၁။ Blood Red Sky
သွေးစုပ်ဖုတ်ကောင်တစ်ဦးဖြစ်နေတဲ့ Nadja ဟာ ကုသမှုခံယူဖို့ ဝေဒနာကို ကြိတ်ခံစားရင်း လေယာဉ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး ခရီးသွားနေတဲ့အချိန်မှာ လေယာဉ်ပေါ်မှာ ပြန်ပေးဆွဲသူတွေပေါ်လာခဲ့ပြီးနောက် လူသား သားငယ်လေးကို ကာကွယ်ဖို့ ပြန်ပေးဆွဲသူတွေကို ဘယ်လိုတိုက်ခိုက်ပြီး အဆုံးသတ်မှာ ဘာတွေဖြစ်သွားမလဲ?
၂။ The Fear Street Trilogy
ရက်ရက်စက်စက် သတ်ဖြတ်တာမျိုးနဲ့ ဒဏ္ဍာရီဆန်တာမျိုး ရှာနေတယ်ဆိုရင်တော့ “The Fear Street” ကို ကြည့်သင့်ပါတယ်။ ဒီဇာတ်ကားထဲမှာ အပိုင်း (၃) ပိုင်းပါပြီး ၁၉၉၄ ခုနှစ် ၊ ၁၉၇၈ ခုနှစ်နဲ့ ၁၆၆၆ ခုနှစ်တွေတုန်းက အဖြစ်အပျက်တွေရဲ့ ဆက်နွယ်မှုတွေကို စိတ်ခြောက်ခြားဖွယ် ကြည့်ရှုခံစားနိုင်ပါတယ်။
၃။ Halloween Kills
သွေးထွက်သံယိုတွေနဲ့ အနိဌာရုံမြင်ကွင်းတွေကို ဆက်တိုက်မြင်တွေ့ရမှာမို့ စိတ်မခိုင်တဲ့သူတွေအနေနဲ့ မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပေမယ့် Halloween Kills ရဲ့ အဓိကဇာတ်ကောင် လူသတ်သမားကြီး Michael Myers တစ်ယောက် Halloween ညမှာ လူတွေကို ဘယ်လိုသတ်ဖြတ်မလဲဆိုတာကို ကြည့်ရှုဖို့ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသူတွေ အများအပြားရှိပါတယ်။
၄။ Last Night in Soho
နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Eloise ရဲ့ အိမ်မက်လှလှတွေ ပျက်စီးသွားပြီးနောက် မထင်မှတ်ထားတဲ့ အလှည့်အပြောင်းက သူ့ရဲ့ ခေတ်မှီတဲ့ ဘဝနေထိုင်မှုပုံစံကို ဘယ်လိုပြောင်းလဲပစ်လိုက်မလဲ?
၅။ Lucky
ညစဉ်ညတိုင်းမှာ လူတစ်ယောက်ဟာ နေအိမ်ထဲကို ခိုးဝင်လာလေ့ရှိပြီး စာရေးဆရာနဲ့ သူ့ရဲ့လက်တွဲဖော်တို့က ဒီလူကို သတ်ပစ်ဖို့ ဘယ်လိုကြိုးစားကြသလဲဆိုတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။
၆။ Malignant
ဦးခေါင်းထိခိုက်ဒဏ်ရာရပြီးနောက် လူသတ်မှုတွေကို အဝေးကနေ မြင်တွေ့လိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကို ဖန်သားပြင်ကနေ မျက်လုံးမခွာနိုင်အောင် ကြည့်ရှုခံစားရမှာပါ။
၇။ Old
ကမ်းခြေတစ်ခုကို ရောက်သွားတဲ့ မိသားစုတွေထဲက ကလေးငယ်လေးတွေဟာ ကျောက်ဆောင် အနောက်ကနေ ထွက်လာချိန်မှာ လူကြီးတွေဖြစ်လာပြီး နောက်ထပ်ထူးဆန်းတဲ့ အဖြစ်မျိုးတွေကိုလည်း ကြုံတွေ့ရတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။
၈။ PG: Psycho Goreman
ဒီဇာတ်ကားထဲမှာတော့ မောင်နှမ (၂) ယောက်ဟာ ရှေးခေတ် စစ်မိစ္ဆာတစ်ကောင်ကို ပြန်လည်အသက်သွင်းမိပြီး ဒီမိစ္ဆာနဲ့အတူ စွန့်စွန့်စားစား ခရီးတွေထွက်ကာ သူတို့ စိတ်ဝင်စားတာတွေကို ဘယ်လို ဖော်ထုတ်ကြမလဲ? ? ?
၉။ A Quiet Place 2
“Quiet Place” ဇာတ်ကား ပထမပိုင်းကို ကြည့်ထားပြီးသူတွေထဲမှာ “A Quiet Place 2” ကို မကြည့်ရသေးသူတွေ ရှိပါသလား? တကယ်လို့ မကြည့်ရသေးဘူးဆိုရင်တော့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ Blunt မောင်နှံ ဖန်တီးထားတဲ့ ဒီဇာတ်ကားဟာ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ကြည့်ရှုသူကို အံ့အားသင့်စေမယ်ဆိုတာကို အာမခံပါတယ်။
၁၀။ Saint Maud
Lymphoma ဝေဒနာ ခံစားနေရတဲ့လူနာကို ကူညီကုသပေးနေတဲ့ ဘာသာရေးအစွဲအလန်းကြီးသူ သူနာပြုဆရာမလေးဟာ ဆိုးရွားတဲ့ အခြေအနေတွေကို ဘယ်လိုဖြတ်ကျော်မလဲ? သူကိုယ်တိုင်ကရော ပြဿနာတွေရဲ့ အရင်းအမြစ်ဖြစ်နေမလား?
၁၁။ The Stylist
ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးဆရာဟာ သူ့ရဲ့အရင်က ဆံညှပ်ဆရာတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေအပေါ်မှာ မှီငြမ်းပြီး လူသတ်ဖို့ လက်မရွံ့တဲ့ ထူးဆန်းတဲ့ ဆံပင်ညှပ်ဆရာတစ်ယောက်ကြောင့် အခက်တွေ့ရတဲ့လူတွေနဲ့ ဇာတ်လမ်းကို ဖန်တီးပုံဖော်ထားပါတယ်။
၁၂။ The Vigil
ကွယ်လွန်သေဆုံးသွားပြီဖြစ်တဲ့ လူသေအလောင်းတွေကို ညပိုင်းမှာစောင့်ကြည့်ရတဲ့ လူတစ်ယောက်အနေနဲ့ ကြုံတွေ့ရမယ့် ကျောချမ်းစရာကောင်းတာတွေကို ကြည့်ရှုပြီးရင်တော့ ညသန်းခေါင် တစ်ယောက်တည်း သန့်စင်ခန်း မသွားရဲလောက်တော့ပါဘူး။
၁၃။ Werewolves Within
ဒါကတော့ သမန်းဝံပုလွေတွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားပါ။ ဇာတ်ကားအကြောင်းကိုတော့ ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ပါဘူး။ ဒါရိုက်တာ Josh Ruben နဲ့ ဇာတ်ညွှန်းရေးဆရာ Mishna Wolff တို့ရဲ့ ပူးတွဲဖန်တီးမှုမို့ ကြည့်ရှုသူကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။
၁၄။ Willy’s Wonderland
Nicolas Cage တစ်ယောက် စားသောက်ဆိုင်ကို သန့်ရှင်းရေးလုပ်ပေးနေတဲ့အချိန်မှာ ထူးခြားဆန်းပြားတဲ့ မိစ္ဆာတွေနဲ့ ဘယ်လိုတိုက်ခိုက်မလဲဆိုတာ စိတ်မဝင်စားတဲ့သူ ရှိပါ့မလား? Nicolas Cage ပရိသတ် တစ်ယောက်ဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်ကို ကြည့်သင့်ပါတယ်။
၁၅။ Wrong Turn
Appalachian တောင်လမ်းကြောင်းမှာ ခြေလျင်လျှောက်နေတုန်း ပျောက်ဆုံးသွားတဲ့သမီးကို ရှာဖွေနေတဲ့ ဖခင်တစ်ယောက်ရဲ့သောကကို ခံစားတွေ့မြင်ရမှာဖြစ်ပြီး အဆုံးသတ်မှာ သမီးလေးကို ပြန်ရှာတွေ့သွားမလား? ဖခင်ဖြစ်သူကကော ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ပြီး သမီးလေးကို ဆက်လက်ရှာဖွေမလဲ? ဆိုတာ စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ။
<Unicode Version>
ထိတ္လန႔္သည္းဖို ဇာတ္ကားေကာင္းမ်ားစုစည္းမႈ။
၁။ Blood Red Sky
ေသြးစုပ္ဖုတ္ေကာင္တစ္ဦးျဖစ္ေနတဲ့ Nadja ဟာ ကုသမႈခံယူဖို႔ ေဝဒနာကို ႀကိတ္ခံစားရင္း ေလယာဥ္နဲ႔ အတၱလႏၲိတ္သမုဒၵရာကို ေက်ာ္ျဖတ္ၿပီး ခရီးသြားေနတဲ့အခ်ိန္မွာ ေလယာဥ္ေပၚမွာ ျပန္ေပးဆြဲသူေတြေပၚလာခဲ့ၿပီးေနာက္ လူသား သားငယ္ေလးကို ကာကြယ္ဖို႔ ျပန္ေပးဆြဲသူေတြကို ဘယ္လိုတိုက္ခိုက္ၿပီး အဆုံးသတ္မွာ ဘာေတြျဖစ္သြားမလဲ?
၂။ The Fear Street Trilogy
ရက္ရက္စက္စက္ သတ္ျဖတ္တာမ်ိဳးနဲ႔ ဒ႑ာရီဆန္တာမ်ိဳး ရွာေနတယ္ဆိုရင္ေတာ့ “The Fear Street” ကို ၾကည့္သင့္ပါတယ္။ ဒီဇာတ္ကားထဲမွာ အပိုင္း (၃) ပိုင္းပါၿပီး ၁၉၉၄ ခုႏွစ္ ၊ ၁၉၇၈ ခုႏွစ္နဲ႔ ၁၆၆၆ ခုႏွစ္ေတြတုန္းက အျဖစ္အပ်က္ေတြရဲ႕ ဆက္ႏြယ္မႈေတြကို စိတ္ေျခာက္ျခားဖြယ္ ၾကည့္ရႈခံစားနိုင္ပါတယ္။
၃။ Halloween Kills
ေသြးထြက္သံယိုေတြနဲ႔ အနိဌာ႐ုံျမင္ကြင္းေတြကို ဆက္တိုက္ျမင္ေတြ႕ရမွာမို႔ စိတ္မခိုင္တဲ့သူေတြအေနနဲ႔ မၾကည့္သင့္တဲ့ဇာတ္ကားျဖစ္ေပမယ့္ Halloween Kills ရဲ႕ အဓိကဇာတ္ေကာင္ လူသတ္သမားႀကီး Michael Myers တစ္ေယာက္ Halloween ညမွာ လူေတြကို ဘယ္လိုသတ္ျဖတ္မလဲဆိုတာကို ၾကည့္ရႈဖို႔ စိတ္လႈပ္ရွားစြာ ေစာင့္ဆိုင္းေနသူေတြ အမ်ားအျပားရွိပါတယ္။
၄။ Last Night in Soho
နာမည္ႀကီး ဖက္ရွင္ဒီဇိုင္နာတစ္ဦးျဖစ္တဲ့ Eloise ရဲ႕ အိမ္မက္လွလွေတြ ပ်က္စီးသြားၿပီးေနာက္ မထင္မွတ္ထားတဲ့ အလွည့္အေျပာင္းက သူ႕ရဲ႕ ေခတ္မွီတဲ့ ဘဝေနထိုင္မႈပုံစံကို ဘယ္လိုေျပာင္းလဲပစ္လိုက္မလဲ?
၅။ Lucky
ညစဥ္ညတိုင္းမွာ လူတစ္ေယာက္ဟာ ေနအိမ္ထဲကို ခိုးဝင္လာေလ့ရွိၿပီး စာေရးဆရာနဲ႔ သူ႕ရဲ႕လက္တြဲေဖာ္တို႔က ဒီလူကို သတ္ပစ္ဖို႔ ဘယ္လိုႀကိဳးစားၾကသလဲဆိုတာကို စိတ္ဝင္စားဖြယ္ ျမင္ေတြ႕ရမွာပါ။
၆။ Malignant
ဦးေခါင္းထိခိုက္ဒဏ္ရာရၿပီးေနာက္ လူသတ္မႈေတြကို အေဝးကေန ျမင္ေတြ႕လိုက္ရတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ဒီကိစၥေတြကို ဘယ္လိုကိုင္တြယ္ေျဖရွင္းမယ္ဆိုတာကို ဖန္သားျပင္ကေန မ်က္လုံးမခြာႏိုင္ေအာင္ ၾကည့္ရႈခံစားရမွာပါ။
၇။ Old
ကမ္းေျခတစ္ခုကို ေရာက္သြားတဲ့ မိသားစုေတြထဲက ကေလးငယ္ေလးေတြဟာ ေက်ာက္ေဆာင္ အေနာက္ကေန ထြက္လာခ်ိန္မွာ လူႀကီးေတြျဖစ္လာၿပီး ေနာက္ထပ္ထူးဆန္းတဲ့ အျဖစ္မ်ိဳးေတြကိုလည္း ၾကဳံေတြ႕ရတာကို စိတ္ဝင္စားဖြယ္ ျမင္ေတြ႕ရမွာပါ။
၈။ PG: Psycho Goreman
ဒီဇာတ္ကားထဲမွာေတာ့ ေမာင္ႏွမ (၂) ေယာက္ဟာ ေရွးေခတ္ စစ္မိစၧာတစ္ေကာင္ကို ျပန္လည္အသက္သြင္းမိၿပီး ဒီမိစၧာနဲ႔အတူ စြန႔္စြန႔္စားစား ခရီးေတြထြက္ကာ သူတို႔ စိတ္ဝင္စားတာေတြကို ဘယ္လို ေဖာ္ထုတ္ၾကမလဲ? ? ?
၉။ A Quiet Place 2
“Quiet Place” ဇာတ္ကား ပထမပိုင္းကို ၾကည့္ထားၿပီးသူေတြထဲမွာ “A Quiet Place 2” ကို မၾကည့္ရေသးသူေတြ ရွိပါသလား? တကယ္လို႕ မၾကည့္ရေသးဘူးဆိုရင္ေတာ့ ၾကည့္ရႈဖို႕ တိုက္တြန္းလိုက္ရပါတယ္။ Blunt ေမာင္ႏွံ ဖန္တီးထားတဲ့ ဒီဇာတ္ကားဟာ မေမၽွာ္လင့္ထားတဲ့ အလွည့္အေျပာင္းေတြနဲ႔ ၾကည့္ရႈသူကို အံ့အားသင့္ေစမယ္ဆိုတာကို အာမခံပါတယ္။
၁၀။ Saint Maud
Lymphoma ေဝဒနာ ခံစားေနရတဲ့လူနာကို ကူညီကုသေပးေနတဲ့ ဘာသာေရးအစြဲအလန္းႀကီးသူ သူနာျပဳဆရာမေလးဟာ ဆိုးရြားတဲ့ အေျခအေနေတြကို ဘယ္လိုျဖတ္ေက်ာ္မလဲ? သူကိုယ္တိုင္ကေရာ ျပႆနာေတြရဲ႕ အရင္းအျမစ္ျဖစ္ေနမလား?
၁၁။ The Stylist
ဒီဇာတ္ကားရဲ႕ ဇာတ္ညႊန္းေရးဆရာဟာ သူ႕ရဲ႕အရင္က ဆံညွပ္ဆရာတစ္ဦးအျဖစ္ လုပ္ေဆာင္ခဲ့စဥ္က ၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ေတြအေပၚမွာ မွီျငမ္းၿပီး လူသတ္ဖို႔ လက္မရြံ႕တ့ဲ ထူးဆန္းတဲ့ ဆံပင္ညႇပ္ဆရာတစ္ေယာက္ေၾကာင့္ အခက္ေတြ႕ရတဲ့လူေတြနဲ႔ ဇာတ္လမ္းကို ဖန္တီးပုံေဖာ္ထားပါတယ္။
၁၂။ The Vigil
ကြယ္လြန္ေသဆုံးသြားၿပီျဖစ္တဲ့ လူေသအေလာင္းေတြကို ညပိုင္းမွာေစာင့္ၾကည့္ရတဲ့ လူတစ္ေယာက္အေနနဲ႕ ၾကဳံေတြ႕ရမယ့္ ေက်ာခ်မ္းစရာေကာင္းတာေတြကို ၾကည့္ရႈၿပီးရင္ေတာ့ ညသန္းေခါင္ တစ္ေယာက္တည္း သန႔္စင္ခန္း မသြားရဲေလာက္ေတာ့ပါဘူး။
၁၃။ Werewolves Within
ဒါကေတာ့ သမန္းဝံပုေလြေတြအေၾကာင္း စိတ္ဝင္စားတဲ့သူေတြ ၾကည့္သင့္တဲ့ ဇာတ္ကားပါ။ ဇာတ္ကားအေၾကာင္းကိုေတာ့ ရွည္ရွည္ေဝးေဝး ရွင္းျပမေနေတာ့ပါဘူး။ ဒါရိုက္တာ Josh Ruben နဲ႔ ဇာတ္ညႊန္းေရးဆရာ Mishna Wolff တို႔ရဲ႕ ပူးတြဲဖန္တီးမႈမို႔ ၾကည့္ရႈသူကို စိတ္ပ်က္ေစမွာ မဟုတ္ပါဘူး။
၁၄။ Willy’s Wonderland
Nicolas Cage တစ္ေယာက္ စားေသာက္ဆိုင္ကို သန႔္ရွင္းေရးလုပ္ေပးေနတဲ့အခ်ိန္မွာ ထူးျခားဆန္းျပားတဲ့ မိစၧာေတြနဲ႔ ဘယ္လိုတိုက္ခိုက္မလဲဆိုတာ စိတ္မဝင္စားတဲ့သူ ရွိပါ့မလား? Nicolas Cage ပရိသတ္ တစ္ေယာက္ဆိုရင္ေတာ့ ဒီဇာတ္ကားကို ၾကည့္ကို ၾကည့္သင့္ပါတယ္။
၁၅။ Wrong Turn
Appalachian ေတာင္လမ္းေၾကာင္းမွာ ေျခလ်င္ေလွ်ာက္ေနတုန္း ေပ်ာက္ဆုံးသြားတဲ့သမီးကို ရွာေဖြေနတဲ့ ဖခင္တစ္ေယာက္ရဲ႕ေသာကကို ခံစားေတြ႕ျမင္ရမွာျဖစ္ၿပီး အဆုံးသတ္မွာ သမီးေလးကို ျပန္ရွာေတြ႕သြားမလား? ဖခင္ျဖစ္သူကေကာ ဘယ္လိုအခက္အခဲေတြကို ေက်ာ္ျဖတ္ၿပီး သမီးေလးကို ဆက္လက္ရွာေဖြမလဲ? ဆိုတာ စိတ္ဝင္စားဖြယ္ေတြ႕ျမင္ရမွာပါ။
<Zawgyi Version>
#soshweentertainment
#soshweforyourdailylife
#likeandshare