Breaking News

စကားတစ်လုံးမှ မပြောဘဲ အကျော်ကြားဆုံးသော TikTok ကြယ်ပွင့်ဖြစ်လာတဲ့ Khabane Lame

၂၀၂၀ ခုနှစ်တုန်းက အီတလီနိုင်ငံမှာ ကပ်ရောဂါ စတင်ဖြစ်ပွါးတဲ့အချိန် Turin မြို့ မြောက်ပိုင်းရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေခဲ့တဲ့ Khabane Lame ဆိုတဲ့ အမျိုးသားတစ်ဦးဟာ အလုပ်အကိုင် ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် Lame တစ်ယောက် Chivasso မှာရှိတဲ့ မိဘအိမ်မှာ မောင်နှမ (၃) ယောက်နဲ့အတူနေရင်း အလုပ်အသစ်ကို ရှာဖွေနေခဲ့ရပါတယ်။ တစ်နေ့မှာတော့ Lame က TikTok ကို စတင်အသုံးပြုပြီး “Khaby Lame” ဆိုတဲ့ နာမည်နဲ့ သူ့ရဲ့ဖန်တီးမှုတွေကို လူအများနဲ့ မျှဝေရာကနေ မထင်မှတ်ထားတဲ့ အောင်မြင်ကျော်ကြားမှုကို ရရှိခဲ့ပါတယ်။

အစပိုင်းမှာတော့ အသက် ၂၁ နှစ်သာရှိသေးတဲ့ Lame က အခြား TikToker တွေလိုပဲ ကခုန်တာမျိုး ၊ ဗီဒီယိုဂိမ်းတွေ ကြည့်တာမျိုးနဲ့ အခြား ဟာသစတန့်တွေကိုသာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်အစောပိုင်းမှာ လူမှုကွန်ရက်ပေါ် နာမည်ကြီးလာတဲ့ သဘာဝမကျတဲ့ “Life Hack” ဗီဒီယိုတွေကို ကြည့်ရင်း “လူတွေက မလိုအပ်တာတွေကို လုပ်နေတယ်။” ဆိုတာကို Lame က စကားလုံးတွေနဲ့ ထုတ်မပြောဘဲ အသံတိတ် ၊ အကဲခတ်မှု အမူအရာနဲ့သာ တုံ့ပြန်ထားတာကို ဗီဒီယိုရိုက်ကူးပြီး တင်ခဲ့ပါတယ်။

Lame က အလွန်ရှုပ်ထွေးတဲ့ “Life Hack” တွေကို အခြား ရိုးရှင်းတဲ့နည်းတွေနဲ့ ပြီးမြောက်အောင်လုပ်နိုင်ကြောင်းကို စကားတစ်လုံးမှ မပြောဘဲ အမူအရာနဲ့တင် ရှင်းပြခဲ့ပါတယ်။ ဥပမာ – တစ်စုံတစ်ယောက်က ငှက်ပျောသီးအခွံကို ဓါးနဲ့လှီးပြနေတာကို ကြည့်ပြီး Lame က ငှက်ပျော်သီးတစ်လုံးကို လက်နဲ့အခွံခွာနိုင်ကြောင်း ပြသခဲ့တာမျိုးပေါ့။

မကြာသေးမီးက CNN နဲ့ပြုလုပ်တဲ့ အင်တာဗျူးထဲမှာ “ကျွန်တော်က ဒီဗီဒီယိုတွေကို မကြာခဏ တွေ့နေရပြီးနောက်မှာ အကြံဉာဏ်တစ်ခု ရလာခဲ့တယ်။ ရိုးရှင်းမှုကို ဆောင်ကျဉ်းပေးရမယ်ဆိုတဲ့ အကြံဉာဏ်ကို ကျွန်တော် တကယ်သဘောကျခဲ့တာ။ အမူအရာကိုလည်း ထည့်ရမယ်လို့ စဉ်းစားခဲ့မိပြီး လူတွေကို ပိုပြီးဆွဲဆောင်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက စကားမပြောတာပါပဲ။” ဆိုပြီး ပြောပြခဲ့ပါတယ်။

Lame ကို အကျော်ကြားဆုံးသော ဒစ်ဂျစ်တယ် ဖန်တီးသူတစ်ယောက် ဖြစ်စေခဲ့တာကတော့ သူ့ရဲ့ “စိတ်တွေလည်း ကုန်ပါတယ်” ဆိုတဲ့ မျက်နှာအမူအရာနဲ့ ရိုးရှင်းစွာ ဖြေရှင်းချက် ထုတ်ပေးနိုင်စွမ်းပဲဖြစ်ပါတယ်။ Lame ကိုယ်တိုင်ကလည်း “ကျွန်တော့ရဲ့ မျက်နှာထားက လူတွေကို ရယ်မောစေတာပါ။ ဒီလိုရိုးရှင်းမှုနဲ့ လူတွေကို ရယ်မောအောင် ပြုလုပ်နိုင်တာကိုပဲ ကျွန်တော် အတော်လေး သဘောကျလှပါပြီ။” လို့ ဆိုပါတယ်။

Lame ရဲ့ စကားတစ်လုံးမှမပြောဘဲ အမူအရာတွေနဲ့တင် စိတ်ခံစားမှုတွေကို ဆက်နွယ်နိုင်စွမ်းက ဘာသာစကား နားမလည်မှုအတားအဆီးကို ကျော်လွှားသွားခဲ့ပါတယ်။ အာရုံစိုက်ခံရဖို့နဲ့ ကြည့်ရှုသူတွေကို နားလည်စေဖို့ စကားတွေ ပြောနေဖို့ မလိုဘူးဆိုတာကိုလည်း Lame က သက်သေပြခဲ့ပါတယ်။ ဒါ့အပြင် Lame က ဘဝကြီးဟာ ရှုပ်ထွေးနေစရာမလိုဘဲ အချို့သော အရာတွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းလို့ရနိုင်ကြောင်းကိုပါ ရှင်းပြခဲ့ခြင်းဖြစ်ပါတယ်။

Lame ဟာ အချိန်တိုအတွင်း အောင်မြင်ကျော်ကြားလာတဲ့ TikTok ကြယ်ပွင့်တစ်ဦးဖြစ်လာခဲ့ပါတယ်။ တခြားကြယ်ပွင့်တွေနဲ့ မတူတာကတော့ Lame ရဲ့ ဗီဒီယိုတွေဟာ အလွန်အကျွံလုပ်ထားတာမဟုတ်ဘဲ အရမ်းသဘာဝဆန်နေပြီး တစ်ချိန်တည်းမှာပဲ ဟာသဆန်နေတာပါ။ Lame က တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါပျံ့ပွါးပြီး ချစ်ခင်ရသူတွေ မိသားစုဝင်တွေ ဆုံးရှုံးနေရတဲ့သူတွေကို ရယ်မောစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုဗီဒီယိုမျိုးတွေကို ဖန်တီးခဲ့ရာကနေ အခုချိန်မှာတော့ Follower ပေါင်း ၁၂၂ သန်းနဲ့ လူကြိုက်အများဆုံး TikTok ကြယ်ပွင့် ဖြစ်လာပါတော့တယ်။

Lame ဟာ လူကြည့်များတဲ့ ဗီဒီယိုတွေကို ဖန်တီးရာကနေ ဝင်ငွေဘယ်လောက်ထိ ရရှိခဲ့သလဲဆိုတာကို ထုတ်မကြွားခဲ့ပေမယ့် အရည်အသွေး ပိုမိုကောင်းမွန်တဲ့ ဗီဒီယိုတွေကို ဖန်တီးရိုက်ကူးချင်လို့ ရရှိခဲ့တဲ့ငွေအချို့နဲ့ iPhone 12 ကို ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

Lame ရဲ့ဖန်တီးမှုကို သာမန်လူတွေတင်မကဘဲ အနုပညာရှင်တွေကပါ သဘောကျနှစ်သက်ခဲ့ပြီး Lame ငယ်ငယ်လေးကတည်းက သဘောကျနှစ်သက်ခဲ့တဲ့ Will Smith ဟာလည်း သူ့ရဲ့ပရိသတ် ဖြစ်လာပါတယ်။ အခြား TikTok ကြယ်ပွင့်တွေက ရုပ်ရှင်လောကထဲကို ဝင်လာတာကြောင့် Lame ဟာလည်း သူ့ရဲ့ငယ်ဘဝအိပ်မက်ဖြစ်တဲ့ Smith နဲ့ အတူတူ အလုပ်တွဲလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဆက်လက်ပြီးတော့လည်း Lame တစ်ယောက် ရယ်မောရတဲ့ Life Hack တွေကို ဆက်လက် တင်ဆက်သွားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

 

