Breaking News

အမှားလုပ်မိတဲ့ ဝန်ထမ်းတွေကို အလုပ်ထုတ်ခြင်းမလုပ်ဖို့ အကြံပြုလာတဲ့ Twilio ကုမ္ပဏီ CEO

ကျွန်မတို့ မှာယူထားတဲ့ အစားအသောက်တွေကို လာပို့ပေးနေပြီဖြစ်ကြောင်းနဲ့ ကြိုတင်ခေါ်ယူထားတဲ့ Uber အငှားယာဉ်က အိမ်ရှေ့ကို ရောက်နေပြီဖြစ်ကြောင်း အသိပေးနေတဲ့ စာတိုလေးတွေ ဖုန်းမျက်နှာပြင်ပေါ် တက်လာရင် အတော်လေးကို ပျော်စရာကောင်းပါတယ်။ ဒီပျော်ရွှင်မှုတွေကို ဖန်တီးပေးနေတာကတော့ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး Twilio ပဲ ဖြစ်ပါတယ်။

Twilio ကုမ္ပဏီကို၂၀၀၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အခုချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ကုမ္ပဏီခွဲပေါင်း (၂၄၀,၀၀၀) ထိတောင် ရှိနေပြီလည်းဖြစ်ပါတယ်။ Twilio ရဲ့ နှစ်စဉ်ရောင်းအားဟာ ဒေါ်လာ (၂.၅ ဘီလီယံ) အထိရှိတဲ့အပြင် ကုမ္ပဏီရဲ့ အကြီးမားဆုံးသော ဖောက်သည်တွေကတော့ Deliveroo နဲ့ Uber ပဲဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာ Uber က Twilio ကုမ္ပဏီရဲ့ ဝန်ဆောင်မှုအသုံးပြုနှုန်းကို လျှော့ချခဲ့တာကြောင့် ကုမ္ပဏီအခြေအနေဟာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Mr Lawson ဟာ CEO တစ်ယောက်အနေနဲ့ အဆိုပါအခြေအနေကို ကြုံတွေ့လာရတဲ့အခါမှာ မထင်မှတ်ထားတဲ့ လစ်ဟာမှုတွေကို မြင်သွားခဲ့တာကြောင့် ကုမ္ပဏီရဲ့ အဓိကပြဿနာအတွက် အဖြေထုတ်နိုင်ခဲ့ပါတယ်။

Mr Lawson က “ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးပါတဲ့အချက်တစ်ချက်ပါ။ ဒီပြဿနာကို ကြုံတွေ့ရတဲ့အချိန်မှာ ကျွန်တော်တို့ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ တစ်နေ့တည်းမှာပဲ ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

Mr Lawson က Uber ကို Twilio ရဲ့ ဝန်ဆောင်မှုတွေ ဆက်လက်အသုံးပြုဖို့ ဆွဲဆောင်နိုုင်ခဲ့ခြင်းမရှိတဲ့ ဝန်ထမ်းတွေကို အပြစ်တင်ဖို့ စီစဉ်ခဲ့ပေမယ့် ဝန်ထမ်းတွေကို အပြစ်မတင်ခင်မှာ ကုမ္ပဏီရဲ့စနစ်ကပဲ မှားယွင်းနေတာလား? ဝန်ထမ်းတွေကပဲ တစ်လွဲတွေလုပ်နေတာလားဆိုတာကို ပြန်လည်ဆန်းစစ် လေ့လာခဲ့ပါတယ်။

Mr Lawson က “တကယ့် ပြဿနာအစစ်အမှန်က ကျွန်တော်တို့မှာ အရောင်းဝန်ထမ်း လုံလုံလောက်လောက် မရှိခဲ့တာပဲ။ အချိန်တိုအတွင်းမှာ Uber ကို အသုံးပြုသူတွေ အများအပြား ရှိလာခဲ့တာကြောင့် အရောင်းဝန်ထမ်းတွေက ဝယ်ယူသူတွေကို ကောင်းမွန်ပြည့်စုံတဲ့ ဝန်ဆောင်မှုမျိုးပေးဖို့ လုံလောက်တဲ့ အချိန်ပမာဏလည်း မရခဲ့ကြဘူး။” ဆိုပြီး ပြဿနာရဲ့ အရင်းအမြစ်ကို မျှဝေပြောပြခဲ့ပါတယ်။

ဆက်လက်ပြီးတော့ Mr Lawson က “အကယ်၍ ကျွန်တော်တို့မှာ အရောင်းဝန်ထမ်း အများအပြား ရှိခဲ့မယ်ဆိုရင် Uber နဲ့ ပိုမိုဆက်သွယ်နိုင်မှာဖြစ်ပြီး သူတို့ရဲ့ ပြဿနာတွေကို ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ ဖြေရှင်းပေးနိုင်ခဲ့မှာပေါ့။ Uber အနေနဲ့လည်း အရည်အချင်း ပြည့်ဝတဲ့ စာရင်းကိုင်မန်နေဂျာတစ်ယောက် ထားသင့်ပါတယ်။” လို့ ဆိုပါတယ်။

Mr Lawson က အရောင်းဝန်ထမ်းတွေကို အလုပ်ထုတ်ပစ်မယ့်အစား ဝန်ထမ်းတွေအနေနဲ့ မနိုင်ဝန် ထမ်းနေတာမျိုး မဖြစ်ရအောင် အရောင်းဝန်ထမ်းအသစ်တွေ ခေါ်ယူခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ပြီးတဲ့အချိန်ကနေစပြီး Twilio ကုမ္ပဏီဟာ အရင်ကထက် (၅) ဆ ပိုတိုးတက်လာပြီး ကမ္ဘာတစ်ဝှမ်း လူပေါင်း (၅၅၀၀) ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Mr Lawson ဟာ ကုမ္ပဏီရဲ့ တိုးတက်မှုကို ဆက်လက်တိုးမြှင့်ဖို့အတွက် အမှားအယွင်းတွေ ပေါ်ပေါက်လာချိန်မှာ အပြစ်မဆိုတဲ့ ခေတ်သစ်မူဝါဒကို အသုံးပြုပြီး ဖြေရှင်းခဲ့ပါတယ်။ “ဝန်ထမ်းတိုင်းဟာ အမှားလုပ်မိမှာပဲ။ ဝန်ထမ်းတွေ အမှားမလုပ်အောင် ဘယ်အရာကမှ တားဆီးနိုင်စွမ်း မရှိဘူး။ ခေါင်းဆောင်တွေအနေနဲ့ အမှားအယွင်းတွေ ဖြစ်မလာအောင် ထိန်းပေးမယ့် စနစ်တွေကို တည်ဆောက်ဖို့လိုတယ်။ ကုမ္ပဏီတစ်ခုလုံးကို ပျက်စီးသွားစေမယ့်စနစ်ကို တည်ဆောက်မိတယ်ဆိုရင်တော့ တည်ဆောက်ခဲ့တဲ့သူတွေကသာ အပြစ်ကို ခံယူရမယ်။” လို့ သူက ဆိုပါတယ်။

<Unicode Version>

 

 

 

အမွားလုပ္မိတဲ့ ဝန္ထမ္းေတြကို အလုပ္ထုတ္ျခင္းမလုပ္ဖို႕ အႀကံျပဳလာတဲ့ Twilio ကုမၸဏီ CEO

ကၽြန္မတို႔ မွာယူထားတဲ့ အစားအေသာက္ေတြကို လာပို႔ေပးေနၿပီျဖစ္ေၾကာင္းနဲ႔ ႀကိဳတင္ေခၚယူထားတဲ့ Uber အငွားယာဥ္က အိမ္ေရွ႕ကို ေရာက္ေနၿပီျဖစ္ေၾကာင္း အသိေပးေနတဲ့ စာတိုေလးေတြ ဖုန္းမ်က္ႏွာျပင္ေပၚ တက္လာရင္ အေတာ္ေလးကို ေပ်ာ္စရာေကာင္းပါတယ္။ ဒီေပ်ာ္ရႊင္မႈေတြကို ဖန္တီးေပးေနတာကေတာ့ ကမၻာေက်ာ္ နည္းပညာကုမၸဏီႀကီး Twilio ပဲ ျဖစ္ပါတယ္။

Twilio ကုမၸဏီကို၂၀၀၈ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး အခုခ်ိန္မွာေတာ့ ကမၻာတစ္ဝွမ္းမွာ ကုမၸဏီခြဲေပါင္း (၂၄၀,၀၀၀) ထိေတာင္ ရွိေနၿပီလည္းျဖစ္ပါတယ္။ Twilio ရဲ႕ ႏွစ္စဥ္ေရာင္းအားဟာ ေဒၚလာ (၂.၅ ဘီလီယံ) အထိရွိတဲ့အျပင္ ကုမၸဏီရဲ႕ အႀကီးမားဆုံးေသာ ေဖာက္သည္ေတြကေတာ့ Deliveroo နဲ႔ Uber ပဲျဖစ္ပါတယ္။

ဒါေပမယ့္ ၂၀၁၇ ခုႏွစ္မွာ Uber က Twilio ကုမၸဏီရဲ႕ ဝန္ေဆာင္မႈအသုံးျပဳႏႈန္းကို ေလၽွာ့ခ်ခဲ့တာေၾကာင့္ ကုမၸဏီအေျခအေနဟာ အက်ပ္အတည္းေတြနဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။ Mr Lawson ဟာ CEO တစ္ေယာက္အေနနဲ႔ အဆိုပါအေျခအေနကို ၾကဳံေတြ႕လာရတဲ့အခါမွာ မထင္မွတ္ထားတဲ့ လစ္ဟာမႈေတြကို ျမင္သြားခဲ့တာေၾကာင့္ ကုမၸဏီရဲ႕ အဓိကျပႆနာအတြက္ အေၿဖထုတ္နိုင္ခဲ့ပါတယ္။

Mr Lawson က “ဒါဟာ ရင္းႏွီးျမႇုပ္ႏွံသူေတြအတြက္ အေရးပါတဲ့အခ်က္တစ္ခ်က္ပါ။ ဒီျပႆနာကို ၾကဳံေတြ႕ရတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ကုမၸဏီရဲ႕ ရွယ္ယာေတြဟာ တစ္ေန႔တည္းမွာပဲ ၄၀ ရာခိုင္ႏႈန္းေလာက္ က်ဆင္းသြားခဲ့ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

Mr Lawson က Uber ကို Twilio ရဲ႕ ဝန္ေဆာင္မႈေတြ ဆက္လက္အသုံးျပဳဖို႔ ဆြဲေဆာင္ႏိုုင္ခ့ဲျခင္းမရွိတ့ဲ ဝန္ထမ္းေတြကို အျပစ္တင္ဖို႔ စီစဥ္ခဲ့ေပမယ့္ ဝန္ထမ္းေတြကို အျပစ္မတင္ခင္မွာ ကုမၸဏီရဲ႕စနစ္ကပဲ မွားယြင္းေနတာလား? ဝန္ထမ္းေတြကပဲ တစ္လြဲေတြလုပ္ေနတာလားဆိုတာကို ျပန္လည္ဆန္းစစ္ ေလ့လာခ့ဲပါတယ္။

Mr Lawson က “တကယ့္ ျပႆနာအစစ္အမွန္က ကၽြန္ေတာ္တို႔မွာ အေရာင္းဝန္ထမ္း လုံလုံေလာက္ေလာက္ မရွိခဲ့တာပဲ။ အခ်ိန္တိုအတြင္းမွာ Uber ကို အသုံးျပဳသူေတြ အမ်ားအျပား ရွိလာခဲ့တာေၾကာင့္ အေရာင္းဝန္ထမ္းေတြက ဝယ္ယူသူေတြကို ေကာင္းမြန္ျပည့္စုံတဲ့ ဝန္ေဆာင္မႈမ်ိဳးေပးဖို႔ လုံေလာက္တဲ့ အခ်ိန္ပမာဏလည္း မရခဲ့ၾကဘူး။” ဆိုၿပီး ျပႆနာရဲ႕ အရင္းအျမစ္ကို မၽွေဝေျပာျပခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ Mr Lawson က “အကယ္၍ ကၽြန္ေတာ္တို႔မွာ အေရာင္းဝန္ထမ္း အမ်ားအျပား ရွိခဲ့မယ္ဆိုရင္ Uber နဲ႔ ပိုမိုဆက္သြယ္နိုင္မွာျဖစ္ၿပီး သူတို႔ရဲ႕ ျပႆနာေတြကို ကၽြန္ေတာ္တို႔ရဲ႕ ဝန္ေဆာင္မႈေတြနဲ႔ ေျဖရွင္းေပးနိုင္ခဲ့မွာေပါ့။ Uber အေနနဲ႔လည္း အရည္အခ်င္း ျပည့္ဝတဲ့ စာရင္းကိုင္မန္ေနဂ်ာတစ္ေယာက္ ထားသင့္ပါတယ္။” လို႔ ဆိုပါတယ္။

Mr Lawson က အေရာင္းဝန္ထမ္းေတြကို အလုပ္ထုတ္ပစ္မယ့္အစား ဝန္ထမ္းေတြအေနနဲ႔ မနိုင္ဝန္ ထမ္းေနတာမ်ိဳး မျဖစ္ရေအာင္ အေရာင္းဝန္ထမ္းအသစ္ေတြ ေခၚယူခဲ့ပါတယ္။ အဆိုပါ ျဖစ္ရပ္ၿပီးတဲ့အခ်ိန္ကေနစၿပီး Twilio ကုမၸဏီဟာ အရင္ကထက္ (၅) ဆ ပိုတိုးတက္လာၿပီး ကမၻာတစ္ဝွမ္း လူေပါင္း (၅၅၀၀) ကို အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးႏိုင္ခ့ဲပါတယ္။

Mr Lawson ဟာ ကုမၸဏီရဲ႕ တိုးတက္မႈကို ဆက္လက္တိုးျမႇင့္ဖို႔အတြက္ အမွားအယြင္းေတြ ေပၚေပါက္လာခ်ိန္မွာ အျပစ္မဆိုတဲ့ ေခတ္သစ္မူဝါဒကို အသုံးျပဳၿပီး ေျဖရွင္းခဲ့ပါတယ္။ “ဝန္ထမ္းတိုင္းဟာ အမွားလုပ္မိမွာပဲ။ ဝန္ထမ္းေတြ အမွားမလုပ္ေအာင္ ဘယ္အရာကမွ တားဆီးနိုင္စြမ္း မရွိဘူး။ ေခါင္းေဆာင္ေတြအေနနဲ႔ အမွားအယြင္းေတြ ျဖစ္မလာေအာင္ ထိန္းေပးမယ့္ စနစ္ေတြကို တည္ေဆာက္ဖို႔လိုတယ္။ ကုမၸဏီတစ္ခုလုံးကို ပ်က္စီးသြားေစမယ့္စနစ္ကို တည္ေဆာက္မိတယ္ဆိုရင္ေတာ့ တည္ေဆာက္ခဲ့တဲ့သူေတြကသာ အျပစ္ကို ခံယူရမယ္။” လို႔ သူက ဆိုပါတယ္။

<Zawgyi Version>

 

#soshwelifestylfe

#soshwefotyourdailylife

#likeandshare

 

About So Shwe

Check Also

ကမ္ဘာ့စိတ်လှုပ်ရှားဖို့အကောင်းဆုံး ရေငုပ်စွန့်စားဖို့အတွက် နေရာကောင်းများ။

စာရေးဆရာ Isak Dinesen က “ငန်တဲ့အရသာရှိတဲ့ ချွေး ၊ မျက်ရည်နဲ့ ပင်လယ်ရေတွေဟာ အနာပေါင်းများစွာကို ကုသနိုင်စွမ်းရှိမယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးကလူတွေ အခုချိန်မှာအလုပ်သင့်ဆုံးက Scuba Diving …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro