စာဖတ်သူရဲ့အသိမိတ်ဆွေထဲမှာ ထီပေါက်ဖူးတဲ့လူတွေ ရှိပါသလား? ကမ္ဘာတစ်ဝှမ်းမှာ ထီထိုးကြတဲ့သူတွေ အများကြီးရှိတာကတော့ အမှန်တရားတစ်ခုပါ။ ထီထိုးသူတွေရဲ့ ရည်မှန်းချက်ကလည်း ကံကောင်းပြီး ထီပေါက်ရင်ရမယ့်ငွေတွေနဲ့ သူတို့လိုချင်တာလေးတွေဝယ်နိုင်ဖို့ ၊ သူတို့အနာဂါတ်ကို အာမခံပေးမယ့် အလုပ်တွေလုပ်ချင်လို့ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ထီပေါက်ခြင်းက လူတစ်ယောက်ရဲ့ဘဝကို သေချာပေါက် ပြောင်းလဲစေပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက ချွေးတစ်စက်မှမကျဘဲ လက်ထဲကို သန်းပေါင်းများစွာသော ငွေတွေရောက်လာတဲ့ ကံကောင်းမှုကို လူအနည်းငယ်ကသာ ရရှိကြတာပါ။ သန်းချီဆုကြေးငွေပမာဏက မြင့်တက်လာနေပြီမို့ လူအများဟာလည်း ထီလက်မှတ် အများအပြား ဝယ်ယူလာကြတာမျိုးတွေ လုပ်လာကြပါတယ်။ ကိုယ့်အသိထဲမှာ ထီပေါက်ဖူးတဲ့ ကံထူးရှင်တွေကတော့ ထီပေါက်ဖို့ အခွင့်အရေး နည်းတယ်ဆိုတာ သိတာတောင် ထီထိုးလိုစိတ် ရှိကြတုန်းပါပဲ။
LMAO @KoriJohnsonKSLA took me OUT with this –
WATCH: Local Reporter's Absolute Pro Reaction After Man Tells Her He'll Buy Mountain of Cocaine if He Wins Powerball https://t.co/6FQ26lzMUj pic.twitter.com/cIYC9IOwva— Tommy moderna-vaX-Topher (@tommyxtopher) October 5, 2021
သထင်းထောက်တစ်ယောက်က Powerball Jackpot ကံစမ်းမဲအစီအစဉ်မှာ ပါဝင်ကံစမ်းခဲ့သူတွေထဲက James ဆိုတဲ့အမျိုးသားကို အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးမျိုးကို National News Channel မှာ တင်ထားခဲ့ပြီး ဘာကြောင့် ဒီလိုသတင်းမီဒီယာကနေ ထီထိုးထားတဲ့ လူတစ်ယောက်ရဲ့ ဆုကြေးငွေတွေနဲ့ အနာဂါတ်မှာ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေကို အမေးအဖြေလုပ်ထားတဲ့ အင်တာဗျူးမျိုးကို တင်ရသလဲဆိုရင်တော့ James ရဲ့ အနာဂါတ်အစီအစဉ်တွေက အနည်းငယ် တုန်လှုပ်စရာကောင်းနေလို့ပါ။
သတင်းတင်ဆက်သူ Kori Johnson က James ကို “ထီပေါက်ရင် ရလာမယ့် ဒေါ်လာ သန်း (၇၀၀) ကို ဘယ်နေရာတွေမှာ အသုံးချမလဲ?” လို့ မေးလာတဲ့အခါမှာ James က “ရရှိထားတဲ့ဆုကြေးငွေတွေနဲ့ အားသွင်းပြီးသုံးလို့ရတဲ့ Mustang ကားတစ်စီးနဲ့ မူးယစ်ဆေး (၅) ကီလိုဝယ်ပြီး ဘဝကို ဖြတ်သန်းမယ်။” လို့ အဖြေပေးခဲ့ပါတယ်။ ဒါဟာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အဖြေဖြစ်တာကြောင့် သတင်းတင်ဆက်သူက ကြည့်ရှု့သူတွေကို အဆိုးမြင်တဲ့ဘက်ဆီ ခေါ်ဆောင်သွားမယ့် မေးခွန်းမျိုးမမေးဘဲ “ဒါဆို ရှင်က ကားကြိုက်တာပေါ့။?” ဆိုပြီး ကားဘက်ကို အာရုံရောက်အောင် ဆွဲခေါ်သွားခဲ့ပါတယ်။
James တစ်ယောက်ကတော့ “ကျွန်တော် ကားလည်းမကြိုက်ဘူး။ ဒီလောက်ငွေအများကြီးနဲ့ ဘာလုပ်ရမယ်မှန်းလည်း မသိဘူး။ ဒီငွေပုံပေါ်မှာ ထိုင်ပြီးတော့ ဘာလုပ်သင့်သလဲဆိုတာကိုပဲ အရင်စဉ်းစားရမှာပေါ့။” ဆိုပြီး ဆက်ပြောခဲ့ပါတယ်။ James ရဲ့ အဖြေကို ပြန်ကြားရတဲ့ လူတစ်ယောက်က “သူပြန်ပြောတဲ့ပုံကို ကြည့်ရတာ ကလေးငယ်လေးတစ်ယောက်က ရယ်စရာကောင်းပြီး တစ်ပြိုင်နက်တည်းမှာပဲ စိတ်ပူစရာကောင်းတာမျိုးတွေ ပြောနေသလိုပဲ။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
James ကို မေးခွန်းတွေ မေးခဲ့တဲ့ သတင်းတင်ဆက်သူ Johnson နဲ့ Warner တို့ဟာ James တယောက် ပေါက်ကရတွေ ပြောနေတာတောင်မှ စကားလမ်းကြောင်းလွှဲနိုင်ခဲ့တာကြောင့် အင်တာနက်အသုံးပြုသူတွေက သတင်းတင်ဆက်သူတွေကို ချီးကျူးခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက James ဟာ သန်းပေါင်းများစွာသော ဆုကြေးငွေကို မဆွတ်ခူးနိုင်ခဲ့ပေမယ့် လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
<Unicode Version>
ထီပေါက်ပြီးရလာတဲ့ငွေတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ သုံးစွဲချင်တယ်ဆိုတာ ပြောပြပြီးနောက် လူတွေကို အံ့အားသင့်စေခဲ့တဲ့အမျိုးသား။
<Zawgyi Version>
#SY(Soshwe)
#soshwefunny
#soshweforyourdailylife
#likeandshare