Breaking News

အိမ်တစ်အိမ်ဝယ်ယူပြီး ဝယ်ယူခဲ့တဲ့တန်ဖိုးရဲ့ (၅၅၀%) အထိ မြင့်တက်လာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် စွန့်ဦးတီထွင်သူတစ်ဦး။

အသက်၂၄ နှစ်အရွယ် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ Jake Knotman ဆိုသူဟာ ပုံသေစျေးနှုန်းသတ်မှတ်ထားတဲ့ အိမ်တစ်လုံးရဲ့တန်ဖိုးကို £55,000 အထိ တိုးမြင့်ဖို့ သူဘယ်လိုမျိုး ပြန်လည်မွမ်းမံပြင်ဆင်နိုင်ခဲ့လဲဆိုတာ အခြားသူတွေလည်း အတုယူလို့ရအောင် ထုတ်ဖော်ပြောသားခဲ့ပါတယ်။

Jake ဟာ အိမ်ခြံမြေရောင်းဝယ်ရေး အေဂျင်စီတစ်ခုမှာ အသက် ၁၇ နှစ်အရွယ်ကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရောင်းဝယ်ရေးမှာ သိထားအပ်တဲ့ ဗျူဟာတွေကို အတော်အသင့် နားလည်ပြီးချိန် အသက်၂၁ နှစ်အရွယ်မှာတော့ သူ့ရဲ့ပထမဦးဆုံးအိမ်ကို ဝယ်ယူခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ Jake တစ်ယောက် ကိုယ်ပိုင်အင်ပါယာကို တည်ထောင်ခဲ့နိုင်တယ်လို့ ဆိုရပါမယ်။ ဘာလို့လည်းဆိုတော့ သူ့အနေနဲ့ အခုချိန်မှာ အိမ်ခြံမြေ (၇) ခုလောက် ပိုင်ဆိုင်နေပြီဖြစ်ပြီး သူပထမဦးဆုံးဝယ်ခဲ့တဲ့ အဆောက်အအုံဟာလည်း အခုချိန်မှာ ရုံးခန်း (၈) ခန်းရှိတဲ့ အဆောက်အအုံ ဖြစ်လာခဲ့ပါတယ်။

LADBible နဲ့ ပြုလုပ်တဲ့ အင်တာဗျူးထဲမှာတော့ Jake တစ်ယောက် ဂုဏ်အယူဆုံး စီမံကိန်းတစ်ခုကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် Gary Kay နဲ့ ပူးပေါင်းပြီး ကောင်စီကနေ ပေါင် (၁သောင်း) ဖြင့် ဝယ်ယူခဲ့တဲ့ Burnley မှာရှိတဲ့ အိပ်ခန်း (၃) ခန်းပါဝင်တဲ့ အိမ်တစ်လုံးဖြစ်ပါတယ်။ Jake တို့သူငယ်ချင်းနှစ်ယောက်ဟာ အဆိုပါအဆောက်အအုံကို လူနေထိုင်လို့ရတဲ့ အဆောက်အအုံဖြစ်အောင် ပြုပြင်ပြောင်းလဲခဲ့ကြပါတယ်။

Jake ဟာ အခြားပရောဂျက်တွေအတွက် အပိုဝင်ငွေတွေရလာအောင် အခန်းတွေကို တစ်ပတ် ၈၅ ပေါင်ဖြင့် ငှားရမ်းပေးခဲ့တာမျိုးတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ရောက်ချိန်မှာတော့ Jake တစ်ယောက် မန်ချက်စတာမြို့လယ်မှာ တိုက်ခန်း (၁၀) ခန်းပါဝင်တဲ့ အဆောက်အအုံကို တည်ဆောက်နိုင်ခဲ့ပြီး ဒါဟာ သူ့အတွက် “ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ရပ်” ဖြစ်ခဲ့ကာ သူ့ကို သင်ခန်းစာများစွာပေးခဲ့တဲ့ ပရောဂျက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အသက် (၁၈) နှစ်အရွယ်မှာကလည်းက စွန့်ဦးတီထွင်ပညာရှင်ဖြစ်လာခဲ့တဲ့ Jake ဟာ သူလိုချင်တဲ့ဘဝပုံစံကို နေထိုင်ခွင့်ရခဲ့ပြီး သူ့ရဲ့အိမ်မက်တွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာအနှံ့ခရီးသွားတာကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ Jake ဟာ အိမ်ခြေမဲ့အချို့ကို သူ့ရဲ့အိမ်ခြံမြေအချို့မှာ နေထိုင်နိုင်ဖို့ကိုလည်း ကူညီပေးနေသူတစ်ဦးဖြစ်ပြီး အိမ်ခြံမြေနဲ့ပတ်သက်ပြီး စတင်လေ့လာချင်သူတွေကိုလည်း သူ့ရဲ့အတွေ့အကြုံတွေ ၊ သူလေ့လာထားတာတွေကို ပြန်လည်မျှဝေလေ့ရှိပါတယ်။

ဆက်လက်ပြီးတော့ Jake က “အခုနောက်ပိုင်းမှာတော့ လူတိုင်းက အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ချင်လာကြပေမယ့် စိတ်ဝင်စားသူတိုင်းက လိုအပ်တဲ့ အချိန်နဲ့ခွန်အားတွေကို မထည့်ကြဘူး။ အကျိုးအမြတ်ရနိုင်တဲ့ အိမ်ခြံမြေရောင်းဝယ်မှုကို ပြုလုပ်လိုတယ်ဆိုရင် အိမ်ခြံမြေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အသိပညာတွေကို ထိထိရောက်ရောက် အသုံးချဖို့လိုပါတယ်။” ဆိုပြီး အကြံပြုစကား ဆိုထားပါတယ်။

<Unicode Version>

 

 

 

အိမ္တစ္အိမ္ဝယ္ယူၿပီး ဝယ္ယူခ့ဲတ့ဲတန္ဖိုးရဲ႕ (၅၅၀%) အထိ ျမင့္တက္လာေအာင္ လုပ္ေဆာင္ႏိုင္ခ့ဲတ့ဲ အသက္ ၂၄ ႏွစ္အရြယ္ စြန႔္ဦးတီထြင္သူတစ္ဦး။

အသက္၂၄ ႏွစ္အရြယ္ အိမ္ၿခံေျမလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္တဲ့ Jake Knotman ဆိုသူဟာ ပုံေသေစ်းႏႈန္းသတ္မွတ္ထားတ့ဲ အိမ္တစ္လုံးရဲ႕တန္ဖိုးကို £55,000 အထိ တိုးျမင့္ဖို႔ သူဘယ္လိုမ်ိဳး ျပန္လည္မြမ္းမံျပင္ဆင္နိုင္ခဲ့လဲဆိုတာ အျခားသူေတြလည္း အတုယူလို႔ရေအာင္ ထုတ္ေဖာ္ေျပာသားခ့ဲပါတယ္။

Jake ဟာ အိမ္ၿခံေျမေရာင္းဝယ္ေရး ေအဂ်င္စီတစ္ခုမွာ အသက္ ၁၇ ႏွစ္အရြယ္ကတည္းက ဝင္ေရာက္လုပ္ကိုင္ခ့ဲၿပီး ေရာင္းဝယ္ေရးမွာ သိထားအပ္တဲ့ ဗ်ဴဟာေတြကို အေတာ္အသင့္ နားလည္ၿပီးခ်ိန္ အသက္၂၁ ႏွစ္အရြယ္မွာေတာ့ သူ႕ရဲ႕ပထမဦးဆုံးအိမ္ကို ဝယ္ယူခဲ့ပါတယ္။ ႏွစ္အနည္းငယ္အတြင္းမွာပဲ Jake တစ္ေယာက္ ကိုယ္ပိုင္အင္ပါယာကို တည္ေထာင္ခဲ့နိုင္တယ္လို႔ ဆိုရပါမယ္။ ဘာလို႔လည္းဆိုေတာ့ သူ႕အေနနဲ႕ အခုခ်ိန္မွာ အိမ္ၿခံေၿမ (၇) ခုေလာက္ ပိုင္ဆိုင္ေနၿပီျဖစ္ၿပီး သူပထမဦးဆုံးဝယ္ခဲ့တဲ့ အေဆာက္အအုံဟာလည္း အခုခ်ိန္မွာ ႐ုံးခန္း (၈) ခန္းရွိတဲ့ အေဆာက္အအုံ ျဖစ္လာခဲ့ပါတယ္။

LADBible နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Jake တစ္ေယာက္ ဂုဏ္အယူဆုံး စီမံကိန္းတစ္ခုကေတာ့ သူ႕ရဲ႕လုပ္ေဖာ္ကိုင္ဖက္ Gary Kay နဲ႔ ပူးေပါင္းၿပီး ေကာင္စီကေန ေပါင္ (၁ေသာင္း) ျဖင့္ ဝယ္ယူခဲ့တဲ့ Burnley မွာရွိတဲ့ အိပ္ခန္း (၃) ခန္းပါဝင္တဲ့ အိမ္တစ္လုံးျဖစ္ပါတယ္။ Jake တို႕သူငယ္ခ်င္းႏွစ္ေယာက္ဟာ အဆိုပါအေဆာက္အအုံကို လူေနထိုင္လို႔ရတဲ့ အေဆာက္အအုံျဖစ္ေအာင္ ျပဳျပင္ေျပာင္းလဲခဲ့ၾကပါတယ္။

Jake ဟာ အျခားပေရာဂ်က္ေတြအတြက္ အပိုဝင္ေငြေတြရလာေအာင္ အခန္းေတြကို တစ္ပတ္ ၈၅ ေပါင္ျဖင့္ ငွားရမ္းေပးခဲ့တာမ်ိဳးေတြ လုပ္ခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ ေရာက္ခ်ိန္မွာေတာ့ Jake တစ္ေယာက္ မန္ခ်က္စတာၿမိဳ႕လယ္မွာ တိုက္ခန္း (၁၀) ခန္းပါဝင္တဲ့ အေဆာက္အအုံကို တည္ေဆာက္နိုင္ခဲ့ၿပီး ဒါဟာ သူ႕အတြက္ “ႀကီးက်ယ္တဲ့ ေအာင္ျမင္မႈတစ္ရပ္” ျဖစ္ခဲ့ကာ သူ႕ကို သင္ခန္းစာမ်ားစြာေပးခဲ့တဲ့ ပေရာဂ်က္တစ္ခု ျဖစ္ခ့ဲပါတယ္။

အသက္ (၁၈) ႏွစ္အရြယ္မွာကလည္းက စြန႔္ဦးတီထြင္ပညာရွင္ျဖစ္လာခဲ့တဲ့ Jake ဟာ သူလိုခ်င္တဲ့ဘဝပုံစံကို ေနထိုင္ခြင့္ရခဲ့ၿပီး သူ႕ရဲ႕အိမ္မက္ေတြထဲက တစ္ခုျဖစ္တဲ့ ကမၻာအႏွံ႕ခရီးသြားတာကိုလည္း လုပ္နိုင္ခဲ့ပါတယ္။ Jake ဟာ အိမ္ေျခမဲ့အခ်ိဳ႕ကို သူ႕ရဲ႕အိမ္ၿခံေျမအခ်ိဳ႕မွာ ေနထိုင္ႏိုင္ဖို႕ကိုလည္း ကူညီေပးေနသူတစ္ဦးျဖစ္ၿပီး အိမ္ၿခံေျမနဲ႔ပတ္သက္ၿပီး စတင္ေလ့လာခ်င္သူေတြကိုလည္း သူ႕ရဲ႕အေတြ႕အၾကဳံေတြ ၊ သူေလ့လာထားတာေတြကို ျပန္လည္မွ်ေဝေလ့ရွိပါတယ္။

ဆက္လက္ၿပီးေတာ့ Jake က “အခုေနာက္ပိုင္းမွာေတာ့ လူတိုင္းက အိမ္ၿခံေျမရင္းႏွီးျမႇုပ္ႏွံသူေတြ ျဖစ္ခ်င္လာၾကေပမယ့္ စိတ္ဝင္စားသူတိုင္းက လိုအပ္တဲ့ အခ်ိန္နဲ႔ခြန္အားေတြကို မထည့္ၾကဘူး။ အက်ိဳးအျမတ္ရနိုင္တဲ့ အိမ္ၿခံေျမေရာင္းဝယ္မႈကို ျပဳလုပ္လိုတယ္ဆိုရင္ အိမ္ၿခံေျမနဲ႔ပတ္သက္တဲ့ အေတြ႕အၾကဳံေတြ အသိပညာေတြကို ထိထိေရာက္ေရာက္ အသုံးခ်ဖို႔လိုပါတယ္။” ဆိုၿပီး အႀကံျပဳစကား ဆိုထားပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro