HomeOtherကမ္ဘာ့ခေတ်အမီဆုံးနဲ့ တန်ဖိုးအကြီးမားဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်အကြောင်း။

ကမ္ဘာ့ခေတ်အမီဆုံးနဲ့ တန်ဖိုးအကြီးမားဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်အကြောင်း။

- Advertisement -

ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာရှိတဲ့ ဟာမက်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ သူ့ရဲ့တည်ဆောက်ပုံ လက်ရာသပ်ရပ်မှု၊ အတွင်းပိုင်းအပြင်အဆင်ကောင်းမွန်မှုတွေနဲ့ နာမည်ကြီးပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လေကြောင်းခရီးစဉ်အများစုအတွက် အဓိကအားထားရတဲ့ လေဆိပ်တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါလေဆိပ်နဲ့ ပတ်သက်လာရင်တော့ ပြောစရာအချက်အလက်တွေအများအပြားရှိပြီး ကမ္ဘာ့အကောင်းဆုံး လေဆိပ်တစ်ခုလို့ဆိုနိုင်မယ့်အရာတွေကို ပိုင်ဆိုင်ထားပါတယ်။

 

- Advertisement -

၁။ စတင်ဖွင့်လှစ်ခဲ့တဲ့ရက်စွဲ။

- Advertisement -

- Advertisement -

ဒိုဟာမြို့တောင်ဘက်မှာရှိတဲ့ ဒီလေဆိပ်ကို ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ်၊ ဧပြီ (၃၀) မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လေဆိပ်အဟောင်းရဲ့နေရာမှာ အစားထိုး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသအတွက် အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံထားရပြီး အခြားသောကမ္ဘာကျော်လေဆိပ်တွေကိုပါ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခဲ့ပါတယ်။

 

၂။ လှပသပ်ရပ်တဲ့ဗိသုကာလက်ရာ။

လေဆိပ်အတွင်းပိုင်းရဲ့ မျက်နှာကြက်ကိုတော့ ရေလှိုင်းပုံစံနဲ့ အလှဆင်ထားပြီး ဒါဟာ ကမ်းရိုးတန်းဒေသမှာ တည်ရှိတယ်ဆိုတာကို ဂုဏ်ပြုထားတဲ့အချက်လည်းဖြစ်ပါတယ်။

 

၃။ ရေစက်ပုံစံနဲ့ဗလီ။

လေဆိပ်မှာရှိတဲ့ ဗလီကိုလည်း ရေစက်ပုံစံ အသွင်ထူးပြီး ဆောက်လုပ်ထားတာကို မြင်တွေ့ရပါတယ်။

 

၄။ ရုပ်တု။

လေဆိပ်အတွင်းပိုင်းမှာလည်း ဆွစ်ဇာလန်အနုပညာရှင် ဖစ်ရှာရဲ့ “Lamp Bear” ရုပ်တုကို ပြသထားပြီး ဒါဟာ လေဆိပ်ရဲ့ လာဘ်ကောင်ရုပ်တစ်ခု၊ ကိုယ်စားပြုရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

၅။ နယူးယော့ခ်အနုပညာရှင်ရဲ့လက်ရာ။

နယူးယော့ခ်အနုပညာရှင် KAWS ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ “SMALL LIE” ကို (၂၀၁၈) ခုနှစ်၊ မတ်မှာ လေဆိပ်အတွင်း ထည့်သွင်းအလှဆင်ခဲ့ပါတယ်။ KAWS ဟာ ကမ္ဘာကျော်မစ်ကီမောက်အပါအဝင် အခြားသော နာမည်ကျော်ဇာတ်ကောင်ပုံစံများကို ဖျက်ဆီးခဲ့သူအဖြစ် နာမည်ကြီးပါတယ်။

 

၆။ SMALL LIE ရဲ့လက်တစ်ဖက်။

KAWS ရဲ့ အဆိုပါလက်ရာရုပ်ထုဟာ အလွန်အမင်းကြီးမားလွန်းတာကြောင့် လေဆိပ်ထဲကို ထည့်သွင်းနိုင်ဖို့အတွက် ရုပ်ထုရဲ့လက်တစ်ဖက်ကို ဖြုတ်ပြီးမှ ထည့်ခဲ့ရတယ်လို့ဆိုပါတယ်။

 

၇။ အဆင့်မြင့်စျေးဝယ်စင်တာ။

Gucci, Burberry, Swarovski နဲ့ Coach တို့လို ကမ္ဘာကျော်အမှတ်တံဆိပ်တွေကို ဝယ်ယူနိုင်မယ့် စျေးဝယ်စင်တာတစ်ခုကိုလည်း ဟာမက်လေဆိပ်အတွင်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

 

၈။ ရေကူးကန်။

လှပပြီး (၂၅) မီတာရှည်လျားတဲ့ ရေကူးကန်ကို အဓိကထွက်ခွာရာခန်းမကနေ မြင်တွေ့နိုင်ပါတယ်။ ဒီရေကူးကန်မှာ ရေကူးချင်ရင် အခကြေးငွေပေးရပြီး မည်သည့်ခရီးသွားဧည့်သည်မဆို ကူးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အားကစားခန်းမနဲ့ Spa တို့လည်း ပါဝင်ပါတယ်။

 

၉။ Al Mourjan Lounge

ကာတာလေကြောင်းလိုင်းရဲ့ Business Class Lounge ကလည်း လေဆိပ်အတွင်းမှာတည်ရှိပြီး စတုရန်းမီတာ (၁၀,၀၀၀) ကျယ်ဝန်းတဲ့ အဆိုပါ Lounge မှာ လူပေါင်း (၁,၀၀၀) ကျော်ကို တစ်ပြိုင်နက်တည်း လက်ခံနိုင်ပါတယ်။

 

၁၀။ သက်သောင့်သက်သာရှိပြီး တိတ်ဆိတ်ခြင်း။

AI Mourjan မှာဆိုရင် သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံတွေထားရှိပေးထားပြီး Tablet တွေနဲ့ လေယာဉ်ထွက်ခွာချိန်တွေကို စစ်ဆေးနိုင်တာကြောင့် ဘုရားဝတ်ပြုသူတွေအတွက် အသိပေးကြေညာချက်ကလွဲလို့ အခြားမည်သည့်ဆူညံမှုမှလည်းမရှိပါဘူး။

 

၁၁။ AI Safwa Lounge

ကာတာလေကြောင်းလိုင်းရဲ့ First Class ခရီးသည်တွေအတွက် ပြင်ဆင်ပေးထားတဲ့ Lounge တစ်ခုဖြစ်ပါတယ်။

 

၁၂။ Groovy ပရိဘောဂ။

First Class ခရီးသည်တွေအတွက် သီးသန့်နားနေခန်းတွေမှာ ဒီလိုမျိုးအထူးစပါယ်ရှယ် သက်သောင့်သက်သာဖြစ်စေမယ့် ထိုင်ခုံတွေကို ပြင်ဆင်ပေးထားပါတယ်။

 

၁၃။ အဆင့်မြင့်အလုပ်နေရာ။

စားပွဲနဲ့ထိုင်ခုံအကျအနနဲ့ သီးသန့်နေရာတွေကိုလည်း လေဆိပ်အတွင်းမှာ စီစဉ်ပေးထားပါတယ်။

 

၁၄။ Fine Dining

Al Sawfa Lounge မှာဆိုရင် အဆင့်အတန်းမြင့်တဲ့စားသောက်ဆိုင်တစ်ဆိုင်ကိုလည်း စီစဉ်ဖွင့်လှစ်ပေးထားပါတယ်။

 

၁၅။ Spa

လေဆိပ်ထဲ ရောက်နေတယ်ဆိုတာကို လုံးဝမေ့ပစ်ပြီး အနားယူနိုင်ဖို့အတွက် အကောင်းဆုံး Spa နဲ့ Jacuzzi တို့ကိုလည်း စီစဉ်ပေးထားပါတယ်။

 

၁၆။ အနားယူရာနေရာအားလုံး သက်သောင့်သက်သာရှိခြင်း။

အဆင့်မြင့် Lounge တွေမှာ အနားယူနိုင်ဖို့အတွက် လေယာဉ်လက်မှတ်မဝယ်ယူနိုင်ရင်တောင် ဟာမက် အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲက အခြားသောသာမန် Lounge တွေရဲ့ ထိုင်ခုံတွေကြောင့်လည်း သက်သောင့်သက်သာ အနားယူနိုင်မှာပါ။

 

၁၇။ ငှက်များ။

လေယာဉ်အချက်အလက်တွေကို ကြေညာပေးတဲ့ LED Screen တွေရဲကအထက်မှာ ငှက်တွေကို ထူးထူးခြားခြား မြင်တွေ့ရပါလိမ့်မယ်။ တကယ့်ငှက်အစစ်တွေမဟုတ်ဘဲ အနုပညာလက်ရာမြောက် ဖန်တီးထားတာ ဖြစ်ပါတယ်။

 

၁၈။ ရွေ့လျားနေသောကဗျာများ။

LED Screen ပေါ်မှာ ရွေ့လျားနေတဲ့ ဒီကဗျာတွေကို အာရပ်၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ဖော်ပြပေးထားပါတယ်။

 

၁၉။ ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆု။

Skytrax ရဲ့ သတ်မှတ်မှုအရ ကာတာနိုင်ငံရဲ့ ဟာမက်အပြည်ပြည်ဆိုင်ရာလေဆိပ်က (၂၀၂၁) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

 

၂၀။ ရည်မှန်းချက်။

ဟာမက်လေဆိပ်ရဲ့ ပိုင်ရှင်တွေကတော့ ၂၀၂၂ ခုနှစ်မှစတင်ကာ ခရီးသွားဧည့်သည်ပေါင်း သန်း (၅၀) ကို နှစ်စဉ်ဝန်ဆောင်မှုပေးသွားနိုင်မယ်လို့ဆိုထားပါတယ်။

<Unicode Version>

 

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read