Breaking News

သေခြင်းတရားနဲ့လက်တစ်လုံးအကွာကရှင်သန်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးငယ်။

သေခြင်းတရားဆိုတာ လူသားအားလုံးနဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေတဲ့အရာဆိုရင် မမှားပါဘူး။ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေက မမျှော်လင့်ဘဲ သင့်ကိုသေခြင်းတရားဆီ ဦးတည်သွားစေနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးငယ်တစ်ဦးကတော့ ဒီအခြေအနေဆိုးကနေ အံ့အားသင့်ဖွယ် လွတ်မြောက်နိုင်ခဲ့ပါတယ်။

ကွန်ဝေါလ်ဒေသက အဲလစ်ဇာဘဲလ်ဆိုတဲ့ မိန်းကလေးငယ်လေးဟာ သူမအတွက် နှလုံးအစားထိုးခွဲစိတ်မှု မပြုလုပ်နိုင်ဘူးဆိုရင် အသက်ရှင်ဖို့က အချိန် (၁) နှစ်သာ ကျန်တော့မယ်လို့ အသက် (၂၀) အရွယ်မှာ သိရှိခွင့်ရလိုက်ပါတယ်။

သူမရဲ့နှလုံးမှာ ရောဂါဝေဒနာခံစားနေရတယ်ဆိုတာကို စတင်သိရှိခဲ့တုန်းက အသက် (၁၂) နှစ်သာ ရှိပါသေးတယ်။ (၁၆) နှစ်အရွယ်ရောက်တော့ သူမအနေနဲ့ နှလုံးအစားထိုးခွဲစိတ်မှုလိုနေပြီလို့ သိရှိခဲ့ရပြီး ခက်ခဲတဲ့ကာလတွေကို စတင်ဖြတ်ကျော်ခဲ့ရပါတယ်။ အဲလစ်ဇာက “ကျွန်မဘဝကြီးက လုံးဝကိုပြီးဆုံးသွားပြီလို့ ခံစားခဲ့ရပါတယ်။ ဒါက စစချင်းခံစားချက်ပါ။ ကျွန်မမှောင်မည်းနေတဲ့ လှိုဏ်ခေါင်းကြီးထဲ ရောက်နေသလိုပါပဲ”

“ကျွန်မရဲ့မောင်ဖြစ်သူကို ငါ ဥမင်လှိုဏ်ခေါင်းထဲရောက်နေသလိုပဲ၊ ဘာအလင်းရောင်မှမမြင်ရတော့ဘူးဆိုပြီး ပြောခဲ့တာကို မှတ်မိပါသေးတယ်” လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း အဲလစ်ဇာက “ကျွန်မက အသက် (၂၀) အရွယ်နဲ့ ဘာလို့သူများတွေလို မသွားနိုင်၊ မလာနိုင်၊ မစားနိုင်၊ မသောက်နိုင်ဖြစ်နေရတာလဲလို့ အမြဲတွေးခဲ့ပါတယ်” လို့ပြောပါတယ်။

အဲလစ်ဇာရဲ့နှလုံးက အသက် (၇၀) အရွယ်လူကြီးတစ်ယောက်ရဲ့ နှလုံးလိုဖြစ်နေပြီး စွမ်းဆောင်ရည် (၂၀) ရာခိုင်နှုန်းခန့်နဲ့ လည်ပတ်နေရတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲလစ်ဇာက တခြားသူတွေနဲ့အတူ အပြင်ထွက်ဖို့၊ စျေးဝယ်ထွက်ဖို့နဲ့ လမ်းလျှောက်ဖို့တောင် မဖြစ်နိုင်တော့ဘဲ အထီးကျန်မှုတွေအကြားမှာ ရုန်းကန်ခဲ့ရပါတယ်။ သူမရဲ့သူငယ်ချင်းတွေက တက္ကသိုလ်တွေတက်၊ လန်ဒန်မြို့ကို ခရီးတွေထွက်နေချိန်မှာ အဲလစ်ဇာကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် အိမ်မှာပဲ ပိတ်မိနေခဲ့ပါတယ်။

အဲလစ်ဇာရဲ့အသက်ရှင်သန်လွတ်မြောက်ရေးအတွက် မှားယွင်းတဲ့အချက်အလက်တွေလည်းရခဲ့ဖူးပြီး နောက်ဆုံးမှာတော့ နှလုံးခွဲစိတ်ကုသဖို့အတွက်၊ သူမအနာဂတ်ဆက်လက်ရှင်သန်ဖို့အတွက် အခွင့်အရေး ရရှိခဲ့ပါတယ်။ ဒီခွဲစိတ်ခန်းထဲကိုဝင်သွားပြီးချိန်မှာ သူ့အတွက် ပြန်ထွက်လာဖို့က (၁၀) မှာ (၁) သာ အခွင့်အရေးရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး တကယ်ကိုထူးဆန်းပြီး ပျော်စရာကောင်းတဲ့အခိုက်အတန့်လို့ အဲလစ်ဇာက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အဲလစ်ဇာက “တစ်စုံတစ်ယောက် အသက်ရှင်ဖို့အတွက် တစ်စုံတစ်ယောက်က သေဆုံးပေးရပါတယ်။ ဒါကအလှူရှင်နဲ့ အလှူရှင်မိသားစုအတွက် တကယ်ကို ထူးခြားတဲ့အရာလိုပါပဲ။ ကျွန်မထင်ပါတယ်။ ဒါက ကွယ်လွန်သူတစ်ယောက်ရဲ့အမွေအနှစ်ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲလစ်ဇာဟာ သူမဘဝကို ရှေ့ဆက်ရှင်သန်တဲ့နေရာမှာ အလှူရှင်ကို စိတ်ထဲအမြဲတမ်း မှတ်သားထားပြီး သူတို့ဂုဏ်ယူရမယ့်အရာတွေကိုပဲ ဆောင်ရွက်ချင်ခဲ့ပါတယ်။ စပိန်နဲ့ပေါ်တူဂီတို့ကို ကိုယ်တိုင်ကားမောင်းပြီး ခရီးထွက်ဖို့အတွက် သူမဗင်ကားကိုတောင်မှ ‘After him’ လို့ အမည်ပေးခဲ့ပါတယ်။

အခုချိန်မှာဆိုရင် အသက် (၂၂) နှစ်သာရှိသေးတဲ့ အဲလစ်ဇာက တောင်ထိပ်တွေပေါ်အထိရောက်အောင် တက်နိုင်ခဲ့ပါပြီ။ အစားထိုးခွဲစိတ်မှုတွေပြုလုပ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးအဆင့်မှာ ရောက်ရှိနေတဲ့ လူနာတွေအတွက် ခွန်အားတစ်ရပ်ဖြစ်စေခဲ့ပါပြီ။ အဲလစ်ဇာဟာ ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုအကြောင်း ရှင်းလင်းပွဲတွေမှာလည်း စကားပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

မိုင်ပေါင်းသန်းနဲ့ချီကွာဝေးပြီး အတိမှောင်မိုက်နေတဲ့ လှိုဏ်ခေါင်းတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အဲလစ်ဇာရဲ့အနာဂတ်က တောက်ပနေပြီး ခရီးတွေသွားရင်း ဘဝကိုရှင်သန်သွားဖို့အတွက်လည်း အဲလစ်ဇာက ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကံဆိုးစွာနဲ့ ဒီလိုမျိုးကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ပြုလုပ်ဖို့အတွက် စောင့်ဆိုင်းရင်း ကွယ်လွန်ခဲ့သူတွေကလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။

ကိုယ်တွင်းအင်္ဂါလှူဒါန်းတဲ့နယ်ပယ်က ကျွမ်းကျင်သူနာပြုဆရာမရဲ့အဆိုအရ လက်ရှိအချိန်မှာ ဒီလိုမျိုးအစားထိုးခွဲစိတ်မှုပြုလုပ်ဖို့ စောင့်ဆိုင်းနေတဲ့လူနာအရေအတွက်က (၇,၀၀၀) ခန့်ရှိပြီး ဒီအထဲက (၂၀၀) ကတော့ ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုးကိုယ်တွင်းအင်္ဂါလှူဒါန်းမှုနဲ့ပတ်သက်လို့ ဗြိတိန်မှာလည်း အမျိုးမျိုးအငြင်းပွားခဲ့ကြပြီး ဥပဒေတွေကိုလည်း လိုအပ်သလို ပြင်ဆင်ခဲ့ရပါတယ်။ ဒါပေမယ့် သင်က ကမ္ဘာကြီးပေါ်မှာ အချိန်တစ်ခုကုန်ဆုံးခဲ့ပြီးတဲ့နောက်မှာ ချန်ရစ်ထားနိုင်ခဲ့တဲ့လက်ဆောင်က ဒီလိုကိုယ်တွင်းအင်္ဂါလှူဒါန်းမှုပဲဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

မကွယ်လွန်ခင်တည်းက သင်ကိုယ်တိုင်လက်မှတ်ထိုးလှူဒါန်းထားရုံတင်မကဘဲ သင့်ရဲ့ဆန္ဒကို သင်ချစ်ရတဲ့သူတွေဆီ ပြောပြထားခဲ့ဖို့ လိုအပ်တဲ့အကြောင်းကိုလည်း ကျွမ်းကျင်သူတွေက အကြံပေးထားတယ်လို့ သိရှိရပါတယ်။

<Unicode Version>

 

 

ေသျခင္းတရားနဲ႔လက္တစ္လုံးအကြာကရွင္သန္ခဲ့တဲ့ ဆယ္ေက်ာ္သက္မိန္းကေလးငယ္။

 

ေသျခင္းတရားဆိုတာ လူသားအားလုံးနဲ႔ လက္တစ္ကမ္းအကြာမွာ ရွိေနတဲ့အရာဆိုရင္ မမွားပါဘူး။ ေန႔စဥ္နဲ႔အမၽွ ျဖစ္ပ်က္ေနတဲ့အေၾကာင္းအရာေတြက မေမၽွာ္လင့္ဘဲ သင့္ကိုေသျခင္းတရားဆီ ဦးတည္သြားေစနိုင္ပါတယ္။ ဒါေပမယ့္ မိန္းကေလးငယ္တစ္ဦးကေတာ့ ဒီအေျခအေနဆိုးကေန အံ့အားသင့္ဖြယ္ လြတ္ေျမာက္နိုင္ခဲ့ပါတယ္။

ကြန္ေဝါလ္ေဒသက အဲလစ္ဇာဘဲလ္ဆိုတဲ့ မိန္းကေလးငယ္ေလးဟာ သူမအတြက္ ႏွလုံးအစားထိုးခြဲစိတ္မႈ မျပဳလုပ္နိုင္ဘူးဆိုရင္ အသက္ရွင္ဖို႔က အခ်ိန္ (၁) ႏွစ္သာ က်န္ေတာ့မယ္လို႔ အသက္ (၂၀) အရြယ္မွာ သိရွိခြင့္ရလိုက္ပါတယ္။

သူမရဲ႕ႏွလုံးမွာ ေရာဂါေဝဒနာခံစားေနရတယ္ဆိုတာကို စတင္သိရွိခဲ့တုန္းက အသက္ (၁၂) ႏွစ္သာ ရွိပါေသးတယ္။ (၁၆) ႏွစ္အရြယ္ေရာက္ေတာ့ သူမအေနနဲ႔ ႏွလုံးအစားထိုးခြဲစိတ္မႈလိုေနၿပီလို႔ သိရွိခဲ့ရၿပီး ခက္ခဲတဲ့ကာလေတြကို စတင္ျဖတ္ေက်ာ္ခဲ့ရပါတယ္။ အဲလစ္ဇာက “ကၽြန္မဘဝႀကီးက လုံးဝကိုၿပီးဆုံးသြားၿပီလို႔ ခံစားခဲ့ရပါတယ္။ ဒါက စစခ်င္းခံစားခ်က္ပါ။ ကၽြန္မေမွာင္မည္းေနတဲ့ လွိုဏ္ေခါင္းႀကီးထဲ ေရာက္ေနသလိုပါပဲ”

“ကၽြန္မရဲ့ေမာင္ျဖစ္သူကို ငါ ဥမင္လွိုဏ္ေခါင္းထဲေရာက္ေနသလိုပဲ၊ ဘာအလင္းေရာင္မွမျမင္ရေတာ့ဘူးဆိုၿပီး ေျပာခဲ့တာကို မွတ္မိပါေသးတယ္” လို႔ဆိုပါတယ္။ ဆက္လက္ၿပီးေတာ့လည္း အဲလစ္ဇာက “ကၽြန္မက အသက္ (၂၀) အရြယ္နဲ႔ ဘာလို႔သူမ်ားေတြလို မသြားနိုင္၊ မလာနိုင္၊ မစားနိုင္၊ မေသာက္နိုင္ျဖစ္ေနရတာလဲလို႔ အျမဲေတြးခဲ့ပါတယ္” လို႔ေျပာပါတယ္။

အဲလစ္ဇာရဲ႕ႏွလုံးက အသက္ (၇၀) အရြယ္လူႀကီးတစ္ေယာက္ရဲ႕ ႏွလုံးလိုျဖစ္ေနၿပီး စြမ္းေဆာင္ရည္ (၂၀) ရာခိုင္ႏႈန္းခန္႔နဲ႔ လည္ပတ္ေနရတာ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အဲလစ္ဇာက တျခားသူေတြနဲ႔အတူ အျပင္ထြက္ဖို႔၊ ေစ်းဝယ္ထြက္ဖို႔နဲ႔ လမ္းေလၽွာက္ဖို႔ေတာင္ မျဖစ္နိုင္ေတာ့ဘဲ အထီးက်န္မႈေတြအၾကားမွာ ႐ုန္းကန္ခဲ့ရပါတယ္။ သူမရဲ႕သူငယ္ခ်င္းေတြက တကၠသိုလ္ေတြတက္၊ လန္ဒန္ၿမိဳ႕ကို ခရီးေတြထြက္ေနခ်ိန္မွာ အဲလစ္ဇာကေတာ့ သူ႕ရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ အိမ္မွာပဲ ပိတ္မိေနခဲ့ပါတယ္။

အဲလစ္ဇာရဲ႕အသက္ရွင္သန္လြတ္ေျမာက္ေရးအတြက္ မွားယြင္းတဲ့အခ်က္အလက္ေတြလည္းရခဲ့ဖူးၿပီး ေနာက္ဆုံးမွာေတာ့ ႏွလုံးခြဲစိတ္ကုသဖို႔အတြက္၊ သူမအနာဂတ္ဆက္လက္ရွင္သန္ဖို႔အတြက္ အခြင့္အေရး ရရွိခဲ့ပါတယ္။ ဒီခြဲစိတ္ခန္းထဲကိုဝင္သြားၿပီးခ်ိန္မွာ သူ႕အတြက္ ျပန္ထြက္လာဖို႔က (၁၀) မွာ (၁) သာ အခြင့္အေရးရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ခြဲစိတ္မႈက ေအာင္ျမင္ခဲ့ၿပီး တကယ္ကိုထူးဆန္းၿပီး ေပ်ာ္စရာေကာင္းတဲ့အခိုက္အတန္႔လို႔ အဲလစ္ဇာက ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။ အဲလစ္ဇာက “တစ္စုံတစ္ေယာက္ အသက္ရွင္ဖို႔အတြက္ တစ္စုံတစ္ေယာက္က ေသဆုံးေပးရပါတယ္။ ဒါကအလႉရွင္နဲ႔ အလႉရွင္မိသားစုအတြက္ တကယ္ကို ထူးျခားတဲ့အရာလိုပါပဲ။ ကၽြန္မထင္ပါတယ္။ ဒါက ကြယ္လြန္သူတစ္ေယာက္ရဲ႕အေမြအႏွစ္ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

အဲလစ္ဇာဟာ သူမဘဝကို ေရွ႕ဆက္ရွင္သန္တဲ့ေနရာမွာ အလႉရွင္ကို စိတ္ထဲအျမဲတမ္း မွတ္သားထားၿပီး သူတို႔ဂုဏ္ယူရမယ့္အရာေတြကိုပဲ ေဆာင္ရြက္ခ်င္ခဲ့ပါတယ္။ စပိန္နဲ႔ေပၚတူဂီတို႔ကို ကိုယ္တိုင္ကားေမာင္းၿပီး ခရီးထြက္ဖို႔အတြက္ သူမဗင္ကားကိုေတာင္မွ ‘After him’ လို႔ အမည္ေပးခဲ့ပါတယ္။

အခုခ်ိန္မွာဆိုရင္ အသက္ (၂၂) ႏွစ္သာရွိေသးတဲ့ အဲလစ္ဇာက ေတာင္ထိပ္ေတြေပၚအထိေရာက္ေအာင္ တက္နိုင္ခဲ့ပါၿပီ။ အစားထိုးခြဲစိတ္မႈေတြျပဳလုပ္ၿပီးေနာက္ပိုင္း ျပန္လည္ထူေထာင္ေရးအဆင့္မွာ ေရာက္ရွိေနတဲ့ လူနာေတြအတြက္ ခြန္အားတစ္ရပ္ျဖစ္ေစခဲ့ပါၿပီ။ အဲလစ္ဇာဟာ ကိုယ္တြင္းအဂၤါလႉဒါန္းမႈအေၾကာင္း ရွင္းလင္းပြဲေတြမွာလည္း စကားေျပာဆိုမႈေတြ ျပဳလုပ္လာခ့ဲပါတယ္။

မိုင္ေပါင္းသန္းနဲ႔ခ်ီကြာေဝးၿပီး အတိေမွာင္မိုက္ေနတဲ့ လွိုဏ္ေခါင္းတစ္ခုကို ျဖတ္သန္းခဲ့ၿပီးေနာက္ အဲလစ္ဇာရဲ႕အနာဂတ္က ေတာက္ပေနၿပီး ခရီးေတြသြားရင္း ဘဝကိုရွင္သန္သြားဖို႔အတြက္လည္း အဲလစ္ဇာက ရည္ရြယ္ထားပါတယ္။ ဒါေပမယ့္ တစ္ဖက္မွာလည္း ကံဆိုးစြာနဲ႔ ဒီလိုမ်ိဳးကိုယ္တြင္းအဂၤါအစားထိုးကုသမႈ ျပဳလုပ္ဖို႔အတြက္ ေစာင့္ဆိုင္းရင္း ကြယ္လြန္ခဲ့သူေတြကလည္း ေန႔စဥ္နဲ႔အမၽွ ရွိေနပါတယ္။

ကိုယ္တြင္းအဂၤါလႉဒါန္းတဲ့နယ္ပယ္က ကၽြမ္းက်င္သူနာျပဳဆရာမရဲ႕အဆိုအရ လက္ရွိအခ်ိန္မွာ ဒီလိုမ်ိဳးအစားထိုးခြဲစိတ္မႈျပဳလုပ္ဖို႔ ေစာင့္ဆိုင္းေနတဲ့ လူနာအေရအတြက္က (၇,၀၀၀) ခန္႔ရွိၿပီး ဒီအထဲက (၂၀၀) ကေတာ့ ကေလးငယ္ေတြျဖစ္တယ္လို႔ သိရပါတယ္။

ဒီလိုမ်ိဳးကိုယ္တြင္းအဂၤါလႉဒါန္းမႈနဲ႔ပတ္သက္လို႔ ၿဗိတိန္မွာလည္း အမ်ိဳးမ်ိဳးအျငင္းပြားခဲ့ၾကၿပီး ဥပေဒေတြကိုလည္း လိုအပ္သလို ျပင္ဆင္ခဲ့ရပါတယ္။ ဒါေပမယ့္ သင္က ကမၻာႀကီးေပၚမွာ အခ်ိန္တစ္ခုကုန္ဆုံးခဲ့ၿပီးတဲ့ေနာက္မွာ ခ်န္ရစ္ထားနိုင္ခဲ့တဲ့လက္ေဆာင္က ဒီလိုကိုယ္တြင္းအဂၤါလႉဒါန္းမႈပဲျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။

မကြယ္လြန္ခင္တည္းက သင္ကိုယ္တိုင္လက္မွတ္ထိုးလႉဒါန္းထား႐ုံတင္မကဘဲ သင့္ရဲ႕ဆႏၵကို သင္ခ်စ္ရတဲ့သူေတြဆီ ေျပာျပထားခဲ့ဖို႔ လိုအပ္တဲ့အေၾကာင္းကိုလည္း ကၽြမ္းက်င္သူေတြက အႀကံေပးထားတယ္လို႔ သိရွိရပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro