Donald Trump တစ်ယောက် မြို့စားကတော် မီဂန်ဟာ မင်းသားဟယ်ရီကို အသုံးချနေတာ ဖြစ်တယ်လို့ အင်တာဗျုးတစ်ခုမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ GB သတင်းဌာနမှ Nigel Farage နဲ့ အင်တာဗျူးတစ်ခုအတွင်း Meghan ကို ဟ်ုးအရင်ကတည်းက သဘောကျခဲ့ခြင်းမရှိကြောင်း Donald Trump က ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတဟောင်းဖြစ်သူ Trump က Meghan ကို ညွှန်းဆိုရင်းနဲ့ “ကျွန်တော်က သူမရဲ့ပရိသတ် မဟုတ်ခဲ့ဘူး။ ဟိုးအရင်ကတည်းက မဟုတ်ခဲ့တာ။ ကျွန်တော့်အထင်တော့ ဟယ်ရီက ဆိုးဆိုးရွားရွားကို အသုံးချခံနေရတာဖြစ်ပြီး တစ်နေ့နေ့မှာတော့ သူ့အနေနဲ့ နောင်တရလာလိမ့်မယ်လို့ ထင်တယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ထပ်မံပြီး Donal Trump က “ဟယ်ရီက အသုံးချခံနေရတာမှ တော်တော်ကို ဆိုးဆိုးရွားရွားပါပဲ” လို့ ထပ်လောင်း ပြောခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ရဲ့ ဆက်ဆံရေးနဲ့ မိသားစုဘဝကိုပျက်စီးစေပြီး ဘုရင်မအတွက် ထိခိုက်မှုတွေ ဖြစ်လာလိမ့်မယ် ထင်တယ်လို့လည်း သူ့ရဲ့ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။ ကွန်ဂရက်အဖွဲ့ဝင်တွေအကြောင်း လော်ဘီလုပ်ပေးဖို့အတွက် Megan ဟာ သူမရဲ့ မြို့စားကတော်ရာထူးကို အသုံးချပြီး စာပေးပို့မှုကိုလည်း Trump က “သူမ လုပ်နေတာတွေအားလုံးက မဆီလျော်တဲ့အရာတွေချည်းပဲ” လို့ ပြောခဲ့ပါတယ်။ GB သတင်းဌာနကတော့ Trump ဟာ Mr.Fratage ကို “သူမက တော်ဝင်မိသားစုအပေါ် အရမ်းအရိုအသေ မဲ့လွန်းတယ်။ အထူးသဖြင့် ဘုရင်မကြီးအပေါ်ကိုပေါ့” လို့ ပြောခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
Trump ရဲ့ ကြမ်းတမ်းတဲ့ မှတ်ချက်တွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလတုန်းက မင်းသားဟယ်ရီတို့စုံတွဲဟာ သမ္မတအဖြစ် Joe Biden ကို ထောက်ခံခဲ့ကြတဲ့အချိန်လောက်က ပြောခဲ့တဲ့မှတ်ချက်တွေနဲ့ တစ်ထပ်တည်း ကျနေပါတယ်။ ၂၀၂၀ ခုနှစ်က တော်ဝင်မင်းသားတို့အတွဲဟာ ပြည်သူလူထုကို မဲထည့်ဖို့အတွက် တောင်းဆိုခဲ့တုန်းက Trump တစ်ယောက် သတင်းထောက်တွေကို “ကျွန်တော်က သူမရဲ့ပရိသတ်မဟုတ်သလို ဒါကိုလည်း သူမသိပါလိမ့်မယ်။ ဒါပေမယ့် ဟယ်ရီကိုတော့ ကံကောင်းစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် ကံကောင်းဖို့ တော်တော်လိုအပ်တယ်လေ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တုန်းကလည်း Trump က သူ့ကို ” စိတ်ဝမ်းကွဲစေတယ်။ အလွဲသုံးစားလုပ်တယ် ” ဆိုတဲ့ Meghan ရဲ့ မှတ်ချက်တွေကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ သူမက စိတ်ပျက်စရာကောင်းတယ်လို့ The Sun သတင်းဌာနကို ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဟယ်ရီမင်းသားတို့စုံတွဲရဲ့ တော်ဝင်မိသားစုကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး Trump က “ကျုပ်က ဗြိတိန်နဲ့ရော ၊ ဘုရင်မကြီးနဲ့ပါ မိတ်ဆွေကောင်းတွေဖြစ်ပြီး သူမကို လေးစားသူလည်းဖြစ်ပါတယ်” လို့ Twitter မှာ Tweet ခဲ့ပါတယ်။
ဟယ်ရီနဲ့ မီဂန်တို့ဟာ UK ကနေ ထွက်ခွာခဲ့ပြီးနောက် ကနေဒါနိုင်ငံမှာ အခြေချ နေထိုင်နေကြတယ်လို့ သတင်းတွေအရ သိရပါတယ်။ ထပ်မံပြီး Trump က “အခုချိန်မှာ သူတို့တွေက ကနေဒါကနေ အမေရိကန်ကို ထွက်ခွာလာခဲ့ကြပြီဆိုပေမယ့် သူတို့ရဲ့လုံခြုံမှုအတွက် အမေရိကန်က တာဝန်ယူမှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါသေးတယ်။
အင်တာဗျူးအတွင်းမှာတော့ Trump ဟာ ဘုရင်မကြီးနဲ့ပတ်သက်ပြီး အတော်လေး အရိုအသေပေးတဲ့ပုံစံနဲ့ ပြောဆိုခဲ့ပါတယ်။ “မြင့်မြတ်တဲ့အမျိုးသမီး၊ တကယ်တော်တဲ့ပုဂ္ဂိုလ်၊ သမိုင်းဝင်ပုဂ္ဂိုလ်” စသဖြင့် သုံးနှုန်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက သူ့ရဲ့ မဲဆွယ်ကာလအတွင်း Trump တစ်ယောက် တော်ဝင်မိသားစု အကြောင်းနဲ့ပတ်သက်ပြီး “ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုတစ်ခုလုံးက တကယ့်ကို အံ့ဖွယ်ပါပဲ” လို့ ချီးကျူးစကား ပြောခဲ့ဖူးပါတယ်။
<Unicode Verison>
ၿမိဳ႕စားကေတာ္ Meghan Markle ကို စြပ္စြဲေျပာဆိုလိုက္တ့ဲ Donald Trump
Donald Trump တစ္ေယာက္ ၿမိဳ႕စားကေတာ္ မီဂန္ဟာ မင္းသားဟယ္ရီကို အသုံးခ်ေနတာ ျဖစ္တယ္လို႔ အင္တာဗ်ဳးတစ္ခုမွာ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ GB သတင္းဌာနမွ Nigel Farage နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း Meghan ကို ဟ္ုးအရင္ကတည္းက သေဘာက်ခ့ဲျခင္းမရွိေၾကာင္း Donald Trump က ေျပာၾကားခ့ဲပါတယ္။ အေမရိကန္သမၼတေဟာင္းျဖစ္သူ Trump က Meghan ကို ညႊန္းဆိုရင္းနဲ႔ “ကၽြန္ေတာ္က သူမရဲ႕ပရိသတ္ မဟုတ္ခဲ့ဘူး။ ဟိုးအရင္ကတည္းက မဟုတ္ခဲ့တာ။ ကၽြန္ေတာ့္အထင္ေတာ့ ဟယ္ရီက ဆိုးဆိုးရြားရြားကို အသုံးခ်ခံေနရတာျဖစ္ၿပီး တစ္ေန႔ေန႔မွာေတာ့ သူ႕အေနနဲ႕ ေနာင္တရလာလိမ့္မယ္လို႔ ထင္တယ္။” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။
ထပ္မံၿပီး Donal Trump က “ဟယ္ရီက အသုံးခ်ခံေနရတာမွ ေတာ္ေတာ္ကို ဆိုးဆိုးရြားရြားပါပဲ” လို႔ ထပ္ေလာင္း ေျပာခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ရဲ႕ ဆက္ဆံေရးနဲ႔ မိသားစုဘဝကိုပ်က္စီးေစၿပီး ဘုရင္မအတြက္ ထိခိုက္မႈေတြ ျဖစ္လာလိမ့္မယ္ ထင္တယ္လို႔လည္း သူ႕ရဲ႕ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ပါတယ္။ ကြန္ဂရက္အဖြဲ႕ဝင္ေတြအေၾကာင္း ေလာ္ဘီလုပ္ေပးဖို႔အတြက္ Megan ဟာ သူမရဲ႕ ၿမိဳ႕စားကေတာ္ရာထူးကို အသုံးခ်ၿပီး စာေပးပို႕မႈကိုလည္း Trump က “သူမ လုပ္ေနတာေတြအားလုံးက မဆီေလ်ာ္တဲ့အရာေတြခ်ည္းပဲ” လို႔ ေျပာခဲ့ပါတယ္။ GB သတင္းဌာနကေတာ့ Trump ဟာ Mr.Fratage ကို “သူမက ေတာ္ဝင္မိသားစုအေပၚ အရမ္းအရိုအေသ မဲ့လြန္းတယ္။ အထူးသျဖင့္ ဘုရင္မႀကီးအေပၚကိုေပါ့” လို႔ ေျပာခဲ့ေၾကာင္း ေဖာ္ျပခ့ဲပါတယ္။
Trump ရဲ႕ ၾကမ္းတမ္းတဲ့ မွတ္ခ်က္ေတြကေတာ့ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ၊ စက္တင္ဘာလတုန္းက မင္းသားဟယ္ရီတို႕စုံတြဲဟာ သမၼတအျဖစ္ Joe Biden ကို ေထာက္ခံခဲ့ၾကတဲ့အခ်ိန္ေလာက္က ေျပာခဲ့တဲ့မွတ္ခ်က္ေတြနဲ႔ တစ္ထပ္တည္း က်ေနပါတယ္။ ၂၀၂၀ ခုႏွစ္က ေတာ္ဝင္မင္းသားတို႔အတြဲဟာ ျပည္သူလူထုကို မဲထည့္ဖို႔အတြက္ ေတာင္းဆိုခ့ဲတုန္းက Trump တစ္ေယာက္ သတင္းေထာက္ေတြကို “ကၽြန္ေတာ္က သူမရဲ႕ပရိသတ္မဟုတ္သလို ဒါကိုလည္း သူမသိပါလိမ့္မယ္။ ဒါေပမယ့္ ဟယ္ရီကိုေတာ့ ကံေကာင္းေစခ်င္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႕အတြက္ ကံေကာင္းဖို႔ ေတာ္ေတာ္လိုအပ္တယ္ေလ” ဆိုၿပီး ေျပာၾကားခ့ဲပါတယ္။
၂၀၁၉ ခုႏွစ္တုန္းကလည္း Trump က သူ႕ကို ” စိတ္ဝမ္းကြဲေစတယ္။ အလြဲသုံးစားလုပ္တယ္ ” ဆိုတဲ့ Meghan ရဲ႕ မွတ္ခ်က္ေတြကို ျပန္လည္တုံ႔ျပန္တဲ့အေနနဲ႔ သူမက စိတ္ပ်က္စရာေကာင္းတယ္လို႔ The Sun သတင္းဌာနကို ေျပာခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ ဟယ္ရီမင္းသားတို႕စုံတြဲရဲ႕ ေတာ္ဝင္မိသားစုကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး Trump က “က်ဳပ္က ၿဗိတိန္နဲ႔ေရာ ၊ ဘုရင္မႀကီးနဲ႔ပါ မိတ္ေဆြေကာင္းေတြျဖစ္ၿပီး သူမကို ေလးစားသူလည္းျဖစ္ပါတယ္” လို႔ Twitter မွာ Tweet ခဲ့ပါတယ္။
ဟယ္ရီနဲ႔ မီဂန္တို႔ဟာ UK ကေန ထြက္ခြာခဲ့ၿပီးေနာက္ ကေနဒါနိုင္ငံမွာ အေျခခ် ေနထိုင္ေနၾကတယ္လို႔ သတင္းေတြအရ သိရပါတယ္။ ထပ္မံၿပီး Trump က “အခုခ်ိန္မွာ သူတို႔ေတြက ကေနဒါကေန အေမရိကန္ကို ထြက္ခြာလာခဲ့ၾကၿပီဆိုေပမယ့္ သူတို႔ရဲ႕လုံျခဳံမႈအတြက္ အေမရိကန္က တာဝန္ယူမွာ မဟုတ္ပါဘူး။” လို႕ ေျပာၾကားခ့ဲပါေသးတယ္။
အင္တာဗ်ဴးအတြင္းမွာေတာ့ Trump ဟာ ဘုရင္မႀကီးနဲ႔ပတ္သက္ၿပီး အေတာ္ေလး အရိုအေသေပးတဲ့ပုံစံနဲ႔ ေျပာဆိုခဲ့ပါတယ္။ “ျမင့္ျမတ္တဲ့အမ်ိဳးသမီး၊ တကယ္ေတာ္တဲ့ပုဂၢိဳလ္၊ သမိုင္းဝင္ပုဂၢိဳလ္” စသျဖင့္ သုံးႏႈန္းခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက သူ႕ရဲ႕ မဲဆြယ္ကာလအတြင္း Trump တစ္ေယာက္ ေတာ္ဝင္မိသားစု အေၾကာင္းနဲ႔ပတ္သက္ၿပီး “ဘုရင္မႀကီးနဲ႔ ေတာ္ဝင္မိသားစုတစ္ခုလုံးက တကယ့္ကို အံ့ဖြယ္ပါပဲ” လို႔ ခ်ီးက်ဴးစကား ေျပာခဲ့ဖူးပါတယ္။
<Zawgyi Version>
#soshwenews
#soshweforyourdailylife
#likeandshare