Breaking News

ဗြိတိန်မှာမွေးဖွားခဲ့တဲ့ တတိယမြောက် အထွားဆုံးကလေး။

အသက် ၃၁ နှစ်အရွယ် Cherral Mitchell ဆိုတဲ့အမျိုးသမီးဟာ ကျောက်တုံးတစ်တုံးထက် ပိုလေးတဲ့ ကလေးငယ်လေးကို ဗိုက်ထဲကနေ မွေးထုတ်ဖို့ သွားဖွားဆရာမ (၂) ဦးရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ အသက် ၃၅ နှစ်အရွယ် လျှပ်စစ်အင်ဂျင်နီယာခင်ပွန်း Tyson နဲ့ လက်ထပ်ပြီးနောက်မှာ ကလေးငယ် (၃) ဦး မွေးထားပြီးသားမို့ နောက်ထပ်ကလေးမရအောင် သန္ဓေသားဆေးတွေ သုံးခဲ့ပေမယ့်လည်း “Baby Hippo” လေး ဝမ်းထဲရောက်လာတဲ့အချိန်မှာ Cherral တစ်ယောက် အံ့အားသင့်ခဲ့ရပါတယ်။

Alpha လေးကို (၃၇) ပတ်မြောက်မှာ ဓါတ်မှန်ရိုက်ကြည့်တုန်းက ဆရာဝန်တွေက ၁၁ ပေါင်နဲ့ ၁ အောင်စလောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် Alpha လေးဟာ မိခင်ရဲ့ဝမ်းထဲကနေ ထွက်လာချိန်မှာ (၁၄) ပေါင် ၁၅ အောင်စ အလေးချိန်ရှိတာကြောင့် ဒီကလေးငယ်လေးကို “Baby Hippo” (သို့) “Butter Bean” လေးဆိုပြီး သူနာပြုတွေနဲ့ ဆရာဝန်တွေက နာမည်ပြောင်ပေးခဲ့ပါတယ်။

Cherral က “ကျွန်မတို့ ကလေးလေးက ဒီလောက် ထွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့ခေါင်းလေးထွက်လာချိန်မှာ အားလုံးက ရယ်ကြတာ။ ကျွန်မရဲ့အမျိုးသားကလည်း ‘ဘုရားရေ။ သားလေးက ဖွံ့ဖွံ့လေး’ လို့ ပြောတဲ့အထိပဲ။” ဆိုပြီး ရှင်းပြခဲ့ပါတယ်။ သူနာပြုတစ်ယောက်က ကလေးကို ဝမ်းဗိုက်ထဲကနေ ထွက်လာနိုင်အောင် အပေါ်ကနေ တွန်းပေးနေပြီး နောက်တစ်ယောက်ကတော့ ကလေးကို ဆွဲထုတ်ပေးခဲ့ရပါတယ်။ သူနာပြုတွေအနေနဲ့လည်း ဒီကလေးလေးဟာ မွေးကင်းစတွေထဲမှာ အထွားဆုံး ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ Google မှာ ရှာခဲ့ရပါသေးတယ်။

Cherral ရဲ့ “Baby Hippo” လေး Alpha ဟာ မိခင်ဝမ်းထဲမှာ (၃၈) ပတ်လောက်နေပြီးနောက်မှာတော့ လောကကြီးထဲ ရောက်လာခဲ့ပြီး ဗြိတိန်ပြည်ထောင်စုရဲ့ တတိယမြောက် အထွားဆုံး ကလေးငယ်လေး ဖြစ်လာခဲ့ပါတယ်။ ပထမဦးဆုံး အထွားဆုံး ကလေးငယ်လေး Guy Carr ကိုတော့ ၁၅ ပေါင် ၈ အောင်စနဲ့ ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဒုတိယမြောက် အထွားဆုံး ကလေးငယ်လေး George King ကိုတော့ ၁၅ ပေါင် ၇ အောင်စနဲ့ ၂၀၁၃ ခုနှစ် Gloucester မှာ မွေးဖွားခဲ့ပါတယ်။

ဆရာဝန်တွေက ကလေးငယ်လေးရဲ့ အလေးချိန် မြင့်တက်နေခြင်းဟာ မိခင်ဖြစ်သူ Cherral တယောက် Alpha ကို ကိုယ်ဝန်ဆောင်ထားချိန်မှာ အချိုဓာတ် အလွန်အကျွံ စားသုံးခဲ့တာကြောင့်လို့ ဆိုပါတယ်။ Cherral ကလည်း “ကျွန်မမှာ ကိုယ်ဝန်ရှိမှန်း သိတာနောက်ကျသွားတာမို့ Alpha ဟာ ချိုတဲ့ Aminotic Fluid ထဲမှာ အကြာကြီး နေခဲ့ရတယ်ထင်တယ်။ ကျွန်မ ဗိုက်က ကြီးနေပေမယ့် အရမ်းကြီးနေတာမဟုတ်လို့ Alpha လေးက ဒီလောက်ထွားလိမ့်မယ်လို့ မထင်ထားခဲ့တာ။ ကျွန်မ ဦးလေး Jason ကတော့ Alpha လေးကို ‘Baby Hippo’ လေးလို့ပဲ ခေါ်နေတော့တာ။” ဆိုပြီး ပြောပြခဲ့ပါတယ်။

<Unicode Version>

 

 

 

ၿဗိတိန္မွာေမြးဖြားခ့ဲတ့ဲ တတိယေျမာက္ အထြားဆုံးကေလး။

အသက္ ၃၁ ႏွစ္အရြယ္ Cherral Mitchell ဆိုတ့ဲအမ်ိဳးသမီးဟာ ေက်ာက္တုံးတစ္တုံးထက္ ပိုေလးတဲ့ ကေလးငယ္ေလးကို ဗိုက္ထဲကေန ေမြးထုတ္ဖို႔ သြားဖြားဆရာမ (၂) ဦးရဲ့ အကူအညီကို ယူခဲ့ရပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ လွ်ပ္စစ္အင္ဂ်င္နီယာခင္ပြန္း Tyson နဲ႔ လက္ထပ္ၿပီးေနာက္မွာ ကေလးငယ္ (၃) ဦး ေမြးထားၿပီးသားမို႔ ေနာက္ထပ္ကေလးမရေအာင္ သေႏၶသားေဆးေတြ သုံးခဲ့ေပမယ့္လည္း “Baby Hippo” ေလး ဝမ္းထဲေရာက္လာတဲ့အခ်ိန္မွာ Cherral တစ္ေယာက္ အံ့အားသင့္ခ့ဲရပါတယ္။

Alpha ေလးကို (၃၇) ပတ္ေျမာက္မွာ ဓါတ္မွန္ရိုက္ၾကည့္တုန္းက ဆရာဝန္ေတြက ၁၁ ေပါင္နဲ႔ ၁ ေအာင္စေလာက္ ရွိနိုင္တယ္လို႔ ခန႔္မွန္းထားခဲ့ၾကပါတယ္။ ဒါေပမယ့္ Alpha ေလးဟာ မိခင္ရဲ႕ဝမ္းထဲကေန ထြက္လာခ်ိန္မွာ (၁၄) ေပါင္ ၁၅ ေအာင္စ အေလးခ်ိန္ရွိတာေၾကာင့္ ဒီကေလးငယ္ေလးကို “Baby Hippo” (သို႔) “Butter Bean” ေလးဆိုၿပီး သူနာျပဳေတြနဲ႔ ဆရာဝန္ေတြက နာမည္ေျပာင္ေပးခဲ့ပါတယ္။

Cherral က “ကၽြန္မတို႔ ကေလးေလးက ဒီေလာက္ထြားလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ သူ႕ေခါင္းေလးထြက္လာခ်ိန္မွာ အားလုံးက ရယ္ၾကတာ။ ကၽြန္မရဲ႕အမ်ိဳးသားကလည္း ‘ဘုရားေရ။ သားေလးက ဖြံ႕ဖြံ႕ေလး’ လို႔ ေျပာတဲ့အထိပဲ။” ဆိုၿပီး ရွင္းျပခဲ့ပါတယ္။ သူနာျပဳတစ္ေယာက္က ကေလးကို ဝမ္းဗိုက္ထဲကေန ထြက္လာနိုင္ေအာင္ အေပၚကေန တြန္းေပးေနၿပီး ေနာက္တစ္ေယာက္ကေတာ့ ကေလးကို ဆြဲထုတ္ေပးခဲ့ရပါတယ္။ သူနာျပဳေတြအေနနဲ႕လည္း ဒီကေလးေလးဟာ ေမြးကင္းစေတြထဲမွာ အထြားဆုံး ဟုတ္မဟုတ္ အတည္ျပဳႏိုင္ဖို႔ Google မွာ ရွာခဲ့ရပါေသးတယ္။

Cherral ရဲ႕ “Baby Hippo” ေလး Alpha ဟာ မိခင္ဝမ္းထဲမွာ (၃၈) ပတ္ေလာက္ေနၿပီးေနာက္မွာေတာ့ ေလာကႀကီးထဲ ေရာက္လာခဲ့ၿပီး ၿဗိတိန္ျပည္ေထာင္စုရဲ႕ တတိယေျမာက္ အထြားဆုံး ကေလးငယ္ေလး ျဖစ္လာခ့ဲပါတယ္။ ပထမဦးဆုံး အထြားဆုံး ကေလးငယ္ေလး Guy Carr ကိုေတာ့ ၁၅ ေပါင္ ၈ ေအာင္စနဲ႔ ၁၉၉၂ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး ဒုတိယေျမာက္ အထြားဆုံး ကေလးငယ္ေလး George King ကိုေတာ့ ၁၅ ေပါင္ ၇ ေအာင္စနဲ႔ ၂၀၁၃ ခုႏွစ္ Gloucester မွာ ေမြးဖြားခဲ့ပါတယ္။

ဆရာဝန္ေတြက ကေလးငယ္ေလးရဲ႕ အေလးခ်ိန္ ျမင့္တက္ေနျခင္းဟာ မိခင္ျဖစ္သူ Cherral တေယာက္ Alpha ကို ကိုယ္ဝန္ေဆာင္ထားခ်ိန္မွာ အခ်ိဳဓာတ္ အလြန္အကၽြံ စားသုံးခ့ဲတာေၾကာင့္လို႕ ဆိုပါတယ္။ Cherral ကလည္း “ကၽြန္မမွာ ကိုယ္ဝန္ရွိမွန္း သိတာေနာက္က်သြားတာမို႔ Alpha ဟာ ခ်ိဳတဲ့ Aminotic Fluid ထဲမွာ အၾကာႀကီး ေနခဲ့ရတယ္ထင္တယ္။ ကၽြန္မ ဗိုက္က ႀကီးေနေပမယ့္ အရမ္းႀကီးေနတာမဟုတ္လို႔ Alpha ေလးက ဒီေလာက္ထြားလိမ့္မယ္လို႔ မထင္ထားခဲ့တာ။ ကၽြန္မ ဦးေလး Jason ကေတာ့ Alpha ေလးကို ‘Baby Hippo’ ေလးလို႔ပဲ ေခၚေနေတာ့တာ။” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro