Breaking News
သင်နေထိုင်ရာ ကွန်ဒိုတိုက်ခန်းကို ပိုကျယ်ဝန်းစေဖို့ ရိုးရှင်းတဲ့လှည့်ကွက်များ။
အိမ်ဆိုတာက လူသားအားလုံးအတွက် အနွေးထွေးဆုံးနေရာတစ်ခုလို့ဆိုရင် မမှားပါဘူး။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်လာသမျှကို ဒီအိမ်ထဲမှာပဲ အပန်းဖြေနိုင်သလို သင့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားလို့ရတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့အိမ်က ရှုပ်ပွနေတာမျိုး ဒါမှမဟုတ် ကျဉ်းမြောင်းနေတာမျိုးဆိုရင်တော့ သင့်စိတ်ကို ညစ်ညူးစေပါလိမ့်မယ်။
ဒီအတွက်လည်း သင့်ရဲ့နေအိမ်ကို သတ်သတ်မှတ်မှတ်နဲ့ ပုံမှန်အတိုင်း သန့်ရှင်းရေးတွေပြုလုပ်သင့်ပြီး ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်နဲ့ နေရာတကျထားရှိသင့်ပါတယ်။ ဒါပေမယ့်လည်း သင်ကိုယ်တိုင် ပြုပြင်ပြောင်းလဲလို့မရတဲ့ အရာတွေတော့ရှိပါတယ်။ ဒါကတော့ အိမ်ရဲ့အကျယ်အဝန်းပါပဲ။ အချို့ကတော့ အိမ်ကိုကျယ်မှကြိုက်ပေမယ့် အချို့ကတော့ အိမ်ကျဉ်းကျဉ်းလေးတွေကို နှစ်သက်လေ့ရှိပါတယ်။
ဒါပေမယ့် သင့်ရဲ့နေအိမ်မှာ နှစ်အနည်းငယ်လောက်နေထိုင်ပြီးသွားပြီဆိုရင်တော့ သင်ကဒီအိမ်ကို ပိုကျဉ်းပြီး ပိုရှုပ်ထွေးလာတယ်လို့ ထင်မြင်မိမှာ သေချာပါတယ်။ အိမ်နဲ့ပတ်သက်လာရင် ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာဖြစ်ပြီး သင့်အနေနဲ့က အိမ်ခန်းကိုကျယ်လာအောင် မချဲ့နိုင်ပေမယ့် ရိုးရှင်းတဲ့လှည့်ကွက်လေးတွေကို အသုံးပြုပြီး ပိုကျယ်လာသလိုဖြစ်လာအောင် ဖန်တီးနိုင်ပါတယ်။
အဲ့ဒါကြောင့် ဒီနေ့မှာတော့ Soshwe ရဲ့ပရိသတ်တွေအတွက် ဒီနည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။
၁။ နေရာကျဉ်းကျဉ်းလေးတွေကို အသုံးချပါ။
ကွန်ဒိုအခန်းတွေမှာဆိုရင် တကယ်တမ်းနေ့စဉ် အသုံးမဝင်တဲ့ နေရာကျဉ်းကျဉ်းလေးတွေ ပါဝင်တတ်ပါတယ်။ ဒီနေရာတွေကို သင့်ရဲ့ပစ္စည်းတွေသိမ်းဆည်းဖို့နေရာအဖြစ် ပြောင်းလဲလိုက်ပါ။ နည်းလမ်းတစ်ခုအနေနဲ့ပေးရရင် နေရာနဲ့အံဝင်ခွင်ကျဖြစ်မယ့် စင်လေးတစ်ခုကို ဆောက်လုပ်ပြီး အဲ့ဒီမှာ ပစ္စည်းတွေသိမ်းဆည်းသင့်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ကတော့ သင့်ကုတင်အောက်မှာလည်း ပစ္စည်းတွေ သိမ်းဆည်းနိုင်ပါတယ်။
၂။ အရောင်ဖျော့တဲ့ ပုံစံခွက်တွေကိုထည့်ပါ။
မျက်နှာကြက်နဲ့ကြမ်းပြင်တွေကို အနားကွပ်ဖို့အတွက် အရောင်ခြယ်ထားတဲ့ ပုံစံခွက်တွေထည့်သွင်း အသုံးပြုခြင်းက သင့်ရဲ့မျက်လုံးကို အိမ်အနောက်ဘက်ဆီ တိုက်ရိုက်မရောက်နိုင်ဘဲ ဖြည်းဖြည်းချင်း ရောက်သွားအောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒီအရာလေးတွေက စျေးလည်းမကြီးဘဲ အလွယ်တကူ တပ်ဆင်အသုံးပြုလို့ရပါတယ်။
၃။ မှန်များကိုထည့်သွင်းအလှဆင်ပါ။
သင်က ရယ်စရာကောင်းတဲ့အိမ်တစ်လုံးကိုတော့ ပြင်ဆင်ချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်အတွေးနဲ့သင် ထည့်သွင်းတဲ့မှန်ချပ်တစ်ချပ်က သင့်ရဲ့ကွန်ဒိုတိုက်ခန်းကို ပိုကျယ်လာသလိုဖြစ်စေမှာပါ။ အထူးသဖြင့် ကြမ်းပြင်ပေါ်ထောင်ထားတဲ့မှန်တွေက အခန်းအမြင့်ကို ပိုမိုမြင့်မားစေပြီး ဘေးတိုက်အားဖြင့်လည်း နေရာလွတ်တွေ ပိုရှိနေသလိုခံစားရမှာ အသေအချာပဲဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပရိသတ်တွေအနေနဲ့ အခုဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးချပြီး သင့်ရဲ့ရှိနှင့်ပြီးသား ကွန်ဒိုတိုက်ခန်းကို စိတ်ကျေနပ်နိုင်ကြဖို့ မျှော်လင့်ပါတယ်။
<Unicode Version>
<Zawgyi Version>
#soshwehomeandproperty
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။
အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro