Breaking News

ငွေကြေးချမ်းသားမှုနဲ့ပတ်သက်လို့ မိသားစုဝင်တွေကို သတ်မှတ်ချက်ကိုယ်စီထားကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ။

နာမည်ကျော်အနုပညာရှင်တွေဟာ ၄င်းတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ပတ်သက်လို့ အမျိုးမျိုးအဖုံဖုံ စီမံခန့်ခွဲလေ့ ရှိပါတယ်။ ဒီအထဲမှာမှ မိဘတွေအတွက် လိုအပ်ချက်တွေ ဝယ်ယူဖြည့်ဆည်းပေးတာမျိုးတွေရှိပေမယ့် သားသမီးတွေအတွက်ကိုတော့ ထူးထူးဆန်းဆန်း သတ်မှတ်ထားတာမျိုးတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ချမ်းသာကြွယ်ဝမှုတွေကို မိဘ၊ သားသမီးတွေအတွက် ထူးထူးဆန်းဆန်းအသုံးချခဲ့တဲ့ နာမည်ကျော်အနုပညာရှင်တွေအကြောင်းကို Soshwe ရဲ့ ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။

 

၁။ Rihanna

Rihanna ဟာ အမေဖြစ်သူအတွက် ဘာဘေးဒိုးစ်မှာရှိတဲ့ ရဲတိုက်တစ်လုံးကို အမေရိကန်ဒေါ်လာ (၂) သန်းနဲ့ ဝယ်ယူပြီး လက်ဆောင်ပေးခဲ့တဲ့အကြောင်းကို (၂၀၁၂) ခုနှစ် မှာ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

 

၂။ Daniel Craig

ဂျိမ်းစ်ဘွန်းမင်းသားတစ်ယောက်ဖြစ်တဲ့ Daniel Craig ဟာ လက်ရှိကြွယ်ဝချမ်းသာမှုတွေကို သူ့သမီးဖြစ်သူတွေအတွက် အမွေပေးခဲ့မှာမဟုတ်ဘဲ ဒီအရာတွေက မုန်းတီးစရာကောင်းတယ်လို့ စဉ်းစားထားသူတစ်ဦး ဖြစ်ပါတယ်။

 

၃။ Chris Hemsworth

ကမ္ဘာကျော်မင်းသားကြီး Chris Hemsworth ကလည်း သြစတြေးလျမှာ သူ့မိဘတွေနေထိုင်ဖို့အိမ်ကို ပြန်လည်ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

 

၄။ Sting

Sting ကလည်း သားသမီး (၆) ယောက်အတွက် အမွေအများကြီး ချန်ထားခဲ့မှာမဟုတ်ဘဲ ဒါဟာ သူတို့တွေကို ကိုယ့်အားကိုယ်ကိုးပြီး အလုပ်ကြိုးစားစေချင်တာကြောင့်လို့ဆိုပါတယ်။

 

၅။ Cardi B

Cardi B ဟာ သူမရဲ့ငယ်ဘဝအိပ်မက်တစ်ခုဖြစ်တဲ့ မိခင်အတွက်အိမ်ဝယ်ပေးရေး ရည်ရွယ်ချက်ကို ပြီးခဲ့တဲ့ (၂၀၁၈) မှာ ပြည့်မြောက်အောင်မြင်ခဲ့ပါတယ်။

 

၆။ Gordon Ramsay

ဗြိတိန်နာမည်ကျော်စားဖိုမှူးတစ်ဦးဖြစ်တဲ့ Gordon ကလည်း သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ကလေး (၅) ယောက်လုံးဆီ အမွေပေးခဲ့မှာမဟုတ်ဘဲ သူတို့နေထိုင်မယ့်တိုက်ခန်းအတွက် တန်ဖိုးရဲ့ (၂၅) ရာခိုင်နှုန်းကိုသာ ထုတ်ပေးသွားမယ်လို့ သိရှိရပါတယ်။

 

၇။ Tyrese Gibson

သူကတော့ ခရစ္စမတ်လက်ဆောင်အဖြစ် အသက် (၈) နှစ်အရွယ် သမီးလေးကို ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ပြီးခဲ့တဲ့ (၂၀၁၅) မှာ ဝယ်ယူပေးခဲ့တယ်လို့ သိရှိရပါတယ်။

 

