မကြာသေးမီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီဟာ ဘက်ထရီအား အပြည့်သွင်းထားရင် (၅၂၀) မိုင်ခန့် မောင်းနှင်နိုင်မယ့် “Lucid Air Dream” လို့ အမည်ပေးထားတဲ့ လျှပ်စစ်ကားအမျိုးအစားအသစ်ကို တရားဝင်ကြေငြာပြီး အဆင့်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ Tesla ရဲ့ Model S Long Range အပါအဝင် EPA က အဆင့်သတ်မှတ်ပေးထားတဲ့ ဘက်ထရီစွမ်းအားသုံး ကားတစ်စီးရဲ့ အကြာရှည်ဆုံး မောင်းနိုင်စွမ်းလို့ ဆိုလို့ရပါတယ်။
“Lucid Air Dream” ကို မောင်းနှင်ရာမှာ အချိန်အားဖြင့် ကြာရှည်ခံရုံတင်မဟုတ်ဘဲ အဆိုပါလျှပ်စစ်ကားကို အားအပြည့်သွင်းထားမယ်ဆိုရင် ဆီတိုင်ကီအပြည့် လောင်စာဆီထည့်ထားတဲ့ ကားတွေရဲ့ မောင်းနှင်နိုင်ချိန်ထက် ပိုမိုကြာရှည်တဲ့မိုင်နှုန်းနဲ့ သွားလိုရာခရီးကို အရောက်သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် Tesla မှာ တာဝန်ထမ်းဆောင်ဖူးခဲ့ပြီး Model S ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို ကူညီပေးခဲ့ဖူးသူတစ်ဖြစ်လဲ ယခုလက်ရှိ Lucid ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Peter Rawlinson က လူအများကို အံ့အားသင့်စေခဲ့တဲ့ (၅၂၀) မိုင်အထိ မောင်းနှင်နိုင်စွမ်းဟာ အရေးကြီးတဲ့ အစိတ်အပိုင်း မဟုတ်သေးဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ Lucid Air ရဲ့ တန်ဖိုးကတော့ ဒေါ်လာ (၇၄,၀၀၀) လောက်ရှိပြီး Lucid Air Edition ပုံစံအသစ်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ (၁၆၉,၀၀၀) အထိ ရှိပါတယ်။
ခန့်ညားထည်ဝါတဲ့ ပုံရိပ်အနောက်မှာ လူတွေသိပ်ပြီး အရေးတယူဆွေးနွေးခြင်းမပြုတဲ့ Rawlinson ရဲ့ ထင်မြင်ချက်ဖြစ်တဲ့ စာရင်းဇယားတစ်ခုက အနာဂါတ် လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍမှာ အနိုင်နဲ့အရှုံးကို ဆုံးဖြတ်ပေးမယ့်အရာကတော့ “အချိန်တိုအတွင်း ခရီးပေါက်ရောက်မှု” ပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (၅၂၀) မိုင်အထိ မောင်းနှင်နိုင်တဲ့ Lucid Air မှာ ထည့်သွင်းတည်ဆောက်ထားတဲ့ အားကောင်းတဲ့စွမ်းအင်ကို မတူညီ ကွဲပြားတဲ့ စျေးနှုန်းနဲ့ လျှပ်စစ်ကားတွေမှာလည်း ထည့်သွင်းနိုင်တယ်လို့ Rawlinson က ဆိုပါတယ်။
အမှန်တော့ Rawlinson ဟာ Lucid မှာ အသုံးပြုထားတဲ့ ထိရောက်မှုရှိတဲ့ စွမ်းအင်ဆိုင်ရာ လှည့်ကွက်အချို့ကို သူ့ရဲ့ နောက်ထပ် စီမံကိန်းတစ်ခုဖြစ်တဲ့ “၂၁ ရာစုအတွက် Model T” လို့ ညွှန်းဆိုနေတဲ့ “T21” လို့ အမည်ပေးထားတဲ့ တီထွင်မှုအသစ်မှာလည်း အသုံးပြုထားပြီး Model T21 ဟာ လူတိုင်းနီးပါးတတ်နိုင်တဲ့ မောင်းနှင်စွမ်းအားမြင့် ကားတစ်စီး ဖြစ်လာနိုင်ချေရှိပါတယ်။
Rawlinson က “Model T Ford ဟာ လွန်ခဲ့တဲ့ (၂၀) ရာစုနှစ်မှာ လူတွေကို အမှန်အကန် ဆွဲဆောင်နိုင်ခဲ့တယ်။ အဆိုပါကားဟာ ကမ္ဘာမြေကို ဆိုးရွာစွာထိခိုက်စေခဲ့တဲ့ အရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့မှာ မျိုးဆက်သစ် စက်မှုအတတ်ပညာရှင်တွေ ၊ နည်းပညာရှင်တွေနဲ့ ဒီဇိုင်းပညာရှင်တွေ ရှိနေပြီမို့ လူသားတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာမြေကြီးရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ဖြေရှင်းဖို့ အချိန်ရောက်လာပါပြီ။” လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။
ဆက်လက်ပြီးတော့ Rawlinson က လျှပ်စစ်ကားတွေ တီထွင်တည်ဆောက်နေတဲ့ အပြောင်းအလဲကာလမှာ နောက်ကျကျန်နေခဲ့သူတွေအနေနဲ့ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး စျေးကွက်ထဲ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာနိုင်ချေရှိတယ်လို့လည်း သူ့ရဲ့ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။
<Unicode Version>
၅၂၀ မိုင်အထိ တောက်လျှောက်မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားတွေရဲ့ စွမ်းဆောင်မှု။
ဆက်လက်ပြီးတော့ Rawlinson က လျှပ်စစ်ကားတွေ တီထွင်တည်ဆောက်နေတဲ့ အပြောင်းအလဲကာလမှာ နောက်ကျကျန်နေခဲ့သူတွေအနေနဲ့ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး ဈေးကွက်ထဲ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာနိုင်ချေရှိတယ်လို့လည်း သူ့ရဲ့ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။
<Zawgyi Version>
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare