HomeHealth & Beautyအရက်အလွန်အကျွံသောက်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးအကြောင်းကို သတိပေးမျှဝေခဲ့တဲ့ အမျိုးသမီး။

အရက်အလွန်အကျွံသောက်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးအကြောင်းကို သတိပေးမျှဝေခဲ့တဲ့ အမျိုးသမီး။

- Advertisement -

Trina Beil လို့ အမည်ရတဲ့ အမျိုးသမီးဟာ ဗီဒီယိုတစ်ခုကို TikTok အကောင့်မှာ တင်ခဲ့ပြီးနောက် အသုံးပြုသူပေါင်း (၁၃) သန်းရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ Trina ဟာ မှန်အရှေ့မှာရပ်နေပြီး သူမရဲ့ဖောင်းကားနေတဲ့ ဝမ်းဗိုက်ကို အင်္ကျီမဝတ်ထားဘဲ လူအများ ထင်ထင်ရှားရှား မြင်နိုင်အောင် ပြသခဲ့ခြင်းဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ Trina ဟာ အမြွှာပူး (သို့) သုံးမြွှာပူးလောက်ကို ကိုယ်ဝန်ဆောင်ထားရတယ်လို့ ထင်သွားနိုင်ပေမယ့် သူမရဲ့ ရှင်းပြချက်အရ ဖောင်းကားနေတဲ့ဝမ်းဗိုက်ထဲမှာ ရှိနေတာက ရင်သွေးလေးတွေမဟုတ်ဘဲ အသည်းရောဂါကြောင့် ဖောင်းကားနေခြင်းဖြစ်တယ်ဆိုပြီး သိရှိရပါတယ်။

ဗီဒီယိုထဲမှာတော့ Trina က “အားလုံးပဲ မင်္ဂလာပါ။ ကျွန်မရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေတာက အစားအသောက်တွေ မဟုတ်ပါဘူး။ ကျွန်မနာမည်ကတော့ Trina ဖြစ်ပြီး အရက်စွဲနေသူတစ်ယောက်ပါ။ ဆေးမသုံးစွဲတော့တာ (၂) နှစ်လောက်ရှိပြီး အရက်မသောက်ဖြစ်တော့တာလည်း (၄) လခွဲလောက်တော့ရှိပါပြီ။ ဒါပေမယ့် အထူးကုဆရာဝန်က အရက်ဆက်မသောက်ဖို့နဲ့ ဆက်သောက်မယ်ဆိုရင် ပြင်းထန်တဲ့အသည်းရောဂါဝေဒနာကို ခံစားရမယ်လို့ သတိပေးခဲ့ပေမယ့် ဆရာဝန်ပြောတာကို နားမထောင်ခဲ့တဲ့အတွက် အခုချိန်မှာ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာပါ။”

@trinabeil

liver damage of an alcoholic..this is no joke..

♬ original sound – Trina Beil

- Advertisement -

“တစ်ခုခုကို စားဖို့ သောက်ဖို့ ကြိုးစားရင်တော့ မသက်မသာ ဖြစ်လာတယ်။ အကယ်၍ ရှင်တို့သာ အရက်သောက်တာ ရပ်လိုက်ရင်ကောင်းမလား? Trina လိုမျိုး ငါရောဖြစ်နိုင်လား? လို့ တွေးနေရင် ‘ဖြစ်လာနိုင်တာပေါ့’ လို့သာ သတိပေးချင်ပါတယ်။ ကျွန်မရဲ့လက်ရှိအခြေအနေကို ပြနေတယ်ဆိုတာက ဆေးစွဲတာနဲ့ အရက်စွဲတာဟာ ရှင်တို့ကို ဒီလိုအခြေအနေမျိုး ဖြစ်စေနိုင်တယ်ဆိုတာကို သိစေချင်လို့ပါ။ စဉ်းစားရခက်မနေဘဲ အချိန်မနှောင်းခင် ဖြတ်တောက်ပစ်လိုက်ပါ။”

- Advertisement -

Trina ရဲ့ ဗီဒီယိုကို ကြည့်ရှုပြီးနောက် အသုံးပြုသူတွေက Trina ကို စိတ်ဓါတ်မကျဖို့နဲ့ သူမခံစားနေရတဲ့ ဝေဒနာကို ပွင့်လင်းစွာ ထုတ်ဖော်ပြောပြပေးပြီး လူတွေကို အသိပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း အားပေးစကား ပြောခဲ့ကြပါတယ်။ BuzzFeed မီဒီယာက Trina ကို ဆက်သွယ်ပြီး အကျိုးအကြောင်း မေးမြန်းကြည့်တဲ့အခါမှာတော့ Trina ရဲ့ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ စွဲလမ်းမှုဟာ သူမအသက် ၂၄ နှစ်အရွယ်မှာ စတင်ခဲ့ကြောင်း သိခဲ့ရပါတယ်။

Trina ဟာ ငယ်စဉ်ဘဝကတည်းက ခံစားလာရတဲ့ ပြဿနာတွေကနေ ခဏတာ ကင်းလွတ်ချင်တာကြောင့် မူးယစ်ဆေးဝါးနဲ့ အရက်သေစာတွေကို သုံးစွဲခဲ့တာဖြစ်ပြီး ဒီအရာတွေကို ဖြတ်တောက်ပစ်လိုက်တာတောင်မှ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ လက်ရှိမှာတော့ Trina ဟာ အသည်းပျက်စီးခြင်းဝေဒနာကို ခံစားနေရပြီး အသည်းအစားထိုး ကုသမှသာ ပြန်လည်ကောင်းမွန် သက်သာလာနိုင်မယ့် အခြေအနေထိ ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ ဝမ်းဗိုက်ဖောင်းကားနေတဲ့ အကြောင်းအရင်းကလည်း ဗိုက်ထဲမှာရှိတဲ့အသည်းက အဆမတန်ကြီးထွားလာတဲ့အတွက်ကြောင့်လို့ သိရှိရပါတယ်။

အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲရာကနေ စွဲလမ်းမှုတွေ စတင်လာပြီး မသုံးရမနေနိုင် ဖြစ်လာတာမျိုးကို ကိုယ့်ရဲ့အနီးအနား ပတ်ဝန်းကျင်မှာလည်း တွေ့မြင်ကြဖူးမှာပါ။ ဒီအရာတွေဟာ ခဏတာ လွတ်မြောက်မှုကိုသာ ပေးစွမ်းနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ဆိုးရွားတဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာရေးဆိုင်ရာ ဝေဒနာတွေ ဖြစ်ပေါ်စေတယ်ဆိုတာကို အရွယ်ရောက်ပြီးသားလူတိုင်း သိထားပြီးသားဖြစ်မှာပါ။ Trina ဟာလည်း အားမလျှော့သေးဘဲ ဆက်လက်ရှင်သန်ဖို့အတွက် ကြိုးစားလိုတာကြောင့် ကူညီပေးနိုင်သူတွေရဲ့ အကူအညီကို မျှော်လင့်တောင့်တနေခြင်းဖြစ်ပါတယ်။

@trinabeil

MRI Results..Alcoholic..Addict..Liver Damage..Liver Transplant..

♬ original sound – Trina Beil

Soshwe စာဖတ်ပရိသတ်ကြီးထဲမှာလဲ Trina လိုမျိုး မူးယစ်ဆေးနဲ့ အရက်သေစာ စွဲလမ်းမှုတွေကို ကိုယ်တိုင်ကြုံတွေ့နေရရင်ပဲဖြစ်ဖြစ် အသိမိတ်ဆွေ/မိသားစုဝင်တွေက ဒီပြဿနာတွေနဲ့ ကြုံတွေ့နေရရင်ပဲဖြစ်ဖြစ် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုတွေ ပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်နော်။

<Unicode Version>

 

- Advertisement -

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen + nineteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...