HomeHealth & Beautyဝမ်းနည်းပူဆွေးမှုအဆင့် (၅) ဆင့်အကြောင်းနဲ့ ဒါတွေကို ဘယ်လိုမျိုးကျော်ဖြတ်ကြမလဲ?

ဝမ်းနည်းပူဆွေးမှုအဆင့် (၅) ဆင့်အကြောင်းနဲ့ ဒါတွေကို ဘယ်လိုမျိုးကျော်ဖြတ်ကြမလဲ?

- Advertisement -

သင်ချစ်ရတဲ့လူတစ်ယောက် သင့်ဘေးနားကထွက်ခွာသွားတဲ့အခါ ဒါမှမဟုတ် သေဆုံးသွားတဲ့အခါမှာ သင့်အတွက် ကမ္ဘာကြီးတစ်ခုလုံးက ဘာမှအသုံးမဝင်တော့သလို ခံစားရပြီး ဝမ်းနည်းပက်လက် ဖြစ်ရပါလိမ့်မယ်။ ငိုကြွေးမယ်၊ ပူဆွေးတမ်းတမယ်၊ မျှော်လင့်ချက်မဲ့နေမယ်… ဒီလိုမျိုးတွေပေါ့။ ဒါပေမယ့် ဝမ်းနည်းမှုနဲ့ပတ်သက်လို့ တိတိကျကျ လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် အဆင့် (၅) ဆင့်ရှိတယ်လို့ ဆွစ်ဇာလန်-အမေရိကန် စိတ်ရောဂါအထူးကုဆရာဝန် ရော့စ်က ဆိုထားပါတယ်။

ဒီအဆင့် (၅) ဆင့်ကတော့ ငြင်းဆန်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ကိုအလျှော့အတင်းလုပ်ခြင်း၊ စိတ်ကျခြင်းနဲ့ နောက်ဆုံးမှာတော့ လက်ခံနိုင်ခြင်းတို့ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ Soshwe စာဖတ်ပရိသတ်တွေအတွက် ဒီအဆင့်တွေရဲ့ အလုပ်လုပ်ပုံ၊ အဆင့်ကူးပြောင်းပုံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

၁။ ငြင်းဆန်ခြင်း။

- Advertisement -

သင်ချစ်ရတဲ့သူ သင့်ဘေးနားမှာမရှိတော့တာကို လက်ခံနိုင်ဖို့အတွက် ခက်ခဲနေပြီး အချိန်တိုအတွင်းမှာပဲ နာကျင်မှုဝေဒနာက တစ်ကိုယ်လုံးပျံ့နှံ့သွားမယ်လို့ ရော့စ်ကဆိုထားပါတယ်။ ဒီအရာက ဖြစ်သင့်ဖြစ်ထိုက်ပြီး ဒါကိုအလျင်စလို ကုစားဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အချိန်ကာလတစ်ခုကြာသည့်တိုင် ရုန်းကန်နေရဆဲဆိုရင်တော့ သင့်ရဲ့ လက်ရှိအခြေအနေတွေကို သေချာပေါက် ရပ်တန့်ပစ်ဖို့ လိုအပ်ပြီဆိုတာ အသေအချာပါပဲ။

 

၂။ ဒေါသထွက်ခြင်း။

ဒေါသထွက်တာဟာ သင့်နာကျင်မှုကို တုံ့ပြန်ဖို့ သဘာဝကျတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ “ဒေါသဆိုတာက နာကျင်မှုရဲ့ သက်တော်စောင့်လို့တောင် ဆိုနိုင်ပါတယ်။ လူတွေက နာကျင်လာတဲ့အခါ သူတို့ရဲ့ နာကျင်မှုကို ဒေါသနဲ့အတူ ထုတ်ဖော်လေ့ရှိပါတယ်။ ဒီအဆင့်မှာ လူတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်အောင် ဒေါသထွက်ဖို့ လိုအပ်ပြီး ဒါက အရမ်းမဆိုးဘူးဆိုတာကိုသိဖို့ လိုအပ်ပါတယ်။” လို့ ရော့စ်ကဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း ရော့စ်က “ကိုယ်ချစ်ရတဲ့တစ်စုံတစ်ယောက် ဆုံးရှုံးသွားရ၊ ကွယ်လွန်သွားရတာကို လက်မခံနိုင်တဲ့အခါ အပြစ်ရှိသလို ခံစားရပြီး ဒေါသထွက်လေ့ရှိပါတယ်။ လူတိုင်းက နောက်ဆုံးမှာ သေမျိုးချည်းပါပဲ။ ဒါပေမယ့် ဒါကို လူတွေကလက်မခံနိုင်ကြပါဘူး။ ကားထဲမှာ အသံကျယ်ကြီးနဲ့ အော်ဟစ်တာ၊ သဲအိတ်ကို လက်သီးနဲ့ထိုးတာ၊ ပြေးတာ ဒါမှမဟုတ် အခြား လေ့ကျင့်ခန်းတစ်ခုခုလုပ်တာတွေက သင့်တော်တဲ့ စိတ်ပြေပျောက်နည်းတွေပါ။” လို့ ပြောကြားခဲ့ပါတယ်။

 

၃။ စိတ်အလျှော့အတင်းပြုလုပ်ခြင်း။

ချစ်ရတဲ့လူတစ်ယောက် ကွယ်လွန်သွားပြီးချိန်မှာ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်လည်ပူဆွေးတမ်းတရင်း အပြစ်တင်စိတ်နဲ့ စိတ်အလျှော့အတင်း ဖြစ်တတ်ပါတယ်။ ရော့စ်က “လူတွေက ခံစားနေရတဲ့ နာကျင်မှုဝေဒနာတွေကို အလျှော့အတင်း ပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်ပါတယ်။ တစ်ခါတလေ ရက်သတ္တပတ်နဲ့၊ တစ်ခါတလေ လနဲ့ချီကြာတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်က အကောင်းဆုံး ကြိုးစားအားထုတ်နေပေမယ့် ကမ္ဘာကြီးက မကောင်းတာတွေဖြစ်တတ်တာကိုလည်း သတိရပေးပါ။” လို့ ပြောကြားခဲ့ပါတယ်။

 

၄။ စိတ်ကျဝေဒနာခံစားရခြင်း။

ဝမ်းနည်းမှုရဲ့ နောက်ဆက်တွဲအဖြစ် အမြဲတမ်းကပ်ပါလာလေ့ရှိတဲ့ ဝေဒနာတစ်မျိုးပဲဖြစ်ပါတယ်။ ပထမတစ်နှစ်အတွင်းမှာ သိပ်မသိသာပေမယ့် (၃) နှစ်လောက်နေမှ ဝမ်းနည်းပူဆွေးလာပြီး စိတ်ကျဝေဒနာခံစားရတာက သင်ချစ်ရတဲ့သူ ခရီးထွက်သွားတယ်လို့ စိတ်ထဲမှတ်ထားပေမယ့် တကယ်တမ်း ပြန်မရောက်လာနိုင်တော့တာကို သတိထားမိတာကြောင့်ဖြစ်သလိုမျိုးပါပဲ။

ဒါပေမယ့်လည်း ဒါကို စိတ်ကျရောဂါအဖြစ် အမြဲတမ်းမမှတ်ယူထားဘဲ ဒီလိုမျိုးခံစားလာရတယ်ဆိုရင် သူငယ်ချင်း၊ မိသားစုတွေနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုတွေခံယူဖို့ လိုအပ်ပါတယ်။

 

၅။ လက်ခံနိုင်ခြင်း။

ဒီအဆင့်က ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးရလို့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ပြီးနောက်မှာ အဆင်ပြေသွားပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ “သင့်ချစ်သူ မရှိတော့ဘူး။” “သင့်သူငယ်ချင်း မရှိတော့ဘူး။” “သင့်အမေ မရှိတော့ဘူး။” အစရှိသဖြင့် အရှိကိုအရှိအတိုင်း လက်ခံသွားနိုင်တာကို ဆိုလိုပါတယ်။ ရော့စ်က “ဒီဝမ်းနည်းပူဆွေးမှုတွေ ဘယ်တော့ပြီးဆုံးမလဲဆိုတဲ့ မေးခွန်းကို အမြဲတမ်းကြားခဲ့ရပါတယ်။ သင့်ရဲ့စိတ်ထဲမှာ ဒီလူက အချိန်တော်တော်ကြာကြာ သေနေတုန်းဆိုရင် သင်လည်း အချိန်ကြာကြာ ပူဆွေးဝမ်းနည်းနေရမှာပဲ။ ကိုယ့်အတွက် ဒီဝမ်းနည်းမှုတွေရဲ့ နောက်ဆုံးအဆုံးသတ်က ချစ်ရတဲ့သူတစ်ယောက်ကို နာကျင်မှုတွေနဲ့ သတိရနေတာထက် ချစ်ခြင်းတရားတွေနဲ့ အမှတ်ရနေတာပဲ ဖြစ်ချင်တာပါ။” လို့ပြောပါတယ်။

ဒီအဆင့်ကိုရောက်လာပြီဆိုရင်တော့ သင်ကရှေ့ဆက်ဖို့ အားအင်တွေပြန်လည်ရရှိခဲ့ပြီလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီအဆင့်ကို မရောက်နိုင်ခဲ့ဘူးဆိုရင်တော့ လိုအပ်တဲ့ တိုင်ပင်ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ဆုံးအဆင့်တစ်ခု၊ ထပ်တိုးအဆင့်အသစ်တစ်ခုလို့ဆိုရမယ့် အဓိပ္ပာယ်ရှာဖွေခြင်းဆိုတာလည်းရှိပါတယ်။ ရော့စ်ရဲ့သားလေးက အသက် (၂၁) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီး အဲ့ဒီနောက်မှာ ရော့စ်က သူ့ဘဝအတွက် အဓိပ္ပာယ်ရှိမယ့် အရာတွေကို ကြိုးစားရှာဖွေခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ချိတ်ဆက်နေတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “Find Meaning: The Sixth Stage of Grief” ကို ထုတ်ဝေဖြစ်ခဲ့ပါတယ်။

အဓိပ္ပါယ်ဆိုတာဟာ ကျန်ရစ်သူအနေနဲ့ အခြေအနေတစ်ခုကို သဘောပေါက်ခြင်း ဒါမှမဟုတ် လုပ်ဆောင်နိုင်စွမ်းတစ်ခုခုကို သိရှိခြင်းတို့ဖြစ်တယ်လို့ ရော့စ်ကဆိုပါတယ်။ “လိုအပ်တဲ့နေရာတွေကို ပိုက်ဆံလှူတာမျိုး၊ သုတေသနလုပ်ငန်းတွေအတွက် အင်အားဖြည့်ပေးတာမျိုးပေါ့။ ဒါဆို တခြားတစ်ယောက်က သင့်လိုမျိုး ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးရမှာမဟုတ်ပါဘူး။” လို့လည်း ရော့စ်က အဆုံးသတ် ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

ဝမ္းနည္းပူေဆြးမႈအဆင့္ (၅) ဆင့္အေၾကာင္းနဲ႔ ဒါေတြကို ဘယ္လိုမ်ိဳးေက်ာ္ျဖတ္ၾကမလဲ?

 

သင္ခ်စ္ရတဲ့လူတစ္ေယာက္ သင့္ေဘးနားကထြက္ခြာသြားတဲ့အခါ ဒါမွမဟုတ္ ေသဆုံးသြားတဲ့အခါမွာ သင့္အတြက္ ကမၻာႀကီးတစ္ခုလုံးက ဘာမွအသုံးမဝင္ေတာ့သလို ခံစားရၿပီး ဝမ္းနည္းပက္လက္ ျဖစ္ရပါလိမ့္မယ္။ ငိုေႂကြးမယ္၊ ပူေဆြးတမ္းတမယ္၊ ေမၽွာ္လင့္ခ်က္မဲ့ေနမယ္… ဒီလိုမ်ိဳးေတြေပါ့။ ဒါေပမယ့္ ဝမ္းနည္းမႈနဲ႔ပတ္သက္လို႔ တိတိက်က် ေလ့လာဆန္းစစ္ၾကည့္မယ္ဆိုရင္ အဆင့္ (၅) ဆင့္ရွိတယ္လို႔ ဆြစ္ဇာလန္-အေမရိကန္ စိတ္ေရာဂါအထူးကုဆရာဝန္ ေရာ့စ္က ဆိုထားပါတယ္။

ဒီအဆင့္ (၅) ဆင့္ကေတာ့ ျငင္းဆန္ျခင္း၊ ေဒါသထြက္ျခင္း၊ စိတ္ကိုအေလၽွာ့အတင္းလုပ္ျခင္း၊ စိတ္က်ျခင္းနဲ႔ ေနာက္ဆုံးမွာေတာ့ လက္ခံနိုင္ျခင္းတို႔ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီေန႔မွာေတာ့ Soshwe စာဖတ္ပရိသတ္ေတြအတြက္ ဒီအဆင့္ေတြရဲ႕ အလုပ္လုပ္ပုံ၊ အဆင့္ကူးေျပာင္းပုံေတြကို မၽွေဝေပးသြားမွာျဖစ္ပါတယ္။

 

၁။ ျငင္းဆန္ျခင္း။

သင္ခ်စ္ရတဲ့သူ သင့္ေဘးနားမွာမရွိေတာ့တာကို လက္ခံနိုင္ဖို႔အတြက္ ခက္ခဲေနၿပီး အခ်ိန္တိုအတြင္းမွာပဲ နာက်င္မႈေဝဒနာက တစ္ကိုယ္လုံးပ်ံ႕ႏွံ႕သြားမယ္လို႔ ေရာ့စ္ကဆိုထားပါတယ္။ ဒီအရာက ျဖစ္သင့္ျဖစ္ထိုက္ၿပီး ဒါကိုအလ်င္စလို ကုစားဖို႔ မလိုအပ္ပါဘူး။ ဒါေပမယ့္ အခ်ိန္ကာလတစ္ခုၾကာသည့္တိုင္ ႐ုန္းကန္ေနရဆဲဆိုရင္ေတာ့ သင့္ရဲ႕ လက္ရွိအေျခအေနေတြကို ေသခ်ာေပါက္ ရပ္တန္႔ပစ္ဖို႔ လိုအပ္ၿပီဆိုတာ အေသအခ်ာပါပဲ။

 

၂။ ေဒါသထြက္ျခင္း။

ေဒါသထြက္တာဟာ သင့္နာက်င္မႈကို တုံ႔ျပန္ဖို႔ သဘာဝက်တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ “ေဒါသဆိုတာက နာက်င္မႈရဲ႕ သက္ေတာ္ေစာင့္လို႔ေတာင္ ဆိုနိုင္ပါတယ္။ လူေတြက နာက်င္လာတဲ့အခါ သူတို႔ရဲ႕ နာက်င္မႈကို ေဒါသနဲ႔အတူ ထုတ္ေဖာ္ေလ့ရွိပါတယ္။ ဒီအဆင့္မွာ လူေတြအတြက္ က်န္းမာေရးနဲ႔ညီညႊတ္ေအာင္ ေဒါသထြက္ဖို႔ လိုအပ္ၿပီး ဒါက အရမ္းမဆိုးဘူးဆိုတာကိုသိဖို႔ လိုအပ္ပါတယ္။” လို႔ ေရာ့စ္ကဆိုပါတယ္။

ဆက္လက္ၿပီးေတာ့လည္း ေရာ့စ္က “ကိုယ္ခ်စ္ရတဲ့တစ္စုံတစ္ေယာက္ ဆုံးရႈံးသြားရ၊ ကြယ္လြန္သြားရတာကို လက္မခံနိုင္တဲ့အခါ အျပစ္ရွိသလို ခံစားရၿပီး ေဒါသထြက္ေလ့ရွိပါတယ္။ လူတိုင္းက ေနာက္ဆုံးမွာ ေသမ်ိဳးခ်ည္းပါပဲ။ ဒါေပမယ့္ ဒါကို လူေတြကလက္မခံနိုင္ၾကပါဘူး။ ကားထဲမွာ အသံက်ယ္ႀကီးနဲ႔ ေအာ္ဟစ္တာ၊ သဲအိတ္ကို လက္သီးနဲ႔ထိုးတာ၊ ေျပးတာ ဒါမွမဟုတ္ အျခား ေလ့က်င့္ခန္းတစ္ခုခုလုပ္တာေတြက သင့္ေတာ္တဲ့ စိတ္ေျပေပ်ာက္နည္းေတြပါ။” လို႔ ေျပာၾကားခဲ့ပါတယ္။

 

၃။ စိတ္အေလၽွာ့အတင္းျပဳလုပ္ျခင္း။

ခ်စ္ရတဲ့လူတစ္ေယာက္ ကြယ္လြန္သြားၿပီးခ်ိန္မွာ သူနဲ႔ပတ္သက္တဲ့ အမွတ္တရေတြကို ျပန္လည္ပူေဆြးတမ္းတရင္း အျပစ္တင္စိတ္နဲ႔ စိတ္အေလၽွာ့အတင္း ျဖစ္တတ္ပါတယ္။ ေရာ့စ္က “လူေတြက ခံစားေနရတဲ့ နာက်င္မႈေဝဒနာေတြကို အေလၽွာ့အတင္း ျပဳလုပ္နိုင္ေကာင္း ျပဳလုပ္နိုင္ပါတယ္။ တစ္ခါတေလ ရက္သတၱပတ္နဲ႔၊ တစ္ခါတေလ လနဲ႔ခ်ီၾကာတတ္ပါတယ္။ ကိုယ္ကိုယ္တိုင္က အေကာင္းဆုံး ႀကိဳးစားအားထုတ္ေနေပမယ့္ ကမၻာႀကီးက မေကာင္းတာေတြျဖစ္တတ္တာကိုလည္း သတိရေပးပါ။” လို႔ ေျပာၾကားခဲ့ပါတယ္။

 

၄။ စိတ္က်ေဝဒနာခံစားရျခင္း။

ဝမ္းနည္းမႈရဲ႕ ေနာက္ဆက္တြဲအျဖစ္ အျမဲတမ္းကပ္ပါလာေလ့ရွိတဲ့ ေဝဒနာတစ္မ်ိဳးပဲျဖစ္ပါတယ္။ ပထမတစ္ႏွစ္အတြင္းမွာ သိပ္မသိသာေပမယ့္ (၃) ႏွစ္ေလာက္ေနမွ ဝမ္းနည္းပူေဆြးလာၿပီး စိတ္က်ေဝဒနာခံစားရတာက သင္ခ်စ္ရတဲ့သူ ခရီးထြက္သြားတယ္လို႔ စိတ္ထဲမွတ္ထားေပမယ့္ တကယ္တမ္း ျပန္မေရာက္လာနိုင္ေတာ့တာကို သတိထားမိတာေၾကာင့္ျဖစ္သလိုမ်ိဳးပါပဲ။

ဒါေပမယ့္လည္း ဒါကို စိတ္က်ေရာဂါအျဖစ္ အျမဲတမ္းမမွတ္ယူထားဘဲ ဒီလိုမ်ိဳးခံစားလာရတယ္ဆိုရင္ သူငယ္ခ်င္း၊ မိသားစုေတြနဲ႔ တိုင္ပင္ၿပီး လိုအပ္တဲ့ကုသမႈေတြ ခံယူဖို႔ လိုအပ္ပါတယ္။

 

၅။ လက္ခံနိုင္ျခင္း။

ဒီအဆင့္က ခ်စ္ရတဲ့သူတစ္ေယာက္ကို ဆုံးရႈံးရလို႔ ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ၿပီးေနာက္မွာ အဆင္ေျပသြားၿပီလို႔ ဆိုလိုတာမဟုတ္ပါဘူး။ “သင့္ခ်စ္သူ မရွိေတာ့ဘူး။” “သင့္သူငယ္ခ်င္း မရွိေတာ့ဘူး။” “သင့္အေမ မရွိေတာ့ဘူး။” အစရွိသျဖင့္ အရွိကိုအရွိအတိုင္း လက္ခံသြားနိုင္တာကို ဆိုလိုပါတယ္။ ေရာ့စ္က “ဒီဝမ္းနည္းပူေဆြးမႈေတြ ဘယ္ေတာ့ၿပီးဆုံးမလဲဆိုတဲ့ ေမးခြန္းကို အျမဲတမ္းၾကားခဲ့ရပါတယ္။ သင့္ရဲ႕စိတ္ထဲမွာ ဒီလူက အခ်ိန္ေတာ္ေတာ္ၾကာၾကာ ေသေနတုန္းဆိုရင္ သင္လည္း အခ်ိန္ၾကာၾကာ ပူေဆြးဝမ္းနည္းေနရမွာပဲ။ ကိုယ့္အတြက္ ဒီဝမ္းနည္းမႈေတြရဲ႕ ေနာက္ဆုံးအဆုံးသတ္က ခ်စ္ရတဲ့သူတစ္ေယာက္ကို နာက်င္မႈေတြနဲ႔ သတိရေနတာထက္ ခ်စ္ျခင္းတရားေတြနဲ႔ အမွတ္ရေနတာပဲ ျဖစ္ခ်င္တာပါ။” လို႔ေျပာပါတယ္။

ဒီအဆင့္ကိုေရာက္လာၿပီဆိုရင္ေတာ့ သင္ကေရွ႕ဆက္ဖို႔ အားအင္ေတြျပန္လည္ရရွိခဲ့ၿပီလို႔ဆိုနိုင္ပါတယ္။ ဒါေပမယ့္ ဒီအဆင့္ကို မေရာက္နိုင္ခဲ့ဘူးဆိုရင္ေတာ့ လိုအပ္တဲ့ တိုင္ပင္ကုသမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ပါလိမ့္မယ္။ ေနာက္ဆုံးအဆင့္တစ္ခု၊ ထပ္တိုးအဆင့္အသစ္တစ္ခုလို႔ဆိုရမယ့္ အဓိပၸာယ္ရွာေဖြျခင္းဆိုတာလည္း ရွိပါတယ္။ ေရာ့စ္ရဲ႕သားေလးက အသက္ (၂၁) ႏွစ္အရြယ္မွာ ကြယ္လြန္သြားခဲ့ၿပီး အဲ့ဒီေနာက္မွာ ေရာ့စ္က သူ႕ဘဝအတြက္ အဓိပၸာယ္ရွိမယ့္ အရာေတြကို ႀကိဳးစားရွာေဖြခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ ဝမ္းနည္းပူေဆြးမႈေတြနဲ႔ ခ်ိတ္ဆက္ေနတဲ့ စာအုပ္တစ္အုပ္ျဖစ္တဲ့ “Find Meaning: The Sixth Stage of Grief” ကို ထုတ္ေဝျဖစ္ခဲ့ပါတယ္။

အဓိပၸါယ္ဆိုတာဟာ က်န္ရစ္သူအေနနဲ႔ အေျခအေနတစ္ခုကို သေဘာေပါက္ျခင္း ဒါမွမဟုတ္ လုပ္ေဆာင္နိုင္စြမ္းတစ္ခုခုကို သိရွိျခင္းတို႔ျဖစ္တယ္လို႔ ေရာ့စ္ကဆိုပါတယ္။ “လိုအပ္တဲ့ေနရာေတြကို ပိုက္ဆံလႉတာမ်ိဳး၊ သုေတသနလုပ္ငန္းေတြအတြက္ အင္အားျဖည့္ေပးတာမ်ိဳးေပါ့။ ဒါဆို တျခားတစ္ေယာက္က သင့္လိုမ်ိဳး ခ်စ္ရတဲ့သူတစ္ေယာက္ကို ဆုံးရႈံးရမွာမဟုတ္ပါဘူး။” လို႔လည္း ေရာ့စ္က အဆုံးသတ္ ေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read