HomeTechအာကာသသို့ ခရီးထွက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး ဘီလျံနာသူဌေးကြီး။

အာကာသသို့ ခရီးထွက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး ဘီလျံနာသူဌေးကြီး။

- Advertisement -

ပြီးခဲ့တဲ့လအချို့က ဘီလျံနာသူဌေးကြီး Richard Branson ဟာ အာကာခရီးစဉ် သွားရောက်ခွင့်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ သူူ့ရဲ့ဝန်ထမ်း (၅) ဦးနဲ့အတူ Virgin Galactic ဒုံးပျံယာဉ်နဲ့ ကမ္ဘာမြေပြင်အထက် မိုင် (၅၀) ကျော်ထိ ခရီးနှင်ခဲ့ပါတယ်။ Branson ဟာ Albuquerque ရဲ့ တောင်ဘက် မိုင် (၁၈၀) အကွာမှာရှိတဲ့ New Mexico အာကာသယာဉ်စခန်းဖြစ်တဲ့ Spaceport America ကနေ စံတော်ချိန် မနက်ခင်း ၈:၃၀ မှာ အာကာသဆီသို့ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။

မကြာသေးခင်အချိန်က အသက် (၇၁) နှစ်ပြည့်ခဲ့တဲ့ ဗြိတိန်စွန့်ဦးတီထွင်လုပ်ငန်းရှင် Branson ဟာ အာကာသယာဉ်မှူးတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက် “ဒါဟာ တစ်သက်တာအတွက် ပြီးပြည့်စုံတဲ့ အတွေ့အကြုံပဲ။ အာကာသဆိပ်ကမ်းကို ကြည့်ပြီးနောက်မှာတော့ လှပတဲ့လေယာဉ်တစ်စီးကို တီထွင်နိုင်ခဲ့တာနဲ့ ကျွန်တော်တို့ ဒီနေရာထိရောက်လာအောင် ကြိုးစားကူညီပေးခဲ့တဲ့လူတိုင်းကို အထူးကျေးဇူးတင်ပြီး ဂုဏ်ပြုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

မြေပြင်ကနေ ထွက်ခွာပြီး တစ်နာရီတောင် မကြာသေးတဲ့အချိန်မှာ VSS Eve လေယာဉ်ဟာ ဒုံးပျံလေယာဉ်ကို အမေရိကန်ပြည်ထောင်စုက အာကာသနယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ မိုင် (၅၀) ထက် ကျော်လွန်ကာ (၅၃) မိုင်အထိ လွှတ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အမှုထမ်းတွေက မနက် ၉:၄၀ မိနစ်မှာ လေယာဉ်မဆင်းသက်သေးခင် ခန္ဓာကိုယ်အလေးချိန်ပေါ့ပါးပြီး လွင့်မျောနေတဲ့ ခံစားချက်ကို ခံစားလိုတာကြောင့် ခန္ဓာကိုယ်မှာချုပ်နှောင်ထားတဲ့ သိုင်းကြိုးတွေကို ဖြုတ်ခဲ့ကြပါတယ်။

- Advertisement -

လေယာဉ်ဆင်းသက်ပြီးနောက် ခရီးသည်တွေ လေယာဉ်ထဲကနေ ထွက်လာတဲ့အချိန်မှာ လူတစ်စုကလည်း လေယာဉ်ပြေးလမ်းဆီကို စုရုံးရောက်ရှိလာပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။ မစ်ရှင်ခေါင်းဆောင် Branson ကတော့ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်းအတွက် လေယာဉ်ပြေးလမ်းဆီ မဆင်းလာခင်မှာ လက်ကိုလေထဲမြှောက်ပြီး ပျော်ရွှင်နေခဲ့ပါတယ်။ “ကလေးငယ်တွေလိုပဲ ကျွန်တော်ဟာလည်း ကလေးဘဝကတည်းက ဒီအခိုက်အတန့်လေးကို အပြင်လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ရှိခဲ့တာ။ အမှန်တိုင်းပြောရရင် အာကာသကနေ ကြည့်လို့ရတဲ့ မြင်ကွင်းဟာ ကျွန်တော် စိတ်ကူးယဉ်ကြည့်ခဲ့တာထက်တောင် ပိုပါသေးတယ်” ဆိုပြီး Branson က လေယာဉ်ဆင်းသက်ပြီးနောက် ကျင်းပခဲ့တဲ့ အခမ်းအနားမှာ သူ့ရဲ့အတွေ့အကြုံကို မျှဝေပြောကြားခဲ့ပါတယ်။

- Advertisement -

ဘီလျံနာသူ‌ဌေးကြီး Jeff Bezos က သူ့ရဲ့ကိုယ်ပိုင်ဒုံးပျံလေယာဉ်ကို အနောက်တက္ကဆက်ပြည်နယ်ကနေ အာကာသဆီ တင်လွှတ်မယ်လို့ ကြေငြာခဲ့ပြီးနောက် Branson က သူ့ရဲ့ ခရီးစဉ်အချိန်ကို ပြောင်းလဲပစ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီးတော့ Branson က Blue Origin တည်ထောင်သူထက် လက်ဦးမှုရအောင် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

စတင်မထွက်ခွာခင်မှာ Branson က သူ့ကို လာရောက်အားပေးခဲ့တဲ့ SpaceX တည်ထောင်သူ Elon Musk နဲ့ အတူတူရိုက်ထားတဲ့ ဓါတ်ပုံကို တွစ်တာမှာ တင်ခဲ့ပါသေးတယ်။ Virgin အာကာသယာဉ် စတင်ပျံသန်းမှုဟာ ကုမ္ပဏီအတွက် ပထမဦးဆုံးခရီးစဉ်ဖြစ်ပြီး အာကာသရဲ့အစွန်းတစ်ဖက်ဆီသွားမယ့် ခရီးသည်ထိုင်မယ့် ထိုင်ခုံ (၆) ခုံလုံးဟာ လူပြည့်နေခဲ့ပါတယ်။

အဆိုပါ ခရီးစဉ်ဟာ အာကာသဆီသို့ ခေါ်ဆောင်သွားပေးမယ့် လက်မှတ်တစ်စောင်ကို ဒေါ်လာ ၂၅၀,၀၀၀ နဲ့ ကြိုတင်ဝယ်ယူထားသူ အယောက် (၆၀၀) ကျော် ရှိနေပြီးသားဖြစ်ပေမယ့်လည်း Virgin Galactic ဒုံးပျံလေယာဉ်ကို လူသိပိုများလာအောင် ကြေငြာဖို့ ရည်ရွယ်ခဲ့တာလည်းဖြစ်ပါတယ်။ Brandson က တိုက်ရိုက်ထုတ်လွှင့်ကြေငြာပေးဖို့ R&B အဆိုတော် Khalid နဲ့ လူရွှင်တော် Stephen Colbert တို့ကိုတောင် ဖိတ်ကြားခဲ့ပါသေးတယ်။ အဆိုပါလွှတ်တင်မှုဟာ SpaceShipTwo စနစ်ရဲ့ ၂၂ ကြိမ်မြောက် စမ်းသပ်ပျံသန်းမှုဖြစ်ပြီး ကမ္ဘာ့လေထုကို ကျော်လွန်ကာ လွှတ်တင်ခဲ့တဲ့ လေးကြိမ်မြောက်မစ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။

<Unicode Version>

 

 

- Advertisement -

 

အာကာသသို႔ ခရီးထြက္နိုင္ခဲ့တဲ့ ကမၻာ့ပထမဦးဆုံး ဘီလ်ံနာသူေဌးႀကီး။

ၿပီးခ့ဲတ့ဲလအခ်ိဳ႕က ဘီလ်ံနာသူေဌးႀကီး Richard Branson ဟာ အာကာခရီးစဥ္ သြားေရာက္ခြင့္ၿပိဳင္ပြဲမွာ အနိုင္ရရွိခ့ဲတ့ဲ သူူ႕ရဲ႕ဝန္ထမ္း (၅) ဦးနဲ႔အတူ Virgin Galactic ဒုံးပ်ံယာဥ္နဲ႕ ကမၻာေျမျပင္အထက္ မိုင္ (၅၀) ေက်ာ္ထိ ခရီးႏွင္ခဲ့ပါတယ္။ Branson ဟာ Albuquerque ရဲ႕ ေတာင္ဘက္ မိုင္ (၁၈၀) အကြာမွာရွိတဲ့ New Mexico အာကာသယာဥ္စခန္းျဖစ္တ့ဲ Spaceport America ကေန စံေတာ္ခ်ိန္ မနက္ခင္း ၈:၃၀ မွာ အာကာသဆီသို႔ စတင္ထြက္ခြာခ့ဲျခင္းျဖစ္ပါတယ္။

မၾကာေသးခင္အခ်ိန္က အသက္ (၇၁) ႏွစ္ျပည့္ခ့ဲတ့ဲ ၿဗိတိန္စြန႔္ဦးတီထြင္လုပ္ငန္းရွင္ Branson ဟာ အာကာသယာဥ္မႉးတစ္ေယာက္နဲ႔ လက္ဆြဲႏႈတ္ဆက္ၿပီးေနာက္ “ဒါဟာ တစ္သက္တာအတြက္ ၿပီးျပည့္စုံတဲ့ အေတြ႕အၾကဳံပဲ။ အာကာသဆိပ္ကမ္းကို ၾကည့္ၿပီးေနာက္မွာေတာ့ လွပတဲ့ေလယာဥ္တစ္စီးကို တီထြင္နိုင္ခဲ့တာနဲ႔ ကၽြန္ေတာ္တို႔ ဒီေနရာထိေရာက္လာေအာင္ ႀကိဳးစားကူညီေပးခဲ့တဲ့လူတိုင္းကို အထူးေက်းဇူးတင္ၿပီး ဂုဏ္ျပဳပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

ေျမျပင္ကေန ထြက္ခြာၿပီး တစ္နာရီေတာင္ မၾကာေသးတဲ့အခ်ိန္မွာ VSS Eve ေလယာဥ္ဟာ ဒုံးပ်ံေလယာဥ္ကို အေမရိကန္ျပည္ေထာင္စုက အာကာသနယ္နိမိတ္အျဖစ္ သတ္မွတ္ထားတဲ့ မိုင္ (၅၀) ထက္ ေက်ာ္လြန္ကာ (၅၃) မိုင္အထိ လႊတ္တင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အမႈထမ္းေတြက မနက္ ၉:၄၀ မိနစ္မွာ ေလယာဥ္မဆင္းသက္ေသးခင္ ခႏၶာကိုယ္အေလးခ်ိန္ေပါ့ပါးၿပီး လြင့္ေမ်ာေနတဲ့ ခံစားခ်က္ကို ခံစားလိုတာေၾကာင့္ ခႏၶာကိုယ္မွာခ်ဳပ္ေႏွာင္ထားတဲ့ သိုင္းႀကိဳးေတြကို ျဖဳတ္ခဲ့ၾကပါတယ္။

ေလယာဥ္ဆင္းသက္ၿပီးေနာက္ ခရီးသည္ေတြ ေလယာဥ္ထဲကေန ထြက္လာတဲ့အခ်ိန္မွာ လူတစ္စုကလည္း ေလယာဥ္ေျပးလမ္းဆီကို စု႐ုံးေရာက္ရွိလာၿပီး ဂုဏ္ျပဳေပးခဲ့ပါတယ္။ မစ္ရွင္ေခါင္းေဆာင္ Branson ကေတာ့ ေအာင္ျမင္စြာ ျပန္လည္ဆင္းသက္နိုင္ခဲ့ျခင္းအတြက္ ေလယာဥ္ေျပးလမ္းဆီ မဆင္းလာခင္မွာ လက္ကိုေလထဲေျမႇာက္ၿပီး ေပ်ာ္ရႊင္ေနခ့ဲပါတယ္။  “ကေလးငယ္ေတြလိုပဲ ကၽြန္ေတာ္ဟာလည္း ကေလးဘဝကတည္းက ဒီအခိုက္အတန႔္ေလးကို အျပင္လက္ေတြ႕မွာ အေကာင္အထည္ေဖာ္နိုင္ရမယ္ဆိုတဲ့ အိပ္မက္ရွိခဲ့တာ။ အမွန္တိုင္းေျပာရရင္ အာကာသကေန ၾကည့္လို႔ရတဲ့ ျမင္ကြင္းဟာ ကၽြန္ေတာ္ စိတ္ကူးယဥ္ၾကည့္ခဲ့တာထက္ေတာင္ ပိုပါေသးတယ္” ဆိုၿပီး Branson က ေလယာဥ္ဆင္းသက္ၿပီးေနာက္ က်င္းပခဲ့တဲ့ အခမ္းအနားမွာ သူ႕ရဲ႕အေတြ႕အၾကဳံကို မၽွေဝေျပာၾကားခ့ဲပါတယ္။

ဘီလ်ံနာသူ‌ေဌးႀကီး Jeff Bezos က သူ႕ရဲ႕ကိုယ္ပိုင္ဒုံးပ်ံေလယာဥ္ကို  အေနာက္တကၠဆက္ျပည္နယ္ကေန အာကာသဆီ တင္လႊတ္မယ္လို႔ ေၾကျငာခဲ့ၿပီးေနာက္ Branson က သူ႕ရဲ႕ ခရီးစဥ္အခ်ိန္ကို ေျပာင္းလဲပစ္ခဲ့တာပဲျဖစ္ပါတယ္။ အဆိုပါအစီအစဥ္ေျပာင္းလဲျခင္းနဲ႔ ပတ္သက္ၿပီးေတာ့ Branson က Blue Origin တည္ေထာင္သူထက္ လက္ဦးမႈရေအာင္ လုပ္ခဲ့တာ မဟုတ္ဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။

စတင္မထြက္ခြာခင္မွာ Branson က သူ႕ကို လာေရာက္အားေပးခဲ့တဲ့ SpaceX တည္ေထာင္သူ Elon Musk နဲ႔ အတူတူရိုက္ထားတဲ့ ဓါတ္ပုံကို တြစ္တာမွာ တင္ခဲ့ပါေသးတယ္။ Virgin အာကာသယာဥ္ စတင္ပ်ံသန္းမႈဟာ ကုမၸဏီအတြက္ ပထမဦးဆုံးခရီးစဥ္ျဖစ္ၿပီး အာကာသရဲ႕အစြန္းတစ္ဖက္ဆီသြားမယ့္ ခရီးသည္ထိုင္မယ့္ ထိုင္ခုံ (၆) ခုံလုံးဟာ လူျပည့္ေနခဲ့ပါတယ္။

အဆိုပါ ခရီးစဥ္ဟာ အာကာသဆီသို႔ ေခၚေဆာင္သြားေပးမယ့္ လက္မွတ္တစ္ေစာင္ကို ေဒၚလာ ၂၅၀,၀၀၀ နဲ႔ ႀကိဳတင္ဝယ္ယူထားသူ အေယာက္ (၆၀၀) ေက်ာ္ ရွိေနၿပီးသားျဖစ္ေပမယ့္လည္း Virgin Galactic ဒုံးပ်ံေလယာဥ္ကို လူသိပိုမ်ားလာေအာင္ ေၾကျငာဖို႔ ရည္ရြယ္ခဲ့တာလည္းျဖစ္ပါတယ္။ Brandson က တိုက္ရိုက္ထုတ္လႊင့္ေၾကျငာေပးဖို႔ R&B အဆိုေတာ္ Khalid နဲ႔ လူရႊင္ေတာ္ Stephen Colbert တို႔ကိုေတာင္ ဖိတ္ၾကားခ့ဲပါေသးတယ္။ အဆိုပါလႊတ္တင္မႈဟာ SpaceShipTwo စနစ္ရဲ႕ ၂၂ ႀကိမ္ေျမာက္ စမ္းသပ္ပ်ံသန္းမႈျဖစ္ၿပီး ကမၻာ့ေလထုကို ေက်ာ္လြန္ကာ လႊတ္တင္ခဲ့တဲ့ ေလးႀကိမ္ေျမာက္မစ္ရွင္လည္း ျဖစ္ခဲ့ပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdaiyllife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

ten + two =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...