Breaking News

Covid ကပ်ရောဂါ ဖြစ်ပွါးနေစဉ်အတွင်း ကင်ဆာရောဂါကို တိုက်ထုတ်နိုင်ခဲ့တဲ့ကလေးငယ်။

Kennedy News Service ရဲ့ သတင်းပေးပို့ချက်အရ အသက် (၆) နှစ်အရွယ် Beckett လေးဟာ ကင်ဆာရောဂါကို ဓါတုကုထုံးနဲ့ ဆက်လက်ကုသနေစရာမလိုတော့ဘဲ ရောဂါပျောက်ကင်းသွားလို့ ကျောင်းပြန်တက်ခွင့် ရသွားပြီလို့ သိရပါတယ်။

အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဖြစ်သူ Kaitlin Burge ဟာ အသက် (၄) နှစ်အရွယ်သာရှိသေးတဲ့ သူမရဲ့သားငယ်လေး Beckett တစ်ယောက် ဓါတုကုထုံးခံယူပြီးနောက် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လူမှုကွန်ရက်ပေါ်မှာ တင်ထားရာကနေ လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဓါတ်ပုံထဲမှာ မြင်နေရတဲ့အတိုင်းပဲ နေမကောင်းဖြစ်နေတဲ့ Beckett လေးကို အမဖြစ်သူ Aubrey က ကျောလေးပုတ်ပေးနေတဲ့ မြင်ကွင်းဟာ ဘယ်လောက် ကြည်နူးဝမ်းနည်းဖို့ကောင်းသလဲဆိုတာကို စကားလုံးတွေနဲ့ ထုတ်ဖော်ပြောပြဖို့ရာ ခက်ခဲလွန်းပါတယ်။

Beckett လေးဟာ ၂၀၁၈ ခုနှစ်တုန်းက Lymphoblastic သွေးကင်ဆာကို စတင်ခံစားခဲ့ရပြီး ဆေးကုသမှုခံယူရင်း လပေါင်းများစွာ ဆေးရုံကုတင်ပေါ်မှာ နေခဲ့ရပါတယ်။ (၂) နှစ်အကြာ ကင်ဆာရောဂါနဲ့ စစ်ခင်းပြီး နောက်မှာတော့ Beckett ရဲ့ ဆရာဝန်က “ဓါတုကုထုံးတွေမလိုတော့ဘူး။ ကင်ဆာစစ်ပွဲက ပြီးသွားပြီ။” လို့ ဝမ်းမြောက်ဖွယ် ပြောကြားခဲ့ပါတယ်။

မိခင်ဖြစ်သူ Burge က “သားငယ်လေး ကင်ဆာရောဂါ ပျောက်ကင်းသွားပြီဆိုတာကို သိလိုက်ရတဲ့အချိန်က ကြည်နူးဖို့ကောင်းသလို ဝမ်းနည်းဖို့လည်း ကောင်းခဲ့တယ်။ သားငယ်လေးမှာ ကင်ဆာလည်း မရှိတော့ဘူးဆိုတော့ ဘဝအသစ်တစ်ခုကို ပြန်စခွင့်ရတော့မယ့် အခွင့်အရေး ရလာပြီဆိုတာကိုလည်း တွေးခဲ့မိသေးတယ်။ Beckett လေးကတော့ ဒီသတင်းကို ကြားပြီးချိန်မှာ အရမ်းကို အံ့ဩသွားတာ။ သူ့ကို အသက်ရှင်အောင် ထားပေးခဲ့တဲ့ ဓာတုကုထုံးစက်လေးကိုတောင် မဖြုတ်ချင်ခဲ့လောက်အောင် စိတ်လှုပ်ရှားနေခဲ့တာ။” လို့ ဆိုပါတယ်။

Beckett လေးဟာ Covid-19 ရောဂါကို ခံစားခဲ့ရပေမယ့် ဘုရားသခင်ရဲ့ သနားညှာတာမှုနဲ့ ပြင်းထန်တဲ့ ရောဂါဝေဒနာဒဏ်ကို မခံစားခဲ့ရတဲ့အပြင် အချိန်တိုအတွင်းမှာလည်း ပျောက်ကင်းသွားခဲ့ပါတယ်။ အခုချိန်မှာတော့ Beckett လေးဟာ ကျန်းမာသွားပြီမို့ သူငယ်ချင်းတွေနဲ့ အတူတူ လွတ်လွတ်လပ်လပ် ဆော့ကစားလို့ရတဲ့ ကလေးငယ်လေးဖြစ်လာပြီး သွားချင်ရာကိုလည်း ပျော်ပျော်ရွှင်ရွှင် သွားခွင့်ရပြီလည်း ဖြစ်ပါတယ်။

အသက် (၇) နှစ်အရွယ် Aubrey နဲ့ အသက် (၆) နှစ်အရွယ် Beckett တို့ဟာ ကင်ဆာရောဂါ ကုသမှုခရီးစဉ်အတွင်းမှာ ပိုမိုခိုင်မာတဲ့ မောင်နှမဆက်ဆံရေးကို ရရှိလာခဲ့ပါတယ်။ Beckett လေးနဲ့ Aubrey တို့ဟာ အခြားမောင်နှမတွေလိုပဲ အချိန်အတူတူ ကုန်ဆုံးရတာ နှစ်သက်ကြပါတယ်။ အိမ်မှာရော ကျောင်းမှာပါ အတူတူကစားကြပြီး စက်ဘီးတွေလည်း အတူတူ စီးကြတာပေါ့။

Aubrey လေးဟာ သူမရဲ့မောင်လေး ကင်ဆာရောဂါ ကုသမှုကို ခံယူနေတဲ့အချိန်မှာ အသက်အရွယ်လေးနဲ့ မလိုက်အောင် မောင်လေးရဲ့အနားမှာ အမတစ်ယောက်လိုအပြင် အမေတစ်ယောက်လိုပါ ဂရုစိုက်ပေးခဲ့ပါတယ်။ မောင်လေးဖြစ်သူအနားမှားပဲ အချိန်အများဆုံး ကုန်ဆုံးနေရာကနေ မောင်နှမနှစ်ယောက်ရဲ့ သံယောဇဉ်ဟာလည်း အရင်ကထက် ပိုမိုခိုင်မြဲလာပြီး ခွဲလို့ကို မရတော့ကြောင်း မိခင်ဖြစ်သူ Burge က ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

Covid ကပ္ေရာဂါ ျဖစ္ပြါးေနစဥ္အတြင္း ကင္ဆာေရာဂါကို တိုက္ထုတ္ႏိုင္ခ့ဲတ့ဲကေလးငယ္။

Kennedy News Service ရဲ႕ သတင္းေပးပို႔ခ်က္အရ အသက္ (၆) ႏွစ္အရြယ္ Beckett ေလးဟာ ကင္ဆာေရာဂါကို ဓါတုကုထုံးနဲ႔ ဆက္လက္ကုသေနစရာမလိုေတာ့ဘဲ ေရာဂါေပ်ာက္ကင္းသြားလို႔ ေက်ာင္းျပန္တက္ခြင့္ ရသြားၿပီလို႔ သိရပါတယ္။

အသက္ (၃၀) အရြယ္ရွိၿပီျဖစ္တဲ့ မိခင္ျဖစ္သူ Kaitlin Burge ဟာ အသက္ (၄) ႏွစ္အရြယ္သာရွိေသးတဲ့ သူမရဲ႕သားငယ္ေလး Beckett တစ္ေယာက္ ဓါတုကုထုံးခံယူၿပီးေနာက္ ျဖစ္ေပၚေနတဲ့ အေျခအေနေတြကို လူမႈကြန္ရက္ေပၚမွာ တင္ထားရာကေန လူအမ်ားရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့ပါတယ္။ ဓါတ္ပုံထဲမွာ ျမင္ေနရတဲ့အတိုင္းပဲ ေနမေကာင္းျဖစ္ေနတဲ့ Beckett ေလးကို အမျဖစ္သူ Aubrey က ေက်ာေလးပုတ္ေပးေနတဲ့ ျမင္ကြင္းဟာ ဘယ္ေလာက္ ၾကည္ႏူးဝမ္းနည္းဖို႔ေကာင္းသလဲဆိုတာကို စကားလုံးေတြနဲ႔ ထုတ္ေဖာ္ေျပာျပဖို႔ရာ ခက္ခဲလြန္းပါတယ္။

Beckett ေလးဟာ ၂၀၁၈ ခုႏွစ္တုန္းက Lymphoblastic ေသြးကင္ဆာကို စတင္ခံစားခဲ့ရၿပီး ေဆးကုသမႈခံယူရင္း လေပါင္းမ်ားစြာ ေဆး႐ုံကုတင္ေပၚမွာ ေနခဲ့ရပါတယ္။ (၂) ႏွစ္အၾကာ ကင္ဆာေရာဂါနဲ႔ စစ္ခင္းၿပီးေနာက္မွာေတာ့ Beckett ရဲ႕ ဆရာဝန္က “ဓါတုကုထုံးေတြမလိုေတာ့ဘူး။ ကင္ဆာစစ္ပြဲက ၿပီးသြားၿပီ။” လို႔ ဝမ္းေျမာက္ဖြယ္ ေျပာၾကားခ့ဲပါတယ္။

မိခင္ျဖစ္သူ Burge က “သားငယ္ေလး ကင္ဆာေရာဂါ ေပ်ာက္ကင္းသြားၿပီဆိုတာကို သိလိုက္ရတဲ့အခ်ိန္က ၾကည္ႏူးဖို႔ေကာင္းသလို ဝမ္းနည္းဖို႔လည္း ေကာင္းခဲ့တယ္။ သားငယ္ေလးမွာ ကင္ဆာလည္း မရွိေတာ့ဘူးဆိုေတာ့ ဘဝအသစ္တစ္ခုကို ျပန္စခြင့္ရေတာ့မယ့္ အခြင့္အေရး ရလာၿပီဆိုတာကိုလည္း ေတြးခဲ့မိေသးတယ္။ Beckett ေလးကေတာ့ ဒီသတင္းကို ၾကားၿပီးခ်ိန္မွာ အရမ္းကို အံ့ဩသြားတာ။ သူ႕ကို အသက္ရွင္ေအာင္ ထားေပးခဲ့တဲ့ ဓာတုကုထုံးစက္ေလးကိုေတာင္ မျဖဳတ္ခ်င္ခဲ့ေလာက္ေအာင္ စိတ္လႈပ္ရွားေနခဲ့တာ။” လို႔ ဆိုပါတယ္။

Beckett ေလးဟာ Covid-19 ေရာဂါကို ခံစားခဲ့ရေပမယ့္ ဘုရားသခင္ရဲ႕ သနားညႇာတာမႈနဲ႔ ျပင္းထန္တဲ့ ေရာဂါေဝဒနာဒဏ္ကို မခံစားခဲ့ရတဲ့အျပင္ အခ်ိန္တိုအတြင္းမွာလည္း ေပ်ာက္ကင္းသြားခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Beckett ေလးဟာ က်န္းမာသြားၿပီမို႔ သူငယ္ခ်င္းေတြနဲ႔ အတူတူ လြတ္လြတ္လပ္လပ္ ေဆာ့ကစားလို႔ရတဲ့ ကေလးငယ္ေလးျဖစ္လာၿပီး သြားခ်င္ရာကိုလည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ သြားခြင့္ရၿပီလည္း ျဖစ္ပါတယ္။

အသက္ (၇) ႏွစ္အရြယ္ Aubrey နဲ႔ အသက္ (၆) ႏွစ္အရြယ္ Beckett တို႔ဟာ ကင္ဆာေရာဂါ ကုသမႈခရီးစဥ္အတြင္းမွာ ပိုမိုခိုင္မာတဲ့ ေမာင္ႏွမဆက္ဆံေရးကို ရရွိလာခဲ့ပါတယ္။ Beckett ေလးနဲ႔ Aubrey တို႔ဟာ အျခားေမာင္ႏွမေတြလိုပဲ အခ်ိန္အတူတူ ကုန္ဆုံးရတာ ႏွစ္သက္ၾကပါတယ္။ အိမ္မွာေရာ ေက်ာင္းမွာပါ အတူတူကစားၾကၿပီး စက္ဘီးေတြလည္း အတူတူ စီးၾကတာေပါ့။

Aubrey ေလးဟာ သူမရဲ႕ေမာင္ေလး ကင္ဆာေရာဂါ ကုသမႈကို ခံယူေနတဲ့အခ်ိန္မွာ အသက္အရြယ္ေလးနဲ႔ မလိုက္ေအာင္ ေမာင္ေလးရဲ႕အနားမွာ အမတစ္ေယာက္လိုအျပင္ အေမတစ္ေယာက္လိုပါ ဂ႐ုစိုက္ေပးခဲ့ပါတယ္။ ေမာင္ေလးျဖစ္သူအနားမွားပဲ အခ်ိန္အမ်ားဆုံး ကုန္ဆုံးေနရာကေန ေမာင္ႏွမႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ဟာလည္း အရင္ကထက္ ပိုမိုခိုင္ျမဲလာၿပီး ခြဲလို႔ကို မရေတာ့ေၾကာင္း မိခင္ျဖစ္သူ Burge က ေျပာၾကားခ့ဲပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro