်ရေးအချက်အလက်ဆိုင်ရာ ပူပန်မှုတွေအကြောင်း ပြောရာမှာတော့ Ho က e-channels တွေမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ခရီးသွားတွေရဲ့ လူဝင်မှုကြီးကြပ်ရေး ဖြတ်ကျော်စစ်ဆေးမှုအဆင့်တွေအားလုံး ပြီးဆုံးတာနဲ့ ချက်ချင်းဖျက်ပစ်မှာဖြစ်ကြောင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို သိမ်းဆည်းထားမှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

QR Code ကို အလွဲသုံးစားလုပ်ခြင်းနဲ့ ထပ်ခါတလဲလဲ ပြန်လည်အသုံးပြုခြင်း မပြုလုပ်နိုင်ရန်အတွက် အက်ပ်ကို အသုံးပြုနေချိန်မှာ Screenshot ရိုက်နိုင်ခြင်း မရှိအောင်လည်း စီစဉ်ထားပါသေးတယ်။ စက္ကန့် ၃၀ တိုင်းမှာ QR Code အသစ်တစ်ခုကို ပြုလုပ်ပေးမှာဖြစ်ပြီး ပထမတစ်ခုကို ထပ်မံအသုံးပြုလို့မရအောင် ဖျက်ဆီးလိုက်မှာ ဖြစ်ပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အတွင်း ကလေးတွေကတော့ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ရှိမှသာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အသက် ၁၈ နှစ် အထက် ရှိထားပေမယ့် စာရင်းသွင်းဖို့ရန် စမတ်ဖုန်း မရှိသူများကတော့ e-channels တွေမှာ QR Code အစား ၄င်းတို့ရဲ့ ID card ကိုပြပြီး မျက်နှာ အတည်ပြုခြင်းကို ပြုလုပ်ကာ လူကိုယ်တိုင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ Ho ကတော့ အခုလက်ရှိ ဂိတ် ၃ ခုတင်မကပဲ အခြားသော နယ်စပ်ဂိတ်တွေမှာလည်း e-channels အသစ်တွေ တပ်ဆင်သွားဖို့ရှိကြောင်းနဲ့ အချိန်အတိုင်းအတာကိုတော့ အတိအကျ မသိသေးကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

 

အခ်င္းခ်င္း ထိေတြ႕စရာမလိုတဲ့ လူဝင္မႈႀကီးၾကပ္ေရး ေကာင္တာအသစ္မ်ားကို စတင္အသုံးျပဳေနတ့ဲ ကမာၻ႕ပထမဦးဆုံးႏိုင္ငံ။

 

ေဟာင္ေကာင္မွာေတာ့ QR Code နဲ႔ မ်က္ႏွာအတည္ျပဳ နည္းပညာတို႔ကို အသုံးျပဳၿပီး လူဝင္မႈႀကီးၾကပ္ေရး စစ္ေဆးမႈေကာင္တာမ်ားကို ေဟာင္ေကာင္ရဲ႕ နယ္စပ္ ဂိတ္ ၃ ခုမွာ စတင္အသုံးျပဳေနၿပီလို႕ သိရွိရပါတယ္။ မိုဘိုင္းအက္ပလီေကးရွင္းကေန စာရင္းေပးသြင္းထားတဲ့ အသက္ ၁၁ ႏွစ္နဲ႔အထက္ ေဟာင္ေကာင္နိုင္ငံသားမ်ားဟာ ေဟာင္ေကာင္ အျပည္ျပည္ဆိုင္ရာေလဆိပ္၊ ေဟာင္ေကာင္- ဇူဟိုင္း – မကာအို တံတားနဲ႔ ရွန္က်န္းပင္လယ္ေအာ္တို႔မွာ တပ္ဆင္ထားတဲ့ အထိအေတြ႕မဲ့ e-channels ေတြကေန ျဖတ္ေက်ာ္ၿပီး ေဟာင္ေကာင္ကေန ထြက္ခြာနိုင္ၿပီျဖစ္ပါတယ္။

သတင္းအခ်က္အလက္အတြက္ လူဝင္မႈႀကီးၾကပ္ေရးဌာနရဲ႕ လက္ေထာက္အမႈေဆာင္ဒါရိုက္တာျဖစ္သူ Gavin Ho Ka-wing က ေကာင္တာအသစ္ေတြဟာ အထူးသျဖင့္ Covid-19 ကာလမွာ လူဝင္မႈႀကီးၾကပ္ေရး စစ္ေဆးမႈအပိုင္းအတြက္ အဆင္ေျပေစၿပီး ေဘးကင္းေစတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီလုပ္ငန္းစဥ္မွာ ေကာင္တာေရာက္မွ ပိုက္ဆံအိတ္ေတြ ၊ လက္ဆြဲအိတ္ေတြထဲကေန ID ကတ္ကို ထုတ္ေပးေနရတာမ်ိဳး မဟုတ္သလို လက္ေဗြႏွိပ္စက္တစ္လုံးေပၚမွာ လူအမ်ားႀကီးက ႏွိပ္ရတာမ်ိဳးလည္း မရွိေတာ့တာေၾကာင့္ က်န္းမာေရးအတြက္ ပိုအဆင္ေျပတယ္ဆိုၿပီး ေျပာၾကားခ့ဲပါတယ္။ ၿမိဳ႕တြင္းကို ဝင္ေရာက္လာမယ့္ ခရီးသည္ေတြအတြက္ေတာ့ အထိအေတြ႕မဲ့ ေကာင္တာအသစ္ေတြအျပင္ သာမန္ရိုးက် နည္းလမ္းအတိုင္း လက္ေဗြႏွိပ္ျဖတ္သန္းသြားလာနိုင္တဲ့ ေကာင္တာအေဟာင္းေတြကိုပါ ေရြးခ်ယ္နိုင္မွာ ျဖစ္ပါတယ္။

စနစ္အသစ္ဟာဆိုရင္ ခရီးသြားေတြကို ၇ စကၠန႔္ထဲနဲ႔ ေဘာ္ဒါလိုင္းကို ျဖတ္သန္းေစနိုင္မွာျဖစ္ၿပီး “ကၽြန္ေတာ္တို႔ လက္ရွိအသုံးျပဳေနတဲ့ e-channels ေတြထက္ ၁ စကၠန႔္ ပိုျမန္သြားပါတယ္။ တကယ္တန္းမွာေတာ့ ၁ စကၠန႔္ဆိုတာ အေတာ္မ်ားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေန႔တစ္ေန႔ကို ထိန္းခ်ဳပ္မႈ အမွတ္ ေနရာမွာ ျဖတ္သန္းသြားလာတဲ့ခရီးသြား အေရပတြက္က အရမ္းမ်ားတာေၾကာင့္ပါပဲ။ ၂၀၁၈ ခုႏွစ္က သန္း ၃၀၀ ရွိခဲ့တာဆိုေတာ့ အခုစက္ေတြနဲ႔ဆိုရင္ စကၠန႔္ေပါင္း သန္း ၃၀၀ ပိုျမန္သြားပါတယ္” လို႔ Ho က ေျပာၾကားခဲ့ပါတယ္။

ထိန္းခ်ဳပ္မႈအမွတ္တစ္ခုစီရဲ႕ ထြက္ခြာခ်ိန္နဲ႔ ဆိုက္ေရာက္ခန္းမေတြတိုင္းမွာ e-channels ၄ ခုကေန ၅ ခုကို တပ္ဆင္ထားၿပီး ထိန္းခ်ဳပ္မႈအမွတ္မ်ားကို အသုံးမျပဳခင္မွာ ခရီးသြားေတြအေနနဲ႔ ID ကတ္ထဲက အေသးစိတ္အခ်က္အလက္ေတြကို ေဟာင္ေကာင္အစိုးရ ဝန္ေဆာင္မႈေတြအတြက္ အတည္ျပဳေပးနိုင္တဲ့ “iAM Smart” မိုဘိုင္းအက္ပ္ထဲမွာ ျဖည့္သြင္းရမွာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ “contactless e-Channels” မိုဘိုင္းအက္ပ္ကို ေဒါင္းလုဒ္လုပ္ၿပီး “iAM Smart” နဲ႔ ခ်ိတ္ဆက္ကာ စာရင္းေပးသြင္းနိုင္မွာ ျဖစ္ပါတယ္။ အဆိုပါအက္ပ္မွ ထုတ္ေပးတဲ့ QR Code ကို e-channel မွာ တပ္ဆင္ထားတဲ့ Scanner ေရွ႕မွာ ျပရမွာျဖစ္ၿပီး ကင္မရာကို တည့္တည့္ၾကည့္ကာ မ်က္ႏွာကို အတည္ျပဳျခင္း ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ေတာ့ လူဝင္မႈႀကီးၾကပ္ေရးေကာင္တာ ျဖတ္ေက်ာ္ျခင္း ၿပီးဆုံးၿပီ ျဖစ္ပါတယ္။

Ho က အဆိုပါ စနစ္ရဲ႕ မ်က္ႏွာအတည္ျပဳစနစ္ဟာ ၉၉% တိက်မႈရွိတယ္လို႔ ဆိုပါတယ္။ ဒါေတာင္မွပဲ သူက “ ကၽြန္ေတာ္တို႔အေနနဲ႔ လုံျခဳံေရးအပိုင္းကို ပိုၿပီးဂ႐ုစိုက္ရမွာ ျဖစ္ပါတယ္။ လက္ေဗြရာ ေကာက္ယူျခင္းလိုမ်ိဳးပါပဲ တစ္ခါထဲနဲ႔ လက္ေဗြႏွိပ္မရတာမ်ိဳးျဖစ္သလို မ်က္ႏွာအတည္ျပဳျခင္းကိုလည္း မေက်ာ္ျဖတ္နိုင္သူေတြ ရွိနိုင္ပါတယ္” လို႔ ထပ္ေလာင္းေျပာခဲ့ပါတယ္။

ကိုယ္ေရးအခ်က္အလက္ဆိုင္ရာ ပူပန္မႈေတြအေၾကာင္း ေျပာရာမွာေတာ့ Ho က e-channels ေတြမွာ ရိုက္ကူးထားတဲ့ ဓာတ္ပုံေတြကို ခရီးသြားေတြရဲ႕ လူဝင္မႈႀကီးၾကပ္ေရး ျဖတ္ေက်ာ္စစ္ေဆးမႈအဆင့္ေတြအားလုံး ၿပီးဆုံးတာနဲ႔ ခ်က္ခ်င္းဖ်က္ပစ္မွာျဖစ္ေၾကာင္းနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ အခ်က္အလက္ေတြကို သိမ္းဆည္းထားမွာ မဟုတ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

QR Code ကို အလြဲသုံးစားလုပ္ျခင္းနဲ႔ ထပ္ခါတလဲလဲ ျပန္လည္အသုံးျပဳျခင္း မျပဳလုပ္နိုင္ရန္အတြက္ အက္ပ္ကို အသုံးျပဳေနခ်ိန္မွာ Screenshot ရိုက္နိုင္ျခင္း မရွိေအာင္လည္း စီစဥ္ထားပါေသးတယ္။ စကၠန႔္ ၃၀ တိုင္းမွာ QR Code အသစ္တစ္ခုကို ျပဳလုပ္ေပးမွာျဖစ္ၿပီး ပထမတစ္ခုကို ထပ္မံအသုံးျပဳလို႕မရေအာင္ ဖ်က္ဆီးလိုက္မွာ ျဖစ္ပါတယ္။

အသက္ ၁၁ ႏွစ္မွ ၁၇ ႏွစ္အတြင္း ကေလးေတြကေတာ့ မိဘ သို႔မဟုတ္ တရားဝင္အုပ္ထိန္းသူရဲ႕ ခြင့္ျပဳခ်က္ရွိမွသာ ေလၽွာက္ထားနိုင္မွာျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္ အထက္ ရွိထားေပမယ့္ စာရင္းသြင္းဖို႔ရန္ စမတ္ဖုန္း မရွိသူမ်ားကေတာ့ e-channels ေတြမွာ QR Code  အစား ၄င္းတို႔ရဲ႕ ID card ကိုျပၿပီး မ်က္ႏွာ အတည္ျပဳျခင္းကို ျပဳလုပ္ကာ လူကိုယ္တိုင္ စာရင္းေပးသြင္းနိုင္မွာ ျဖစ္ပါတယ္။ Ho ကေတာ့ အခုလက္ရွိ ဂိတ္ ၃ ခုတင္မကပဲ အျခားေသာ နယ္စပ္ဂိတ္ေတြမွာလည္း e-channels အသစ္ေတြ တပ္ဆင္သြားဖို႔ရွိေၾကာင္းနဲ႔ အခ်ိန္အတိုင္းအတာကိုေတာ့ အတိအက် မသိေသးေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။

<Zawgyi Version>

 

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read