အသက် ၄၉ နှစ်အရွယ် Ben Affleck က သူ့ရဲ့ လက်ရှိအနုပညာအလုပ်နဲ့ အချစ်ဇာတ်လမ်းကြောင့်ပါ ပျော်ရွှင်နေရကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Ben ကို ကြည့်ရတာ Jennifer Lopez နဲ့ ပြန်လည်ဆုံစည်းခွင့်ရပြီးနောက် အရမ်းပျော်ရွှင်နေသလိုပါပဲ။ အမှန်တကယ်လည်း Ben တစ်ယောက် အပျော်ကြီးပျော်နေခဲ့တာပါ။
Ben ရော J.Lo ရောက ၄င်းတို့ရဲ့ အနုပညာအလုပ်တွေကြောင့် မအားမလပ် ဖြစ်နေကြပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက် အချိန်ပေးဖို့တော့ ကြိုးစားနေကြတာကို သူတို့နှစ်ယောက် ညစာအတူတူ ထွက်စားတာမျိုးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ Extra TV နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ Ben က “ကျွန်တော်အခု အရမ်းကို ပျော်ရွှင်နေပါတယ်။ ဒီအချိန်ဟာ ကျွန်တော့်ဘဝမှာ အပျော်ရွှင်ရဆုံးသော အချိန်ပဲ။ ဘဝကြီးက သာယာနေတာပေါ့ဗျာ။” လို့ ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ Ben ဟာ “The Tender Bar” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး ဒီဇာတ်ကားရဲ့ ဒါရိုက်တာ George Clooney နဲ့အတူ လက်တွဲလုပ်ကိုင်နေရတာဟာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပြီး ၂၀၂၁ ၊ အောက်တိုဘာလ (၁၅) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ “The Last Deal” မှာ ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့တဲ့အတွက်လည်း အရမ်းဂုဏ်ယူနေကြောင်း ပြောကြားခဲ့ပါတယ်။
Ben နဲ့ J.Lo တို့ဟာ ၂၀၂၁ ခုနှစ် ဧပြီလလောက်မှာ အဆက်အသွယ် ပြန်လုပ်ခဲ့ကြပြီးနောက် လူမြင်ကွင်းမှာလည်း ချစ်ကြည်နူးနေကြတာတွေကို မကြာခဏ တွေ့လာရပါတယ်။ သူတို့နှစ်ယောက်လုံးကို တစ်တွဲထည်း တွေ့လိုက်ရပြီဆိုတာနဲ့ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ချစ်နေကြသလဲဆိုတာကို ခံစားကြည့်လို့ရပါတယ်။
<Unicode Version>
Jennifer Lopez နဲ့ ပြန်လည် ပေါင်းစည်းခွင့်ရပြီးနောက် သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားလာတဲ့ မင်းသားကြီး Ben Affleck
<Zawgyi Version>
#soshweentertainment
#soshweforyourdailylife
#likeandshare