HomeHome & Propertyကမ္ဘာ့အမြင့်ဆုံးဟိုတယ် Ciel Tower ကို တည်ဆောက်နေတဲ့ ဗိသုကာပညာရှင် Yahya Jan

ကမ္ဘာ့အမြင့်ဆုံးဟိုတယ် Ciel Tower ကို တည်ဆောက်နေတဲ့ ဗိသုကာပညာရှင် Yahya Jan

- Advertisement -

ဒူဘိုင်းမိုးမျှော်တိုက်ကိုမြင်တာနဲ့ ဗိသုကာပညာရှင် Yahya Jan ရဲ့ အရည်အချင်းနဲ့ စိတ်ကူးစိတ်သန်းကို ပိုပြီးလေးစားလာပါလိမ့်မယ်။ Yahya ဟာ Atlantis နဲ့ Shangri-La ဟိုတယ်အပါအဝင် မြို့တော်များရဲ့ အကျော်ကြားဆုံးနဲ့ အထင်ကရအဖြစ်ဆုံး နေရာအချို့ရဲ့နောက်ကွယ်မှာ အမြဲရှိနေခဲ့တဲ့ ဗိသုကာနဲ့ အင်ဂျင်နီယာကုမ္ပဏီ NORR ရဲ့ ဒီဇိုင်းဒါရိုက်တာ ဖြစ်ပါတယ်။

Yahya ဟာ ပါကစ္စတန်နိုင်ငံ ၊ ကရာချိမှာ ကြီးပြင်းခဲ့ပြီး အသက် (၁၈) နှစ်အရွယ်မှာ ပညာသင်ဆုရကာ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ထို့နောက် Princeton မှာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်ကို လေ့လာခဲ့ပြီး ဗိသုကာဘာသာရပ်မှာ မဟာဘွဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Yahya တစ်ယောက် အမေရိကန်ပြည်ထောင်စုမှာ (၉) နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး Emirates Towers နဲ့ ဟိုတယ်အဆောက်အအုံတွေ တည်ဆောက်ရာမှာ အကြီးတန်းဒီဇိုင်းပညာရှင်အဖြစ် ဆောင်ရွက်ပေးဖို့ အလုပ်ကမ်းလှမ်းချက်ရပြီးနောက်မှာ UAE နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။

- Advertisement -

၁၉၉၆ ခုနှစ် ဒူဘိုင်းကို ရောက်လာချိန်မှာတော့ Yahya တစ်ယောက် သမိုင်းဝင်အဆောက်အအုံတွေ၊ လူနေအိမ်မျှော်စင်တွေနဲ့ ကုန်တိုက်ကြီးတွေအတွက် ဒီဇိုင်းရေးဆွဲပေးရမယ်လို့ မထင်မှတ်ထားခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။ လက်ရှိမှာတော့ Yahya ဟာ သူ့ရဲ့ အကြီးမားဆုံးသော ရည်မှန်းချက် ဖန်တီးမှုတွေထဲက တစ်ခုကို စတင်အကောင်အထည် ဖော်နေပြီလည်းဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၃ ခုနှစ်မှာ အပြီးအစီး တည်ဆောက်နိုင်မယ်လို့ ခန့်မှန်းထားတဲ့ Ciel Tower ပဲဖြစ်ပြီး အထပ် (၈၂) ထပ် ၊ အခန်းပေါင်း (၁၀၀၀) ကျော်နဲ့ အဆင့်မြင့် အထူးဇိမ်ခံအခန်းပေါင်းများစွာကို ထည့်သွင်းတည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Ciel Tower ရဲ့ အမြင့်ဟာ ပေ ၁,၂၀၀ (၃၆၅ မီတာ) ရှိပြီး တည်ဆောက်ပြီးချိန်မှာတော့ ကမ္ဘာ့အမြင့်ဆုံးဟိုတယ် ဖြစ်လာမယ်လို့ သိရပါတယ်။

- Advertisement -

- Advertisement -

စိတ်အားထက်သန်မှုကို မြစ်ဖျားခံထားတဲ့ စီမံကိန်း။

စီမံကိန်းအတွက် Yahya ဟာ၂၅၀၀ စတုရန်းမီတာသာရှိတဲ့ ဒူဘိုင်း Marina ရှိ တြိဂံမြေကွက်ပေါ်တွင် မိုးမျှော်တိုက်ကို ဒီဇိုင်းရေးဆွဲရန် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ ဒီမြေကွက်ဟာ မြင့်မားတဲ့အဆောက်အဦးအတွက် သေးငယ်လွန်းခဲ့ပြီး “ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့က အတော်လေးကို ဖိအားများခဲ့ပါတယ်။ ဒါဟာ မန်ဟက်တန် (သို့) လန်ဒန်မှာ မြင်တွေ့ရမယ့် အရာတွေနဲ့ တူနေတယ်။ ကန့်သတ်ချက်တွေက များပြားလွန်းပေမယ့်လည်း ကျွန်တော်တို့ ဖြစ်အောင် လုပ်ခဲ့ရတာပဲ။” လို့ Yahya က ဆိုပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီ The First Group ရဲ့ အဆိုအရ ဖန်သားတွေနဲ့ပဲ တည်ဆောက်ထားတာကြောင့် မြို့တစ်မြို့လုံးကို ၃၆၀ ဒီဂရီနဲ့ ကြည့်ရှုနိုင်မယ့်အပြင် ကမ်းခြေနဲ့ လူလုပ်ကျွန်းဖြစ်တဲ့ Palm Jumeirah နဲ့ အခြားသော အထင်ကရ အဆောက်အအုံတွေပါ မြင်တွေ့နေရမယ်လို့ သိရှိရပါတယ်။ ဧည့်သည်တော်တွေကလည်း ခေါင်မိုးပေါ်ရှိ ရေကူးကန်နှင့် စားသောက်ဆိုင်တွေကနေ မြို့ပြရဲ့ အလှကို ရှုမြင်ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။

အဆိုပါစီမံကိန်းမှာ လုံလောက်တဲ့စွမ်းအင်ကို အသုံးပြုထားပြီး စွမ်းအင်ရဲ့ ၂၅ ရာခိုင်နှုန်းကို လေအေးပေးစက်အတွက် အသုံးပြုထားတာမို့ အလားတူအဆောက်အအုံတွေထက် စွမ်းအင်သုံးစွဲမှု နည်းတယ်လို့ Yahya က ပြောကြားခဲ့ပါတယ်။ “ဒီစီမံကိန်းမှာ ဗိသုကာလက်ရာကိုပဲ အဓိကထားတာ မဟုတ်ပါဘူး။ ဗိသုကာပညာနဲ့ အင်ဂျင်နီယာပညာရပ်ကို အတူတကွ ပူးပေါင်းထားတာပါ။ ဒါကြောင့် ဒီစီမံကိန်းကို ကျွန်တော် အရမ်းသဘောကျတယ်။ ဒီစီမံကိန်းမှာ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုကို ရင်းနှီးမြှုပ်နှံထားပြီး သိပ္ပံနဲ့အနုပညာကိုပါ ပေါင်းစပ်ထည့်သွင်း ဖန်တီးထားတာပါ။” လို့ Yahya က ဆိုပါတယ်။

(၁၂) ထပ်လုံးကို တည်ဆောက်ပြီးသွားပြီဖြစ်ပေမယ့်လည်း အခုအချိန်အထိ တည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ Yahya က “Ciel လို ရှုပ်ထွေးတဲ့စီမံကိန်းတစ်ခုကို ဒီဇိုင်းဆွဲတဲ့အခါမှာ မင်းဟာဘယ်တော့မှ စိတ်ပျက်အားလျော့လိုက်လို့မရဘူး။ စီမံကိန်းကြီး ပြီးမြောက်သွားပြီလို့လည်း ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ စဉ်ဆက်မပြတ် လုပ်ဆောင်နေရတဲ့ လုပ်ငန်းစဉ်ဖြစ်နေလို့ပါ။” လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read