Breaking News

မကြာခင်ရှာဖွေတွေ့ရှိတော့မယ့် ဒေါ်လာ (၂၀) ဘီလီယံကျော်တန်ဖိုးရှိ ကမ္ဘာ့အကြီးမားဆုံး ‘ရတနာသိုက်’။

ရတနာမုဆိုးအဖွဲ့တစ်ဖွဲ့ဟာ ဒေါ်လာ (၂၀) ဘီလီယံကျော်တန်ဖိုးရှိတဲ့ “ကမ္ဘာ့အကြီးဆုံးရတနာသိုက်” ကို ရှာဖွေတွေ့ရှိလုနီးပါး ဖြစ်နေပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “Temple Twelve” လို့ လူသိများတဲ့ ရတနာမုဆိုးအဖွဲ့ဟာ ၁၉၈၇ ခုနှစ်ကနေ စတင်ပြီး ရွှေ၊ လက်ဝတ်ရတနာတွေနဲ့ ရှေးဟောင်းပစ္စည်းတွေပါဝင်တဲ့ “Lemminkainen ရတနာသိုက်” ကို ဖင်လန်နိုင်ငံမှာ စတင်ရှာဖွေခဲ့ကြပါတယ်။ အကယ်၍ ရတနာသိုက်ကို ရှာဖွေတွေ့ရှိပြီဆိုရင် Temple Twelve အဖွဲ့အနေနဲ့ တွေ့ရှိသမျှ တန်ဖိုးအကြီးဆုံးရတနာတွေကို သယ်ယူလာလိမ့်မယ်လို့ ယူဆလို့ရပါတယ်။ အဖွဲ့ဟာ ၎င်းတို့ရဲ့ နွေရာသီ ရတနာရှာဖွေရေးခရီးစဉ်မှာ တစ်ပတ်အတွင်း တစ်ရက် (၆) နာရီကြာ (၇) ရက်လုံး အလုပ်လုပ်နေကြရပြီး ပတ္တမြား၊ နီလာ၊ မြနဲ့ စိန်တွေအပါအဝင် ကျောက်မျက်ရတနာ (၅) သောင်းခန့် ပါဝင်မယ်လို့ ယူဆထားကြပါတယ်။

နှစ်ထောင်ပေါင်းများစွာက တည်ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်း ၁ ထောင် ခန့်ကိုလည်း အဆိုပါရတနာသိုက်မှာတွေ့ရှိနိုင်ပြီး (၁၈) ကာရက်ရှိတဲ့ ရွှေရုပ်ပွါးတော်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ရတနာမုဆိုးအဖွဲ့ဟာ ရုရှား၊ သြစတြေးလျ၊ အမေရိကန်၊ ဆွီဒင်၊ နော်ဝေး၊ ဂျာမနီနဲ့ နယ်သာလန်တို့အပါအဝင် အခြားသော ကမ္ဘာတစ်ဝှမ်းက ဒေသတွေဆီ ရွက်လွှင့်ပြီး ရတနာတွေ တူးဖော်ရှာဖွေနေခဲ့ကြပါတယ်။

Lemminkainen ရတနာသိုက် ရှာဖွေရေးစီမံကိန်းမှာ ဦးဆောင်နေတဲ့ အသက် (၆၀) အရွယ် ကမ္ဘာ့ထိပ်တန်းအာဏာပိုင် Carl Borgen က “Temporarily Insane” စာအုပ်မှာ မုဆိုးတွေရဲ့ဘဝနဲ့ ရတနာတွေအကြောင်းကို အသေးစိတ်ရေးသားဖော်ပြထားပါတယ်။ Mr Borgen က Mirror သတင်းဌာနကို “ဘုရားကျောင်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ပြုလုပ်ခွင့်ရခဲ့ပြီး အဖွဲ့ဝင်တွေဟာလည်း မကြာခင်အတွင်း ကြုံတွေ့လာရမယ့် သတင်းထူးအတွက် အထူးစိတ်လှုပ်ရှားနေကြတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ အခုချိန်မှာတော့ အဖွဲ့ဝင်တွေဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အဖိုးတန်ဆုံးသော ရတနာသိုက်ကို ရှာဖွေတွေ့ရှိနိုင်တော့မယ်ဆိုတဲ့ ကြီးမားတဲ့အောင်မြင်မှုအရသာကို ခံစားနေကြရပြီ။” လို့ ပြောကြားခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ ရတနာသိုက်တည်ရှိရာ မြေကွက်ရဲ့ပိုင်ရှင် Ior Bock က သိုက်တည်ရှိရာနေရာကို အတည်ပြုပြောပြခဲ့ပြီး ဒီရတနာတွေဟာ သူ့မိသားစု အမွေခံထိုက်တဲ့ ရတနာတွေဖြစ်တယ်လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ဒါ့အပြင် Bock က သူ့ရဲ့အိမ်ခြံမြေထဲက ရတနာသိုက်တည်ရှိရာအခန်းကို ကျူးကျော်သူတွေ ရန်ကနေ ကာကွယ်ဖို့ (၁၀) စုနှစ်အတွင်းမှာ ကျောက်ပြားတွေနဲ့ အလုံပိတ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၉ ခုနှစ် ဇွန်လမှာတော့ Bock တစ်ယောက် ဓားဖြင့်ထိုးခံခဲ့ရပြီး ၂၀၁၀ ခုနှစ်မှာတော့ လက်ထောက်ဖြစ်သူက Bock ကို သတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ရတနာသိုက်ရှာဖွေမှုကို Bock သေဆုံးပြီးမှသာ ဆက်လက်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရတနာရှာဖွေဖို့ ကြိုးစားနေတဲ့ မရေမတွက်နိုင်တဲ့ တရားဝင်ရှာဖွေမှုဟာ ဆယ်စုနှစ် သုံးခုကျော်ကြာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ပညာရှင် (၁၀၀) ကျော်ဟာလည်း ရှာဖွေမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ရတနာမုဆိုးအဖွဲ့ဟာလည်း ရတနာသိုက်ကို တူးဖော်တွေ့ရှိဖို့ အချိန်အနည်းငယ်သာလိုတော့ပြီး မကြာခင်အချိန်အတွင်း ဖော်ထုတ်နိုင်မယ်လို့လည်း ယူဆထားကြပါတယ်။

၁၉၈၇ ခုနှစ် ရတနာသိုက်ကို စတင်တူးဖော်တဲ့အချိန်မှစတင်ပြီး အဖွဲ့ထဲမှာ – အမျိုးသား (၁၂) ဦး နဲ့ အမျိုးသမီး (၁၂) ဦး – စုစုပေါင်း အဖွဲ့ဝင်(၂၄) ဦး ပါဝင်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ အဖွဲ့ထဲမှာ မူလအဖွဲ့ဝင်နှစ်ဦးသာ ကျန်ရှိပါတော့တယ်။ Temple Twelve အနေနဲ့ ပြီးခဲ့တဲ့လက အသိုက်ရှိရာ တည်နေရာကို ပြန်လာပြီး စက်တင်ဘာလကနေစတင်ကာ တည်နေရာမှာ အလုပ်ပြန်လုပ်နိုင်ဖို့ မျှော်လင့်ထားကြတယ်လို့လည်း သိရပါတယ်။

<Unicode Version>

 

 

 

မၾကာခင္ရွာေဖြေတြ႕ရွိေတာ့မယ့္ ေဒၚလာ (၂၀) ဘီလီယံေက်ာ္တန္ဖိုးရွိ ကမာၻ႔အႀကီးမားဆုံး ‘ရတနာသိုက္’။

ရတနာမုဆိုးအဖြဲ႕တစ္ဖြဲ႕ဟာ ေဒၚလာ (၂၀) ဘီလီယံေက်ာ္တန္ဖိုးရွိတဲ့ “ကမၻာ့အႀကီးဆုံးရတနာသိုက္” ကို ရွာေဖြေတြ႕ရွိလုနီးပါး ျဖစ္ေနၿပီလို႕ ထုတ္ျပန္ေၾကညာခ့ဲပါတယ္။ “Temple Twelve” လို႔ လူသိမ်ားတဲ့ ရတနာမုဆိုးအဖြဲ႕ဟာ ၁၉၈၇ ခုႏွစ္ကေန စတင္ၿပီး ေရႊ၊ လက္ဝတ္ရတနာေတြနဲ႔ ေရွးေဟာင္းပစၥည္းေတြပါဝင္တဲ့ “Lemminkainen ရတနာသိုက္” ကို ဖင္လန္ႏိုင္ငံမွာ စတင္ရွာေဖြခ့ဲၾကပါတယ္။ အကယ္၍ ရတနာသိုက္ကို ရွာေဖြေတြ႕ရွိၿပီဆိုရင္ Temple Twelve အဖြဲ႕အေနနဲ႕ ေတြ႕ရွိသမၽွ တန္ဖိုးအႀကီးဆုံးရတနာေတြကို သယ္ယူလာလိမ့္မယ္လို႔ ယူဆလို႔ရပါတယ္။ အဖြဲ႕ဟာ ၄င္းတို႕ရဲ႕ ေႏြရာသီ ရတနာရွာေဖြေရးခရီးစဥ္မွာ တစ္ပတ္အတြင္း တစ္ရက္ (၆) နာရီၾကာ (၇) ရက္လုံး အလုပ္လုပ္ေနၾကရၿပီး ပတၱျမား၊ နီလာ၊ ၿမနဲ႔ စိန္ေတြအပါအဝင္ ေက်ာက္မ်က္ရတနာ (၅) ေသာင္းခန႔္ ပါဝင္မယ္လို႔ ယူဆထားၾကပါတယ္။

ႏွစ္ေထာင္ေပါင္းမ်ားစြာက တည္ရွိခဲ့တဲ့ ေရွးေဟာင္းပစၥည္း ၁ ေထာင္ ခန႔္ကိုလည္း အဆိုပါရတနာသိုက္မွာေတြ႕ရွိနိုင္ၿပီး (၁၈) ကာရက္ရွိတဲ့ ေရႊ႐ုပ္ပြါးေတာ္ေတြကိုလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ရတနာမုဆိုးအဖြဲ႕ဟာ ႐ုရွား၊ ၾသစေၾတးလ်၊ အေမရိကန္၊ ဆြီဒင္၊ ေနာ္ေဝး၊ ဂ်ာမနီနဲ႔ နယ္သာလန္တို႔အပါအဝင္ အျခားေသာ ကမၻာတစ္ဝွမ္းက ေဒသေတြဆီ ရြက္လႊင့္ၿပီး ရတနာေတြ တူးေဖာ္ရွာေဖြေနခဲ့ၾကပါတယ္။

Lemminkainen ရတနာသိုက္ ရွာေဖြေရးစီမံကိန္းမွာ ဦးေဆာင္ေနတဲ့ အသက္ (၆၀) အရြယ္ ကမၻာ့ထိပ္တန္းအာဏာပိုင္ Carl Borgen က “Temporarily Insane” စာအုပ္မွာ မုဆိုးေတြရဲ႕ဘဝနဲ႔ ရတနာေတြအေၾကာင္းကို အေသးစိတ္ေရးသားေဖာ္ျပထားပါတယ္။ Mr Borgen က Mirror သတင္းဌာနကို “ဘုရားေက်ာင္းမွာ သိသာထင္ရွားတဲ့ တိုးတက္မႈေတြ ျပဳလုပ္ခြင့္ရခဲ့ၿပီး အဖြဲ႕ဝင္ေတြဟာလည္း မၾကာခင္အတြင္း ၾကဳံေတြ႕လာရမယ့္ သတင္းထူးအတြက္ အထူးစိတ္လႈပ္ရွားေနၾကတယ္ဆိုတာကို ကၽြန္ေတာ္နားလည္ပါတယ္။ အခုခ်ိန္မွာေတာ့ အဖြဲ႕ဝင္ေတြဟာ ကမၻာ့အႀကီးဆုံးနဲ႔ အဖိုးတန္ဆုံးေသာ ရတနာသိုက္ကို ရွာေဖြေတြ႕ရွိနိုင္ေတာ့မယ္ဆိုတဲ့ ႀကီးမားတဲ့ေအာင္ျမင္မႈအရသာကို ခံစားေနၾကရၿပီ။” လို႔ ေျပာၾကားခဲ့ပါတယ္။

၁၉၈၄ ခုႏွစ္မွာ ရတနာသိုက္တည္ရွိရာ ေျမကြက္ရဲ႕ပိုင္ရွင္ Ior Bock က သိုက္တည္ရွိရာေနရာကို အတည္ျပဳေျပာျပခဲ့ၿပီး ဒီရတနာေတြဟာ သူ႕မိသားစု အေမြခံထိုက္တဲ့ ရတနာေတြျဖစ္တယ္လို႔ အခိုင္အမာ ဆိုခဲ့ပါတယ္။ ဒါ့အျပင္ Bock က သူ႕ရဲ႕အိမ္ၿခံေျမထဲက ရတနာသိုက္တည္ရွိရာအခန္းကို က်ဴးေက်ာ္သူေတြ ရန္ကေန ကာကြယ္ဖို႔ (၁၀) စုႏွစ္အတြင္းမွာ ေက်ာက္ျပားေတြနဲ႔ အလုံပိတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ၁၉၉၉ ခုႏွစ္ ဇြန္လမွာေတာ့ Bock တစ္ေယာက္ ဓားျဖင့္ထိုးခံခဲ့ရၿပီး ၂၀၁၀ ခုႏွစ္မွာေတာ့ လက္ေထာက္ျဖစ္သူက Bock ကို သတ္ပစ္ခဲ့ပါတယ္။ ဒါေပမယ့္ ရတနာသိုက္ရွာေဖြမႈကို Bock ေသဆုံးၿပီးမွသာ ဆက္လက္ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ရတနာရွာေဖြဖို႔ ႀကိဳးစားေနတဲ့ မေရမတြက္နိုင္တဲ့ တရားဝင္ရွာေဖြမႈဟာ ဆယ္စုႏွစ္ သုံးခုေက်ာ္ၾကာခဲ့ၿပီး ကမၻာတစ္ဝွမ္းက ပညာရွင္ (၁၀၀) ေက်ာ္ဟာလည္း ရွာေဖြမႈမွာ ပါဝင္ခဲ့ၾကပါတယ္။ ရတနာမုဆိုးအဖြဲ႕ဟာလည္း ရတနာသိုက္ကို တူးေဖာ္ေတြ႕ရွိဖို႔ အခ်ိန္အနည္းငယ္သာလိုေတာ့ၿပီး မၾကာခင္အခ်ိန္အတြင္း ေဖာ္ထုတ္နိုင္မယ္လို႔လည္း ယူဆထားၾကပါတယ္။

၁၉၈၇ ခုႏွစ္ ရတနာသိုက္ကို စတင္တူးေဖာ္တဲ့အခ်ိန္မွစတင္ၿပီး အဖြဲ႕ထဲမွာ – အမ်ိဳးသား (၁၂) ဦး နဲ႔ အမ်ိဳးသမီး (၁၂) ဦး – စုစုေပါင္း အဖြဲ႕ဝင္(၂၄) ဦး ပါဝင္ခဲ့ေပမယ့္လည္း အခုခ်ိန္မွာေတာ့ အဖြဲ႕ထဲမွာ မူလအဖြဲ႕ဝင္ႏွစ္ဦးသာ က်န္ရွိပါေတာ့တယ္။ Temple Twelve အေနနဲ႕ ၿပီိးခ့ဲတ့ဲလက အသိုက္ရွိရာ တည္ေနရာကို ျပန္လာၿပီး စက္တင္ဘာလကေနစတင္ကာ တည္ေနရာမွာ အလုပ္ျပန္လုပ္နိုင္ဖို႔ ေမၽွာ္လင့္ထားၾကတယ္လို႔လည္း သိရပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။

ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro