ကမ္ဘာကျော်ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာရဲ့ အစောပိုင်းကာလ နှလုံးသားရေးရာက တည်ငြိမ်မှု ကင်းမဲ့ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သူက မိသားစုတစ်ခုကို ကောင်းကောင်းဦးဆောင်နေပြီလို့ ဆိုနိုင်ပါတယ်။ ဂျက်စတင်ဘီဘာနဲ့ Hailey Baldwin တို့အကြား ချစ်နှောင်ကြိုးက အချိန်ကြာလာတာနဲ့အမျှ ပိုမိုခိုင်မြဲလာခဲ့ပြီး လက်ရှိအချိန်မှာလည်း ဂျက်စတင်ဘီဘာက သူတို့နှစ်ယောက်ကြား ရင်သွေးရယူဖို့ ဆန္ဒရှိနေပါတယ်။
Amazon Studio ကရိုက်ကူးဖြန့်ချိတဲ့ ဂျက်စတင်ဘီဘာရဲ့ Our World ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ အသက် (၂၇) နှစ်အရွယ် ဂျက်စတင်ဘီဘာက အသက် (၂၄) နှစ်အရွယ် Hailey ကို ကလေးယူဖို့အတွက် ပြောကြားခဲ့ပါတယ်။ “(၂၀၂၂) ခုနှစ်အတွက် ကျွန်တော့်ရည်မှန်းချက်က လက်ရှိအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ဒီလိုမျိုး အကောင်အထည်ဖော်နေတဲ့ အတောအတွင်းမှာ ပျော်စရာတွေ ဖန်တီးသွားဖို့ပါ” “မိသားစုက ပထမဦးစားပေးဖြစ်ပြီး ရင်သွေးလေးတစ်ယောက်ရဖို့လည်း မျှော်လင့်ပါတယ်” လို့ ဂျက်စတင်ဘီဘာက Hailey ကို (၂၀၂၀) နှစ်သစ်ကူးညနေခင်းမှာ ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံးက အရင်တည်းက ကလေးချစ်တတ်ပြီး ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာလည်း Hailey က “ကျွန်မ ကလေးတွေကိုချစ်တတ်ပြီး ကိုယ့်ရင်သွေးလေးကို ရလာဖို့ မစောင့်နိုင်တော့ပါဘူး။ မကြာခင် လက်တွေ့အကောင်အထည်ပေါ်လာမယ်ထင်ပါတယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ Hailey ဟာရင်သွေးတွေအတွက် နာမည်ကိုတောင် ကြိုတင်စဉ်းစားပြီးပြီလို့ဆိုခဲ့ပြီး ဂျက်စတင်ဘီဘာကလည်း မွေးတောင်မမွေးလာသေးတဲ့ သူ့သမီးနဲ့အတူ ပျော်စရာအချိန်တွေ ကုန်ဆုံးဖို့ စောင့်နေတယ်ဆိုတဲ့အကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
(၂၀၁၉) ခုနှစ် ဇူလိုင်လတုန်းက ဂျက်စတင်ဘီဘာတစ်ယောက် “ကလေးယူဖို့အတွက် ငါအရမ်းမလောပါဘူး။ မင်းကိုလည်း ပျော်အောင်နေစေချင်ပါတယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ (၂၀၂၀) ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဂျက်စတင်ဘီဘာက “ကျွန်တော့်ကိုယ်ပိုင် မိသားစုတစ်ခုကို အစပြုချင်ပါပြီ။ လက်ထပ်ပြီးတဲ့နောက်မှာ ခရီးတွေသွားမယ်၊ ကျွန်တော်တို့ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ကြပါမယ်” လို့ ဆိုပါတယ်။
နောက်ဆုံးအနေနဲ့ ၂၀၂၁ ခုနှစ် မတ်လမှာတော့ ဂျက်စတင်ဘီဘာက ဟာသလုပ်ခဲ့ပြီး “ကျွန်တော်ကတော့ Hailey မွေးနိုင်သလောက် မွေးစေချင်တာပဲ။ ကျွန်တော့်အနေနဲ့ ကိုယ့်မျိုးဆက်လေးကို ချစ်ရမှာပေါ့။ ဒါပေမယ့် ဒါက သူ့ခန္ဓာကိုယ်ပဲလေ။ ကျွန်တော်ထင်ပါတယ်။ သူလည်း ကလေးလိုချင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဂျက်စတင်ဘီဘာနဲ့ Hailey တို့အကြား မကြာခင်မှာပဲ သတင်းကောင်းကြားရတော့မလားဆိုတာ ပရိသတ်တွေကတော့ ကြိုတင်ရင်ခုန်နေပြီလည်းဖြစ်ပါတယ်။
<Unicode Version>
မိသားစုဝင္အသစ္ကို ေမၽွာ္လင့္ေနၿပီျဖစ္တဲ့ ဂ်က္စတင္ဘီဘာ။
ကမၻာေက်ာ္ေပါ့ပ္အဆိုေတာ္ ဂ်က္စတင္ဘီဘာရဲ႕ အေစာပိုင္းကာလ ႏွလုံးသားေရးရာက တည္ၿငိမ္မႈ ကင္းမဲ့ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ သူက မိသားစုတစ္ခုကို ေကာင္းေကာင္းဦးေဆာင္ေနၿပီလို႔ ဆိုနိုင္ပါတယ္။ ဂ်က္စတင္ဘီဘာနဲ႔ Hailey Baldwin တို႔အၾကား ခ်စ္ေႏွာင္ႀကိဳးက အခ်ိန္ၾကာလာတာနဲ႔အမၽွ ပိုမိုခိုင္ျမဲလာခဲ့ၿပီး လက္ရွိအခ်ိန္မွာလည္း ဂ်က္စတင္ဘီဘာက သူတို႔ႏွစ္ေယာက္ၾကား ရင္ေသြးရယူဖို႔ ဆႏၵရွိေနပါတယ္။
Amazon Studio ကရိုက္ကူးျဖန္႔ခ်ိတဲ့ ဂ်က္စတင္ဘီဘာရဲ႕ Our World ဆိုတဲ့ မွတ္တမ္း႐ုပ္ရွင္ထဲက ဇာတ္ဝင္ခန္းတစ္ခုမွာ အသက္ (၂၇) ႏွစ္အရြယ္ ဂ်က္စတင္ဘီဘာက အသက္ (၂၄) ႏွစ္အရြယ္ Hailey ကို ကေလးယူဖို႔အတြက္ ေျပာၾကားခဲ့ပါတယ္။ “(၂၀၂၂) ခုႏွစ္အတြက္ ကၽြန္ေတာ့္ရည္မွန္းခ်က္က လက္ရွိအိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔နဲ႔ ဒီလိုမ်ိဳး အေကာင္အထည္ေဖာ္ေနတဲ့ အေတာအတြင္းမွာ ေပ်ာ္စရာေတြ ဖန္တီးသြားဖို႔ပါ” “မိသားစုက ပထမဦးစားေပးျဖစ္ၿပီး ရင္ေသြးေလးတစ္ေယာက္ရဖို႔လည္း ေမၽွာ္လင့္ပါတယ္” လို႔ ဂ်က္စတင္ဘီဘာက Hailey ကို (၂၀၂၀) ႏွစ္သစ္ကူးညေနခင္းမွာ ေျပာၾကားခဲ့ပါတယ္။
သူတို႔ႏွစ္ေယာက္လုံးက အရင္တည္းက ကေလးခ်စ္တတ္ၿပီး ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာလည္း Hailey က “ကၽြန္မ ကေလးေတြကို ခ်စ္တတ္ၿပီး ကိုယ့္ရင္ေသြးေလးကို ရလာဖို႔ မေစာင့္နိုင္ေတာ့ပါဘူး။ မၾကာခင္ လက္ေတြ႕အေကာင္အထည္ေပၚလာမယ္ထင္ပါတယ္” လို႔ ေျပာၾကားခဲ့ဖူးပါတယ္။ Hailey ဟာရင္ေသြးေတြအတြက္ နာမည္ကိုေတာင္ ႀကိဳတင္စဥ္းစားၿပီးၿပီလို႔ဆိုခဲ့ၿပီး ဂ်က္စတင္ဘီဘာကလည္း ေမြးေတာင္မေမြးလာေသးတဲ့ သူ႕သမီးနဲ႔အတူ ေပ်ာ္စရာအခ်ိန္ေတြ ကုန္ဆုံးဖို႔ ေစာင့္ေနတယ္ဆိုတဲ့အေၾကာင္း ဖြင့္ဟခဲ့ဖူးပါတယ္။
(၂၀၁၉) ခုႏွစ္ ဇူလိုင္လတုန္းက ဂ်က္စတင္ဘီဘာတစ္ေယာက္ “ကေလးယူဖို႔အတြက္ ငါအရမ္းမေလာပါဘူး။ မင္းကိုလည္း ေပ်ာ္ေအာင္ေနေစခ်င္ပါတယ္” လို႔ ေျပာၾကားခဲ့ဖူးပါတယ္။ (၂၀၂၀) ခုႏွစ္ ေဖေဖာ္ဝါရီလမွာေတာ့ ဂ်က္စတင္ဘီဘာက “ကၽြန္ေတာ့္ကိုယ္ပိုင္ မိသားစုတစ္ခုကို အစျပဳခ်င္ပါၿပီ။ လက္ထပ္ၿပီးတဲ့ေနာက္မွာ ခရီးေတြသြားမယ္၊ ကၽြန္ေတာ္တို႔ဆက္ဆံေရးကို ပိုမိုခိုင္ျမဲေအာင္ တည္ေဆာက္ၾကပါမယ္” လို႔ ဆိုပါတယ္။
ေနာက္ဆုံးအေနနဲ႔ ၂၀၂၁ ခုႏွစ္ မတ္လမွာေတာ့ ဂ်က္စတင္ဘီဘာက ဟာသလုပ္ခဲ့ၿပီး “ကၽြန္ေတာ္ကေတာ့ Hailey ေမြးနိုင္သေလာက္ ေမြးေစခ်င္တာပဲ။ ကၽြန္ေတာ့္အေနနဲ႔ ကိုယ့္မ်ိဳးဆက္ေလးကို ခ်စ္ရမွာေပါ့။ ဒါေပမယ့္ ဒါက သူ႕ခႏၶာကိုယ္ပဲေလ။ ကၽြန္ေတာ္ထင္ပါတယ္။ သူလည္း ကေလးလိုခ်င္မွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။
အဲ့ဒါေၾကာင့္လည္း ဂ်က္စတင္ဘီဘာနဲ႔ Hailey တို႔အၾကား မၾကာခင္မွာပဲ သတင္းေကာင္းၾကားရေတာ့မလားဆိုတာ ပရိသတ္ေတြကေတာ့ ႀကိဳတင္ရင္ခုန္ေနၿပီလည္းျဖစ္ပါတယ္။
<Zawgyi Version>
#soshweentertainment
#soshweforyourdailylife
#likeandshare