HomeHealth & Beautyဆေးလိပ်ဖြတ်ချင်သူတွေအတွက် E-cigarettes ကို အသုံးပြုခြင်းဟာ ထိရောက်မှုရှိရဲ့လား ? ? ?

ဆေးလိပ်ဖြတ်ချင်သူတွေအတွက် E-cigarettes ကို အသုံးပြုခြင်းဟာ ထိရောက်မှုရှိရဲ့လား ? ? ?

- Advertisement -

အမေရိကန်နိုင်ငံတွင် ဆေးလိပ်သောက်သူ ၁၃၀၀၀ နီးပါးကို သုတေသနပြု လေ့လာပြီးတဲ့အချိန်မှာ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်နိုင်ဖို့ E-cigarettes နဲ့ အခြားဆေးရွက်ကြီးထွက် ပစ္စည်းတွေ အသုံးပြုခြင်းဟာ ထိရောက်မှုမရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ UC San Diego ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းက မိသားစုကျန်းမာရေးနှင့် ပြည်သူ့ကျန်းမာရေး သုတေသနပါမောက္ခ John Pierce က “ဒါဟာ ဆေးလိပ်သောက်သူတွေအနေနဲ့ ဆေးလိပ်ဖြတ်ဖို့အတွက် ဆေးလိပ်နေရာမှာ E-cigarettes ကို အစားထိုးအသုံးပြုခြင်းက ထိရောက်မှု ရှိ/မရှိ ကို လေ့လာတဲ့ ပထမဦးဆုံး သုတေသနပြုလေ့လာမှုပဲ ဖြစ်ပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

Mr Pierce က “ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေဖို့ အရေးကြီးဆုံးအရာက ဆေးလိပ်ဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်နေရာမှာ E-cigarettes ကို အစားထိုးအသုံးပြုခြင်းက ဆေးလိပ်ဖြတ်နိုင်မှုကို အားနည်းသွားစေတာပါ။ ဒီစာတမ်းက “ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခြင်း” အပေါ် အခြေပြုထားတာ မဟုတ်ဘဲ ဆေးလိပ်မသောက်တော့တဲ့သူတွေဟာ ဆေးလိပ်နေရာမှာ နီကိုတင်းပါဝင်တဲ့ အခြားပစ္စည်းတွေကို ပြောင်းသုံးခြင်းရှိ/မရှိ အပေါ် အခြေပြုထားတာပါ။” ဟု လေ့လာမှုကြေညာချက်မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ပညာရှင်တွေအနေနဲ့ အဆိုပါလေ့လာမှုကို ပြုလုပ်ရာတွင် ဆေးလိပ်ဖြတ်ရာမှာ ကူညီပေးတဲ့ နီကိုတင်းအစားထိုးကုထုံးဖြစ်တဲ့ (NRT) အပေါ် အာရုံစိုက်ခဲ့ခြင်း မရှိပါဘူး။ NRT ကုထုံးမှာတော့ နီကိုတင်းပမာဏ အကန့်အသတ်ပါဝင်သော ကပ်ခွါတွေ ၊ ဂျယ်လီတွေနဲ့ ပူရှိန်းသကြားလုံးတွေ ပါဝင်ပါတယ်။

 

- Advertisement -

E-cigarettesကို ဆေးလိပ်ဖြတ်ရာမှာ အထောက်အကူဖြစ်စေမယ့်ပစ္စည်းအဖြစ် အသုံးပြုခြင်း။

- Advertisement -

ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းတွေရှာဖွေရင်း နီကိုတင်းကို အခြားနည်းလမ်းတစ်ခုနဲ့ အသုံးပြုလာကြပါတယ်။ E-cigarettes တွေဟာ အနံ့အရသာ၊ Propylene Glycol၊ Glycerin နဲ့ နီကိုတင်းတွေ ပါဝင်တဲ့ ‘E-juice လို့ခေါ်တဲ့ သန့်စင်တဲ့အရည်ကို အပူပေးပြီး အငွေ့ထုတ်လုပ်ပေးပါတယ်။

၂၀၁၇ ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်ထဲမှာတော့ E-cigarettes ဟာ ဆေးလိပ်ဖြတ်သူ ၅၀၀၀၀ မှ ၇၀၀၀၀ ကို ဆေးလိပ်ဖြတ်ဖို့ ကူညီပေးခဲ့တဲ့အရာအဖြစ် ဖော်ပြထားတာကြောင့် E-cigarettes အသုံးပြုမှုဟာ ဗြိတိန်ပြည်ထောင်စုမှာ အထူးရေပန်းစားလာခဲ့ပါတယ်။ Johns Hopkins ဆေးပညာဌာနက E-cigarettes ထဲမှာတော့ ဆေးလိပ်မှာပါဝင်တဲ့ အဆိပ်သင့် ဓါတုပစ္စည်း (၇၀၀၀) မပါဝင်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

ဒါပေမယ့် Vape ထဲက Juice မှာ ပါဝင်တဲ့ နီကိုတင်းဓာတ်အပြင် အခြားသောပါဝင်ပစ္စည်းတွေဟာ ရေရှည်ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေ ရှိလာနိုင်ကြောင်း သတိပေးချက်ကြောင့် အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာပါ E-cigarettes အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွါးစရာတွေ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ခွဲစိတ်ဆရာဝန်ချုပ်ရဲ့အဆိုအရ E-cigarettes ရဲ့ အခိုးအငွေ့များတွင် အဆုတ်ထဲ နက်ရှိုင်းစွာ ရှူသွင်းနိုင်တဲ့ ultrafine အမှုန်များ၊ နီကယ်၊ သံဖြူနဲ့ ခဲလိုမျိုး အဆုတ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်တဲ့ ဓာတုဒြပ်ပေါင်းများစွာ ပါဝင်နေပါတယ်။

ဒါ့အပြင် ဆယ်ကျော်သက်လူငယ်တွေရဲ့ E-cigarettes သုံးစွဲမှုနှုန်း မြင့်တက်လာချိန်မှာ ရိုးရာဆေးပေါ့လိပ်တွေ သောက်သုံးခြင်းဟာလည်း မြင့်တက်လာခဲ့ပါတယ်။ E-cigarettes သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးကို ဖော်ပြနေတဲ့ ဥပမာတစ်ခုကတော့ – တစ်နှစ်ကျော် E-cigarettes သောက်သုံးခဲ့တဲ့ အသက် (၁၈) နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦးရဲ့အဆုတ်ဟာ သက်တမ်းတစ်လျှောက် ဆေးလိပ်သောက်ခဲ့တဲ့ အသက် (၇၀) အရွယ် လူတစ်ယောက်ရဲ့ အဆုတ်နဲ့ ပုံသဏ္ဍာန် ဆင်တူနေခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက အမေရိကန်လူငယ်တွေကြားမှာ E-cigarettes သောက်သုံးခြင်းနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ အဆုတ်ရောဂါဖြစ်ပွါးမှု မြင့်တက်လာခြင်းဟာလည်း သတိပေးချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ အဆိုပါရောဂါကြောင့် အနည်းဆုံး (၆၈) ဦး သေဆုံးခဲ့ပြီး (၂,၈၀၇) ဦးထက်မနည်း အဆိုပါ ဝေဒနာကို ခံစားခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆိုပါ ရောဂါဝေဒနာကို “EVALI” (E-cigarette (သို့) အခိုးအငွေ့သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဆုတ်ဒဏ်ရာရခြင်း) လို့ ခေါ်တွင်ကြပါတယ်။ အဆိုပါရောဂါဟာ Vape Juice မှာပါဝင်တဲ့ စေးကပ်နေတဲ့ အဆီဓါတ်တွေဟာ အဆုတ်တစ်သျှူးတွေမှာ အချိန်အတော်ကြာ ခိုကပ်နေတာကြောင့် ဖြစ်ပေါ်လာတာပါ။

 

ဆေးလိပ်ဖြတ်ထားသူတွေထဲက ၈% က ဆေးလိပ်ပြန်သောက်နိုင်ချေရှိခြင်း။

ပြီးခဲ့တဲ့ရက်သတ္တပတ်အချို့က ထုတ်ဝေခဲ့တဲ့ JAMA Network Open ဂျာနယ်ရဲ့ လေ့လာမှုအသစ်မှာ ဆေးလိပ်ဖြတ်ထားသူတွေရဲ့ ကျန်းမာရေးအခြေအနေကို ခွဲခြမ်းစိတ်ဖြာ လေ့လာထားတဲ့ အချက်အလက်တွေကို ဖော်ပြထားပါတယ်။ အဆိုပါအချက်အလက်တွေကို မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာ အမျိုးသားအဖွဲ့အစည်းနဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းဆိုင်ရာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာနတို့က စုဆောင်းခဲ့ခြင်း ဖြစ်ပါတယ်။ လေ့လာမှုမှာတော့ ဆေးလိပ်သောက်သူတွေဟာ ဆေးရွက်ကြီးပါဝင်တဲ့ ပစ္စည်းတွေကို ဆေးလိပ်အစားထိုး အသုံးပြုပြီး ဆေးလိပ်ဖြတ်ခဲ့တာလားဆိုတာ အာရုံစိုက်လေ့လာခဲ့ကြပါတယ်။

- Advertisement -

Herbert Wertheim ပြည်သူ့ကျန်းမာရေးကျောင်းရှိ Biostatistics နဲ့ Bioinformatics ဌာနခွဲက အကြီးအကဲ အကြီးတန်းစာရေးဆရာ Karen Messer က “ဒီလေ့လာမှုရဲ့ ရည်ရွယ်ချက်က မကြာသေးခင်က E-cigarette (သို့) အခြားဆေးရွက်ကြီးထုတ်ကုန်တွေ ပြောင်းလဲသုံးစွဲခဲ့တဲ့ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်ဖူးတဲ့သူတွေထက် ဆေးလိပ်ပြန်သောက်ဖို့ အလားအလာ ပိုနည်းသလားဆိုတာကို အကဲဖြတ်နိုင်ဖို့ပါ။” လို့ ဆိုခဲ့ပါတယ်။

လေ့လာစစ်ဆေးချက်မှာ ဆေးလိပ်သောက်သူ ၅၀% က ဆေးလိပ်ကို ဖြတ်နိုင်ခဲ့ကြပေမယ့် E-cigarette နဲ့ အခြားဆေးရွက်ကြီး ထုတ်ကုန်တွေကို ပြောင်းသုံးခဲ့တဲ့ ၄၁.၅% ကသာ ဆေးလိပ်ကို အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ Mr Pierce က “ဆေးလိပ်နေရာမှာ ဆေးရွက်ကြီးထုတ်ကုန်တွေကို အသုံးပြုနေသူတွေကတော့ ဆေးလိပ်ပြန်သောက်နိုင်ချေ များပါတယ်။ ဒါပေမယ့် E-cigarettes ကို ပြောင်းသုံးခြင်းက ဆေးလိပ်ဖြတ်ရာမှာ ကူညီပေးနိုင်တဲ့ နည်းလမ်းဖြစ်မယ်ဆိုရင်တော့ E-cigarettes သောက်သူတွေဟာ ဆေးလိပ်ပြန်သောက်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အထောက်အထားတွေ မတွေ့သေးတာမို့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေ ထပ်လုပ်ဖို့ လိုအပ်ပါတယ်။” လို့ ဆိုထားပါသေးတယ်။

ဆက်လက်ပြီးတော့ Mr Pierce က “E-cigarettes ကို အစားထိုးအသုံးပြုသူတွေအနေနဲ့ ဆေးလိပ်သောက်ခြင်းကို ဖြတ်တောက်နိုင်ဖို့ဆိုရင်တော့ ဆေးလိပ်ကို လုံးဝမသောက်တော့ဖို့ လိုပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ သုတေသနပညာရှင်တွေက ဆေးလိပ်သောက်သူတွေဟာ ဒီအဆင့်ကို မကျော်ဖြတ်နိုင်သေးတာကို တွေ့နေရပါတယ်။” လို့ ဆိုပါတယ်။

 

ဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီး ဆေးလိပ်ကို အောင်မြင်စွာ ဖြတ်နိုင်မလဲ?

သတင်းကောင်းကတော့ ဆေးလိပ်သောက်သူတွေထဲမှာ အောင်မြင်စွာ ဆေးလိပ်ဖြတ်နိုင်သူတွေ ရှိခဲ့တယ်ဆိုတာပါပဲ။ အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ဆေးလိပ်သောက်သူ ဦးရေဟာ လက်ရှိဆေးလိပ်သောက်သူဦးရေထက် ပိုများခဲ့ပါတယ်။ ရောဂါထိန်းသိမ်းကာကွယ်ရေးစင်တာက ဆေးလိပ်ဖြတ်ချင်သူတွေကို ကုထုံးတွေ ၊ သောက်ဆေးတွေနဲ့ လူမှုထောက်ပံ့ရေးနည်းလမ်းတွေကို အသုံးပြုပြီး ကူညီခဲ့ပါတယ်။

Soshwe စာဖတ်ပရိသတ်ကြီးထဲမှာ လက်ရှိဆေးလိပ်သောက်နေပြီး ဆေးလိပ်ဖြတ်ချင်ပေမယ့် အခက်တွေ့နေသူတွေရှိရင် American Lung Association ရဲ့ ဆေးလိပ်ဖြတ်တောက်ရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ဖော်ပြထားပေးတဲ့ Official Website https://www.lung.org/quit-smoking/join-freedom-from-smoking ထဲ ဝင်ကြည့်ဖို့ အကြံပြုလိုက်ရပါတယ်။

<Unicode Version>

 

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − 12 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...