Breaking News

ကိုရီးယားသမိုင်းကြောင်းကို လူ့အသိုင်းအဝိုင်းရဲ့ ဘဝမှန်တွေနဲ့ သရုပ်ဖော်ပြထားတဲ့ “Squid Game”

“Squid Game” မှာ “The Hunger Games” ရဲ့ Dystopian Setting နဲ့ ဆင်တူတဲ့ ဇာတ်ကွက်တွေ ပါဝင်နေတာကို သတိထားမိတယ်ဆိုရင် “Squid Game” ဟာ ရက်စက်ပြင်းထန်လွန်းတဲ့ ကိုရီးယားဇာတ်လမ်းတွဲဆိုတာကို အသိအမှတ်ပြုနိုင်ကြမှာပါ။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်ဖို့ ကြိုးစားရတဲ့ ဇာတ်လမ်းတွဲထဲမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အသေးအဖွဲပြဿနာတွေနဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေလည်း ပါဝင်နေခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ အကြွေးပိနေတဲ့ အခြေခံလူတန်းစားတွေရဲ့ ဆက်လက်အသက်ရှင်ဖို့အတွက် အချင်းချင်းတိုက်ခိုက်ပြီး ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

“Squid Game” ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာ Hwang Dong-Hyuk က ဒီဇာတ်လမ်းတွဲဟာ ခေတ်သစ်အရင်းရှင် လူ့အဖွဲ့အစည်းကို ပုံဖော်ထားတာလို့ ဆိုထားပါတယ်။ ဇာတ်ကားထဲက ဇာတ်ကောင်တွေကိုလည်း တောင်ကိုရီးယားက ပုံဖော်ထားတဲ့ နည်းပညာမြင့် လူ့အသိုင်းအဝိုင်းမှာ အံဝင်ခွင်ကျ မဖြစ်သူတွေအဖြစ် ပုံဖော်ထားတာပါ။

ဇာတ်ကောင်တွေထဲမှာ – ချမ်းသာတဲ့ လူဆိုးဂိုဏ်းဝင်တွေ ၊ ချို့တဲ့လွန်းတာကြောင့် ရှင်သန်ဖို့ လိမ်ညာခိုးဝှက်နေရသူတွေ ၊ မိသားစုကို ထောက်ပံ့ဖို့အတွက် ပြောင်းရွှေ့နေထိုင်သူတွေ ၊ ရှင်သန်ဖို့ကြိုးစားနေတဲ့ အဓမ္မပြုကျင့်ခံခဲ့ရသူတွေ ၊ မြောက်ကိုရီးယားကနေ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ မကျော်လွှားနိုင်တဲ့ချေးငွေတွေကို ပေးချေဖို့အတွက် ကြိုးစားရုန်းကန်နေရသူတွေကို မြင်တွေ့ရမှာပါ။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် “Squid Game” ထဲမှာ လောင်းကစားနဲ့ အကြမ်းဖက်မှုတွေကိုပဲ ပုံဖော်ရိုက်ကူးပြထားတာ မဟုတ်ဘဲ တောင်ကိုရီးယားပြည်သူတွေရဲ့ ဘဝအစစ်အမှန်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အာဏာရှိလူတန်းစားတွေရဲ့ ခြယ်လှယ်မှုတွေကိုပါ ဘယ်လိုပုံမျိုး ဖန်တီးပုံဖော်ထားသလဲဆိုတာကို ဖြစ်ပျက်နေတဲ့ အကြောင်းတရားတွေနဲ့ နှိုင်းယှဉ်ပြီး ရှင်းပြပေးသွားပါမယ်။

 

လူချမ်းသာများ။

“Squid Game” ဇာတ်ကားထဲမှာ လူသားတွေရဲ့ တန်ဖိုးရှိတဲ့အသက်ကို လက်လွတ်စပယ် အသုံးချနေကြတာကို စက်ဆုပ်ဖွယ် မြင်တွေ့ရပါတယ်။ သွေးထွက်သံယိုတွေ မဖြစ်ပေါ်ခင် လူ့လောကမှာ ရာထူးဂုဏ်သိမ် အဆင့်ဆင့်ကွာခြားပုံကို တွေ့ရပါမယ်။ ကစားပွဲဖြစ်ပေါ်လာဖို့ ဦးဆောင်ခဲ့သူဟာ “ငွေချေးခြင်း” အားဖြင့် ချမ်းသာလာပြီး ဩဇာအာဏာရှိတဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် ရက်စက်လွန်းတဲ့ ကစားပွဲကို “ပျင်းနေလို့” လုပ်ဖြစ်ခဲ့တာတဲ့လေ။ သူဟာ သေခါနီးမှာတောင် သူစတင်ခဲ့တဲ့ ရက်စက်တဲ့ ကစားပွဲအတွင်း သေဆုံးသွားတဲ့ လူသားတွေရဲ့ အသက်အတွက် နည်းနည်းလေးမှ တာဝန်ယူမှုမရှိတဲ့အပြင် “ငါက ကစားဖို့ ဖိအားပေးခဲ့တာမှမဟုတ်တာ။ မင်းတို့က ရွေးချယ်ခဲ့တာလေ။” လို့တောင် ပြောထွက်ခဲ့ပါတယ်။

 

ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုများ။

“Squid Game” ဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင် Hwang က ကစားပွဲကို ၂၀၀၈ ခုနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်တယ်လို့ ဖော်ပြထားပေမယ့် ဒါဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဖော်ပြထားတာပါ။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့အဆိုအရ တောင်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားသမ္မတ Moon Jae-In ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့က ကပ်ရောဂါကူးစက်မှုကို ဖြေရှင်းနေရင်း သက်ကြီးရွယ်အို ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးခဲ့ပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံဟာ “ဆင်းရဲမွဲတေမှုကို ကြုံတွေ့နေရတဲ့ သက်ကြီးရွယ်အို အများဆုံးရှိသော” နိုင်ငံပေါင်း (၃၃) နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။

The Korean Herald သတင်းဌာနက ၂၀၁၉ ခုနှစ် ကိုရီးယားနိုင်ငံဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေအရ ကိုရီးယားနိုင်ငံအတွင်းမှာ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၄၇ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနိုင်ငံက အငြိမ်းစားပင်စင် အစားထိုးမှုနှုန်းဟာလည်း OECD ရဲ့ ပျမ်းမျှ (၆၅) ရာခိုင်နှုန်းအောက်ထိ ကျဆင်းသွားပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံကနေ စီးပွါးရေးအင်အားကြီးတဲ့နိုင်ငံအဖြစ် တိုးတက်လာအောင် ကူညီပေးခဲ့ဖူးတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေဟာ အသက်ကြီးလာချိန်မှာ ပင်စင်လစာနဲ့ ရှင်သန်ဖို့အတွက် အခက်တွေ့နေကြရပါတယ်။

ဒါ့အပြင် အသက် (၅၀) ကျော် ကိုရီးယားလူမျိုးအချို့ဟာ အလုပ်ကနေ ထုတ်ပယ်ခြင်းခံနေရပြီး ၄င်းတို့ရဲ့နေရာမှာ ငယ်ရွယ်တဲ့ဝန်ထမ်းတွေနဲ့ အစားထိုးခံနေရပါတယ်။ “Squid Game”ဇာတ်ကားထဲမှာလည်း ငယ်သူငယ်ချင်း (၂) ယောက်ဖြစ်တဲ့ Gi-Hun နဲ့ Sang-Woo တို့ရဲ့ အမေတွေဟာလည်း အငြိမ်းစား အသက်အရွယ်တွေဖြစ်ပေမယ့် ရှင်သန်ဖို့အတွက် အလုပ်လုပ်နေရတာကို တွေ့မြင်ရမှာပါ။

 

၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးပြဿနာ။

အာရှဘဏ္ဍာရေးပြဿနာဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပြီး အဆိုပါပြဿနာကို Gi-Hun ရဲ့ ဘဝဇာတ်ကြောင်းမှာ ဖော်ပြထားပါတယ်။ Gi-Hun ဟာ (၁၀) စုနှစ်တစ်ခုအကြာ စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး စက်ရုံက ဘဏ္ဍာရေးပြဿနာတွေ ကြုံတွေ့လာရတဲ့အခါမှာ ဝန်ထမ်းတွေကို အလုပ်ဖြုတ်လိုက်တာကြောင့် Gi-Hun ဟာလည်း အလုပ်လက်မဲ့ ဖြစ်လာခဲ့ပါတယ်။ အခြားသော အလုပ်လက်မဲ့ ဝန်ထမ်းတွေလိုပဲ Gi-Hun ဟာ ကိုယ်ပိုင် စားသောက်ဆိုင်ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပညာမတတ်တဲ့အပြင် ချမ်းသာတဲ့မိသားစုလည်းမရှိတဲ့ Gi-Hun ဟာ ချေးငွေရဖို့အတွက် သူ့ရဲ့ အတွင်းကလီစာကို အပေါင်ပစ္စည်းအဖြစ် အပ်နှံထားခဲ့တဲ့အပြင် ကစားပွဲထဲက ဆုကြေးငွေတွေဟာ ဘယ်ကရသလဲဆိုတာကို သူသိလည်းမသိခဲ့သလို စိတ်လည်းမဝင်စားခဲ့ပါဘူး။

 

နယ်ချဲ့ အငွေ့အသက်။

တောင်ကိုရီးယားနိုင်ငံကို အမေရိကန်တွေ နယ်ချဲ့ခဲ့တာကို အပိုင်း (၇) မှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ အင်္ဂလိပ်စကားပြော VIP သူဌေးတွေဟာ ကျွန်းဆီကို ရောက်ရှိလာပြီး ၄င်းတို့ရဲ့ပျော်ရွှင်မှုအတွက် ကိုရီးယားလူမျိုး ပြိုင်ပွဲဝင်တွေရဲ့ အသက်အပေါ် လောင်းကြေးထပ်ခဲ့ကြပါတယ်။

လူဦးရေလျော့နည်းလာတဲ့ ကစားသမားတွေကို ရှင်သန်ဖို့ လုံလောက်တဲ့ အစားအစာတွေ ကျွေးမွေးခြင်းမရှိပဲ VIP တွေကတော့ အဝတ်မပါဘဲ ခန္ဓာကိုယ်မှာ အရောင်တွေ ခြယ်သထားတဲ့ လူသားတွေကို ပရိဘောဂ ပစ္စည်းသဖွယ် သဘောထားပြီးတော့ စားကောင်းသောက်ဖွယ်တွေစားရင်း လူတွေသေနေတာကိုကြည့်ပြီး ဇိမ်ခံနေခဲ့ကြပါတယ်။ VIP ထဲက တစ်ယောက်က ဝန်ဆောင်မှုပေးနေသူကို လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုပေးဖို့အတွက် ခိုင်းစေနိုင်တာကို ကြည့်မယ်ဆိုရင် ကိုရီးယားအမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လူချမ်းသာကြီးက စိတ်ကြိုက်ခြယ်လှယ်နိုင်တယ်ဆိုတဲ့ နယ်ချဲ့စိတ်ဓါတ်ကို တွေ့နိုင်ပါတယ်။

 

ကိုရီးယားစစ်ပွဲ။

ကိုရီးယားစစ်ပွဲရဲ့ ရိုက်ခတ်မှုကို အသိသာဆုံးဖော်ပြနေတဲ့ ဥပမာတစ်ခုကို ပြပါဆိုရင်တော့ ဇာတ်ကောင် Sae-Byeok ရဲ့ ဇာတ်လမ်းပါပဲ။ Sae-Byeok ဟာ ပြည်ပြေးတစ်ယောက်ဖြစ်ပြီး သူမရဲ့အမေကလည်း မြောက်ကိုရီးယားမှာ ပိတ်မိနေကာ မောင်ဖြစ်သူကလည်း တောင်ကိုရီးယားက ကလေးစောင့်ရှောက်ရေးဂေဟာမှာ တစ်ယောက်တည်း နေထိုင်နေရပြီး မိသားစုနဲ့ ပြန်ဆုံစည်းခွင့်ရဖို့ စောင့်နေခဲ့ရပါတယ်။

ဇာတ်လမ်းအဆုံးနားမှာ ရင်နာစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုကိုလည်း သုံးသပ်ကြည့်ရအောင်ပါ။ ညီအစ်ကိုနှစ်ယောက်ဟာ မျက်နှာချင်းဆိုင် ဆုံတွေ့ခွင့်ရခဲ့ပြီး နှစ်ယောက်လုံးရဲ့ လက်ထဲမှာလည်း သေနတ်တွေရှိနေခဲ့ကာ သူတို့ရဲ့မျက်ဝန်းထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ရှုပ်ထွေးမှုတွေ ရောပြွန်းနေခဲ့ပါတယ်။ ဘာလို့ဆို တစ်ယောက်ရှင်သန်ဖို့ နောက်တစ်ယောက်က သေပေးရမယ်ဆိုတဲ့ သ‌ဘောတရားကို နားလည်ထားကြလို့ပါ။

ညီအစ်ကိုနှစ်ယောက်ရဲ့အဖြစ်ဟာ ကိုရီးယားနိုင်ငံကြီး နှစ်ခြမ်းကွဲသွားတဲ့အချိန်တုန်းက စစ်သားတွေ ခံစားခဲ့ရတဲ့ ရက်စက်လွန်းတဲ့အဖြစ်နဲ့ မီးမောင်းထိုးပြနေပါတယ်။ စစ်သားတွေဟာ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေကို ရန်သူအဖြစ် သတ်မှတ်ခဲ့ရပြီး သူတို့ကိုပဲ သတ်ရမလား သူတို့သတ်တာကိုပဲ လက်ခံလိုက်ရမလားဆိုတဲ့ ခက်ခဲတဲ့ ရွေးချယ်မှုကို ဆုံးဖြတ်ခဲ့ကြရတာပါ။

စာရေးဆရာ Jonathan Swift က “ဆင်းရဲနွမ်းပါးသူတွေကို ကျန်းမာသော အစားအစာတွေ စားခြင်းဖြင့် ဆာလောင်မွတ်သိပ်မှုကို ဖြည့်တင်းပါ” လို့ ပြောထွက်ခဲ့သူတွေရဲ့ စာနာစိတ်မဲ့မှုကို “A Modest Proposal” ထဲမှာ လှောင်ပြောင်ထားသလို Hwang Dong-Hyuk ကလည်း “ငွေမရှိဘဲနဲ့ ရှင်သန်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိရက်နဲ့ နွမ်းပါးသူတွေရဲ့အရှေ့မှာ ငွေပမာဏအများကြီးကို မက်လုံးပေးထား” တဲ့ လူမဆန်မှုကို “Squid Game” ထဲမှာ သရုပ်ဖော်ပြထားခြင်းဖြစ်ပါတယ်။

<Unicode Verison>

 

 

 

ကိုရီးယားသမိုင္းေၾကာင္းကို လူ႕အသိုင္းအဝိုင္းရဲ႕ ဘဝမွန္ေတြနဲ႔ သ႐ုပ္ေဖာ္ျပထားတဲ့ “Squid Game”

“Squid Game” မွာ “The Hunger Games” ရဲ႕ Dystopian Setting နဲ႔ ဆင္တူတဲ့ ဇာတ္ကြက္ေတြ ပါဝင္ေနတာကို သတိထားမိတယ္ဆိုရင္ “Squid Game” ဟာ ရက္စက္ျပင္းထန္လြန္းတဲ့ ကိုရီးယားဇာတ္လမ္းတြဲဆိုတာကို အသိအမွတ္ျပဳနိုင္ၾကမွာပါ။ ဒါေပမယ့္ အသက္ရွင္က်န္ရစ္ဖို႔ ႀကိဳးစားရတဲ့ ဇာတ္လမ္းတြဲထဲမွာ ေတာင္ကိုရီးယားနိုင္ငံရဲ႕ အေသးအဖြဲျပႆနာေတြနဲ႔ ရႈပ္ေထြးတဲ့ သမိုင္းေၾကာင္းေတြလည္း ပါဝင္ေနခဲ့ပါတယ္။ ဒီဇာတ္ကားထဲမွာ အေႂကြးပိေနတဲ့ အေျခခံလူတန္းစားေတြရဲ႕ ဆက္လက္အသက္ရွင္ဖို႔အတြက္ အခ်င္းခ်င္းတိုက္ခိုက္ၿပီး ႀကိဳးစားေနတာကို ျမင္ေတြ႕ရမွာပါ။

“Squid Game” ဇာတ္လမ္းတြဲရဲ႕ ဇာတ္ညႊန္းေရးဆရာနဲ႔ ဒါရိုက္တာ Hwang Dong-Hyuk က ဒီဇာတ္လမ္းတြဲဟာ ေခတ္သစ္အရင္းရွင္ လူ႕အဖြဲ႕အစည္းကို ပုံေဖာ္ထားတာလို႔ ဆိုထားပါတယ္။ ဇာတ္ကားထဲက ဇာတ္ေကာင္ေတြကိုလည္း ေတာင္ကိုရီးယားက ပုံေဖာ္ထားတဲ့ နည္းပညာျမင့္ လူ႕အသိုင္းအဝိုင္းမွာ အံဝင္ခြင္က် မျဖစ္သူေတြအျဖစ္ ပုံေဖာ္ထားတာပါ။

ဇာတ္ေကာင္ေတြထဲမွာ – ခ်မ္းသာတဲ့ လူဆိုးဂိုဏ္းဝင္ေတြ ၊ ခ်ိဳ႕တဲ့လြန္းတာေၾကာင့္ ရွင္သန္ဖို႔ လိမ္ညာခိုးဝွက္ေနရသူေတြ ၊ မိသားစုကို ေထာက္ပံ့ဖို႔အတြက္ ေျပာင္းေရႊ႕ေနထိုင္သူေတြ ၊ ရွင္သန္ဖို႔ႀကိဳးစားေနတဲ့ အဓမၼျပဳက်င့္ခံခဲ့ရသူေတြ ၊ ေျမာက္ကိုရီးယားကေန ထြက္ေျပးလြတ္ေျမာက္လာသူေတြနဲ႔ မေက်ာ္လႊားနိုင္တဲ့ေခ်းေငြေတြကို ေပးေခ်ဖို႔အတြက္ ႀကိဳးစား႐ုန္းကန္ေနရသူေတြကို ျမင္ေတြ႕ရမွာပါ။

အခ်ဳပ္အားျဖင့္ ေျပာရမယ္ဆိုရင္ “Squid Game” ထဲမွာ ေလာင္းကစားနဲ႔ အၾကမ္းဖက္မႈေတြကိုပဲ ပုံေဖာ္ရိုက္ကူးျပထားတာ မဟုတ္ဘဲ ေတာင္ကိုရီးယားျပည္သူေတြရဲ႕ ဘဝအစစ္အမွန္နဲ႔ ကမၻာတစ္ဝွမ္းလုံးမွာရွိတဲ့ အာဏာရွိလူတန္းစားေတြရဲ႕ ျခယ္လွယ္မႈေတြကိုပါ ဘယ္လိုပုံမ်ိဳး ဖန္တီးပုံေဖာ္ထားသလဲဆိုတာကို ျဖစ္ပ်က္ေနတဲ့ အေၾကာင္းတရားေတြနဲ႔ ႏွိုင္းယွဥ္ၿပီး ရွင္းျပေပးသြားပါမယ္။

 

လူခ်မ္းသာမ်ား။

“Squid Game” ဇာတ္ကားထဲမွာ လူသားေတြရဲ႕ တန္ဖိုးရွိတ့ဲအသက္ကို လက္လြတ္စပယ္ အသုံးခ်ေနၾကတာကို စက္ဆုပ္ဖြယ္ ျမင္ေတြ႕ရပါတယ္။ ေသြးထြက္သံယိုေတြ မျဖစ္ေပၚခင္ လူ႕ေလာကမွာ ရာထူးဂုဏ္သိမ္ အဆင့္ဆင့္ကြာျခားပုံကို ေတြ႕ရပါမယ္။ ကစားပြဲျဖစ္ေပၚလာဖို႔ ဦးေဆာင္ခဲ့သူဟာ “ေငြေခ်းျခင္း” အားျဖင့္ ခ်မ္းသာလာၿပီး ဩဇာအာဏာရွိတဲ့လူတစ္ေယာက္ျဖစ္တဲ့အျပင္ ရက္စက္လြန္းတဲ့ ကစားပြဲကို “ပ်င္းေနလို႔” လုပ္ျဖစ္ခဲ့တာတဲ့ေလ။ သူဟာ ေသခါနီးမွာေတာင္ သူစတင္ခဲ့တဲ့ ရက္စက္တဲ့ ကစားပြဲအတြင္း ေသဆုံးသြားတဲ့ လူသားေတြရဲ႕ အသက္အတြက္ နည္းနည္းေလးမွ တာဝန္ယူမႈမရွိတဲ့အျပင္ “ငါက ကစားဖို႔ ဖိအားေပးခဲ့တာမွမဟုတ္တာ။ မင္းတို႔က ေရြးခ်ယ္ခဲ့တာေလ။” လို႔ေတာင္ ေျပာထြက္ခဲ့ပါတယ္။

 

ဆင္းရဲႏြမ္းပါးတဲ့ သက္ႀကီးရြယ္အိုမ်ား။

“Squid Game” ဇာတ္ကားထဲမွာ အဓိကသ႐ုပ္ေဆာင္ Hwang က ကစားပြဲကို ၂၀၀၈ ခုႏွစ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္တယ္လို႔ ေဖာ္ျပထားေပမယ့္ ဒါဟာ ေတာင္ကိုရီးယားနိုင္ငံရဲ႕ လက္ရွိအေျခအေနကို ေဖာ္ျပထားတာပါ။ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ရဲ႕အဆိုအရ ေတာင္ကိုရီးယားနိုင္ငံဟာ ေတာင္ကိုရီးယားသမၼတ Moon Jae-In ရဲ႕ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕က ကပ္ေရာဂါကူးစက္မႈကို ေျဖရွင္းေနရင္း သက္ႀကီးရြယ္အို ျပည္သူေတြအတြက္ အလုပ္အကိုင္ေတြ ဖန္တီးေပးခဲ့ေပမယ့္လည္း ေတာင္ကိုရီးယားနိုင္ငံဟာ “ဆင္းရဲမြဲေတမႈကို ၾကဳံေတြ႕ေနရတဲ့ သက္ႀကီးရြယ္အို အမ်ားဆုံးရွိေသာ” နိုင္ငံေပါင္း (၃၃) ႏိုင္ငံစာရင္းမွာ ပါဝင္ေနပါတယ္။

The Korean Herald သတင္းဌာနက ၂၀၁၉ ခုႏွစ္ ကိုရီးယားနိုင္ငံဆိုင္ရာ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ကိုရီးယားနိုင္ငံအတြင္းမွာ ဆင္းရဲႏြမ္းပါးမႈႏႈန္းဟာ ၄၇ ရာခိုင္ႏႈန္းေက်ာ္ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။ ေတာင္ကိုရီးယားနိုင္ငံက အၿငိမ္းစားပင္စင္ အစားထိုးမႈႏႈန္းဟာလည္း OECD ရဲ႕ ပ်မ္းမၽွ (၆၅) ရာခိုင္ႏႈန္းေအာက္ထိ က်ဆင္းသြားပါတယ္။ ဆင္းရဲႏြမ္းပါးတဲ့ နိုင္ငံကေန စီးပြါးေရးအင္အားႀကီးတဲ့နိုင္ငံအျဖစ္ တိုးတက္လာေအာင္ ကူညီေပးခဲ့ဖူးတဲ့ နိုင္ငံ့ဝန္ထမ္းေကာင္းေတြဟာ အသက္ႀကီးလာခ်ိန္မွာ ပင္စင္လစာနဲ႔ ရွင္သန္ဖို႔အတြက္ အခက္ေတြ႕ေနၾကရပါတယ္။

ဒါ့အျပင္ အသက္ (၅၀) ေက်ာ္ ကိုရီးယားလူမ်ိဳးအခ်ိဳ႕ဟာ အလုပ္ကေန ထုတ္ပယ္ျခင္းခံေနရၿပီး ၄င္းတို႔ရဲ႕ေနရာမွာ ငယ္ရြယ္တဲ့ဝန္ထမ္းေတြနဲ႕ အစားထိုးခံေနရပါတယ္။ “Squid Game”ဇာတ္ကားထဲမွာလည္း ငယ္သူငယ္ခ်င္း (၂) ေယာက္ျဖစ္တဲ့ Gi-Hun နဲ႔ Sang-Woo တို႔ရဲ႕ အေမေတြဟာလည္း အၿငိမ္းစား အသက္အရြယ္ေတြျဖစ္ေပမယ့္ ရွင္သန္ဖို႔အတြက္ အလုပ္လုပ္ေနရတာကို ေတြ႕ျမင္ရမွာပါ။

 

၁၉၉၇ ခုႏွစ္ အာရွဘ႑ာေရးျပႆနာ။

အာရွဘ႑ာေရးျပႆနာဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာရွည္ခဲ့ၿပီး အဆိုပါျပႆနာကို Gi-Hun ရဲ႕ ဘဝဇာတ္ေၾကာင္းမွာ ေဖာ္ျပထားပါတယ္။ Gi-Hun ဟာ (၁၀) စုႏွစ္တစ္ခုအၾကာ စက္႐ုံတစ္ခုမွာ အလုပ္လုပ္ခဲ့ၿပီး စက္႐ုံက ဘ႑ာေရးျပႆနာေတြ ၾကဳံေတြ႕လာရတဲ့အခါမွာ ဝန္ထမ္းေတြကို အလုပ္ျဖဳတ္လိုက္တာေၾကာင့္ Gi-Hun ဟာလည္း အလုပ္လက္မဲ့ ျဖစ္လာခဲ့ပါတယ္။ အျခားေသာ အလုပ္လက္မဲ့ ဝန္ထမ္းေတြလိုပဲ Gi-Hun ဟာ ကိုယ္ပိုင္ စားေသာက္ဆိုင္ဖြင့္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ပညာမတတ္တဲ့အျပင္ ခ်မ္းသာတဲ့မိသားစုလည္းမရွိတဲ့ Gi-Hun ဟာ ေခ်းေငြရဖို႔အတြက္ သူ႕ရဲ႕ အတြင္းကလီစာကို အေပါင္ပစၥည္းအျဖစ္ အပ္ႏွံထားခဲ့တဲ့အျပင္ ကစားပြဲထဲက ဆုေၾကးေငြေတြဟာ ဘယ္ကရသလဲဆိုတာကို သူသိလည္းမသိခဲ့သလို စိတ္လည္းမဝင္စားခဲ့ပါဘူး။

 

နယ္ခ်ဲ႕ အေငြ႕အသက္။

ေတာင္ကိုရီးယားနိုင္ငံကို အေမရိကန္ေတြ နယ္ခ်ဲ႕ခဲ့တာကို အပိုင္း (၇) မွာ ကြက္ကြက္ကြင္းကြင္း ေဖာ္ျပထားပါတယ္။ အဂၤလိပ္စကားေျပာ VIP သူေဌးေတြဟာ ကၽြန္းဆီကို ေရာက္ရွိလာၿပီး ၄င္းတို႔ရဲ႕ေပ်ာ္ရႊင္မႈအတြက္ ကိုရီးယားလူမ်ိဳး ၿပိဳင္ပြဲဝင္ေတြရဲ႕ အသက္အေပၚ ေလာင္းေၾကးထပ္ခဲ့ၾကပါတယ္။

လူဦးေရေလ်ာ့နည္းလာတဲ့ ကစားသမားေတြကို ရွင္သန္ဖို႔ လုံေလာက္တဲ့ အစားအစာေတြ ေကၽြးေမြးျခင္းမရွိပဲ VIP ေတြကေတာ့ အဝတ္မပါဘဲ ခႏၶာကိုယ္မွာ အေရာင္ေတြ ျခယ္သထားတဲ့ လူသားေတြကို ပရိေဘာဂ ပစၥည္းသဖြယ္ သေဘာထားၿပီးေတာ့ စားေကာင္းေသာက္ဖြယ္ေတြစားရင္း လူေတြေသေနတာကိုၾကည့္ၿပီး ဇိမ္ခံေနခဲ့ၾကပါတယ္။ VIP ထဲက တစ္ေယာက္က ဝန္ေဆာင္မႈေပးေနသူကို လိင္ပိုင္းဆိုင္ရာ ေဖ်ာ္ေျဖမႈေပးဖို႔အတြက္ ခိုင္းေစနိုင္တာကို ၾကည့္မယ္ဆိုရင္ ကိုရီးယားအမ်ိဳးသားတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ကို လူခ်မ္းသာႀကီးက စိတ္ႀကိဳက္ျခယ္လွယ္နိုင္တယ္ဆိုတဲ့ နယ္ခ်ဲ႕စိတ္ဓါတ္ကို ေတြ႕နိုင္ပါတယ္။

 

ကိုရီးယားစစ္ပြဲ။

ကိုရီးယားစစ္ပြဲရဲ႕ ရိုက္ခတ္မႈကို အသိသာဆုံးေဖာ္ျပေနတဲ့ ဥပမာတစ္ခုကို ျပပါဆိုရင္ေတာ့ ဇာတ္ေကာင္ Sae-Byeok ရဲ႕ ဇာတ္လမ္းပါပဲ။ Sae-Byeok ဟာ ျပည္ေျပးတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕အေမကလည္း ေျမာက္ကိုရီးယားမွာ ပိတ္မိေနကာ ေမာင္ျဖစ္သူကလည္း ေတာင္ကိုရီးယားက ကေလးေစာင့္ေရွာက္ေရးေဂဟာမွာ တစ္ေယာက္တည္း ေနထိုင္ေနရၿပီး မိသားစုနဲ႔ ျပန္ဆုံစည္းခြင့္ရဖို႔ ေစာင့္ေနခ့ဲရပါတယ္။

ဇာတ္လမ္းအဆုံးနားမွာ ရင္နာစရာေကာင္းတဲ့ ဇာတ္လမ္းတစ္ခုကိုလည္း သုံးသပ္ၾကည့္ရေအာင္ပါ။ ညီအစ္ကိုႏွစ္ေယာက္ဟာ မ်က္ႏွာခ်င္းဆိုင္ ဆုံေတြ႕ခြင့္ရခဲ့ၿပီး ႏွစ္ေယာက္လုံးရဲ႕ လက္ထဲမွာလည္း ေသနတ္ေတြရွိေနခဲ့ကာ သူတို႔ရဲ႕မ်က္ဝန္းထဲမွာ ေၾကာက္ရြံ႕မႈေတြနဲ႔ ရႈပ္ေထြးမႈေတြ ေရာႁပြန္းေနခဲ့ပါတယ္။ ဘာလို႔ဆို တစ္ေယာက္ရွင္သန္ဖို႔ ေနာက္တစ္ေယာက္က ေသေပးရမယ္ဆိုတဲ့ သ‌ေဘာတရားကို နားလည္ထားၾကလို႔ပါ။

ညီအစ္ကိုႏွစ္ေယာက္ရဲ႕အျဖစ္ဟာ ကိုရီးယားနိုင္ငံႀကီး ႏွစ္ျခမ္းကြဲသြားတဲ့အခ်ိန္တုန္းက စစ္သားေတြ ခံစားခဲ့ရတဲ့ ရက္စက္လြန္းတဲ့အျဖစ္နဲ႔ မီးေမာင္းထိုးျပေနပါတယ္။ စစ္သားေတြဟာ သူငယ္ခ်င္းေတြနဲ႔ ေဆြမ်ိဳးေတြကို ရန္သူအျဖစ္ သတ္မွတ္ခဲ့ရၿပီး သူတို႔ကိုပဲ သတ္ရမလား သူတို႔သတ္တာကိုပဲ လက္ခံလိုက္ရမလားဆိုတဲ့ ခက္ခဲတဲ့ ေရြးခ်ယ္မႈကို ဆုံးျဖတ္ခဲ့ၾကရတာပါ။

စာေရးဆရာ Jonathan Swift က “ဆင္းရဲႏြမ္းပါးသူေတြကို က်န္းမာေသာ အစားအစာေတြ စားျခင္းျဖင့္ ဆာေလာင္မြတ္သိပ္မႈကို ျဖည့္တင္းပါ” လို႔ ေျပာထြက္ခဲ့သူေတြရဲ႕ စာနာစိတ္မဲ့မႈကို “A Modest Proposal” ထဲမွာ ေလွာင္ေျပာင္ထားသလို Hwang Dong-Hyuk ကလည္း “ေငြမရွိဘဲနဲ႔ ရွင္သန္နိုင္မွာ မဟုတ္ဘူးဆိုတာကို သိရက္နဲ႔ ႏြမ္းပါးသူေတြရဲ့အေရွ႕မွာ ေငြပမာဏအမ်ားႀကီးကို မက္လုံးေပးထား” တဲ့ လူမဆန္မႈကို “Squid Game” ထဲမွာ သ႐ုပ္ေဖာ္ျပထားျခင္းျဖစ္ပါတယ္။

<Zawgyi Verison>

 

#soshweentertainment

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro