ကမ္ဘာကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဘရစ်တ်နီစပီးယားဟာ သူမရဲ့ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ ပုရိသတွေ အကြိုက်တွေ့စေမယ့်၊ ရင်ခုန်သံမြန်စေမယ့်ဓာတ်ပုံတွေကို မကြာခဏမျှဝေလေ့ရှိပြီး လက်ရှိအချိန်မှာတော့ ဒီလိုပြုလုပ်နေရတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘရစ်တ်နီက “ကျွန်မအမြင်ကို ပြောရမယ်ဆိုရင် မိန်းကလေးတစ်ယောက်က အရမ်းကိုပူလောင်လာရင်တော့ သူမရဲ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားကို ချွတ်ပစ်ချင်မှာပဲလေ။ ကျွန်မအခုပြောနေတာ နိုက်ကလပ် ဒါမှမဟုတ် အဖော်အချွတ်ကတဲ့နေရာမှာ မဟုတ်ပါဘူး။ နွေရာသီလိုအချိန်ကြီး ရှင်တို့ရဲ့ကားထဲမှာ လက်ရှည်ကြီးဝတ်ထားတာ ဘယ်လောက်အထိ ရူးမိုက်လဲ သတိထားကြည့်စမ်းပါ။ ဒီလိုမျိုးချွတ်လိုက်တော့ ဘယ်လောက်တောင် ခံစားချက်ကောင်းသွားလဲ ရှင်တို့သိလား။”
“ကျွန်မရဲ့ ခန္ဓာကိုယ်ကို အခုလိုပြနေတော့ ရှင်တို့အံ့အားသင့်နေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်မ ဒီလောကကြီးထဲကို အဝတ်ဗလာနဲ့ ရောက်လာခဲ့တာပဲလေ။ ကျွန်မကိုယ်ကျွန်မ ပေါ့ပေါ့ပါးပါးပဲ မြင်ချင်တယ်။ ငယ်ငယ်က ကျွန်မရဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင် နာကျင်ရတယ်၊ မျက်ရည်ကျရပါတယ်။ ကျွန်မလည်း မိန်းမသားတစ်ယောက်ပါ။ လှပပါတယ်။ ကျွန်မကိုယ်ကျွန်မ အသန့်ရှင်းဆုံးပုံစံနဲ့ မြင်တွေ့နိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
<Unicode Version>
#soshweentertainment
#soshweforyourdailylife
#likeandshare