Breaking News

အာကာသထဲမှာပါ စီးပွားဖြစ်နေရာတစ်ခုကို ဖန်တီးဖို့စီစဉ်ထားတဲ့ Jeff Bezos

Elon Musk, Jeff Bezos တို့ဟာ ၄င်းတို့အတွက် ထားစရာမရှိလောက်အောင်ကို ချမ်းသာကြွယ်ဝနေပြီဆိုပေမယ့် သူတို့ရဲ့တီထွင်ဆန်းသစ်မှုတွေ၊ စီးပွားရေးချဲ့ထွင်မှုတွေကို ရပ်တန့်သွားဖို့ စိတ်ကူးမရှိသေးပါဘူး။ လက်ရှိအချိန်မှာလည်း ကမ္ဘာကျော်သူဌေးကြီး Jeff Bezos ပိုင်ဆိုင်တဲ့ Blue Origin အာကာသကုမ္ပဏီဟာ ဒီဆယ်စုနှစ်အကုန်ပိုင်းမှာ စီးပွားဖြစ်အသုံးချလို့ရမယ့်နေရာတစ်ခုကို အာကာသထဲမှာ တည်ဆောက်သွားဖို့ ပြင်ဆင်နေတဲ့အကြောင်း ကြေညာခဲ့ပါတယ်။

ဒီစီမံကိန်းကိုတော့ “Orbital Reef” လို့ခေါ်ပြီး စီးပွားရေးအရ ပုံစံမျိုးစုံနဲ့ အသုံးပြုနိုင်မယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။ အဲ့ဒီနေရာမှာ ရုပ်ရုင်ရိုက်ကူးခြင်း၊ သိပ္ပံဆိုင်ရာ သုတေသနပြုလုပ်ခြင်းနဲ့ အပန်းဖြေအနားယူခြင်းတို့အတွက် လူ (၁၀) ယောက်အထိ လက်ခံနိုင်မှာပါ။ Orbital Reef နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒီနေရာအတွက် ဟိုတယ်တစ်လုံးကိုပါ ထည့်သွင်းတည်ဆောက်သွားမယ်လို့ ကုမ္ပဏီဘက်က အတည်ပြုထားပါတယ်။

“အတွေ့အကြုံရှိ အာကာသအေဂျင်စီတွေ၊ နည်းပညာမြင့်လုပ်ငန်းစုတွေ၊ မီဒီယာနဲ့ ခရီးသွားကုမ္ပဏီလုပ်ငန်းတွေ၊ စွန့်ဦးတီထွင်သူတွေ၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုသူတွေ အားလုံး Orbital Reef မှာ တစ်စုတစ်ဝေးတည်း ရှိနိုင်တယ်” လို့ ကုမ္ပဏီဘက်ကဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ ဒီနေရာက အရွယ်အစားအားဖြင့် ပေပေါင်း (၃၂,၀၀၀) ကျယ်ဝန်းမယ်လို့ ခန့်မှန်းရပြီး Boeing နဲ့ Sierra Space တို့က ပူးပေါင်းတည်ဆောက်သွားမယ်လို့ သိရှိရပါတယ်။

ခန့်မှန်းခြေကုန်ကျစရိတ်ကိုတော့ Blue Origin ဘက်က အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရ ၄င်းတို့ရဲ့ စီမံကိန်းတွေဟာ များသောအားဖြင့် ကုန်ကျစရိတ် ထုတ်ပြန်ကြေညာလေ့မရှိဘဲ Bezos ကတော့ ကုမ္ပဏီအတွက် တစ်နှစ်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ (၁) ဘီလီယံသုံးစွဲဖို့ သီးသန့်ရန်ပုံငွေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Orbital Reef ဟာ အာကာသခရီးသွားလုပ်ငန်းစျေးကွက်အတွက် Bezos နဲ့ Blue Origin တို့ရဲ့ နောက်ထပ်လက်ဦးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အာကာသထဲကို (၂) ကြိမ်တိုင်တိုင် စီးပွားဖြစ် သွားလာခဲ့ပြီး ပထမအကြိမ်ကတော့ ကုမ္ပဏီတည်ထောင်သူ Bezos ကိုယ်တိုင် အာကာသအစွန်းဖက်ထိ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကတော့ ဝီလီယံရှက်တ်နာဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သူကတော့ အာကာသထဲကိုရောက်ဖူးတဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

Blue Origin ရဲ့ ဒုတိယဥက္ကဌ ဘရန့်ရှားဝုဒ်က ကုမ္ပဏီရဲ့အာကာသစခန်းအနေအထားက နာဆာဘက်က ဘယ်လောက် ထောက်ပံ့နိုင်မလဲဆိုတဲ့အပေါ် မူတည်နေတယ်လို့ဆိုခဲ့ပေမယ့် လက်ရှိ Orbital Reef အစီအစဉ်ကိုတော့ ဒီအကြောင်းအရာနဲ့မသက်ဆိုင်ဘဲ သေချာပေါက်အကောင်အထည်ပေါ်စေရမယ်လို့ ကတိပေးစကား ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

အာကာသထဲမွာပါ စီးပြားျဖစ္ေနရာတစ္ခုကို ဖန္တီးဖို႔စီစဥ္ထားတဲ့ Jeff Bezos

 

Elon Musk, Jeff Bezos တို႔ဟာ ၄င္းတို႔အတြက္ ထားစရာမရွိေလာက္ေအာင္ကို ခ်မ္းသာႂကြယ္ဝေနၿပီဆိုေပမယ့္ သူတို႔ရဲ႕တီထြင္ဆန္းသစ္မႈေတြ၊ စီးပြားေရးခ်ဲ႕ထြင္မႈေတြကို ရပ္တန္႔သြားဖို႔ စိတ္ကူးမရွိေသးပါဘူး။ လက္ရွိအခ်ိန္မွာလည္း ကမၻာေက်ာ္သူေဌးႀကီး Jeff Bezos ပိုင္ဆိုင္တဲ့ Blue Origin အာကာသကုမၸဏီဟာ ဒီဆယ္စုႏွစ္အကုန္ပိုင္းမွာ စီးပြားျဖစ္အသုံးခ်လို႔ရမယ့္ေနရာတစ္ခုကို အာကာသထဲမွာ တည္ေဆာက္သြားဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေၾကညာခဲ့ပါတယ္။

ဒီစီမံကိန္းကိုေတာ့ “Orbital Reef” လို႔ေခၚၿပီး စီးပြားေရးအရ ပုံစံမ်ိဳးစုံနဲ႔ အသုံးျပဳနိုင္မယ္လို႔ ကုမၸဏီဘက္က ဆိုပါတယ္။ အဲ့ဒီေနရာမွာ ႐ုပ္႐ုင္ရိုက္ကူးျခင္း၊ သိပၸံဆိုင္ရာ သုေတသနျပဳလုပ္ျခင္းနဲ႔ အပန္းေျဖအနားယူျခင္းတို႔အတြက္ လူ (၁၀) ေယာက္အထိ လက္ခံနိုင္မွာပါ။ Orbital Reef နဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဒီေနရာအတြက္ ဟိုတယ္တစ္လုံးကိုပါ ထည့္သြင္းတည္ေဆာက္သြားမယ္လို႔ ကုမၸဏီဘက္က အတည္ျပဳထားပါတယ္။

“အေတြ႕အၾကဳံရွိ အာကာသေအဂ်င္စီေတြ၊ နည္းပညာျမင့္လုပ္ငန္းစုေတြ၊ မီဒီယာနဲ႔ ခရီးသြားကုမၸဏီလုပ္ငန္းေတြ၊ စြန္႔ဦးတီထြင္သူေတြ၊ အနာဂတ္အတြက္ ရင္းႏွီးျမႇုပ္ႏွံလိုသူေတြ အားလုံး Orbital Reef မွာ တစ္စုတစ္ေဝးတည္း ရွိနိုင္တယ္” လို႔ ကုမၸဏီဘက္ကဆိုခဲ့ေၾကာင္း ရိုက္တာသတင္းဌာနမွာ ေဖာ္ျပခဲ့ပါတယ္။ ဒီေနရာက အရြယ္အစားအားျဖင့္ ေပေပါင္း (၃၂,၀၀၀) က်ယ္ဝန္းမယ္လို႔ ခန္႔မွန္းရၿပီး Boeing နဲ႔ Sierra Space တို႔က ပူးေပါင္းတည္ေဆာက္သြားမယ္လို႕ သိရွိရပါတယ္။

ခန္႔မွန္းေျခကုန္က်စရိတ္ကိုေတာ့ Blue Origin ဘက္က အတည္ျပဳထုတ္ျပန္ျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ ဘီဘီစီသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ၄င္းတို႕ရဲ႕ စီမံကိန္းေတြဟာ မ်ားေသာအားျဖင့္ ကုန္က်စရိတ္ ထုတ္ျပန္ေၾကညာေလ့မရွိဘဲ Bezos ကေတာ့ ကုမၸဏီအတြက္ တစ္ႏွစ္ကို အနည္းဆုံး အေမရိကန္ေဒၚလာ (၁) ဘီလီယံသုံးစြဲဖို႔ သီးသန္႔ရန္ပုံေငြ ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Orbital Reef ဟာ အာကာသခရီးသြားလုပ္ငန္းေစ်းကြက္အတြက္ Bezos နဲ႔ Blue Origin တို႔ရဲ႕ ေနာက္ထပ္လက္ဦးမႈတစ္ခု ျဖစ္ခဲ့ပါတယ္။ ကုမၸဏီအေနနဲ႔ အာကာသထဲကို (၂) ႀကိမ္တိုင္တိုင္ စီးပြားျဖစ္ သြားလာခဲ့ၿပီး ပထမအႀကိမ္ကေတာ့ ကုမၸဏီတည္ေထာင္သူ Bezos ကိုယ္တိုင္ အာကာသအစြန္းဖက္ထိ သြားေရာက္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒုတိယအႀကိမ္ကေတာ့ ဝီလီယံရွက္တ္နာဆိုတဲ့ ပုဂၢိဳလ္ျဖစ္ၿပီး သူကေတာ့ အာကာသထဲကိုေရာက္ဖူးတဲ့ အသက္အႀကီးဆုံးပုဂၢိဳလ္ ျဖစ္လာခဲ့ပါတယ္။

Blue Origin ရဲ႕ ဒုတိယဥကၠဌ ဘရန္႔ရွားဝုဒ္က ကုမၸဏီရဲ႕အာကာသစခန္းအေနအထားက နာဆာဘက္က ဘယ္ေလာက္ ေထာက္ပံ့နိုင္မလဲဆိုတဲ့အေပၚ မူတည္ေနတယ္လို႔ဆိုခဲ့ေပမယ့္ လက္ရွိ Orbital Reef အစီအစဥ္ကိုေတာ့ ဒီအေၾကာင္းအရာနဲ႔မသက္ဆိုင္ဘဲ ေသခ်ာေပါက္အေကာင္အထည္ေပၚေစရမယ္လို႔ ကတိေပးစကား ေျပာၾကားခဲ့ပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro