HomeHealth & Beautyလမ်းလျှောက်ရင်းနဲ့ ကယ်လိုရီတွေ လောင်ကျွမ်းအောင် ဘယ်လိုလုပ်မလဲ?

လမ်းလျှောက်ရင်းနဲ့ ကယ်လိုရီတွေ လောင်ကျွမ်းအောင် ဘယ်လိုလုပ်မလဲ?

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်နေတဲ့ အချိန်တိုအတွင်းမှာ ပမာဏများတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းသွားပေမယ့် နှလုံးခုန်နှုန်းကိုတော့ မြင့်တက်လာစေပါတယ်။ လမ်းလျှောက်ခြင်းဖြင့် ကယ်လိုရီပမာဏကို သိသာလောက်တဲ့အထိ လျှော့ချချင်တယ်ဆိုရင်တော့ နှလုံးခုန်နှုန်း မြန်လာစေနိုင်တဲ့ လမ်းလျှောက်နှုန်း မြှင့်တင်ဖို့ လိုပါမယ်။ ဒါ့အပြင် အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက တစ်သက်တာ ကျန်းမာရေး ကောင်းမွန်နေစေဖို့ လမ်းလျှောက်ခြင်းကို ပြုလုပ်မယ်လို့ စဉ်းစားထားရင် ထိရောက်မှုရှိတဲ့ လမ်းလျှောက်ခြင်းဆိုင်ရာ နည်းလမ်းတွေကို လိုက်နာသင့်တယ်လို့ တင်ပြထားပါတယ်။

- Advertisement -

လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာဟာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း ခြေလှမ်း (၁ သောင်း) လျှောက်ပေးဖို့ အကြံပြုချက်တွေရှိပေမယ့် လမ်းလျှောက်ခြင်းအားဖြင့် ကယ်လိုရီဘယ်လောက် လောင်ကျွမ်းသွားမလဲ? အကြံပြုထားတဲ့ အဆင့်တွေထဲကနေ ဘယ်လောက် ရနိုင်မလဲ? လမ်းလျှောက်ရာမှာ ကယ်လိုရီဘယ်လောက် လောင်ကျွမ်းသွားမလဲဆိုတာကို ဖော်ပြပေးတဲ့ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားလို့ရတဲ့ ၊ ခန္ဓာကိုယ်ပေါ်မှာ သယ်ဆောင်သွားလို့ရတဲ့ တွက်ချက်ကိရိယာ အများအပြားရှိနေပါပြီ။ ဒါပေမယ့်လည်း ဒီကိရိယာတွေက တိကျမှန်ကန်စွာ မဖော်ပြနိုင်ဘူးဆိုတာ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ အမှန်တကယ်တော့ လူတွေဟာ လမ်းလျှောက်ရာကနေ အဆိုပါ ကိရိယာတွေက ဖော်ပြနေတဲ့ ပမာဏထက်ပိုတဲ့ ခန္ဓာကိုယ်အတွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းနေစေကြောင်းကို ဇီဝကမ္မဗေဒ ဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။

 

ကယ်လိုရီလောင်ကျွမ်းခြင်းနဲ့ ပတ်သက်တဲ့ အမှန်တရား။

- Advertisement -

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်နေတဲ့ အချိန်တိုအတွင်းမှာ ပမာဏများတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းသွားပေမယ့် နှလုံးခုန်နှုန်းကိုတော့ မြင့်တက်လာစေပါတယ်။ လမ်းလျှောက်ခြင်းဖြင့် ကယ်လိုရီပမာဏကို သိသာလောက်တဲ့အထိ လျှော့ချချင်တယ်ဆိုရင်တော့ နှလုံးခုန်နှုန်း မြန်လာစေနိုင်တဲ့ လမ်းလျှောက်နှုန်း မြှင့်တင်ဖို့ လိုပါမယ်။ ဒါ့အပြင် အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက တစ်သက်တာ ကျန်းမာရေး ကောင်းမွန်နေစေဖို့ လမ်းလျှောက်ခြင်းကို ပြုလုပ်မယ်လို့ စဉ်းစားထားရင် ထိရောက်မှုရှိတဲ့ လမ်းလျှောက်ခြင်းဆိုင်ရာ နည်းလမ်းတွေကို လိုက်နာသင့်တယ်လို့ တင်ပြထားပါတယ်။

- Advertisement -

 

နှလုံးခုန်နှုန်းနဲ့ ကိုယ့်ရဲ့ခံစားချက်ကို အာရုံစိုက်ပါ။

လမ်းလျှောက်ခြင်းဟာ မပြင်းထန်ဘဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဖြစ်တာမို့ လမ်းလျှောက်ခြင်းဖြင့် ကယ်လိုရီပမာဏကို သိသိသာသာ လျှော့ချချင်တယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ ပြင်းထန်နှုန်းထိရောက်အောင် လမ်းလျှောက်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်နှလုံးက လက်ခံနိုင်တဲ့ ပြင်းထန်မှုပမာဏအထိသာ လုပ်သင့်ပါတယ်။ အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီးတော့လည်း နှလုံးက လက်ခံနိုင်တဲ့ ပြင်းထန်မှုပမာဏဟာလည်း ပြောင်းလဲသွားနိုင်ပါတယ်။

ဥပမာ – အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ယောက် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်နေတဲ့အချိန်မှာ သူမရဲ့ နှလုံးခုန်နှုန်းဟာ (၁) မိနစ်မှာ ၁၁၀-၁၃၁ ကြားမှာသာ ရှိသင့်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းပြုလုပ်နေချိန်အတွင်းမှာ အသက်ရှုနှုန်း မြင့်တက်လာပေမယ့် စာကြောင်းအပြည့် စကားပြောနိုင်စွမ်းတော့ ရှိကိုရှိသင့်ပါတယ်။ လမ်းလျှောက်နေရင်း သင့်တော်တဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို ကျော်လွန်သွားပြီဆိုရင်တော့ လမ်းလျှောက်နှုန်းကို ပြန်လျှော့ချရပါမယ်။

 

အဆီလောင်ကျွမ်းခြင်းရဲ့ ထူးခြားချက်။

လမ်းလျှောက်ခြင်းဟာ အဆီလောင်ကျွမ်းခြင်းကို အထူးအကျိုးပြုတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်ဆိုတာမှာ အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ်။ လမ်းလျှောက်လေ့ကျင့်ခန်းရဲ့ သဘာဝအရ ပြင်းထန်မှုကို သိသိသာသာ မြှင့်တင်နိုင်ခြင်းမရှိတာကြောင့် လမ်းလျှောက်ပြီး အဆီလျှော့သူတွေအနေနဲ့ အလယ်အလတ် အဆင့်ထိသာ ရောက်ကြပါတယ်။ ဗိုက်အဆီကိုသာ လောင်ကျွမ်းစေတဲ့ “ အဆီလောင်ကျွမ်းစေသောဇုန်” ဆိုတာဟာ မှားယွင်းတဲ့ အချက်တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွင်းက အဆီပိုတွေကို လောင်ကျွမ်းစေဖို့ နှလုံးခုန်နှုန်းကို မြှင့်တင်နိုင်တဲ့ နည်းလမ်းတော့ ရှိပါတယ်။ နှလုံးခုန်နှုန်းကို ၅၇% ကနေ ၆၃% အတွင်း ထိန်းထားပြီး လမ်းလျှောက်တဲ့အခါ ခန္ဓာကိုယ်က အဆီကို ပိုသုံးလိုက်တာမို့ အဆီအတွင်းမှာရှိတဲ့ ကယ်လိုရီတွေကိုပါ လျှော့ချရာ ရောက်ပါတယ်။

 

- Advertisement -

လမ်းလျှောက်နှုန်းအပြင် လမ်းလျှောက်ပုံကလည်း အရေးကြီးခြင်း။

လမ်းလျှောက်တက်စ အရွယ်ကတည်းက လမ်းလျှောက်နည်းကို သင်ယူခဲ့ကြပေမယ့် အသက်ကြီးလာတဲ့အခါမှာ လမ်းလျှောက်ပုံအမှန်ကို မေ့လျော့သွးတတ်ကြပါတယ်။ ကလေးငယ်တွေလိုမျိုး လမ်းလျှောက်တဲ့အခါမှာ ခန္ဓာကိုယ်အပေါ်ပိုင်းက လက်တွေကို အရှေ့အနောက်လွှဲပြီး လှုပ်ရှားဖို့ပါ လိုအပ်ပါတယ်။ လမ်းလျှောက်နည်း မမှန်ဘူးဆိုရင် နာတာရှည် ခန္ဓာကိုယ်အစိတ်အပိုင်း နာကျင်မှုနဲ့ ဒဏ်ရာတွေ ရတတ်ပါတယ်။

ပုံစံမှန်တဲ့ လမ်းလျှောက်ပုံနဲ့သာ လမ်းလျှောက်လေ့ကျင့်ခန်းကို ပြုလုပ်မယ်ဆိုရင် ကယ်လိုရီတွေ လောင်ကျွမ်းသွားမယ့်အပြင် ခန္ဓာကိုယ်ကိုလည်း ပိုမိုကျန်းမာလာစေမှာ ဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ဘဝကို ထူထောင်ချင်တယ်ဆိုရင်တော့ လမ်းလျှောက်ခြင်းဟာ အထိရောက်ဆုံးသော လေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။

<Unicode Version>

 

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nineteen − twelve =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...