Breaking News
Squid Game ကိုကြိုက်နှစ်သက်သူများ ကြည့်ရှုသင့်တဲ့ Squid Game နဲ့ပုံစံတူ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲများ။
Squid Game စီးရီးဟာ Netflix ပေါ်မှာ အထူးရေပန်းစားခဲ့ပြီး ကြည့်ရှုသူတွေအကြိုက် စိတ်လှုပ်ရှားစရာတွေ၊ တွေးတောစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ကိုရီးယားဒရမ်မာဇာတ်ကားတစ်ကားဖြစ်တဲ့ Squid Game ဟာ အပိုင်း (၉) ပိုင်းအထိ ထွက်ရှိခဲ့ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဒီလို Squid Game နဲ့ အလားတူ ကိုရီးယား၊ ဂျပန်နဲ့ အခြားသောရုပ်ရှင်ကားတွေလည်းရှိသေးတာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုနိုင်ဖို့ Soshwe ရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
၁။ Alice in Borderland (2020)
ဂျပန်သိပ္ပံဝတ္ထုဇာတ်လမ်းတွဲဖြစ်တဲ့ ဒီဇာတ်ကားကလည်း ငွေကြေးအတွက်မဟုတ်ဘဲ အသက်ရှင်နေထိုင်ရေးအတွက် ယှဉ်ပြိုင်ကစားရတဲ့ဂိမ်းကို အခြေခံရိုက်ကူးထားတာပါ။ ဖဲချပ်တွေနဲ့ အခြေခံကစားရတဲ့ဒီပွဲမှာ ခွန်အားအတွက် Spades၊ အဖွဲ့လိုက်တိုက်ပွဲတွေအတွက် Clubs၊ Diamond က ဉာဏ်ပညာချင်းအားပြိုင်မှု၊ Hearts က သစ္စာဖောက်ခြင်းအစရှိသဖြင့် အမျိုးအစားတွေကို စိတ်ဝင်စားဖွယ် ခွဲခြားထားပါတယ်။
၂။ Sweet Home (2020)
ဒီဇာတ်ကားကလည်း Netflix ရဲ့အအောင်မြင်ဆုံး ကိုရီးယားဒရမ်မာဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပြီး Zombie တွေရဲ့အန္တရာယ်ကနေ လွတ်မြောက်အောင် စုပေါင်းကာကွယ်ခဲ့ရတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
၃။ 3% (2016)
ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့အနီး၊ ဆင်းရဲနွမ်းပါးတဲ့နေရာဒေသမှာ နေထိုင်တဲ့ အသက် (၂၀) အရွယ်လူငယ်တွေကို သေစေနိုင်တဲ့ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး ဒီအထဲကမှ (၃) ရာခိုင်နှုန်းလောက်သာ အသက်ရှင်ကျန်နိုင်တာကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
၄။ Battle Royale (2000)
ဒီဂျပန်ရိုးရာရုပ်ရှင်ထဲမှာ ကိုးတန်းကျောင်းသားတွေကို လှည့်စားတဲ့ဂိမ်းဆော့ခိုင်းရင်းနဲ့ အချင်းချင်းသတ်ဖို့ တွန်းအားပေးခဲ့တဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
၅။ As the Gods Will (2014)
ဒီသဘာဝလွန်ဂျပန်ရုပ်ရှင်ဇာတ်ကားထဲမှာတော့ အထက်တန်းကျောင်းသားတွေအနေနဲ့ ဘုရားသခင်တွေရဲ့ စမ်းသပ်မှုအဖြစ် အတွဲလိုက်အမှုစစ်ဆေးခြင်းကို ရင်ဆိုင်ကြုံတွေ့နေရပြီး အသက်ဝင်နေတဲ့ ဂျပန်နာမည်ကြီးအရုပ်တွေရဲ့ မညှာမတာ လက်လွတ်စပယ် သတ်ဖြတ်ခံနေရတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တကယ့်ရုပ်ရှင်အစစ်ကတော့ Trailer မှာ ပြသထားတာထက်ပိုပြီး သွေးထွက်သံယိုတွေ ပါဝင်တယ်လို့ သိရပါတယ်။
၆။ Circle (2015)
ဒီဇာတ်ကားကတော့ အမေရိကန်ကြောက်မက်ဖွယ် ဇာတ်ကားအမျိုးအစားဖြစ်ပြီး လူအယောက် (၅၀) က ပြန်ပေးဆွဲခံရပြီးနောက် ဆက်လက်အသက်ရှင်နိုင်ဖို့အတွက် အဆင့်မြင့်နည်းပညာနဲ့ပြုလုပ်ထားတဲ့ အခန်းထဲမှာ ကြိုးစားရှင်သန်ရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
၇။ The Purge (2013)
သင်က Squid Game ဇာတ်ကားကို လက်တွေ့အရမ်းဆန်တယ်လို့ သတ်မှတ်ထားတယ်ဆိုရင် ဒီဇာတ်ကားကို သေချာပေါက်ကြည့်ရှုသင့်ပြီး အကြီးအကျယ်ထိတ်လန့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။
၈။ Nerve (2016)
ဒီဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုဇာတ်ကားလို့ဆိုနိုင်ပြီး Emma Roberts က အွန်လိုင်းဂိမ်းတစ်ခုမှာပါဝင်ရင်း ပိုက်ဆံရရှိနိုင်မယ့် အခွင့်အရေးကို အခြားကစားသမားတစ်ယောက်ဖြစ်တဲ့ Dave Franco နဲ့ အတူတွဲကစားခဲ့ရပါတယ်။ ဒီဂိမ်းထဲမှာ သူတို့နှစ်ယောက်လုံးက ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အရာအားလုံးက အလှည့်အပြောင်းဖြစ်သွားနိုင်တဲ့ဂိမ်းလည်းဖြစ်ပါတယ်။
<Unicode Version>
၂။ Sweet Home (2020)
၃။ 3% (2016)
၎။ Battle Royale (2000)
၅။ As the Gods Will (2014)
၆။ Circle (2015)
၇။ The Purge (2013)
၈။ Nerve (2016)
<Zawgyi Version>
#HM(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)
အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro