ကမ္ဘာ့ရုပ်ရှင်လောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ Vin Diesel နဲ့ The Rock တို့နှစ်ယောက်အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်လို့ လူသိရှင်ကြား တင်းမာမှုတွေက အချိန်တော်တော်ကြာအောင် ရှိခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီနှစ်ယောက်ကို သင့်မြတ်စေချင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ Diesel က The Rock လို့လည်းခေါ်တဲ့ Dwayne Johnson ကို လေပြည်ထိုးလာခဲ့ပြီး “The Fast and The Furious 10” မှာ ပြန်လည်ပေါင်းစည်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေက ဒီဇာတ်ကားရဲ့ အပိုင်းအသစ်ကို စောင့်ဆိုင်းနေကြပြီး Dwayne ကို ဒီဇာတ်ကားအတွက် လာရောက်ပူးပေါင်းရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ Paul Walker ရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးဖို့ Diesel က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ Dwayne ကတော့ ဒီဇာတ်ကားကနေ နှုတ်ထွက်ပြီလို့ အတိအလင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့် Diesel ကတော့ “ညီအကို Dwayne ရေ… အခု အချိန်ကျပြီကွ။ တစ်ကမ္ဘာလုံးက Fast 10 ရဲ့ နောက်ဆုံးအပိုင်းကို မျှော်နေကြပြီ။ မင်းလည်း သိတဲ့အတိုင်းပဲ။ ငါ့ကလေးတွေက မင်းကိုအိမ်မှာဆို ဦးလေး Dwayne လို့ခေါ်နေကျပဲ။ အခု အားလပ်ရက်က သူတို့မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ အခုတော့ အချိန်ကျပြီ။ ချန်ထားရစ်ရမယ့် အမွေအနှစ်တွေက စောင့်နေပြီ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါမင်းကိုပြောခဲ့သလိုပဲလေ။ ငါ Paul Walker နဲ့ပေးထားတဲ့ ကတိကိုတည်ချင်တယ်ဆိုတာ”
“အဲ့ဒီကတိက ငါတို့တွေ Fast 10 အထိ ရောက်အောင်သွားမယ်ဆိုတာပေါ့။ ငါ ဒီစကားကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြောတာပါကွာ။ မင်း သေချာပေါက် ဒီမှာပါလာရလိမ့်မယ်။ မင်းက အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိနေတယ်” လို့ အင်စတာဂရမ်ကတစ်ဆင့် ရေးသားခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ (၂၀၁၆) က The Fate of the Furious အတွက် အတူတကွအလုပ်လုပ်ခဲ့ချိန်တည်းက သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း နှစ်ယောက်အတူတွဲရိုက်ကူးဖြစ်တဲ့ ဇာတ်ကားမရှိတော့ဘဲ လာမယ့် The Fast and The Furious အပိုင်းအသစ်အတွက် Dwayne တစ်ယောက် ပြန်လည်ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။
<Unicode Version>
Vin Diesel နဲ႔ The Rock တို႔ “The Fast and The Furious” မွာ ျပန္လည္ေပါင္းစည္းနိုင္မလား?
ကမၻာ့႐ုပ္ရွင္ေလာကမွာ ပရိသတ္အခိုင္အမာရရွိထားတဲ့ Vin Diesel နဲ႔ The Rock တို႔ႏွစ္ေယာက္အၾကား ပုဂၢိဳလ္ေရးဆိုင္ရာကိစၥရပ္ေတြနဲ႔ ပတ္သက္လို႔ လူသိရွင္ၾကား တင္းမာမႈေတြက အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ရွိခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ ဒီႏွစ္ေယာက္ကို သင့္ျမတ္ေစခ်င္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ Diesel က The Rock လို႔လည္းေခၚတဲ့ Dwayne Johnson ကို ေလျပည္ထိုးလာခဲ့ၿပီး “The Fast and The Furious 10” မွာ ျပန္လည္ေပါင္းစည္းဖို႔ ဖိတ္ေခၚခ့ဲပါတယ္။
တစ္ကမၻာလုံးမွာရွိတဲ့ ပရိသတ္ေတြက ဒီဇာတ္ကားရဲ႕ အပိုင္းအသစ္ကို ေစာင့္ဆိုင္းေနၾကၿပီး Dwayne ကို ဒီဇာတ္ကားအတြက္ လာေရာက္ပူးေပါင္းရင္း ကြယ္လြန္သြားၿပီျဖစ္တဲ့ Paul Walker ရဲ႕ ဆႏၵကိုလည္း ျဖည့္ဆည္းေပးဖို႔ Diesel က တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။ Dwayne ကေတာ့ ဒီဇာတ္ကားကေန ႏႈတ္ထြက္ၿပီလို႔ အတိအလင္း ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္ Diesel ကေတာ့ “ညီအကို Dwayne ေရ… အခု အခ်ိန္က်ၿပီကြ။ တစ္ကမၻာလုံးက Fast 10 ရဲ႕ ေနာက္ဆုံးအပိုင္းကို ေမၽွာ္ေနၾကၿပီ။ မင္းလည္း သိတဲ့အတိုင္းပဲ။ ငါ့ကေလးေတြက မင္းကိုအိမ္မွာဆို ဦးေလး Dwayne လို႔ေခၚေနက်ပဲ။ အခု အားလပ္ရက္က သူတို႔ေမၽွာ္လင့္ထားသလို မျဖစ္ခဲ့ပါဘူး။ အခုေတာ့ အခ်ိန္က်ၿပီ။ ခ်န္ထားရစ္ရမယ့္ အေမြအႏွစ္ေတြက ေစာင့္ေနၿပီ။ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ငါမင္းကိုေျပာခဲ့သလိုပဲေလ။ ငါ Paul Walker နဲ႔ေပးထားတဲ့ ကတိကိုတည္ခ်င္တယ္ဆိုတာ”
“အဲ့ဒီကတိက ငါတို႔ေတြ Fast 10 အထိ ေရာက္ေအာင္သြားမယ္ဆိုတာေပါ့။ ငါ ဒီစကားကို ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ ေျပာတာပါကြာ။ မင္း ေသခ်ာေပါက္ ဒီမွာပါလာရလိမ့္မယ္။ မင္းက အရမ္းအေရးႀကီးတဲ့ အခန္းက႑တစ္ခုမွာ ရွိေနတယ္” လို႔ အင္စတာဂရမ္ကတစ္ဆင့္ ေရးသားခဲ့ပါတယ္။
သူတို႔ႏွစ္ေယာက္ဟာ (၂၀၁၆) က The Fate of the Furious အတြက္ အတူတကြအလုပ္လုပ္ခဲ့ခ်ိန္တည္းက သေဘာထားကြဲလြဲမႈေတြ ရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္း ႏွစ္ေယာက္အတူတြဲရိုက္ကူးျဖစ္တဲ့ ဇာတ္ကားမရွိေတာ့ဘဲ လာမယ့္ The Fast and The Furious အပိုင္းအသစ္အတြက္ Dwayne တစ္ေယာက္ ျပန္လည္ပါဝင္နိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါလိမ့္မယ္။
<Zawgyi Version>
#soshweentertainment
#soshweforyourdailylife
#likeandshare