HomeTechသံမဏိထက် (၃) ဆပိုမိုထက်တဲ့ သစ်သားဓားကို တီထွင်လိုက်တဲ့ သိပ္ပံပညာရှင်များ။

သံမဏိထက် (၃) ဆပိုမိုထက်တဲ့ သစ်သားဓားကို တီထွင်လိုက်တဲ့ သိပ္ပံပညာရှင်များ။

- Advertisement -

သဘာဝလွန်ဖြစ်ရပ်တွေကို ရှာဖွေဖော်ထုတ်နိုင်လေ့ရှိပြီး ထူးခြားဆန်းသစ်တဲ့၊ အသုံးဝင်တဲ့အရာတွေကို တီထွင်ဖန်တီးနိုင်သူတွေဟာ သိပ္ပံပညာရှင်တွေပဲ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခု လက်တွေ့ကျကျ အောင်မြင်လာဖို့အတွက် နေ့မအား၊ ညမနား အားထုတ်လေ့ရှိတဲ့ ဒီပုဂ္ဂိုလ်တွေဟာ လက်ရှိအချိန်မှာလည်း အံ့အားသင့်စရာအရာတစ်ခုကို တီထွင်ဖန်တီးခဲ့ပြန်ပါတယ်။

အဲ့ဒါကတော့ သစ်သားဓားတစ်ချောင်းပါ။ ဒါပေမယ့် ဒီသစ်သားဓားက နယ်နယ်ရရမဟုတ်ဘဲ သံမဏိနဲ့လုပ်ထားတဲ့ ဓားထက်တောင် (၃) ဆ ပိုပြီးထက်မြက်တယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အသင့်စား စားသောက်ဆိုင်တွေ ဒါမှမဟုတ် အစားအသောက်ပွဲတော်တွေမှာ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ဇွန်း၊ ခရင်း၊ ဓားတွေကိုပဲ အသုံးပြုလေ့ရှိတာပါ။

ဒါပေမယ့် ဒီပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့အရာတွေက ကမ္ဘာကြီးအတွက် ဆိုးကျိုးတွေဖြစ်စေတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ဓားတွေကို သံမဏိ ဒါမှမဟုတ် ကြွေထည်တွေနဲ့ အဓိက စံချိန်စံနှုန်းသတ်မှတ်ပြီး ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် Matter ဂျာနယ်ရဲ့ဖော်ပြချက်အရ သိပ္ပံပညာရှင်တွေဟာ “မာကျောပြီး သံမဏိထက် (၃) ဆ ပိုမိုထက်မြက်တဲ့ သစ်သားဓား” ကို ဖန်တီးနိုင်ခဲ့ပြီလို့ သိရပါတယ်။

- Advertisement -

အတန်အသင့် ပြင်ဆင်ထားတဲ့ အသားကင်ကိုတောင် ဒီသစ်သားဓားနဲ့ အလွယ်တကူ လှီးဖြတ်နိုင်မှာဖြစ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုနိုင်တာကြောင့်လည်း ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီလေ့လာဖော်ထုတ်မှုကိုတော့ မေရီလန်းတက္ကသိုလ်ရဲ့ သိပ္ပံပညာရှင် Teng Li ဦးဆောင်တဲ့ သုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

- Advertisement -

Teng Li က “ကျွန်တော်တို့ရဲ့ မီးဖိုချောင်ထဲမှာ ကာလရှည်အသုံးပြုလာတဲ့ သစ်သားအပိုင်းအစတွေ အများကြီးရှိပါတယ်။ စဉ်းတီတုံး၊ တူ … အဲ့ဒီလိုအရာတွေပေါ့။ အခု ဒီသစ်သားဓားတွေကိုလည်း သန့်ရှင်းရေးသေချာလုပ်မယ်၊ ထက်မြက်နေအောင် သေချာသိမ်းဆည်းထားမယ်ဆိုရင် အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဓားနဲ့ပတ်သက်လို့ ဒီလိုမျိုး သစ်သားဓားအသုံးပြုတာက ပထမဆုံးမဟုတ်ပေမယ့် Teng Li နဲ့ အဖွဲ့သားတွေက သစ်သားဓားတွေကို ပုံမှန်ထက် (၂၃) ဆ ပိုမိုမာကျောအောင် နည်းလမ်းနှစ်ဆင့် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ သစ်သားထဲမှာ ဆယ်လူလို့စ်ပါဝင်မှု ပိုမိုများပြားအောင် လုပ်ဆောင်ခဲ့ရပြီး လိုအပ်တဲ့ အနေအထားရောက်မှသာ ဒီသစ်သားဓားကို အသုံးချနိုင်ပါလိမ့်မယ်။

ပုံမှန်အားဖြင့် သစ်သားတွေမှာ ဆယ်လူလို့စ်ပါဝင်မှုက (၅၀) ရာခိုင်နှုန်းသာရှိပြီး ဒီအရာက သစ်သားရဲ့ မာကျောမှုကို အထောက်အပံ့ပေးသလို အားပျော့တဲ့ မော်လီကျူးတွေလည်း ပါဝင်နေပါတယ်။ Teng Li ရဲ့ အဆင့်နှစ်ဆင့်မှာတော့ ပထမအဆင့်အနေနဲ့ အားပျော့တဲ့ မော်လီကျူးတွေကို ဖယ်ရှားပြီး ဒုတိယအဆင့်မှာတော့ ဆယ်လူလို့စ်ကို ဆက်လက်ထိန်းသိမ်းထားပြီး ပိုမိုများပြားလာအောင် ဖန်တီးတယ်လို့ သိရပါတယ်။

သုတေသနအဖွဲ့ဟာ ဒီလိုမျိုးသစ်သားဓားနဲ့တင် ရပ်တန့်မနေဘဲ သစ်သားနဲ့ပတ်သက်လို့ သံအစားထိုး သစ်သားချောင်းတွေကိုလည်း ပုံမှန်သံနဲ့ ပြုလုပ်ထားတဲ့သံချောင်းလေးတွေအတိုင်း မာကျောအောင် တီထွင်နိုင်ခဲ့ပါတယ်။ အခုသစ်သားဓားရဲ့ လုပ်ဆောင်နိုင်စွမ်းက အထင်ကြီးစရာဆိုပေမယ့် ထုတ်လုပ်ပုံနည်းစနစ်မှန်ကန်ဖို့က အလွန်အရေးကြီးတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဒီသစ်သားဓားတွေကိုလည်း ပလတ်စတစ်အစားထိုးအဖြစ် ရေရှည်အသုံးပြုနိုင်မယ့်အလားအလာရှိတယ်လို့ Teng Li တို့ အဖွဲ့က ပြောကြားခဲ့ပါသေးတယ်။

<Unicode Version>

 

#soshwetech

#ssohweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five − three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...