စကားတစ္လုံးမွ မေျပာဘဲ အေက်ာ္ၾကားဆုံးေသာ TikTok ၾကယ္ပြင့္ျဖစ္လာတဲ့ Khabane Lame

၂၀၂၀ ခုႏွစ္တုန္းက အီတလီနိုင္ငံမွာ ကပ္ေရာဂါ စတင္ျဖစ္ပြါးတဲ့အခ်ိန္ Turin ၿမိဳ႕ ေျမာက္ပိုင္းရွိ စက္႐ုံတစ္ခုမွာ အလုပ္လုပ္ေနခဲ့တဲ့ Khabane Lame ဆိုတ့ဲ အမ်ိဳးသားတစ္ဦးဟာ အလုပ္အကိုင္ ဆုံးရႈံးခ့ဲပါတယ္။ ဒါေၾကာင့္ Lame တစ္ေယာက္ Chivasso မွာရွိတ့ဲ မိဘအိမ္မွာ ေမာင္ႏွမ (၃) ေယာက္နဲ႔အတူေနရင္း အလုပ္အသစ္ကို ရွာေဖြေနခဲ့ရပါတယ္။ တစ္ေန႔မွာေတာ့ Lame က TikTok ကို စတင္အသုံးျပဳၿပီး “Khaby Lame” ဆိုတဲ့ နာမည္နဲ႔ သူ႕ရဲ႕ဖန္တီးမႈေတြကို လူအမ်ားနဲ႔ မၽွေဝရာကေန မထင္မွတ္ထားတဲ့ ေအာင္ျမင္ေက်ာ္ၾကားမႈကို ရရွိခဲ့ပါတယ္။

အစပိုင္းမွာေတာ့ အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ Lame က အျခား TikToker ေတြလိုပဲ ကခုန္တာမ်ိဳး ၊ ဗီဒီယိုဂိမ္းေတြ ၾကည့္တာမ်ိဳးနဲ႔ အျခား ဟာသစတန႔္ေတြကိုသာ ရိုက္ကူးတင္ဆက္ခ့ဲပါတယ္။ ဒါေပမယ့္ ဒီႏွစ္အေစာပိုင္းမွာ လူမႈကြန္ရက္ေပၚ နာမည္ႀကီးလာတဲ့ သဘာဝမက်တဲ့ “Life Hack” ဗီဒီယိုေတြကို ၾကည့္ရင္း “လူေတြက မလိုအပ္တာေတြကို လုပ္ေနတယ္။” ဆိုတာကို Lame က စကားလုံးေတြနဲ႔ ထုတ္မေျပာဘဲ အသံတိတ္ ၊ အကဲခတ္မႈ အမူအရာနဲ႔သာ တုံ႔ျပန္ထားတာကို ဗီဒီယိုရိုက္ကူးၿပီး တင္ခဲ့ပါတယ္။

Lame က အလြန္ရႈပ္ေထြးတဲ့ “Life Hack” ေတြကို အျခား ရိုးရွင္းတ့ဲနည္းေတြနဲ႔ ၿပီးေျမာက္ေအာင္လုပ္နိုင္ေၾကာင္းကို စကားတစ္လုံးမွ မေျပာဘဲ အမူအရာနဲ႔တင္ ရွင္းျပခဲ့ပါတယ္။ ဥပမာ – တစ္စုံတစ္ေယာက္က ငွက္ေပ်ာသီးအခြံကို ဓါးနဲ႔လွီးျပေနတာကို ၾကည့္ၿပီး Lame က ငွက္ေပ်ာ္သီးတစ္လုံးကို လက္နဲ႔အခြံခြာနိုင္ေၾကာင္း ျပသခဲ့တာမ်ိဳးေပါ့။

မၾကာေသးမီးက CNN နဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးထဲမွာ “ကၽြန္ေတာ္က ဒီဗီဒီယိုေတြကို မၾကာခဏ ေတြ႕ေနရၿပီးေနာက္မွာ အႀကံဉာဏ္တစ္ခု ရလာခဲ့တယ္။ ရိုးရွင္းမႈကို ေဆာင္က်ဥ္းေပးရမယ္ဆိုတဲ့ အႀကံဉာဏ္ကို ကၽြန္ေတာ္ တကယ္သေဘာက်ခဲ့တာ။ အမူအရာကိုလည္း ထည့္ရမယ္လို႔ စဥ္းစားခဲ့မိၿပီး လူေတြကို ပိုၿပီးဆြဲေဆာင္နိုင္မယ့္ အေကာင္းဆုံးေသာ နည္းလမ္းက စကားမေျပာတာပါပဲ။” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Lame ကို အေက်ာ္ၾကားဆုံးေသာ ဒစ္ဂ်စ္တယ္ ဖန္တီးသူတစ္ေယာက္ ျဖစ္ေစခဲ့တာကေတာ့ သူ႕ရဲ႕ “စိတ္ေတြလည္း ကုန္ပါတယ္” ဆိုတဲ့ မ်က္ႏွာအမူအရာနဲ႔ ရိုးရွင္းစြာ ေျဖရွင္းခ်က္ ထုတ္ေပးနိုင္စြမ္းပဲျဖစ္ပါတယ္။ Lame ကိုယ္တိုင္ကလည္း “ကၽြန္ေတာ့ရဲ႕ မ်က္ႏွာထားက လူေတြကို ရယ္ေမာေစတာပါ။ ဒီလိုရိုးရွင္းမႈနဲ႔ လူေတြကို ရယ္ေမာေအာင္ ျပဳလုပ္နိုင္တာကိုပဲ ကၽြန္ေတာ္ အေတာ္ေလး သေဘာက်လွပါၿပီ။” လို႔ ဆိုပါတယ္။

Lame ရဲ႕ စကားတစ္လုံးမွမေျပာဘဲ အမူအရာေတြနဲ႔တင္ စိတ္ခံစားမႈေတြကို ဆက္ႏြယ္နိုင္စြမ္းက ဘာသာစကား နားမလည္မႈအတားအဆီးကို ေက်ာ္လႊားသြားခဲ့ပါတယ္။ အာ႐ုံစိုက္ခံရဖို႔နဲ႔ ၾကည့္ရႈသူေတြကို နားလည္ေစဖို႔ စကားေတြ ေျပာေနဖို႔ မလိုဘူးဆိုတာကိုလည္း Lame က သက္ေသျပခဲ့ပါတယ္။ ဒါ့အျပင္ Lame က ဘဝႀကီးဟာ ရႈပ္ေထြးေနစရာမလိုဘဲ အခ်ိဳ႕ေသာ အရာေတြကို ရိုးရိုးရွင္းရွင္းနဲ႔ ျဖတ္သန္းလို႔ရနိုင္ေၾကာင္းကိုပါ ရွင္းျပခဲ့ျခင္းျဖစ္ပါတယ္။

Lame ဟာ အခ်ိန္တိုအတြင္း ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ TikTok ၾကယ္ပြင့္တစ္ဦးျဖစ္လာခ့ဲပါတယ္။ တျခားၾကယ္ပြင့္ေတြနဲ႔ မတူတာကေတာ့ Lame ရဲ႕ ဗီဒီယိုေတြဟာ အလြန္အကၽြံလုပ္ထားတာမဟုတ္ဘဲ အရမ္းသဘာဝဆန္ေနၿပီး တစ္ခ်ိန္တည္းမွာပဲ ဟာသဆန္ေနတာပါ။ Lame က တစ္ကမၻာလုံးမွာ ကပ္ေရာဂါပ်ံ႕ပြါးၿပီး ခ်စ္ခင္ရသူေတြ မိသားစုဝင္ေတြ ဆုံးရႈံးေနရတဲ့သူေတြကို ရယ္ေမာေစခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ ဒီလိုဗီဒီယိုမ်ိဳးေတြကို ဖန္တီးခဲ့ရာကေန အခုခ်ိန္မွာေတာ့ Follower ေပါင္း ၁၂၂ သန္းနဲ႔ လူႀကိဳက္အမ်ားဆုံး TikTok ၾကယ္ပြင့္ ျဖစ္လာပါေတာ့တယ္။

Lame ဟာ လူၾကည့္မ်ားတဲ့ ဗီဒီယိုေတြကို ဖန္တီးရာကေန ဝင္ေငြဘယ္ေလာက္ထိ ရရွိခဲ့သလဲဆိုတာကို ထုတ္မႂကြားခဲ့ေပမယ့္ အရည္အေသြး ပိုမိုေကာင္းမြန္တဲ့ ဗီဒီယိုေတြကို ဖန္တီးရိုက္ကူးခ်င္လို႔ ရရွိခဲ့တဲ့ေငြအခ်ိဳ႕နဲ႔ iPhone 12 ကို ဝယ္ယူခဲ့တယ္လို႔ ဆိုပါတယ္။

Lame ရဲ႕ဖန္တီးမႈကို သာမန္လူေတြတင္မကဘဲ အႏုပညာရွင္ေတြကပါ သေဘာက်ႏွစ္သက္ခ့ဲၿပီး  Lame ငယ္ငယ္ေလးကတည္းက သေဘာက်ႏွစ္သက္ခဲ့တဲ့ Will Smith ဟာလည္း သူ႕ရဲ႕ပရိသတ္ ျဖစ္လာပါတယ္။ အျခား TikTok ၾကယ္ပြင့္ေတြက ႐ုပ္ရွင္ေလာကထဲကို ဝင္လာတာေၾကာင့္ Lame ဟာလည္း သူ႕ရဲ႕ငယ္ဘဝအိပ္မက္ျဖစ္တဲ့ Smith နဲ႔ အတူတူ အလုပ္တြဲလုပ္နိုင္ဖို႔ ေမၽွာ္လင့္ေနပါတယ္။ ဆက္လက္ၿပီးေတာ့လည္း Lame တစ္ေယာက္ ရယ္ေမာရတဲ့ Life Hack ေတြကို ဆက္လက္ တင္ဆက္သြားဦးမယ္လို႕ ေျပာၾကားခ့ဲပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro