HomeEntertainmentအိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

- Advertisement -

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကိုယ်စီအိမ်ထောင်ရေးအစပြုခဲ့ချိန်ကို ပရိသတ်တွေ သိရှိထားတာကတော့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်ကပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Reeves ရဲ့ လက်ရှိဝန်ခံချက်အရ အဲ့ဒီမတိုင်ခင် ဟိုးအရင်တည်းက အချိန်အများကြီးစောပြီး Ryder နဲ့ လက်ထပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ Reeves နဲ့ Ryder တို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ (၁၉၉၂) ခုနှစ် ကာလတွေတည်းက ဖရန်စစ်ကော်ပိုလာရိုက်ကူးတဲ့ Bram Stoker’s Dracula ဇာတ်ကားမှာ အတူတကွ ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး အဲ့ဒီအချိန်တည်းက ဇာတ်ဝင်ခန်းအတွက် မင်္ဂလာပွဲကျင်းပခဲ့ဖူးတာပါ။

ဒါနဲ့ပတ်သက်လို့ Ryder က “ကျမတို့ Dracula မှာ အမှန်တကယ် လက်ထပ်ခဲ့တာပါ။ ဒါက ကျမတို့ဘဝအတွက် အမှန်တကယ် လက်ထပ်ခြင်းပါဆိုပြီးတော့ ဘုရားသခင်ကို ကျိန်ဆိုခဲ့ပါတယ်။ အဲ့ဒီတုန်းက တကယ့်ရိုမေးနီးယားဘုန်းကြီးတစ်ပါးနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ကျမတို့က ဇာတ်ကားထဲက Master ကို ပစ်သတ်တယ်၊ ကျန်တာအားလုံးကို Reeves က လုပ်သွားတယ်။ ဒီတော့ ကျမကတော့ တရားဝင်လက်ထပ်ပြီးပြီလို့ပဲ မှတ်ယူလို့ရတာပေါ့” ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။

- Advertisement -

Reeves ရဲ့ အင်တာဗျူးအသစ်မှာလည်း “ကျနော်တို့က မင်္ဂလာပွဲတခုလုံးကို တကယ့်ဘုန်းတော်ကြီးအစစ်တွေနဲ့ပဲ ပြုလုပ်ခဲ့တာပါ။ Ryder ရော၊ ကော်ပိုလာရော ကျနော်တို့ အမှန်တကယ် လက်ထပ်ပြီးပြီလို့ ပြောခဲ့ပါတယ်။ ဒီတော့ ကျနော်တို့ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ လက်ထပ်ပြီးပြီလို့ ခန့်မှန်းနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါသေးတယ်။

ဂါးဒီးယန်းသတင်းဌာနနဲ့ အင်တာဗျူးမှာလည်း ကော်ပိုလာက သူ့အနေနဲ့ ဇာတ်ကွက်ပုံစံ ဇာတ်လမ်းဆင်ပြီး ရိုက်ကူးရတာမျိုးတွေ စိတ်မဝင်စားဘဲ တကယ့်လက်တွေ့ကျကျကိုသာ ရိုက်ကူးချင်တယ်လို့ဆိုပါတယ်။ “ဂရိခရစ်ယာန်ဘက်မှာ အဲ့ဒီလိုမျိုး တကယ့်မင်္ဂလာဆောင်လိုမျိုး ဖြစ်သွားတာမျိုးတွေက တကယ်ကို လှပနိုင်တဲ့အရာတွေပါ”

- Advertisement -

“ဒါက တော်တော်ကိုစစ်မှန်ပြီး လှပတယ်လို့လည်း ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က တကယ့်အခမ်းအနားတခုလုပ်ပြီး ဘုန်းတော်ကြီးတွေကလည်း ဒီအခမ်းအနားမှာရှိတယ်လေ။ ဒီတော့ ရိုက်ကူးရေးထဲမှာတင် အရာအားလုံး ကိစ္စပြတ်သွားတာပေါ့။ အဲ့ဒါကြောင့်လည်း အဲ့ဒီအချိန်က မြင်ကွင်းတွေ၊ ကျင်းပခဲ့တဲ့ အခမ်းအနားတွေကြောင့်ကို Reeves နဲ့ Ryder တို့ နှစ်ယောက်လုံး အဲ့ဒီတည်းက တကယ့်အစစ်အမှန် လက်ထပ်ပြီးပြီဆိုတာကို ကျနော်တို့ သတိထားမိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Ryder က ပြီးခဲ့တဲ့ (၂၀၁၁) ခုနှစ်ကစလို့ လက်ရှိအချိန်ထိ စကော့ဟန်းနဲ့ ကာလရှည် ချစ်ကြိုးသွယ်နေတယ်လို့ သိရှိရပြီး Reeves ကတော့ အလက်ဇန္ဒားဂရန့်နဲ့ ချိန်းတွေ့လေ့ရှိတယ်လို့ ပရိသတ်တွေက ယုံကြည်ထားကြပါတယ်။

အခုပြုလုပ်သွားခဲ့တဲ့အင်တာဗျူးမှာ Reeves က ဘဝနေထိုင်နည်းနဲ့ ပတ်သက်လို့ “ခင်ဗျား ချစ်ရတဲ့သူနဲ့ ပတ်သက်လာရင် ခင်ဗျားလုပ်နိုင်တာ အကုန်လုံးလုပ်ဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုမျိုးလုပ်တာက ခင်ဗျားအတွက် အခြားသူတွေအပေါ် ပိုပြီး နားလည်နိုင်မယ့်ကိစ္စတခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ နားလည်ပေးနိုင်အောင်ကြိုးစား၊ အချို့အရာတွေကိုမျှဝေပေးလိုက်၊ အဲ့ဒါဆိုရင် ခင်ဗျား ဘာလုပ်နိုင်တယ်ဆိုတာတွေကို မြင်ကောင်းမြင်လာနိုင်ပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

- Advertisement -

အိမ္ေထာင္ေရးကိစၥနဲ႕ပတ္သက္လို႕ ပရိသတ္ေတြ ပါးစပ္အေဟာင္းသားျဖစ္ေအာင္ ဝန္ခံလိုက္တဲ့ Keanu Reeves

 

ပရိသတ္အခိုင္အမာရရွိထားတဲ့ Keanu Reeves နဲ႔ Winona Ryder တို႔ႏွစ္ေယာက္ရဲ႕ မဂၤလာပြဲအစစ္အမွန္နဲ႔ ပတ္သက္လို႔ ပရိသတ္ေတြအားလုံး အံ့အားသင့္သြားေစမယ့္အေၾကာင္းအရာတခုကို Reeves က ထုတ္ေဖာ္ဝန္ခံလိုက္ၿပီ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ကိုယ္စီအိမ္ေထာင္ေရးအစျပဳခဲ့ခ်ိန္ကို ပရိသတ္ေတြ သိရွိထားတာကေတာ့ ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္ကပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ Reeves ရဲ႕ လက္ရွိဝန္ခံခ်က္အရ အဲ့ဒီမတိုင္ခင္ ဟိုးအရင္တည္းက အခ်ိန္အမ်ားႀကီးေစာၿပီး Ryder နဲ႔ လက္ထပ္ခဲ့ဖူးတယ္လို႔ သိရပါတယ္။ Reeves နဲ႔ Ryder တို႔ ႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ (၁၉၉၂) ခုႏွစ္ ကာလေတြတည္းက ဖရန္စစ္ေကာ္ပိုလာရိုက္ကူးတဲ့ Bram Stoker’s Dracula ဇာတ္ကားမွာ အတူတကြ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကၿပီး အဲ့ဒီအခ်ိန္တည္းက ဇာတ္ဝင္ခန္းအတြက္ မဂၤလာပြဲက်င္းပခဲ့ဖူးတာပါ။

ဒါနဲ႔ပတ္သက္လို႔ Ryder က “က်မတို႔ Dracula မွာ အမွန္တကယ္ လက္ထပ္ခဲ့တာပါ။ ဒါက က်မတို႔ဘဝအတြက္ အမွန္တကယ္ လက္ထပ္ျခင္းပါဆိုၿပီးေတာ့ ဘုရားသခင္ကို က်ိန္ဆိုခဲ့ပါတယ္။ အဲ့ဒီတုန္းက တကယ့္ရိုေမးနီးယားဘုန္းႀကီးတစ္ပါးနဲ႔ ရိုက္ကူးခဲ့တာျဖစ္ၿပီး က်မတို႔က ဇာတ္ကားထဲက Master ကို ပစ္သတ္တယ္၊ က်န္တာအားလုံးကို Reeves က လုပ္သြားတယ္။ ဒီေတာ့ က်မကေတာ့ တရားဝင္လက္ထပ္ၿပီးၿပီလို႔ပဲ မွတ္ယူလို႔ရတာေပါ့” ဆိုၿပီး ေျပာၾကားခဲ့ဖူးပါတယ္။

Reeves ရဲ႕ အင္တာဗ်ဴးအသစ္မွာလည္း “က်ေနာ္တို႔က မဂၤလာပြဲတခုလုံးကို တကယ့္ဘုန္းေတာ္ႀကီးအစစ္ေတြနဲ႔ပဲ ျပဳလုပ္ခဲ့တာပါ။ Ryder ေရာ၊ ေကာ္ပိုလာေရာ က်ေနာ္တို႔ အမွန္တကယ္ လက္ထပ္ၿပီးၿပီလို႔ ေျပာခဲ့ပါတယ္။ ဒီေတာ့ က်ေနာ္တို႔ ဘုရားသခင္ရဲ႕ေရွ႕ေမွာက္မွာ လက္ထပ္ၿပီးၿပီလို႔ ခန္႔မွန္းနိုင္ပါတယ္” လို႔ ေျပာၾကားခဲ့ပါေသးတယ္။

ဂါးဒီးယန္းသတင္းဌာနနဲ႔ အင္တာဗ်ဴးမွာလည္း ေကာ္ပိုလာက သူ႕အေနနဲ႔ ဇာတ္ကြက္ပုံစံ ဇာတ္လမ္းဆင္ၿပီး ရိုက္ကူးရတာမ်ိဳးေတြ စိတ္မဝင္စားဘဲ တကယ့္လက္ေတြ႕က်က်ကိုသာ ရိုက္ကူးခ်င္တယ္လို႔ဆိုပါတယ္။ “ဂရိခရစ္ယာန္ဘက္မွာ အဲ့ဒီလိုမ်ိဳး တကယ့္မဂၤလာေဆာင္လိုမ်ိဳး ျဖစ္သြားတာမ်ိဳးေတြက တကယ္ကို လွပနိုင္တဲ့အရာေတြပါ”

“ဒါက ေတာ္ေတာ္ကိုစစ္မွန္ၿပီး လွပတယ္လို႔လည္း က်ေနာ္ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔က တကယ့္အခမ္းအနားတခုလုပ္ၿပီး ဘုန္းေတာ္ႀကီးေတြကလည္း ဒီအခမ္းအနားမွာရွိတယ္ေလ။ ဒီေတာ့ ရိုက္ကူးေရးထဲမွာတင္ အရာအားလုံး ကိစၥျပတ္သြားတာေပါ့။ အဲ့ဒါေၾကာင့္လည္း အဲ့ဒီအခ်ိန္က ျမင္ကြင္းေတြ၊ က်င္းပခဲ့တဲ့ အခမ္းအနားေတြေၾကာင့္ကို Reeves နဲ႔ Ryder တို႔ ႏွစ္ေယာက္လုံး အဲ့ဒီတည္းက တကယ့္အစစ္အမွန္ လက္ထပ္ၿပီးၿပီဆိုတာကို က်ေနာ္တို႔ သတိထားမိခဲ့ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Ryder က ၿပီးခဲ့တဲ့ (၂၀၁၁) ခုႏွစ္ကစလို႔ လက္ရွိအခ်ိန္ထိ စေကာ့ဟန္းနဲ႔ ကာလရွည္ ခ်စ္ႀကိဳးသြယ္ေနတယ္လို႔ သိရွိရၿပီး Reeves ကေတာ့ အလက္ဇႏၵားဂရန္႔နဲ႔ ခ်ိန္းေတြ႕ေလ့ရွိတယ္လို႔ ပရိသတ္ေတြက ယုံၾကည္ထားၾကပါတယ္။

အခုျပဳလုပ္သြားခဲ့တဲ့အင္တာဗ်ဴးမွာ Reeves က ဘဝေနထိုင္နည္းနဲ႔ ပတ္သက္လို႔ “ခင္ဗ်ား ခ်စ္ရတဲ့သူနဲ႔ ပတ္သက္လာရင္ ခင္ဗ်ားလုပ္နိုင္တာ အကုန္လုံးလုပ္ဖို႔ လိုအပ္တယ္လို႔ က်ေနာ္ထင္ပါတယ္။ ဒီလိုမ်ိဳးလုပ္တာက ခင္ဗ်ားအတြက္ အျခားသူေတြအေပၚ ပိုၿပီး နားလည္နိုင္မယ့္ကိစၥတခုအျဖစ္ ေျပာင္းလဲသြားနိုင္ပါတယ္။ နားလည္ေပးနိုင္ေအာင္ႀကိဳးစား၊ အခ်ိဳ႕အရာေတြကိုမၽွေဝေပးလိုက္၊ အဲ့ဒါဆိုရင္ ခင္ဗ်ား ဘာလုပ္နိုင္တယ္ဆိုတာေတြကို ျမင္ေကာင္းျမင္လာနိုင္ပါတယ္” လို႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 + seven =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...