ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ အနုပညာရှင်တွေကို Soshwe ရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
၁။ Demi Lovato
Anyone သီချင်းရဲကအဆိုတော် Lovato ကတော့ “ကျွန်မ မြင်တွေ့ခဲ့တဲ့အရာကို ရေသူမဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ သူတို့က အိန္ဒိယသမုဒ္ဒရာအတွင်းမှာ နေထိုင်တဲ့ ဂြိုဟ်သားမျိုးစိတ်ဖြစ်မှာပါ” လို့ (၂၀၁၄) က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပြီး ကန္တာရတစ်ခုအတွင်းမှာလည်း ဒီလိုမျိုးဂြိုဟ်သားဆန်ဆန်အရာတွေကို အနီးကပ်မြင်တွေ့ခဲ့ရသေးတယ်လို့ လက်ရှိ (၂၀၂၁) ခုနှစ် ၊ စက်တင်ဘာမှာ ပြောကြားခဲ့ပါသေးတယ်။
၂။ Khloe Kardashian နဲ့ Tristan Thompson
သူတို့အတွဲကတော့ Keeping Up With the Kardashians ရဲ့ Season 20 မှာ ဂြိုဟ်သားတွေကို အတူတကွ လိုက်ရှာခဲ့ဖူးပါတယ်။ Kardashian က “မာလီဘူးက UFO နဲ့ပတ်သက်တဲ့ မြင်ကွင်းတွေကို အများကြီး ဆွဲဆောင်နိုင်ခဲ့ပါတယ်” လို့ဆိုသလို Tristan ကလည်း “ကျွန်မသုတေသနလုပ်တဲ့အခါ ဒီလမ်းကြောင်းတွေရဲ့ အကြောင်းကိုသိသွားပြီး အဲ့ဒီမှာဆိုရင် အံ့သြစရာကောင်းတဲ့ ဂြိုဟ်သားစွမ်းအင်တွေကို ရမယ်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၃။ Miley Cyrus
Miley ကလည်း သူမရဲ့အတွေ့အကြုံနဲ့ပတ်သက်လို့ “အရှင်းဆုံးပြောရရင်တော့ နှင်းပွင့်ကြီးပေါ့။ အဲ့ဒီရှေ့မှာ ထွန်တုံးကြီးတစ်ခုရှိတယ်။ အဲ့ဒါက အဝါရောင်တောက်နေတာပါ။ အဲ့ဒါကို ကျွန်မရော၊ ကျွန်မသူငယ်ချင်းရော မြင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၄။ Post Malone
Post Malone ကလည်း နယူးယော့ခ်၊ ကယ်လီဖိုးနီးယားတို့မှာ ကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်လို့ “ဘာလို့ တခြားသူတွေက မမြင်နိုင်ကြတာလဲ။ ကျွန်တော် အဲ့ဒီမှာရှိတုန်းကဆို ဘေးကရှိတဲ့လေးယောက်ပါ မြင်ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၅။ Jennifer Lawrence
“ကျွန်မတို့ အချင်းချင်းတွေ့ကြပြီဆိုရင် သတ်ဖြတ်ဖို့ ကြိုးစားကြမှာပါ။ ဂြိုဟ်သားတွေကတော့ ကျွန်မတို့ကို ‘အိုး…တွေ့ရတာ ဝမ်းသာတယ်၊ အတူတူသွားရအောင်’ လို့ပြောမှာမဟုတ်ပါဘူး။ သူတို့က ကျွန်မတို့ ကမ္ဘာကြီးကို ဖျက်စီးချင်တာပါ။ တွမ်ခရုစ်ကားကြည့်ဖူးတယ်မဟုတ်လား? တစ်ခါတလေ ကျွန်မ ကြယ်တွေကြည့်နေရင်းနဲ့ အံ့အားသင့်နေရတာပါ” လို့ Jennifer Lawrence ကဆိုပါတယ်။
၆။ Halle Berry
(၂၀၁၄) ခုနှစ် ဇူလိုင်လတုန်းက အင်တာဗျူးတစ်ခုမှာ Berry က “ကျွန်မတို့လူသားမျိုးစိတ်တွေပဲ ရှင်သန်နေတယ်ဆိုတာကို မယုံနိုင်ပါဘူး။ အခြားပုံစံဘဝတွေကို ရောက်ဖို့ ကျွန်မတို့ နှစ် (၂၀) လောက် ကြာနိုင်ပါတယ်။ ဒါပေမယ့် ဂြိုဟ်သားတွေရှိနေတယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၇။ Jaden Smith
Jaden Smith ကလည်း “ကျွန်တော် သမ္မတအိုဘားမားနဲ့ သဘာဝလွန်ဖြစ်ရပ်အကြောင်းတွေ ပြောဖြစ်ခဲ့ပါတယ်။ သူက ဂြိုဟ်သားတွေရှိတယ်လည်းမပြောဘူး၊ မရှိဘူးလို့လည်း မငြင်းပါဘူး။ အဲ့ဒါက သူတို့တကယ်ရှိနေလို့ပါ” လို့ ပြောခဲ့သလို (၂၀၁၃) တုန်းကလည်း “တကယ်လို့ လူတွေက ဒီစကြာဝဠာကြီးထဲမှာ လူသားတွေပဲရှိတယ်ထင်နေရင် သူတို့တစ်ခုခုမှားနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
၈။ The Rock
The Rock ကလည်း ပြီးခဲ့တဲ့ (၂၀၁၆) ၊ ဇွန်လတုန်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးအတွင်း “ကျွန်တော်တို့ပဲ ရှိနေတယ်လို့ မထင်ပါဘူး။ ဒီလိုတွေးမယ်ဆိုရင် မောက်မာရာကျပါလိမ့်မယ်” လို့ပြောကြားခဲ့ဖူးပါတယ်။
၉။ Katy Perry
“ကျွန်မ ဂြိုဟ်သားတွေရှိတယ်ဆိုတာကို ယုံပါတယ်။ ကြယ်တွေကိုကြည့်လိုက်တဲ့အခါတိုင်း ဂြိုဟ်သားတွေနဲ့ ကျွန်မတို့က ဘဝတစ်ခုတည်းမှာ ရှင်သန်နေတယ်ဆိုတာကို စိတ်ကူးယဉ်ဖြစ်ပါတယ်” လို့ Katy Perry က ဆိုပါတယ်။
၁၀။ Tom Cruise
Tom Cruise ကလည်း “ခင်ဗျားတို့ ဂြိုဟ်သားတွေကို အမှန်တကယ်တွေ့နိုင်ပါလိမ့်မယ်။ ဒီစကြာဝဠာတစ်ခုလုံးမှာ ကျွန်တော်တို့ပဲရှိတယ်တွေးတာက တစ်ကိုယ်ကောင်းဆန်ရာ ရောက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တော့ တစ်ခါမှမတွေ့ဖူးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
၁၁။ Keanu Reeves
“ဂြိုဟ်သားတွေရှိတာ မဟုတ်ဘူးဆိုတာထက် ပိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရှင်သန်ရာနေရာက အကျယ်ကြီးလေ” လို့ Keanu Reeves ကပြောကြားခဲ့ပါတယ်။
၁၂။ Gigi Hadid နဲ့ Zayn Malik
Gigi က သူကိုယ်တိုင်ရော သူ့ချစ်သူ Zayn ကပါ ဂြိုဟ်သားတွေကို အယုံအကြည်ရှိတဲ့အကြောင်းကို “ကျွန်မကောင်လေးက ဂြိုဟ်သားတွေရှိတာကို တကယ်ယုံကြည်ပါတယ်” လို့ (၂၀၁၇) ခုနှစ် မေလတုန်းက ပြောကြားခဲ့ဖူးပါတယ်။ Zayn ကလည်း “ကျွန်တော့်အိပ်မက်ထဲမှာ ဂြိုဟ်သားတစ်ယောက်က ကျွန်တော့်ကို စကားလာပြောဖူးပါတယ်” လို့ (၂၀၁၆) ခုနှစ် ဇူလိုင်လတုန်းက ပြောကြားခဲ့ပါတယ်။
<Unicode Version>
ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။
၁။ Demi Lovato
၃။ Miley Cyrus
၎။ Post Malone
၅။ Jennifer Lawrence
၆။ Halle Berry
၇။ Jaden Smith
၈။ The Rock
၉။ Katy Perry
၁၀။ Tom Cruise
၁၁။ Keanu Reeves
<Zawgyi Version>
#soshweentertainment
#soshweforyourdailylife
#likeandshare