HomeTechတရုတ်နိုင်ငံမှာ နောက်ဆုံးကျန်ရစ်ခဲ့နိုင်တဲ့ အမေရိကန်နည်းပညာကုမ္ပဏီကြီး။

တရုတ်နိုင်ငံမှာ နောက်ဆုံးကျန်ရစ်ခဲ့နိုင်တဲ့ အမေရိကန်နည်းပညာကုမ္ပဏီကြီး။

- Advertisement -

တရုတ်နိုင်ငံအတွင်း နည်းပညာကုမ္ပဏီတွေနဲ့ပတ်သက်လာရင် တင်းကျပ်မှုတွေရှိနေပြီး အချို့ကတော့ ဒီအရာတွေအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ကုမ္ပဏီတော်တော်များများကတော့ တရုတ်နိုင်ငံကို ကျောခိုင်းခဲ့ကြပြီး နာမည်ကြီး မိုက်ခရိုဆော့ဖ်က တရုတ်နိုင်ငံမှာရှိတဲ့ LinkedIn ရုံးကို ပိတ်သိမ်းခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ တရုတ်အစိုးရရဲ့ တောင်းဆိုမှုတွေကို လိုက်လျောရတာက စိန်ခေါ်မှု ပိုမိုများပြားလာတာကြောင့်လည်း အခုလိုဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ Apple နဲ့ပတ်သက်လို့ တရုတ်နိုင်ငံအတွင်း ဆင်ဆာဖြတ်တောက်မှု ပြဿနာတွေရှိနေပြီး ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရ App Store က နာမည်ကျော်ဘာသာရေးဆိုင်ရာ အက်ပလီကေးရှင်းနှစ်ခုကို ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။

ဖယ်ရှားခံခဲ့ရတဲ့ အက်ပလီကေးရှင်းနှစ်ခုကတော့ Amazon ပိုင် Audible နဲ့ Yahoo Finance တို့ဖြစ်ပါတယ်။ Apple Censorship လို့ခေါ်တဲ့ App Store စောင့်ကြည့်ရေးအဖွဲ့ကတော့ ဒီလပိုင်းအတွင်းမှာ ဖယ်ရှားခံရတဲ့ အက်ပလီကေးရှင်းအရေအတွက်က ပိုမိုများပြားလာတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် Apple အနေနဲ့ တရုတ်နိုင်ငံမှာ နောက်ဆုံးအချိန်ထိ ဆက်ရှိနေနိုင်ဦးမယ့်အကြောင်းရင်းတွေ၊ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို Soshwe ရဲ့ ပရိသတ်တွေအတွက် ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

ကြီးမားတဲ့နည်းပညာဆိုင်ရာ ထိုးနှက်မှု။

ဘေဂျင်းရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိရှိဖို့က ခက်ခဲနေဆဲပါ။ ဒါပေမယ့် သိသာထင်ရှားတဲ့အချက်တွေအရ Apple နဲ့ မိုက်ခရိုဆော့ဖ်တို့ဟာ တရုတ်အစိုးရ၊ တရုတ်နည်းပညာနယ်ပယ်တို့နဲ့ ကာလရှည် တင်းမာမှုတွေ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Tencent ၊ Alibaba နဲ့ Huawei တို့ရှိနေသလို တရုတ်အစိုးရကလည်း သူတို့လက်ထဲက အာဏာတည်မြဲရေးအတွက် ပိုမိုစိုးရိမ်လာခဲ့ပါတယ်။

အင်အားကြီးမားလာတဲ့ နည်းပညာကုမ္ပဏီတွေကို တရုတ်တို့က ဂရုတစိုက်နဲ့ စောင့်ကြည့်လာခဲ့ပြီး Apple နဲ့ မိုက်ခရိုဆော့ဖ်တို့ကလည်း သူတို့အပေါ် အရင်နှစ်တွေထက် ပိုမိုတင်းမာမှုတွေရှိနေတယ်ဆိုတာကို နားလည်ထားတာကြောင့် ဂရုတစိုက်ဖြတ်သန်းနေတယ်လို့ The Great Firewall of China ရဲ့ စာရေးဆိုင်ရာ ဂျိမ်းစ်ဂရစ်ဖ်က ပြောကြားခဲ့ပါတယ်။

စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ DigiChina Project အယ်ဒီတာချုပ် ဂရေဟမ်ဝက်ဘ်စတာကလည်း “ကျွန်တော့်စိတ်ထင် မိုက်ခရိုဆော့ဖ်က LinkedIn ကို ပိတ်လိုက်တာက သူတို့အတွက် မထိုက်တန်ဘူးလို့ ယူဆတာကြောင့်ပါ” လို့ဆိုပါတယ်။ ၂၀၂၁ ၊ နိုဝင်ဘာ (၁) ရက်နေ့တုန်းက စတင်အသက်ဝင်ခဲ့တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးဥပဒေ (PIPL) ကြောင့် မိုက်ခရိုဆော့ဖ်အနေနဲ့ လိုက်နာစရာစည်းကမ်းတွေ ပိုမိုများပြားလာခဲ့ပြီး အဲ့ဒါကြောင့်လည်း ဒီလိုမျိုး ဆုံးဖြတ်ချက်ချမှတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

 

Apple ရဲ့ တရုတ်နိုင်ငံတွင်း ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုများ။

မိုက်ခရိုဆော့ဖ်နဲ့ Apple ယှဉ်လိုက်ရင် တရုတ်နိုင်ငံအတွင်း မတူကွဲပြားတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ Apple အနေနဲ့ ၂၀၂၁ ခုနှစ် နောက်ဆုံး (၃) လပတ်ကာလမှာ တရုတ်နဲ့ထိုင်ဝမ်မှာ အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံနီးပါးအထိ ထပ်မံရင်းနှီးမြှုပ်နှံခဲ့ပြီး ၄င်းတို့ရဲ့ကမ္ဘာလုံးဆိုင်ရာ ပစ္စည်းစျေးကွက်က တရုတ်ကုန်ထုတ်လုပ်မှုအပေါ်မှာ မူတည်နေပါတယ်။

- Advertisement -

တရုတ်နိုင်ငံမှာ Apple တို့ ကျဉ်းကျဉ်းကြပ်ကြပ် လှုပ်ရှားနေရပေမယ့် နိုင်ငံရဲ့စည်းကမ်းတွေအပေါ် မူတည်ပြီး လိုသလောက် အပြောင်းအလဲလုပ်သွားဖို့ လိုအပ်တယ်ဆိုတာကိုလည်း Apple က သိနားလည်ထားပါတယ်။ ဒါဆိုရင် Apple အနေနဲ့ တရုတ်မှာ App Store ကိုမေ့ထားပြီး Hardware သီးသန့်ပဲရောင်းချလို့ မရဘူးလားဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။

ဒါကတော့ Apple အတွက် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ Apple နဲ့ App Store က ဘယ်လိုမှကွဲခြားလို့မရဘဲ တကယ်လို့ အဲ့ဒီလိုခွဲခြားဖြစ်ခဲ့မယ်ဆိုရင်လည်း ဝင်ငွေက သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း Apple အနေနဲ့ တရုတ်အစိုးရနဲ့ အပေးအယူလုပ်ပြီး အဆင်ပြေသလို လှုပ်ရှားရပ်တည်နေတာမျိုးလည်း ဖြစ်ပါတယ်။ ဒါကိုတော့ “The Devil’s Bargain” လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြထားပါတယ်။

 

လျှို့ဝှက်မဟာဗျူဟာများ။

တရုတ်မှာရှိတဲ့ အခြားအမေရိကန်နည်းပညာကုမ္ပဏီတွေကတော့ အခြေအနေတွေကို မိုက်ခရိုဆော့ဖ်ထက် ပိုမိုစောလျင်စွာ သိခဲ့ကြပါတယ်။ (၂၀၁၀) ခုနှစ်တုန်းက တရုတ်ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကိုခံရအပြီး Google က ၄င်းတို့ရဲ့ Search Engine ကို တရုတ်နိုင်ငံအတွင်းက ဖယ်ထုတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မိုက်ခရိုဆော့ဖ်ရဲ့ နောက်ဆုံးလုပ်ရပ်က Apple ကို တရုတ်တို့အဓိကပစ်မှတ်ထားတော့မယ်လို့ ယူဆမှုတွေရှိပေမယ့် Apple ကတော့ တရုတ်နိုင်ငံအတွင်း ဆက်လက်ရပ်တည်နိုင်ဖို့ တိုက်ပွဲဝင်သွားဖွယ် ရှိပါတယ်။

Apple နဲ့ တရုတ်အစိုးရအကြား နောက်ကွယ်မှာ ဘယ်လိုမျိုးညှိနှိုင်းဆွေးနွေးမှုတွေရှိနေလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါပေမယ့်လည်း Apple အနေနဲ့ ၄င်းတို့ရောက်လေရာနိုင်ငံတိုင်းမှာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ စည်းမျဉ်းဥပဒေတွေကို အလေးထားတယ်လို့ ဆိုထားတာကြောင့် တရုတ်မှာ ဆက်ရှိနေဖို့အတွက် တရုတ်အစိုးရရဲ့ တောင်းဆိုချက်တွေ၊ တင်းကျပ်မှုတွေကိုလည်း ဆက်လက်လိုက်လျောပေးနေဦးမယ်လို့ ယူဆထားကြပါတယ်။

<Unicode Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...