HomeOtherထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သားစျေးကွက်နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ။

ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သားစျေးကွက်နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ။

- Advertisement -

မြန်မာ့နိုင်ငံရေး အကျပ်အတည်း အချိန်ကြာရှည်တာနဲ့အမျှ ဒေသတွင်းရဲ့လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ကို ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ခဲ့တဲ့အတိုင်း လက်ရှိမှာတော့ ထိုင်းနိုင်ငံက နဖူးတွေ့၊ ဒူးတွေ့ခံစားနေရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားကိစ္စက ထိုင်းအာဏာပိုင်တွေကို တုန်လှုပ်ချောက်ချားစေပြီး အထူးသဖြင့် အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့အဆိုအရ ၂၀၂၁ ခုနှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ အရေအတွက်က (၃၅၀၀၀) ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

မြန်မာနဲ့ထိုင်းနယ်နမိတ်ချင်းထိစပ်နေတဲ့ ပြည်နယ် (၁၀) ခုဖြစ်တဲ့ ရနောင်း၊ ပရာချွတ်ခရီခန်၊ ဖတ်ချာဘူရီ၊ ချမ်ဖွန်၊ ရချက်ဘူရီ၊ ကန်ချနာဘူရီ၊ တာ့ခ်၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်နဲ့ ချင်းရိုင်တို့ ဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်ရှိလာတာနဲ့အတူ မြန်မာနိုင်ငံဘက်က ခိုးဝင်လုပ်သားအရေအတွက် မြင့်တက်လာမှာနဲ့ တိုက်ပွဲကြောင့် ထိုင်းနယ်နမိတ်အတွင်း ထွက်ပြေးခိုလှုံသူများပြားလာမှာကိုလည်း ထိုင်းဖက်က စိုးရိမ်နေပါတယ်။

မြန်မာနိုင်ငံအနှံ့ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေ တစထက်တစ ကြီးမားကျယ်ပြန့်လာတာကြောင့်လည်း စစ်ဘေးရှောင်ပြည်သူ အရေအတွက်က တိုးပွားလျက်ရှိပြီး အချို့အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတွေကို လုံးဝပိတ်ဆို့ထားပါတယ်။ အနောက်နိုင်ငံအများစုက ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေကို ခိုလှုံခွင့်ပေးထားဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပြီး ထိုင်းအစိုးရဖက်ကလည်း နယ်စပ်ဒေသတလျှောက် ယာယီအမိုးအကာများ ပေးထားဖို့ စီစဉ်ထားကြောင်း၊ မြောက်ပိုင်း မယ်ဟောင်ဆောင်ကနေ ရနောင်းအထိ စီစဉ်ထားပြီးဖြစ်ကြောင်းနဲ့ တာ့ခ်ဘက်မှာတော့ နောက်ထပ်ယာယီတဲတွေ စီစဉ်ပေးဖို့ရှိကြောင်း အကြောင်းပြန်ထားပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ အထူးကြိုးစားနေပြီး အဲ့ဒါကြောင့်လည်း ထိုင်းနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားဖက်က ရွှေ့ပြောင်းလုပ်သားတွေကလည်း ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ခေတ်ဟောင်းနည်းလမ်းတွေအတိုင်း လိုက်နာကျင့်သုံးခဲ့ပြီး လက်ရှိအချိန်မှာတော့ ကိုဗစ်ကာလနဲ့ ကိုဗစ်အလွန်ကာလအတွင်း ရွှေ့ပြောင်းလုပ်သားပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရပါတယ်။

- Advertisement -

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားရင်း လူကုန်ကူးဂိုဏ်းတွေလက်ထဲ ရောက်ရှိခဲ့ကြသူတွေလည်း ဒုနဲ့ဒေးဖြစ်ပြီး ဒီကိစ္စကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ လိုအပ်နေပါတယ်။ အစိုးရအနေနဲ့ ဈေးပေါတဲ့ အလုပ်သမားတွေထက်စာရင် ရွှေ့ပြောင်းလုပ်သားတွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပြီး ၎င်းတို့အပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါက ပရာယွတ်အစိုးရရဲ့ စီးပွားရေးအခြေအနေက တိုးတက်လာဖို့ ရှိနေပါတယ်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာကစလို့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံသားမဟုတ်သူတွေကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးတာက ကောင်းမွန်တဲ့အရွေ့တစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်လုပ်သားအဖြစ် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား (၂.၃) သန်းခန့်ရှိပြီး အချို့ကတော့ မိသားစုလိုက် ထိုင်းနိုင်ငံမှာနေထိုင်ကာ မွေးလာတဲ့ကလေးတွေကအစ ထိုင်းဘာသာစကားကိုသာ ဦးစားပေးစကားအဖြစ် ပြောဆိုနေကြပါတယ်။

- Advertisement -

ထိုင်းအစိုးရအနေနဲ့ ရေရှည်မှာ ရွှေ့ပြောင်းလုပ်သားတွေ အမြဲတမ်းနေထိုင်ခွင့်ရစေဖို့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ပြင်ဆင်သင့်တယ်လို့လည်း အကြံပြုချက်တွေ ရှိနေပါတယ်။ ငွေကြေးဆိုင်ရာမက်လုံးများ၊ ပိုမိုကောင်းမွန်တဲ့ ကာလရှည်နေထိုင်ခွင့်ဗီဇာပေးအပ်ခြင်းတို့အပါအဝင် အခြားသော ဆွဲဆောင်မှုတွေနဲ့အတူ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံရဲ့စီးပွားရေးကို ပြန်လည်ထူထောင်သင့်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှု၊ လုံခြုံရေးအန္တရာယ်တို့ကြောင့် အလုပ်သမားများအတွက် စိန်ခေါ်မှုတွေတိုးပွားလာပြီး နယ်စပ်စခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့လည်း နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ဆိုးရွားတဲ့ ဂယက်ရိုက်မှုတွေရှိလာနိုင်တာကိုလည်း လက်ခံနားလည်ထားဖို့ လိုအပ်ပါတယ်။

ထိုင်းအစိုးရဟာ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး လက်ရှိမြန်မာ့အကျပ်အတည်းက နှစ်နိုင်ငံလုံးအတွက် ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်တလျှောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေကို ပြုလုပ်ပေးနေပြီး ကိုဗစ်ကိစ္စအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေကိုလည်း ထိုင်းကြက်ခြေနီကတဆင့် ကူညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

 

<Unicode Version>

 

 

ထိုင္းနိုင္ငံရဲ႕ ေရႊ႕ေျပာင္းလုပ္သားေစ်းကြက္နဲ႔ ျမန္မာ့နိုင္ငံေရးအေျခအေန။

- Advertisement -

 

ျမန္မာ့နိုင္ငံေရး အက်ပ္အတည္း အခ်ိန္ၾကာရွည္တာနဲ႔အမၽွ ေဒသတြင္းရဲ႕လုံျခဳံေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးတို႔ကို ထိခိုက္ေစနိုင္တယ္လို႔ ကၽြမ္းက်င္သူေတြ သုံးသပ္ခဲ့တဲ့အတိုင္း လက္ရွိမွာေတာ့ ထိုင္းနိုင္ငံက နဖူးေတြ႕၊ ဒူးေတြ႕ခံစားေနရၿပီျဖစ္ပါတယ္။ ျမန္မာနိုင္ငံကေန ထိုင္းနိုင္ငံနယ္စပ္ကို ျဖတ္ေက်ာ္ၿပီး ဝင္ေရာက္လာတဲ့ ေရႊ႕ေျပာင္းအလုပ္သမားကိစၥက ထိုင္းအာဏာပိုင္ေတြကို တုန္လႈပ္ေခ်ာက္ခ်ားေစၿပီး အထူးသျဖင့္ အမ်ိဳးသားလုံျခဳံေရးဆိုင္ရာကိစၥရပ္ေတြအတြက္ စိုးရိမ္စရာျဖစ္ေနပါတယ္။ လူဝင္မႈႀကီးၾကပ္ေရးဗ်ဴရိုရဲ႕အဆိုအရ ၂၀၂၁ ခုႏွစ္အတြင္း တရားမဝင္ ေရႊ႕ေျပာင္းဝင္ေရာက္လာသူ အေရအတြက္က (၃၅၀၀၀) ေက်ာ္အထိ ရွိတယ္လို႔ သိရပါတယ္။

ျမန္မာနဲ႔ထိုင္းနယ္နမိတ္ခ်င္းထိစပ္ေနတဲ့ ျပည္နယ္ (၁၀) ခုျဖစ္တဲ့ ရေနာင္း၊ ပရာခၽြတ္ခရီခန္၊ ဖတ္ခ်ာဘူရီ၊ ခ်မ္ဖြန္၊ ရခ်က္ဘူရီ၊ ကန္ခ်နာဘူရီ၊ တာ့ခ္၊ မယ္ေဟာင္ေဆာင္၊ ခ်င္းမိုင္နဲ႔ ခ်င္းရိုင္တို႔ ျဖစ္ပါတယ္။ ပြင့္လင္းရာသီေရာက္ရွိလာတာနဲ႔အတူ ျမန္မာနိုင္ငံဘက္က ခိုးဝင္လုပ္သားအေရအတြက္ ျမင့္တက္လာမွာနဲ႔ တိုက္ပြဲေၾကာင့္ ထိုင္းနယ္နမိတ္အတြင္း ထြက္ေျပးခိုလႈံသူမ်ားျပားလာမွာကိုလည္း ထိုင္းဖက္က စိုးရိမ္ေနပါတယ္။

ျမန္မာနိုင္ငံအႏွံ႕ အာဏာသိမ္းစစ္တပ္နဲ႔ ေဒသကာကြယ္ေရးတပ္ေတြရဲ႕ တိုက္ပြဲေတြ တစထက္တစ ႀကီးမားက်ယ္ျပန္႔လာတာေၾကာင့္လည္း စစ္ေဘးေရွာင္ျပည္သူ အေရအတြက္က တိုးပြားလ်က္ရွိၿပီး အခ်ိဳ႕အိမ္နီးခ်င္းနိုင္ငံေတြကေတာ့ ျမန္မာနဲ႔ထိစပ္ေနတဲ့ နယ္စပ္ေဒသေတြကို လုံးဝပိတ္ဆို႔ထားပါတယ္။ အေနာက္နိုင္ငံအမ်ားစုက ပဋိပကၡေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာတဲ့ ျပည္သူေတြကို ခိုလႈံခြင့္ေပးထားဖို႔ ထိုင္းအစိုးရကို ေတာင္းဆိုထားၿပီး ထိုင္းအစိုးရဖက္ကလည္း နယ္စပ္ေဒသတေလၽွာက္ ယာယီအမိုးအကာမ်ား ေပးထားဖို႔ စီစဥ္ထားေၾကာင္း၊ ေျမာက္ပိုင္း မယ္ေဟာင္ေဆာင္ကေန ရေနာင္းအထိ စီစဥ္ထားၿပီးျဖစ္ေၾကာင္းနဲ႔ တာ့ခ္ဘက္မွာေတာ့ ေနာက္ထပ္ယာယီတဲေတြ စီစဥ္ေပးဖို႔ရွိေၾကာင္း အေၾကာင္းျပန္ထားပါတယ္။

တစ္ဖက္မွာလည္း ထိုင္းႏိုင္ငံအေနနဲ႕ နိုင္ငံတြင္း စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ဦးေမာ့လာဖို႔ အထူးႀကိဳးစားေနၿပီး အဲ့ဒါေၾကာင့္လည္း ထိုင္းနဲ႔နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ျမန္မာနဲ႔ ကေမၻာဒီးယားဖက္က ေရႊ႕ေျပာင္းလုပ္သားေတြကလည္း ထိုင္းနိုင္ငံအတြင္း ျပန္လည္ဝင္ေရာက္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ ထိုင္းနိုင္ငံဟာ ေရႊ႕ေျပာင္းလုပ္သားေတြနဲ႔ပတ္သက္တဲ့ မူဝါဒေတြကို ေခတ္ေဟာင္းနည္းလမ္းေတြအတိုင္း လိုက္နာက်င့္သုံးခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ကိုဗစ္ကာလနဲ႔ ကိုဗစ္အလြန္ကာလအတြင္း ေရႊ႕ေျပာင္းလုပ္သားျပတ္လပ္မႈဒဏ္ကို ဆိုးရြားစြာ ခံစားေနရပါတယ္။

ထိုင္းနိုင္ငံကို တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးစားရင္း လူကုန္ကူးဂိုဏ္းေတြလက္ထဲ ေရာက္ရွိခဲ့ၾကသူေတြလည္း ဒုနဲ႔ေဒးျဖစ္ၿပီး ဒီကိစၥကိုလည္း တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ဖို႔ လိုအပ္ေနပါတယ္။ အစိုးရအေနနဲ႔ ေစ်းေပါတဲ့ အလုပ္သမားေတြထက္စာရင္ ေရႊ႕ေျပာင္းလုပ္သားေတြကို မျဖစ္မေန ထည့္သြင္းစဥ္းစားဖို႔ လိုအပ္ၿပီး ၄င္းတို႔အေပၚကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံပါက ပရာယြတ္အစိုးရရဲ႕ စီးပြားေရးအေျခအေနက တိုးတက္လာဖို႔ ရွိေနပါတယ္။

၂၀၂၀ ခုႏွစ္ ဒီဇင္ဘာကစလို႔ ေရႊ႕ေျပာင္းလုပ္သားေတြနဲ႔ နိုင္ငံသားမဟုတ္သူေတြကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ထိုးေပးတာက ေကာင္းမြန္တဲ့အေရြ႕တစ္ခုလည္း ျဖစ္ပါတယ္။ ထိုင္းနိုင္ငံမွာ တရားဝင္လုပ္သားအျဖစ္ မွတ္ပုံတင္ထားတဲ့ ျမန္မာနိုင္ငံသား (၂.၃) သန္းခန္႔ရွိၿပီး အခ်ိဳ႕ကေတာ့ မိသားစုလိုက္ ထိုင္းနိုင္ငံမွာေနထိုင္ကာ ေမြးလာတဲ့ကေလးေတြကအစ ထိုင္းဘာသာစကားကိုသာ ဦးစားေပးစကားအျဖစ္ ေျပာဆိုေနၾကပါတယ္။

ထိုင္းအစိုးရအေနနဲ႔ ေရရွည္မွာ ေရႊ႕ေျပာင္းလုပ္သားေတြ အျမဲတမ္းေနထိုင္ခြင့္ရေစဖို႔ လူဝင္မႈႀကီးၾကပ္ေရးဥပေဒေတြကို ျပင္ဆင္သင့္တယ္လို႔လည္း အႀကံျပဳခ်က္ေတြ ရွိေနပါတယ္။ ေငြေၾကးဆိုင္ရာမက္လုံးမ်ား၊ ပိုမိုေကာင္းမြန္တဲ့ ကာလရွည္ေနထိုင္ခြင့္ဗီဇာေပးအပ္ျခင္းတို႔အပါအဝင္ အျခားေသာ ဆြဲေဆာင္မႈေတြနဲ႔အတူ ေရႊ႕ေျပာင္းလုပ္သားေတြနဲ႔ နိုင္ငံရဲ႕စီးပြားေရးကို ျပန္လည္ထူေထာင္သင့္ပါတယ္။

လက္ရွိျမန္မာနိုင္ငံမွာ စီးပြားေရးက်ပ္တည္းမႈ၊ လုံျခဳံေရးအႏၲရာယ္တို႔ေၾကာင့္ အလုပ္သမားမ်ားအတြက္ စိန္ေခၚမႈေတြတိုးပြားလာၿပီး နယ္စပ္စခန္းေတြမွာ ေရႊ႕ေျပာင္းေနထိုင္သူေတြအေနနဲ႔လည္း ႏွစ္နိုင္ငံၾကားဆက္ဆံေရးမွာ ဆိုးရြားတဲ့ ဂယက္ရိုက္မႈေတြရွိလာနိုင္တာကိုလည္း လက္ခံနားလည္ထားဖို႔ လိုအပ္ပါတယ္။

ထိုင္းအစိုးရဟာ ျမန္မာစစ္တပ္နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိၿပီး လက္ရွိျမန္မာ့အက်ပ္အတည္းက ႏွစ္နိုင္ငံလုံးအတြက္ ပိုမိုဆိုးရြားတဲ့ အက်ပ္အတည္းေတြကို ျဖစ္ေပၚေစနိုင္ပါတယ္။ ထိုင္းနိုင္ငံအေနျဖင့္ နယ္စပ္တေလၽွာက္မွာ ကိုဗစ္ကာကြယ္ေဆးထိုးႏွံမႈေတြကို ျပဳလုပ္ေပးေနၿပီး ကိုဗစ္ကိစၥအပါအဝင္ လူသားခ်င္းစာနာမႈဆိုင္ရာ ကိစၥေတြကိုလည္း ထိုင္းၾကက္ေျခနီကတဆင့္ ကူညီေပးနိုင္ဖို႔ ေဆာင္ရြက္ေနပါတယ္။

<Zawgyi Version>

 

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × two =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...