HomeBanking & Finance၂၀၃၀ ခုနှစ်အထိ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဘဏ်များရဲ့အနာဂတ်။

၂၀၃၀ ခုနှစ်အထိ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဘဏ်များရဲ့အနာဂတ်။

- Advertisement -

ကမ္ဘာတစ်ဝှမ်းက ဘဏ်လုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဆီ အသွင်ပြောင်းလာပြီဖြစ်တာကြောင့် နည်းပညာကျွမ်းကျင်တဲ့ အသုံးပြုသူတွေဟာ ဘဏ်ခွဲတွေရဲ့ အတွင်းပိုင်းတွေကို မြင်တွေ့ဖို့ အခွင့်အရေးတွေ နည်းလာပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် Roland Berger ရဲ့ သတင်းပေးပို့ချက်အရ အရှေ့တောင်အာရှက ဘဏ်ခွဲပေါင်း ၁၁,၀၀၀ ကျော်ဟာ ၂၀၃၀ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုအတွင်း ပိတ်သိမ်းနိုင်တယ်လို့ သိရှိရပြီး အများဆုံးပိတ်သိမ်းနိုင်ချေရှိတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ထိုင်းနဲ့ မလေးရှားတို့ပဲဖြစ်ပါတယ်။

Generation Alpha ၊ Generation Z နဲ့ Millennial တွေဟာ ဘဏ်လုပ်ငန်းတွေရဲ့ ဖောက်သည်အသစ်တွေ ဖြစ်လာပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ ရင်းနှီးနေပြီသားမို့ ဘဏ်ခွဲတွေဆီ လူကိုယ်တိုင် သွားရောက်တော့မှာမဟုတ်ဘဲ ဒစ်ဂျစ်တယ်စနစ်ကိုသာ အသုံးပြုတော့မှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဆယ်စုနှစ်အတွင်းမှာ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှု အသုံးပြုသူပမာဏဟာ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အစီရင်ခံစာထဲမှာ “အင်ဒိုနီးရှား ၊ ထိုင်း ၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့မှာ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ သိသိသာသာ ဘဏ်ခွဲပေါင်းစည်းမှုတွေကို မြင်တွေ့လာရပြီး အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆွဲဆောင်အားပေးမှုတွေက ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုတွေကို ပိုမိုလွယ်ကူ ချောမွေ့လာစေပါတယ်။ ဒါ့အပြင် ဘဏ်တွေကလည်း လွန်ခဲ့တဲ့နှစ်တွေအတွင်း နှောင့်နှေးခဲ့တာကြောင့် လက်ရှိမှာ ဘဏ်ခွဲတွေရဲ့ လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်လာပါပြီ။” လို့ ဖော်ပြထားပါတယ်။ အခုလက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်း ဘဏ်ခွဲအများစုကို ပိတ်သိမ်းလိုက်ပြီလို့လည်း သိိရှရပါတယ်။

- Advertisement -

အင်ဒိုနီးရှားမှာ ဘဏ်ခွဲ ၇,၀၀၀ ကျော်၊ ထိုင်းနိုင်ငံမှာ ဘဏ်ခွဲ ၂,၀၀၀ နီးပါး ၊ ဖိလစ်ပိုင်နိုင်ငံမှာ ဘဏ်ခွဲ ၁,၅၀၀ နီးပါးနဲ့ မလေးရှားနိုင်ငံမှာတော့ ဘဏ်ခွဲ ၆၀၀ နီးပါးကို ထပ်မံပိတ်သိမ်းဖို့ရှိတယ်လို့ ခန့်မှန်းထားကြောင်း သတင်းပေးပို့ချက်မှာ ဖော်ပြထားပါတယ်။ ဒစ်ဂျစ်တယ်ငွေလွှဲငွေပို့ ဝန်ဆောင်မှုလုပ်ငန်းတွေ သိပ်ပြီး မတွင်ကျယ်သေးတဲ့ ဗီယက်နမ် ၊ လာအို ၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့မှာတော့ ဘဏ်ခွဲတွေ ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပေမယ့်လည်း စင်ကာပူနိုင်ငံမှာတော့ ဘဏ်ခွဲများ ပိတ်သိမ်းမှုဟာ ၃၁ ရာခိုင်နှုန်းထိ ရှိနေပြီလည်းဖြစ်ပါတယ်။ ၂၀၃၀ ပြည့်နှစ်အထိ အဆိုပါဒစ်ဂျစ်တယ်စနစ် မတွင်ကျယ်သေးတဲ့ နိုင်ငံတွေမှာတော့ ဘဏ်ခွဲပေါင်း ၂,၀၀၀ ကျော် ထပ်မံဖွင့်လှစ်ဖို့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

- Advertisement -

ဒါပေမယ့် ခေတ်ရေစီးကြောင်းကတော့ မရပ်တန့်ဘဲ ဆက်လက်ရွေ့လျားနေတုန်းပဲဖြစ်ပါတယ်။ ပြည်တွင်းဘဏ်တွေက ဒစ်ဂျစ်တယ်စနစ်ကို ပိုမိုရင်းနှီးမြှုပ်နှံနေတာကြောင့် သာမန်ဝန်ဆောင်မှုတွေဖြစ်တဲ့ ငွေလွှဲခြင်း ၊ ငွေပေးချေခြင်း ၊ ချေးငွေလျှောက်လွှာတင်ခြင်း ၊ ဘဏ္ဌာရေးအကြံပေးခြင်းနဲ့ အခြားဘဏ်အကောင့်တွေဆီ ငွေလွှဲခြင်းတွေကို အင်တာနက်ကနေ တိုက်ရိုက်ပြုလုပ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီတော့ အသုံးပြုသူတွေအနေနဲ့လည်း Covid-19 ကပ်ရောဂါ ဖြစ်ပွါးနေစဉ်အချိန်အတွင်း ဘဏ်ခွဲတွေကို အချိန်ကုန် လူပင်ပန်းခံပြီး သွားစရာမလိုတော့တာကလည်း အားသာချက်တစ်ခုလို့ ဆိုရပါမယ်။

နည်းပညာကို ကောင်းစွာနားလည်ပြီး ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်အသစ်တွေကို ကောင်းစွာအသုံးချနိုင်တဲ့ ခေတ်လူငယ်တွေ များပြားလာတာကြောင့် ဘဏ်ခွဲတွေ ပျောက်ကွယ်သွားနိုင်ချေ ပိုများလာနိုင်ပါတယ်။ အခုချိန်မှာ အရှေ့တောင်အာရှဟာလည်း ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်း အရှိန်အဟုန်ကို မြှင့်တင်နေပြီမို့ သိပ်မကြာခင်မှာ ဒီဂျစ်တယ်နဲ့သာ အလုပ်လုပ်တဲ့ ဘဏ်အသစ်များစွာ ပေါ်ပေါက်လာတော့မှာလည်းဖြစ်ပါတယ်။

<Unicode Version>

 

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twelve − 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...