Gerard Butler ကဘယ်လောက်အထိ လွတ်လွတ်လပ်လပ် နေထိုင်ပြုမူတတ်လဲဆိုတာကို ပရိသတ်တွေအားလုံး သိရှိပြီးသားဖြစ်မှာပါ။ Copshop ဇာတ်ကားထဲမှာ သူက ဗစ်ဒစ်အဖြစ် Grillo’s Teddy ကို ဖမ်းဆီးသတ်ဖြတ်ဖို့ ကြိုးစားတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ သူဟာ သူ့ကိုယ်သူ ထောင်အကျခံပြီးတော့ကို ဒီလိုမျိုးဆောင်ရွက်ဖို့ ကြိုးစားခဲ့သူအဖြစ် သရုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဒီဇာတ်ကားထဲမှာ Butler အပြင် Frank Grillo, Alexis Louder နဲ့ Toby Huss တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ Butler က ဟဲဗီးဝိတ်ရုပ်ရှင်ဇာတ်ကားတွေ၊ သဘာဝဘေးအန္တရာယ် သရုပ်ဖော်ထားတဲ့ ရုပ်ရုင်ဇာတ်ကားတွေကို အဓိက ရိုက်ကူးသရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ Copshop နဲ့ပတ်သက်လို့ Butler က “ခင်ဗျားတို့သိလား။ ကျွန်တော် ကိုရိုနာဗိုင်းရပ်စ် တော်တော်ဆိုးနေတဲ့ကာလအတွင်းမှာ ဒီဇာတ်ကားကို လုံးဝရှုပ်ထွေးရောပြွမ်းနေပြီး ပျော်စရာပိုများတဲ့ ဇာတ်ကားလို့ ခံစားခဲ့ရပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း Butler က “ဒီလူတွေအကုန်လုံးကို အခန်းတစ်ခန်းထဲခေါ်ထည့်သွားပြီး ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ၊ ကြောက်စရာ၊ ဒေါသထွက်စရာနဲ့ စိတ်ကူးယဉ်ဆန်တဲ့အရာတွေကို ပြုလုပ်ခိုင်းပြီး နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့ပျက်စီးခြင်းနဲ့အတူ အဆုံးသတ်လို့ရတာပေါ့။ ခင်ဗျားတို့ ဒါကိုမမြင်ချင်ရင် ဘယ်လိုလုပ်ကြမလဲ” လို့ဇာတ်ကားနဲ့ပတ်သက်လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီဇာတ်ကားအပေါ်မှာ Louder ကလည်း “Gerard Butler, Frank Grillo, Joe တို့အပြင် ဒီဇာတ်ကားထဲမှာ ပါတဲ့လူတွေနဲ့ အလုပ်လုပ်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။ သူတို့က ကျွန်မကို တန်းတူဆက်ဆံပြီး သင်ယူစရာလိုတာတွေ၊ သိဖို့လိုအပ်တာမှန်သမျှတွေကို ပြောပြကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Reynold ပါဝင်သရုပ်ဆောင်ထားတဲ့ GTA ဂိမ်းစတိုင် ဇာတ်ကားတစ်ကားဖြစ်တဲ့ ‘Free Guy’ ဇာတ်ကားအကြောင်းကို ပြောတဲ့အခါမှာလည်း Butler က “ကျွန်တော် ဒီဇာတ်ကားကို မသိဘူးဗျ” လို့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက် Louder က Butler ကို ဒီဇာတ်ကားက Reynold ရဲ့ဇာတ်ကားဖြစ်ကြောင်း ပြောပြချိန်မှာတော့ Butler က “အိုး…. ဟုတ်လား။ ငါ Ryan Reynold ကားတွေမကြည့်ဘူး” လို့ ပြန်လည်ကာကွယ် ပြောကြားသွားခဲ့ပါတယ်။
Butler ဟာ Puerto Rico ဒေသမှာ နေထိုင်ရင်း ရုပ်ရှင်ရိုက်ကူးနေခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လို့ အဆက်အသွယ်ပြတ်နေတဲ့ပုံပါပဲ။ ဒါပေမယ့်လည်း Reynold ရဲ့ဇာတ်ကားတွေနဲ့ Butler အမှန်တကယ် အစေးမကပ်တာလား၊ ဒါမှမဟုတ် သူတို့နှစ်ယောက်အကြား ဘယ်လိုအကြောင်းအရာတွေရှိခဲ့ဖူးလဲ ဆိုတာကိုတော့ ဒီစကားပြောခန်းထဲမှာ ထည့်သွင်းမေးမြန်းချိန်မရခဲ့ဘဲ နောင်တစ်ချိန်မှာတော့ သေချာပေါက်ဖော်ထုတ်ရဦးမယ့်အကြောင်းအရာအဖြစ် မှတ်သားထားရမှာလည်းဖြစ်ပါတယ်။
<Unicode Version>
Ryan Reynolds ရဲ႕ဇာတ္ကားေတြကိုမၾကည့္ဘူးလို႔ အံ့အားသင့္ဖြယ္ေျပာၾကားလိုက္တဲ့ Gerard Butler
Gerard Butler ကဘယ္ေလာက္အထိ လြတ္လြတ္လပ္လပ္ ေနထိုင္ျပဳမူတတ္လဲဆိုတာကို ပရိသတ္ေတြအားလုံး သိရွိၿပီးသားျဖစ္မွာပါ။ Copshop ဇာတ္ကားထဲမွာ သူက ဗစ္ဒစ္အျဖစ္ Grillo’s Teddy ကို ဖမ္းဆီးသတ္ျဖတ္ဖို႔ ႀကိဳးစားတဲ့ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားခဲ့ပါတယ္။ သူဟာ သူ႕ကိုယ္သူ ေထာင္အက်ခံၿပီးေတာ့ကို ဒီလိုမ်ိဳးေဆာင္ရြက္ဖို႔ ႀကိဳးစားခဲ့သူအျဖစ္ သ႐ုပ္ေဆာင္ခဲ့ရတာျဖစ္ၿပီး ဒီဇာတ္ကားထဲမွာ Butler အျပင္ Frank Grillo, Alexis Louder နဲ႔ Toby Huss တို႔ ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။
ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္းမွာ Butler က ဟဲဗီးဝိတ္႐ုပ္ရွင္ဇာတ္ကားေတြ၊ သဘာဝေဘးအႏၲရာယ္ သ႐ုပ္ေဖာ္ထားတဲ့ ႐ုပ္႐ုင္ဇာတ္ကားေတြကို အဓိက ရိုက္ကူးသ႐ုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။ Copshop နဲ႔ပတ္သက္လို႔ Butler က “ခင္ဗ်ားတို႔သိလား။ ကၽြန္ေတာ္ ကိုရိုနာဗိုင္းရပ္စ္ ေတာ္ေတာ္ဆိုးေနတဲ့ကာလအတြင္းမွာ ဒီဇာတ္ကားကို လုံးဝရႈပ္ေထြးေရာႁပြမ္းေနၿပီး ေပ်ာ္စရာပိုမ်ားတဲ့ ဇာတ္ကားလို႔ ခံစားခဲ့ရပါတယ္” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။
ဆက္လက္ၿပီးေတာ့လည္း Butler က “ဒီလူေတြအကုန္လုံးကို အခန္းတစ္ခန္းထဲေခၚထည့္သြားၿပီး ေပ်ာ္စရာေတြ၊ စိတ္လႈပ္ရွားစရာေတြ၊ ေၾကာက္စရာ၊ ေဒါသထြက္စရာနဲ႔ စိတ္ကူးယဥ္ဆန္တဲ့အရာေတြကို ျပဳလုပ္ခိုင္းၿပီး ေနာက္ဆုံးေတာ့ ၿပီးျပည့္စုံတဲ့ပ်က္စီးျခင္းနဲ႔အတူ အဆုံးသတ္လို႔ရတာေပါ့။ ခင္ဗ်ားတို႔ ဒါကိုမျမင္ခ်င္ရင္ ဘယ္လိုလုပ္ၾကမလဲ” လို႔ဇာတ္ကားနဲ႔ပတ္သက္လို႔ ေျပာၾကားသြားခဲ့ပါတယ္။
ဒီဇာတ္ကားအေပၚမွာ Louder ကလည္း “Gerard Butler, Frank Grillo, Joe တို႔အျပင္ ဒီဇာတ္ကားထဲမွာ ပါတဲ့လူေတြနဲ႔ အလုပ္လုပ္ရတာ တကယ္ေပ်ာ္ဖို႔ေကာင္းပါတယ္။ သူတို႔က ကၽြန္မကို တန္းတူဆက္ဆံၿပီး သင္ယူစရာလိုတာေတြ၊ သိဖို႔လိုအပ္တာမွန္သမၽွေတြကို ေျပာျပၾကပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။
Reynold ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ GTA ဂိမ္းစတိုင္ ဇာတ္ကားတစ္ကားျဖစ္တဲ့ ‘Free Guy’ ဇာတ္ကားအေၾကာင္းကို ေျပာတဲ့အခါမွာလည္း Butler က “ကၽြန္ေတာ္ ဒီဇာတ္ကားကို မသိဘူးဗ်” လို႔ ေျပာခဲ့ပါတယ္။ အဲ့ဒီေနာက္ Louder က Butler ကို ဒီဇာတ္ကားက Reynold ရဲ႕ဇာတ္ကားျဖစ္ေၾကာင္း ေျပာျပခ်ိန္မွာေတာ့ Butler က “အိုး…. ဟုတ္လား။ ငါ Ryan Reynold ကားေတြမၾကည့္ဘူး” လို႔ ျပန္လည္ကာကြယ္ ေျပာၾကားသြားခဲ့ပါတယ္။
Butler ဟာ Puerto Rico ေဒသမွာ ေနထိုင္ရင္း ႐ုပ္ရွင္ရိုက္ကူးေနခဲ့ၿပီး ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ပတ္သက္လို႔ အဆက္အသြယ္ျပတ္ေနတဲ့ပုံပါပဲ။ ဒါေပမယ့္လည္း Reynold ရဲ႕ဇာတ္ကားေတြနဲ႔ Butler အမွန္တကယ္ အေစးမကပ္တာလား၊ ဒါမွမဟုတ္ သူတို႔ႏွစ္ေယာက္အၾကား ဘယ္လိုအေၾကာင္းအရာေတြရွိခဲ့ဖူးလဲ ဆိုတာကိုေတာ့ ဒီစကားေျပာခန္းထဲမွာ ထည့္သြင္းေမးျမန္းခ်ိန္မရခဲ့ဘဲ ေနာင္တစ္ခ်ိန္မွာေတာ့ ေသခ်ာေပါက္ေဖာ္ထုတ္ရဦးမယ့္အေၾကာင္းအရာအျဖစ္ မွတ္သားထားရမွာလည္းျဖစ္ပါတယ္။
<Zawgyi Version>
#soshweentertainment
#soshweforyourdailylife
#likeandshare