HomeEntertainmentကမ္ဘာတစ်ဝှမ်း လူကြိုက်များခဲ့ပေမယ့် လူတချို့ အကြိုက်မတွေ့ခဲ့တဲ့ နာမည်ကြီးဇာတ်ကားများ။

ကမ္ဘာတစ်ဝှမ်း လူကြိုက်များခဲ့ပေမယ့် လူတချို့ အကြိုက်မတွေ့ခဲ့တဲ့ နာမည်ကြီးဇာတ်ကားများ။

- Advertisement -

အခုတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ချစ်ပရိသတ်တွေ သဘောကျနှစ်သက်ခဲ့ပေမယ့် တချို့သော ရုပ်ရှင်ကြည့်ပရိသတ်တွေ အကြိုက်မတွေ့ခဲ့တဲ့ ဇာတ်ကားတွေနဲ့ သူတို့တွေ ဘာကြောင့် မကြိုက်တဲ့အကြောင်း ရှင်းလင်းဖော်ပြထားတဲ့ မှတ်ချက်တွေကို မျှဝေဖော်ပြသွားပါ့မယ်။ ဒီဆောင်းပါးကို အဆုံးထိဖတ်ပြီးရင် Soshwe စာဖတ်ပရိသတ်ကြီးကလည်း လူအများကြိုက်ခဲ့ပေမယ့် ကိုယ်အကြိုက်မတွေ့ခဲ့တဲ့ ဇာတ်ကားတွေရှိရင် မျှဝေပြောပြသွားဖို့ မမေ့နဲ့ဦးနော် . . .

 

၁။ Bombshell

- Advertisement -

“ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတယ်လို့ ထင်ခဲ့ပေမယ့် Margot Robbie နဲ့ Kate McKinnon တို့ရဲ့ ဇာတ်ကောင်တွေဟာ စိတ်ကူးနဲ့ဖန်တီးထားတာ။ လုပ်ငန်းခွင်က လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ထည့်ထားတားက အဓိပ္ပါယ်မရှိသလို ခံစားရလို့ ရုပ်ရှင်ကို ပြီးတဲ့အထိတောင် မကြည့်နိုင်ခဲ့ဘူး။” —zeakins

- Advertisement -

၂။ Inception

“ဘာတွေဖြစ်နေသလဲဆိုတာကို နားမလည်လို့ နာရီဝက်လောက်ကြာတော့ ထထွက်လာခဲ့တာ။” —a46da90477

“ဇာတ်ကားက လိုတာထက်ပိုပြီး ရှည်လျားနေလို့ ပျင်းဖို့အရမ်းကောင်းသွားတာ။” —cortneylynn05

၃။ Call Me By Your Name

“ဒီဇာတ်ကားက ငါ့ကို ရုပ်ပိုင်းဆိုင်ရာအရ နေမထိထိုင်မသာ ဖြစ်စေတယ်။ အဓိကကတော့ အသက်အရွယ် ကွာခြားမှုပေါ့။ ဇာတ်လမ်းတွေ သရုပ်ဆောင်တွေနဲ့ နောက်ခံနေရာတွေက မိုက်ပေမယ့် စိတ်ထဲ မသတီနေဘူး။” —awfultortoise26

- Advertisement -

၄။ Avatar

“ရုပ်ရှင်နာမည်တောင် မမှတ်မိဘူး။ အပြာရောင်ဂြိုဟ်သားတွေပဲ မြင်နေခဲ့တာလေ။ အရမ်းပျင်းဖို့ကောင်းပြီး 3D နဲ့ကြည့်ခဲ့တာမို့ ခေါင်းတွေတောင်ကိုက်တယ်။ အနုသုခုမ ဆန်ပေမယ့် ဇာတ်လမ်းကို လုံးဝနားမလည်ခဲ့တာပါ။” —missmandagal

၅။ Pulp Fiction

“ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ရုပ်ရှင်တစ်ဝက်မှာပဲ ထပြန်ခဲ့တာ။ ဇာတ်ကားထဲက ဇာတ်ကောင်တွေ အားလုံးကို မုန်းလွန်းလို့ နာနာကျင်ကျင်နဲ့ သေစေချင်တဲ့အထိပဲ။ နှစ်အနည်းငယ်ကြာတော့ ခံစားချက်များ ပြောင်းသွားမလားဆိုပြီး ထပ်ကြည့်မိတော့လည်း မုန်းနေဆဲပါပဲ။” —roguewave1

၆။ Gravity

“ဒီဇာတ်ကားကို ကြည့်နေရင်း ရုပ်ရှင်ရုံထဲမှာ အိပ်ပျော်သွားတာ။ နောက်တစ်ခေါက်ပြန်ကြည့်တော့လည်း ပျင်းစရာကောင်းနေတုန်းပဲ။” —moonlightbae685

၇။ The Irishman

“စိတ်ပျက်စရာကောင်းလွန်းလို့ (၂) နာရီလောက်ကြာတော့ ဆက်မကြည့်နိုင်တော့ဘူး။ ပြီးတဲ့အထိ ကြည့်ဖို့ ကြိုးစားခဲ့တာတောင် မအောင်မြင်ခဲ့ဘူး။” —tagurit

၈။ La La Land

“လေယာဉ်နဲ့ ခရီးသွားနေတဲ့အချိန်မှာ ကြည့်မိတာ ပျင်းစရာကောင်းလွန်းလို့ မျက်လုံးတောင် မဖွင့်နိုင်တဲ့အထိပဲ။” —facebook_10153089943587029

၉။ Breakfast at Tiffany’s

“ငါ့အတွက်တော့ ဒီဇာတ်ကားဟာ ငါ့ဘဝတစ်လျှောက် ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲမှာ အဆိုးရွားဆုံးလို့ ပြောလို့ရတယ်။ ဇာတ်လမ်းကလည်း အဓိပ္ပါယ်မရှိသလို ဟာကွက်တွေလည်း အများကြီးပဲ။ ဘာလို့ လူကြိုက်များသလဲဆိုတာကိုတောင် နားမလည်နိုင်တော့ဘူး” —ackermankaitlyn7

 

၁၀။ A Beautiful Day in the Neighborhood

“ဇာတ်ကားရဲ့ သုံးပုံတစ်ပုံမှာပဲ ရပ်ပစ်လိုက်ရတာ။ Mr. Rogers အကြောင်းကို ရိုက်ထားတာလို့ ထင်ခဲ့ပေမယ့် သတင်းထောက်ကိုပဲ အဓိက အသားပေးရိုက်ကူးထားလို့လေ။” —truly2turley

၁၁။ Training Day

“တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတာ။ Denzel ကို သဘောကျပေမယ့် ဒီဇာတ်ကားကြောင့် သူဘာလို့ အော်စကာဆုရခဲ့သလဲဆိုတာကို နားမလည်နိုင်ဘူး။” —sammymc

၁၂။ Eraserhead

“ဒီဇာတ်ကားက ဂန္တဝင်ဇာတ်ကားကောင်းဖြစ်ရမှာကို စိတ်ပျက်စရာကောင်းလွန်းလို့ အဲ့ဇာတ်ကားအကြောင်းကို ပြန်စဉ်းစားကြည့်လိုက်ရင်တောင် မျက်နှာကြီး ရှုံ့မဲ့လာတယ်။” —sweetdmarie686

၁၃။ Foxcatcher

“အမေရော ငါရော ရုပ်ရှင်ကြည့်နေရင်း ထထွက်သွားဖို့ ဆုံးဖြတ်မိတဲ့အထိပဲ။ ဒါပေမယ့်လည်း အားနာစိတ်ကြောင့် ရုပ်ရှင်ပြီးတဲ့အထိ အထဲမှာ ထိုင်နေခဲ့မိတာ။ —gaiathornberry

၁၄။ Star Wars Episode IV: A New Hope

“ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Star War ပရိသတ်ကြီးကို စော်ကားသလို ဖြစ်သွားနိုင်ပေမယ့် ဒီအပိုင်းကို ကြည့်တဲ့အချိန်မှာ အိပ်ပျော်သွားခဲ့တာ။ Star War ရဲ့ တခြားအပိုင်းတွေကို ကြိုက်ပေမယ့် A New Hope ကတော့ ကိုယ့်အတွက် မဟုတ်ခဲ့ဘူး ထင်ပါတယ်။” —monikaaat

၁၅။ The Notebook

“ဇာတ်ကောင်တွေက စိတ်ပျက်စရာကောင်းလွန်းလို့ ဇာတ်ကားကိုပါ မုန်းသွားတာ။ ဒီဇာတ်ကားကို ကြည့်ရင်း မျက်ရည်တစ်စက်တောင် မကျခဲ့တာမို့ သူငယ်ချင်းတွေကတောင် မကောင်းဆိုးဝါးလို့ ခေါ်ကြတဲ့အထိပဲ။” —amart728

၁၆။ Midsommar

“ရုပ်ရှင်စကြည့်ပြီး မိနစ် (၃၀) အကြာမှာတော့ ရုပ်ရှင်ရုံထဲကနေ ထွက်လာခဲ့တယ်။” —peanutbutterswan_

၁၇။ Lord of the Rings: The Fellowship of the Ring

“ဇာတ်လမ်းတွဲရဲ့ အစပိုင်းမှာတင် အိပ်ပျော်သွားတာမို့ နောက်ပိုင်းတွေကို ဆက်တောင် မကြည့်ဖြစ်ခဲ့ဘူး။” —katied47fd64e0d

၁၈။ Forrest Gump

“မုန်းလွန်းလို့ ထပ်မုန်းလာအောင် ထပ်ကြည့်ဖြစ်နေခဲ့တာ။” —marlahill68

၁၉။ Aliens, The Godfather

“Aliens‌ ရော The Godfather ရောက ငါ့အတွက်တော့ အိပ်ဆေးလိုမျိုးဖြစ်ခဲ့တာ။ ကြည့်နေရင်း သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားစေလို့လေ။” —2eyeswandering

<Unicode Version>

 

#soshweentertainment

#soshweforyourdailylife

#lifeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 + five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...