၈။ Mila Kunis နဲ့ Ashton Kutcher

သူတို့အတွဲကလည်း ကလေးနှစ်ယောက်အတွက် ဘာခရစ္စမတ်လက်ဆောင်ကိုမှ မပေးဘူးဆိုတဲ့ စည်းမျဉ်းသတ်မှတ်ထားပြီး Ashton ဆိုရင် သားသမီးတွေအတွက် အမွေတွေချန်ခဲ့မှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

 

၉။ The Rock

နာမည်ကျော်အနုပညာရှင်ကြီး The Rock ကတော့ သူ့ရဲ့အဖေနဲ့အမေအတွက် အိမ်အသစ်၊ ကားအသစ်တွေကို ဝယ်ပေးခဲ့ပြီး ဒီကြည်နူးဖွယ်မြင်ကွင်းကိုလည်း အင်စတာဂရမ်ကတစ်ဆင့် ပရိသတ်တွေဆီ မျှဝေခဲ့ပါသေးတယ်။

 

၁၀။ Sir Elton John

သားနှစ်ယောက်အတွက် စိတ်ချရတဲ့ဘဏ္ဍာရေးအခြေအနေတစ်ခု စီစဉ်ပေးထားမယ်လို့ဆိုထားပေမယ့် သူတို့အတွက် ပမာဏအရမ်းများပြားတဲ့ အမွေတွေ ချန်ထားရစ်ခဲ့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။

 

၁၁။ Zayn Malik

Zayn ကလည်း ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်က မွေးရပ်မြေ ဘရတ်ဖို့ဒ်ဒေသက နေရာကောင်းတစ်ခုမှာ သူ့မိခင်အတွက် အိမ်အသစ်တစ်လုံး လက်ဆောင်ပေးခဲ့ပါတယ်။

 

၁၂။ Anderson Cooper

Anderson Cooper ကလည်း သားဖြစ်သူရဲ့ ကျောင်းစရိတ်အတွက် အကုန်ကျခံပေးမယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့်လမ်းကိုယ်လျှောက်ရမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

 

၁၃။ John Boyega

ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်တုန်းက The Star Wars သရုပ်ဆောင် Boyega ဟာ သူ့ရဲ့မိဘတွေအတွက် အိမ်တစ်လုံးနဲ့ Jaguar ကားအမျိုးအစားသစ်ကို ဝယ်ယူပေးခဲ့ပြီး မိဘတွေအံ့အားသင့်နေတဲ့ဗီဒီယိုကိုလည်း အင်စတာဂရမ်ကတစ်ဆင့် ပရိသတ်တွေဆီ မျှဝေခဲ့ပါတယ်။

 

၁၄။ Andrew Lloyd Webber

Andrew ကလည်း သူ့ရဲ့ကလေး (၅) ယောက်အတွက် အမွေအများကြီးပေးခဲ့မှာမဟုတ်ဘဲ အမွေဆက်ခံခြင်းဆိုတဲ့ကိစ္စကိုလည်း အယုံအကြည်မရှိဘူးလို့ သိရှိရပါတယ်။

 

၁၅။ Taylor Swift

ပြီးခဲ့တဲ့ (၂၀၁၁) ခုနှစ်တုန်းက Taylor Swift က သူ့မိဘတွေအတွက် အမေရိကန်ဒေါ်လာ (၂.၅) သန်းတန် အိမ်တစ်လုံးဝယ်ပေးခဲ့ပြီး အဆိုပါနေရာက Keith Urban နဲ့ Nicole Kidman တို့အတွဲနဲ့ အရမ်းမဝေးတဲ့နေရာမှာရှိတယ်လို့လည်း သိရပါတယ်။

 

၁၆။ Simon Cowell

သူကလည်း ကလေးတွေအတွက် အမွေပေးခဲ့မှာမဟုတ်ဘူးလို့ သိရပြီး ပရဟိတလုပ်ငန်းတွေ၊ မိဘမဲ့ကျောင်းတွေနဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးနေရာတွေမှာ သူ့ပိုင်ဆိုင်မှုတွေကို လှူဒါန်းခဲ့မယ်လို့ သိရပါတယ်။

 

၁၇။ Niall Horan

သူကလည်း အသက် (၁၉) နှစ်အရွယ်မှာတင် အမေဖြစ်သူ ပေါင်နှံထားတဲ့အရာတွေအတွက် ငွေပေးရွေးခဲ့တဲ့အပြင် ကားအသစ်တစ်စီးလည်း ဝယ်ပေးခဲ့ပါတယ်။ အဖေဖြစ်သူကိုလည်း ငွေကြေးလက်ခံဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဖခင်ဖြစ်သူကတော့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

 

၁၈။ George Lucas

George ကလည်း သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို ပညာရေးတိုးတက်ဖို့အတွက် ရည်ရွယ်လှူဒါန်းခဲ့မှာဖြစ်ပြီး ဒါကသာ လူသားတွေရဲ့ ရှင်သန်ရေးအတွက် အဓိကသော့ချက်ဖြစ်တယ်လို့ ယူဆထားပါတယ်။

 

၁၉။ Travis Scott

Scott ကလည်း သူ့မိဘတွေအတွက် အိမ်အသစ်တစ်လုံးကို (၂၀၁၆) ခရစ္စမတ်မှာ လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ သူတို့မိသားစုဟာ တစ်ချိန်တုန်းက ရိုးရိုးကြမ်းပြင်ပေါ်မှာသာ အိပ်ခဲ့ရပြီး အခုချိန်မှာတော့ ပြောင်းလဲနိုင်ခဲ့ပြီဆိုတဲ့အကြောင်းကို တွစ်တာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

<Unicode Version>

 

 

ေငြေၾကးခ်မ္းသားမႈနဲ႕ပတ္သက္လို႕ မိသားစုဝင္ေတြကို သတ္မွတ္ခ်က္ကိုယ္စီထားၾကတ့ဲ ကမာၻေက်ာ္အႏုပညာရွင္မ်ား။

 

နာမည္ေက်ာ္အႏုပညာရွင္ေတြဟာ ၄င္းတို႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈေတြနဲ႔ပတ္သက္လို႔ အမ်ိဳးမ်ိဳးအဖုံဖုံ စီမံခန္႔ခြဲေလ့ ရွိပါတယ္။ ဒီအထဲမွာမွ မိဘေတြအတြက္ လိုအပ္ခ်က္ေတြ ဝယ္ယူျဖည့္ဆည္းေပးတာမ်ိဳးေတြရွိေပမယ့္ သားသမီးေတြအတြက္ကိုေတာ့ ထူးထူးဆန္းဆန္း သတ္မွတ္ထားတာမ်ိဳးေတြ ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီေန႔မွာေတာ့ ခ်မ္းသာႂကြယ္ဝမႈေတြကို မိဘ၊ သားသမီးေတြအတြက္ ထူးထူးဆန္းဆန္းအသုံးခ်ခဲ့တဲ့ နာမည္ေက်ာ္အႏုပညာရွင္ေတြအေၾကာင္းကို Soshwe ရဲ႕ ပရိသတ္ေတြအတြက္ မၽွေဝေပးခ်င္ပါတယ္။

 

၁။ Rihanna

Rihanna ဟာ အေမျဖစ္သူအတြက္ ဘာေဘးဒိုးစ္မွာရွိတဲ့ ရဲတိုက္တစ္လုံးကို အေမရိကန္ေဒၚလာ (၂) သန္းနဲ႔ ဝယ္ယူၿပီး လက္ေဆာင္ေပးခဲ့တဲ့အေၾကာင္းကို (၂၀၁၂) ခုႏွစ္ မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။

 

၂။ Daniel Craig

ဂ်ိမ္းစ္ဘြန္းမင္းသားတစ္ေယာက္ျဖစ္တဲ့ Daniel Craig ဟာ လက္ရွိႂကြယ္ဝခ်မ္းသာမႈေတြကို သူ႕သမီးျဖစ္သူေတြအတြက္ အေမြေပးခဲ့မွာမဟုတ္ဘဲ ဒီအရာေတြက မုန္းတီးစရာေကာင္းတယ္လို႔ စဥ္းစားထားသူတစ္ဦး ျဖစ္ပါတယ္။

 

၃။ Chris Hemsworth

ကမာၻေက်ာ္မင္းသားႀကီး Chris Hemsworth ကလည္း ၾသစေၾတးလ်မွာ သူ႕မိဘေတြေနထိုင္ဖို႔အိမ္ကို ျပန္လည္ဝယ္ယူေပးခဲ့တယ္လို႔ သိရပါတယ္။

 

၄။ Sting

Sting ကလည္း သားသမီး (၆) ေယာက္အတြက္ အေမြအမ်ားႀကီး ခ်န္ထားခဲ့မွာမဟုတ္ဘဲ ဒါဟာ သူတို႔ေတြကို ကိုယ့္အားကိုယ္ကိုးၿပီး အလုပ္ႀကိဳးစားေစခ်င္တာေၾကာင့္လို႔ဆိုပါတယ္။

 

၅။ Cardi B

Cardi B ဟာ သူမရဲ႕ငယ္ဘဝအိပ္မက္တစ္ခုျဖစ္တဲ့ မိခင္အတြက္အိမ္ဝယ္ေပးေရး ရည္ရြယ္ခ်က္ကို ၿပီးခဲ့တဲ့ (၂၀၁၈) မွာ ျပည့္ေျမာက္ေအာင္ျမင္ခဲ့ပါတယ္။

 

၆။ Gordon Ramsay

ၿဗိတိန္နာမည္ေက်ာ္စားဖိုမႉးတစ္ဦးျဖစ္တဲ့ Gordon ကလည္း သူ႕ရဲ႕ပိုင္ဆိုင္မႈေတြအားလုံးကို ကေလး (၅) ေယာက္လုံးဆီ အေမြေပးခဲ့မွာမဟုတ္ဘဲ သူတို႔ေနထိုင္မယ့္တိုက္ခန္းအတြက္ တန္ဖိုးရဲ႕ (၂၅) ရာခိုင္ႏႈန္းကိုသာ ထုတ္ေပးသြားမယ္လို႔ သိရွိရပါတယ္။

 

၇။ Tyrese Gibson

သူကေတာ့ ခရစၥမတ္လက္ေဆာင္အျဖစ္ အသက္ (၈) ႏွစ္အရြယ္ သမီးေလးကို ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္း ၿပီးခဲ့တဲ့ (၂၀၁၅) မွာ ဝယ္ယူေပးခဲ့တယ္လို႔ သိရွိရပါတယ္။

 

၈။ Mila Kunis နဲ႔ Ashton Kutcher

သူတို႔အတြဲကလည္း ကေလးႏွစ္ေယာက္အတြက္ ဘာခရစၥမတ္လက္ေဆာင္ကိုမွ မေပးဘူးဆိုတဲ့ စည္းမ်ဥ္းသတ္မွတ္ထားၿပီး Ashton ဆိုရင္ သားသမီးေတြအတြက္ အေမြေတြခ်န္ခဲ့မွာမဟုတ္ဘူးလို႔လည္း ဆိုထားပါတယ္။

 

၉။ The Rock

နာမည္ေက်ာ္အႏုပညာရွင္ႀကီး The Rock ကေတာ့ သူ႕ရဲ႕အေဖနဲ႔အေမအတြက္ အိမ္အသစ္၊ ကားအသစ္ေတြကို ဝယ္ေပးခဲ့ၿပီး ဒီၾကည္ႏူးဖြယ္ျမင္ကြင္းကိုလည္း အင္စတာဂရမ္ကတစ္ဆင့္ ပရိသတ္ေတြဆီ မၽွေဝခဲ့ပါေသးတယ္။

 

၁၀။ Sir Elton John

သားႏွစ္ေယာက္အတြက္ စိတ္ခ်ရတဲ့ဘ႑ာေရးအေျခအေနတစ္ခု စီစဥ္ေပးထားမယ္လို႔ဆိုထားေပမယ့္ သူတို႔အတြက္ ပမာဏအရမ္းမ်ားျပားတဲ့ အေမြေတြ ခ်န္ထားရစ္ခဲ့မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ဖူးပါတယ္။

 

၁၁။ Zayn Malik

Zayn ကလည္း ၿပီးခဲ့တဲ့ (၂၀၁၆) ခုႏွစ္က ေမြးရပ္ေျမ ဘရတ္ဖို႔ဒ္ေဒသက ေနရာေကာင္းတစ္ခုမွာ သူ႕မိခင္အတြက္ အိမ္အသစ္တစ္လုံး လက္ေဆာင္ေပးခဲ့ပါတယ္။

 

၁၂။ Anderson Cooper

Anderson Cooper ကလည္း သားျဖစ္သူရဲ႕ ေက်ာင္းစရိတ္အတြက္ အကုန္က်ခံေပးမယ္ဆိုေပမယ့္ ေနာက္ပိုင္းမွာေတာ့ ကိုယ့္လမ္းကိုယ္ေလၽွာက္ရမွာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။

 

၁၃။ John Boyega

ၿပီးခဲ့တဲ့ (၂၀၁၇) ခုႏွစ္တုန္းက The Star Wars သ႐ုပ္ေဆာင္ Boyega ဟာ သူ႕ရဲ႕မိဘေတြအတြက္ အိမ္တစ္လုံးနဲ႔ Jaguar ကားအမ်ိဳးအစားသစ္ကို ဝယ္ယူေပးခဲ့ၿပီး မိဘေတြအံ့အားသင့္ေနတဲ့ဗီဒီယိုကိုလည္း အင္စတာဂရမ္ကတစ္ဆင့္ ပရိသတ္ေတြဆီ မၽွေဝခဲ့ပါတယ္။

 

၁၄။ Andrew Lloyd Webber

Andrew ကလည္း သူ႕ရဲ႕ကေလး (၅) ေယာက္အတြက္ အေမြအမ်ားႀကီးေပးခဲ့မွာမဟုတ္ဘဲ အေမြဆက္ခံျခင္းဆိုတဲ့ကိစၥကိုလည္း အယုံအၾကည္မရွိဘူးလို႔ သိရွိရပါတယ္။

 

၁၅။ Taylor Swift

ၿပီးခဲ့တဲ့ (၂၀၁၁) ခုႏွစ္တုန္းက Taylor Swift က သူ႕မိဘေတြအတြက္ အေမရိကန္ေဒၚလာ (၂.၅) သန္းတန္ အိမ္တစ္လုံးဝယ္ေပးခဲ့ၿပီး အဆိုပါေနရာက Keith Urban နဲ႔ Nicole Kidman တို႔အတြဲနဲ႔ အရမ္းမေဝးတဲ့ေနရာမွာရွိတယ္လို႔လည္း သိရပါတယ္။

 

၁၆။ Simon Cowell

သူကလည္း ကေလးေတြအတြက္ အေမြေပးခဲ့မွာမဟုတ္ဘူးလို႔ သိရၿပီး ပရဟိတလုပ္ငန္းေတြ၊ မိဘမဲ့ေက်ာင္းေတြနဲ႔ တိရစၧာန္ထိန္းသိမ္းေစာင့္ေရွာက္ေရးေနရာေတြမွာ သူ႕ပိုင္ဆိုင္မႈေတြကို လႉဒါန္းခဲ့မယ္လို႔ သိရပါတယ္။

 

၁၇။ Niall Horan

သူကလည္း အသက္ (၁၉) ႏွစ္အရြယ္မွာတင္ အေမျဖစ္သူ ေပါင္ႏွံထားတဲ့အရာေတြအတြက္ ေငြေပးေရြးခဲ့တဲ့အျပင္ ကားအသစ္တစ္စီးလည္း ဝယ္ေပးခဲ့ပါတယ္။ အေဖျဖစ္သူကိုလည္း ေငြေၾကးလက္ခံဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ဖခင္ျဖစ္သူကေတာ့ ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။

 

၁၈။ George Lucas

George ကလည္း သူ႕ရဲ႕ခ်မ္းသာႂကြယ္ဝမႈေတြကို ပညာေရးတိုးတက္ဖို႔အတြက္ ရည္ရြယ္လႉဒါန္းခဲ့မွာျဖစ္ၿပီး ဒါကသာ လူသားေတြရဲ႕ ရွင္သန္ေရးအတြက္ အဓိကေသာ့ခ်က္ျဖစ္တယ္လို႔ ယူဆထားပါတယ္။

 

၁၉။ Travis Scott

Scott ကလည္း သူ႕မိဘေတြအတြက္ အိမ္အသစ္တစ္လုံးကို (၂၀၁၆) ခရစၥမတ္မွာ လက္ေဆာင္ဝယ္ေပးခဲ့ပါတယ္။ သူတို႔မိသားစုဟာ တစ္ခ်ိန္တုန္းက ရိုးရိုးၾကမ္းျပင္ေပၚမွာသာ အိပ္ခဲ့ရၿပီး အခုခ်ိန္မွာေတာ့ ေျပာင္းလဲနိုင္ခဲ့ၿပီဆိုတဲ့အေၾကာင္းကို တြစ္တာေပၚမွာ ေရးသားခဲ့ပါေသးတယ္။

<Zawgyi Version>

 

#soshweentertainment

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro