Breaking News

၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။

ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်း လုံခြုံစိတ်ချရတဲ့နေရာဆိုတာ အတိအကျပြောဆိုနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် Economist Intelligence Unit က ကမ္ဘာတစ်ဝှမ်းရှိ ဒစ်ဂျစ်တယ်လုံခြုံရေး ၊ ကျန်းမာရေးလုံခြုံမှု ၊ အခြေခံအဆောက်အအုံ ၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုံခြုံရေး စသဖြင့် အချက်အလက်တွေ အပေါ်မူတည်ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ နိုင်ငံတကာခရီးစဉ်သွားဖို့ သင့်တော်တဲ့ မြို့ (၆၀) ကို Safe Cities Index (လည်ပတ်ဖို့ သင့်တော်သော မြို့များ အညွှန်း) ထဲမှာ ဖော်ပြပေးခဲ့ပါတယ်။

အာရှမြို့ကြီးတွေဖြစ်တဲ့ တိုကျို ၊ စင်္ကာပူနဲ့ အိုဆာကာတို့ဟာ နှစ်စဉ်ထိပ်သီးနေရာတွေမှာ ရပ်တည်နေခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ဥရောပမြို့တော်တွေက ထိပ်သီးနေရာတွေကို လုယူခဲ့ပါတယ်။ နှစ်စဉ်အစီရင်ခံစာအရ Denmark နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Copengagen မြို့ဟာ သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံးသော ကမ္ဘာ့အလုံခြုံဆုံး မြို့တော်စာရင်းမှာ ပေးမှတ် ၁၀၀ အတွင်း ရမှတ် ၈၂.၄ မှတ်နဲ့ ပထမဦးဆုံးအကြိမ် ထိပ်သီးနေရာကို ရရှိခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုတွေကို မကြာခဏ ကြုံတွေ့နေရတဲ့ အချိန်ကာလမှာ Copenhagen မြို့တော်ဟာ သဘာဝပတ်ဝန်းကျင်လုံခြုံမှုကဏ္ဍမှာ အပြစ်ပြောစရာမရှိအောင် ပြင်ဆင်ထားခဲ့တာကြောင့် ပထမနေရာကို ရသွားခဲ့ခြင်းဖြစ်ပါတယ်။

 

လူမှုရေး ညီညွတ်မှု။

Copenhagen မြို့တော်ဟာ Denmark နိုင်ငံ ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ Copenhagen မြို့တော်ကို အလုံခြုံဆုံးသော မြို့တော်ဖြစ်စေခဲ့တဲ့ အဓိကအချက်ကတော့ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ ရာဇဝတ်မှုဖြစ်ပွားနှုန်း အနည်းပါးဆုံး မြို့တော်ဖြစ်နေလို့ပါပဲ။ Copenhagen မှာ လူမှုအဆင့်အတန်းညီညွတ်မှုဟာ ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေကြောင်းကို ကျဉ်းမြောင်းတဲ့ ချမ်းသာမှု ကွာဟချက်ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ Canada နိုင်ငံရဲ့ Toronto မြို့ကတော့ ၈၂.၂ မှတ်နဲ့ ဒုတိယနေရာ ၊ စင်ကာပူကတော့ ၈၀.၇ မှတ်နဲ့ တတိယနေရာ ၊ ဆစ်ဒနီမြို့ကတော့ ၈၀.၁ မှတ်နဲ့ စတုတ္ထနေရာနဲ့ Tokyo မြို့ကတော့ ၈၀.၀ မှတ်နဲ့ ပဥ္စမနေရာမှာ အသီးသီး ရှိနေကြပါတယ်။

 

ဒေသတွင်းလုံခြုံမှု။

Copenhagen မြို့တော်နဲ့ Toronto မြို့တော်တွေဟာ ဒေသခံတွေကို လုံခြုံမှု ခံစားရစေဖို့ ရေရှည်စီမံကိန်းနဲ့ ကြိုးစားပေးခဲ့တာကြောင့် ကျိန်းသေပေါက် ထိပ်သီးနေရာမှာ ရပ်တည်ခွင့်ရဖို့ ထိုက်တန်ပါတယ်။

Netherland ရဲ့ Amsterdam က ၇၉.၃ မှတ်နဲ့ အဆင့် (၆) ၊ New Zealand ရဲ့ Wellington မြို့တော်က ၇၉.၀ မှတ်နဲ့ အဆင့် (၇) ကို ရရှိခဲ့ပါတယ်။ အာရှပစိဖိတ်မြို့တော်တွေဖြစ်တဲ့ Hong Kong နဲ့ Melbourne တို့က ၇၈.၆ မှတ်နဲ့ အဆင့် (၈) ကို ပူးတွဲရရှိခဲ့ပြီး Sweden ရဲ့ Stockholm မြို့တော်က ၇၈.၀ မှတ်နဲ့ အဆင့် (၁၀) နေရာမှာ ရှိနေပါတယ်။

အမှတ်အနည်းဆုံး (လုံးဝ သွားရောက် မလည်ပတ်သင့်သော) မြို့တော ်(၅) ခုကတော့  Nigeria နိုင်ငံက Lagos မြို့ ၊ Egypt နိုင်ငံက Cairo မြို့ ၊ Venezuela နိုင်ငံက Caracas မြို့ ၊ Pakistan နိုင်ငံက Karachi မြို့တော်နဲ့ မြန်မာနိုင်ငံက ရန်ကုန်မြို့တို့ပဲ ဖြစ်ပါတယ်။

 

မြို့ပြကြံ့ခိုင်မှုနဲ့ Covid-19

ကျန်းမာရေးစနစ်နဲ့ မူဝါဒချမှတ်မှုတွေမှာ ဦးဆောင်နေတဲ့ အာရှပစိဖိတ်စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းရဲ့ ဒါရိုက်တာ Nima Asgari က “မြို့ပြကြံ့ခိုင်မှုကို အဆင့်သတ်မှတ်တဲ့အခါမှာ အရင်တုန်းက ကျန်းမာရေးအကျပ်အတည်းတွေထက် သဘာဝဘေးအန္တရာယ်တွေ ၊ ရေလွှမ်းမိုးမှုတွေကိုသာ အဓိက ထားခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ကျန်မာရေးစနစ်ကြီးတစ်ခုလုံးဟာ ပြိုလဲပျက်စီးသွားမယ်လို့ ဘယ်သူမှ မထင်ခဲ့တာကြောင့်လေ။” လို့ ဆိုခဲ့ပါတယ်။

ကျန်းမာရေးစနစ်ကြီး ပြိုလဲသွားရခြင်းဟာလည်း ပြင်ဆင်မှုအားနည်းခဲ့ပြီး ရောဂါပျံ့ပွါးမှုကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ Melbourne တက္ကသိုလ်က ကမ္ဘာလုံးဆိုင်ရာ မြို့ပြနိုင်ငံရေး ပါမောက္ခတစ်ဦးဖြစ်သူ Michele Acuto က “Covid-19 ကပ်ရောဂါက အရာရာတိုင်းမှာ ဘယ်သူမှ မမြင်နိုင်တဲ့ လစ်ဟာမှုတွေရှိနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံရပြီးတဲ့နောက်မှာ ကျန်းမာရေးလုံခြုံမှုဆိုင်ရာကို ပြန်လည်ဆန်းစစ်ဖို့ အထူးလိုအပ်ကြောင်း နားလည်လာပါတယ်။” လို့ အလေးအနက် ဖော်ပြထားပါတယ်။

 

မထင်မှတ်ထားသော အပြောင်းအလှည့်။

အစီရင်ခံစာ တည်းဖြတ်သူ Naka Kondo က “လုပ်ငန်းအများစုဟာ အင်တာနက်ကို မှီခိုအသုံးပြုပြီး လုပ်ငန်းတွေကို လည်ပတ်လာတာကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို ဦးစားပေးသင့်နေပါပြီ။ အခြေခံအဆောက်အအုံဆိုင်ရာ လုံခြုံမှုအတွက် တာဝန်ရှိသူတွေက ခရီးသွားပုံစံတွေနဲ့ ဒေသခံတွေရဲ့ အသုံးအဆောင်တွေကို ပြုပြင်ပြောင်းလဲပေးဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် တာဝန်ရှိသူတွေက အသေးစိတ် စနစ်တကျ ကိုင်တွယ်ရပါမယ်။” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆေးပညာတွေ တိုးတက်ခမ်းနားနေတဲ့ ခေတ်မှာ မထင်မှတ်ထားတဲ့ ကပ်ရောဂါဖြစ်ပေါ်ခဲ့ပြီး လုံလောက်တဲ့ ပြင်ဆင်မှုတွေ မရှိခဲ့တာကြောင့် မလိုအပ်ဘဲ နစ်နာဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ မြို့ပြလုံခြုံမှုနဲ့ လူထုကျန်းမာရေးတွေအတွက် ပိုမိုအာရုံစိုက်ပြီး အသုံးတည့်မယ့် ပြင်ဆင်မှုတွေကို ဖန်တီးပေးဖို့ မျှော်လင့်နေပါတယ်။

<Unicode Version>

 

 

 

၂၀၂၂ ခုႏွစ္ရဲ႕ အလုံျခဳံဆုံးနဲ႔ အႏၲရာယ္အကင္းဆုံးေသာ ၿမိဳ႕ေတာ္မ်ား။

ခရီးသြားေတြအေနနဲ႔ ဘယ္ေနရာကို အလည္အပတ္သြားရမလဲဆိုတာ ဆုံးျဖတ္တဲ့အခ်ိန္မွာ အႏၲရာယ္ကင္းၿပီး လုံျခဳံမႈကို ေပးစြမ္းနိုင္တဲ့ ေနရာေတြကိုသာ အဓိကဦးစားေပး ေရြးခ်ယ္တတ္ၾကပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က ကမၻာတစ္ဝွမ္းလုံးမွာ ကပ္ေရာဂါဆိုးႀကီး ပ်ံ႕နွံ႕လာခဲ့တာေၾကာင့္ ကမၻာတစ္ဝွမ္း လုံၿခံဳစိတ္ခ်ရတ့ဲေနရာဆိုတာ အတိအက်ေျပာဆိုႏိုင္ခ့ဲျခင္း မရွိပါဘူး။

ဒါေၾကာင့္ Economist Intelligence Unit က ကမၻာတစ္ဝွမ္းရွိ ဒစ္ဂ်စ္တယ္လုံျခဳံေရး ၊ က်န္းမာေရးလုံျခဳံမႈ ၊ အေျခခံအေဆာက္အအုံ ၊ ပုဂၢိဳလ္ေရးလုံျခဳံမႈနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာလုံျခဳံေရး စသျဖင့္ အခ်က္အလက္ေတြ အေပၚမူတည္ၿပီး ၂၀၂၂ ခုႏွစ္အတြင္းမွာ နိုင္ငံတကာခရီးစဥ္သြားဖို႔ သင့္ေတာ္တဲ့ ၿမိဳ႕ (၆၀) ကို Safe Cities Index (လည္ပတ္ဖို႔ သင့္ေတာ္ေသာ ၿမိဳ႕မ်ား အညႊန္း) ထဲမွာ ေဖာ္ျပေပးခဲ့ပါတယ္။

အာရွၿမိဳ႕ႀကီးေတြျဖစ္တဲ့ တိုက်ိဳ ၊ စကၤာပူနဲ႔ အိုဆာကာတို႔ဟာ ႏွစ္စဥ္ထိပ္သီးေနရာေတြမွာ ရပ္တည္ေနခဲ့ေပမယ့္ ၂၀၂၂ ခုႏွစ္မွာေတာ့ ဥေရာပၿမိဳ႕ေတာ္ေတြက ထိပ္သီးေနရာေတြကို လုယူခဲ့ပါတယ္။ ႏွစ္စဥ္အစီရင္ခံစာအရ Denmark နိုင္ငံရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ Copengagen ၿမိဳ႕ဟာ သြားေရာက္လည္ပတ္ဖို႔ အသင့္ေတာ္ဆုံးေသာ ကမၻာ့အလုံျခဳံဆုံး ၿမိဳ႕ေတာ္စာရင္းမွာ ေပးမွတ္ ၁၀၀ အတြင္း ရမွတ္ ၈၂.၄ မွတ္နဲ႔ ပထမဦးဆုံးအႀကိမ္ ထိပ္သီးေနရာကို ရရွိခဲ့ပါတယ္။ ရာသီဥတုေဖာက္ျပန္မႈေတြကို မၾကာခဏ ၾကဳံေတြ႕ေနရတဲ့ အခ်ိန္ကာလမွာ Copenhagen ၿမိဳ႕ေတာ္ဟာ သဘာဝပတ္ဝန္းက်င္လုံျခဳံမႈက႑မွာ အျပစ္ေျပာစရာမရွိေအာင္ ျပင္ဆင္ထားခဲ့တာေၾကာင့္ ပထမေနရာကို ရသြားခဲ့ျခင္းျဖစ္ပါတယ္။

 

လူမႈေရး ညီညြတ္မႈ။

Copenhagen ၿမိဳ႕ေတာ္ဟာ Denmark နိုင္ငံ ယဥ္ေက်းမႈရဲ႕ အေျခခံအုတ္ျမစ္ေတြထဲက တစ္ခုဆိုလည္း မမွားပါဘူး။ Copenhagen ၿမိဳ႕ေတာ္ကို အလုံျခဳံဆုံးေသာ ၿမိဳ႕ေတာ္ျဖစ္ေစခဲ့တဲ့ အဓိကအခ်က္ကေတာ့ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာတဲ့အထိ ရာဇဝတ္မႈျဖစ္ပြားႏႈန္း အနည္းပါးဆုံး ၿမိဳ႕ေတာ္ျဖစ္ေနလို႔ပါပဲ။ Copenhagen မွာ လူမႈအဆင့္အတန္းညီညြတ္မႈဟာ ေကာင္းမြန္တဲ့အေျခအေနမွာ ရွိေနေၾကာင္းကို က်ဥ္းေျမာင္းတဲ့ ခ်မ္းသာမႈ ကြာဟခ်က္ကို ၾကည့္႐ုံနဲ႔ သိနိုင္ပါတယ္။ Canada နိုင္ငံရဲ႕ Toronto ၿမိဳ႕ကေတာ့ ၈၂.၂ မွတ္နဲ႔ ဒုတိယေနရာ ၊ စင္ကာပူကေတာ့ ၈၀.၇ မွတ္နဲ႔ တတိယေနရာ ၊ ဆစ္ဒနီၿမိဳ႕ကေတာ့ ၈၀.၁ မွတ္နဲ႔ စတုတၳေနရာနဲ႔ Tokyo ၿမိဳ႕ကေတာ့ ၈၀.၀ မွတ္နဲ႔ ပဥၥမေနရာမွာ အသီးသီး ရွိေနၾကပါတယ္။

 

ေဒသတြင္းလုံျခဳံမႈ။

Copenhagen ၿမိဳ႕ေတာ္နဲ႔ Toronto ၿမိဳ႕ေတာ္ေတြဟာ ေဒသခံေတြကို လုံျခဳံမႈ ခံစားရေစဖို႔ ေရရွည္စီမံကိန္းနဲ႔ ႀကိဳးစားေပးခဲ့တာေၾကာင့္ က်ိန္းေသေပါက္ ထိပ္သီးေနရာမွာ ရပ္တည္ခြင့္ရဖို႔ ထိုက္တန္ပါတယ္။

Netherland ရဲ႕ Amsterdam က ၇၉.၃ မွတ္နဲ႔ အဆင့္ (၆) ၊ New Zealand ရဲ႕ Wellington ၿမိဳ႕ေတာ္က ၇၉.၀ မွတ္နဲ႔ အဆင့္ (၇) ကို ရရွိခဲ့ပါတယ္။ အာရွပစိဖိတ္ၿမိဳ႕ေတာ္ေတြျဖစ္တဲ့ Hong Kong နဲ႔ Melbourne တို႔က ၇၈.၆ မွတ္နဲ႔ အဆင့္ (၈) ကို ပူးတြဲရရွိခဲ့ၿပီး Sweden ရဲ႕ Stockholm ၿမိဳ႕ေတာ္က ၇၈.၀ မွတ္နဲ႔ အဆင့္ (၁၀) ေနရာမွာ ရွိေနပါတယ္။

အမွတ္အနည္းဆုံး (လုံးဝ သြားေရာက္ မလည္ပတ္သင့္ေသာ) ၿမိဳ႕ေတာ ္(၅) ခုကေတာ့  Nigeria နိုင္ငံက Lagos ၿမိဳ႕ ၊ Egypt နိုင္ငံက Cairo ၿမိဳ႕ ၊ Venezuela နိုင္ငံက Caracas ၿမိဳ႕ ၊ Pakistan နိုင္ငံက Karachi ၿမိဳ႕ေတာ္နဲ႔ ျမန္မာနိုင္ငံက ရန္ကုန္ၿမိဳ႕တို႔ပဲ ျဖစ္ပါတယ္။

 

ၿမိဳ႕ျပႀကံ့ခိုင္မႈနဲ႔ Covid-19

က်န္းမာေရးစနစ္နဲ႔ မူဝါဒခ်မွတ္မႈေတြမွာ ဦးေဆာင္ေနတဲ့ အာရွပစိဖိတ္ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕အစည္းရဲ႕ ဒါရိုက္တာ Nima Asgari က “ၿမိဳ႕ျပႀကံ႕ခိုင္မႈကို အဆင့္သတ္မွတ္တဲ့အခါမွာ အရင္တုန္းက က်န္းမာေရးအက်ပ္အတည္းေတြထက္ သဘာဝေဘးအႏၲရာယ္ေတြ ၊ ေရလႊမ္းမိုးမႈေတြကိုသာ အဓိက ထားခဲ့ၾကတယ္။ ဘာလို႔လဲဆိုေတာ့ က်န္မာေရးစနစ္ႀကီးတစ္ခုလုံးဟာ ၿပိဳလဲပ်က္စီးသြားမယ္လို႔ ဘယ္သူမွ မထင္ခဲ့တာေၾကာင့္ေလ။” လို႔ ဆိုခဲ့ပါတယ္။

က်န္းမာေရးစနစ္ႀကီး ၿပိဳလဲသြားရျခင္းဟာလည္း ျပင္ဆင္မႈအားနည္းခဲ့ၿပီး ေရာဂါပ်ံ႕ပြါးမႈကို ထိန္းခ်ဳပ္နိုင္စြမ္း မရွိခဲ့ျခင္းေၾကာင့္ ျဖစ္ပါတယ္။ Melbourne တကၠသိုလ္က ကမၻာလုံးဆိုင္ရာ ၿမိဳ႕ျပနိုင္ငံေရး ပါေမာကၡတစ္ဦးျဖစ္သူ Michele Acuto က “Covid-19 ကပ္ေရာဂါက အရာရာတိုင္းမွာ ဘယ္သူမွ မျမင္နိုင္တဲ့ လစ္ဟာမႈေတြရွိနိုင္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ရဲ႕ ရိုက္ခတ္မႈဒဏ္ကို ခံရၿပီးတဲ့ေနာက္မွာ က်န္းမာေရးလုံျခဳံမႈဆိုင္ရာကို ျပန္လည္ဆန္းစစ္ဖို႔ အထူးလိုအပ္ေၾကာင္း နားလည္လာပါတယ္။” လို႔ အေလးအနက္ ေဖာ္ျပထားပါတယ္။

 

မထင္မွတ္ထားေသာ အေျပာင္းအလွည့္။

အစီရင္ခံစာ တည္းျဖတ္သူ Naka Kondo က “လုပ္ငန္းအမ်ားစုဟာ အင္တာနက္ကို မွီခိုအသုံးျပဳၿပီး လုပ္ငန္းေတြကို လည္ပတ္လာတာေၾကာင့္ ဒစ္ဂ်စ္တယ္လုံျခဳံေရးကို ဦးစားေပးသင့္ေနပါၿပီ။ အေျခခံအေဆာက္အအုံဆိုင္ရာ လုံျခဳံမႈအတြက္ တာဝန္ရွိသူေတြက ခရီးသြားပုံစံေတြနဲ႔ ေဒသခံေတြရဲ႕ အသုံးအေဆာင္ေတြကို ျပဳျပင္ေျပာင္းလဲေပးဖို႔လည္း လိုအပ္ပါတယ္။ ဒါ့အျပင္ ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ပုဂၢိဳလ္ေရးလုံျခဳံမႈအတြက္ တာဝန္ရွိသူေတြက အေသးစိတ္ စနစ္တက် ကိုင္တြယ္ရပါမယ္။” လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ေဆးပညာေတြ တိုးတက္ခမ္းနားေနတဲ့ေခတ္မွာ မထင္မွတ္ထားတဲ့ ကပ္ေရာဂါျဖစ္ေပၚခဲ့ၿပီး လုံေလာက္တဲ့ ျပင္ဆင္မႈေတြ မရွိခဲ့တာေၾကာင့္ မလိုအပ္ဘဲ နစ္နာဆုံးရႈံးမႈေတြ မ်ားျပားခဲ့ပါတယ္။ ဒါေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ ၿမိဳ႕ျပလုံျခဳံမႈနဲ႔ လူထုက်န္းမာေရးေတြအတြက္ ပိုမိုအာ႐ုံစိုက္ၿပီး အသုံးတည့္မယ့္ ျပင္ဆင္မႈေတြကို ဖန္တီးေပးဖို႔ ေမၽွာ္လင့္ေနပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro