HomeBanking & Financeမစင်ကို စွမ်းအင်နဲ့ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲပေးတဲ့ တောင်ကိုရီးယားအင်ဂျင်နီယာများ။

မစင်ကို စွမ်းအင်နဲ့ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲပေးတဲ့ တောင်ကိုရီးယားအင်ဂျင်နီယာများ။

ပညာရှင်တွေက “ပျား” နဲ့ “အမြင်အာရုံ” ဆိုတဲ့ စကားလုံး (၂) လုံး ပေါင်းစပ်ပြီး သန့်စင်ခန်းတွေကို “BeeVi” လို့ အမည်ပေးခဲ့ပါတယ်။ BeeVi သန့်စင်ခန်းတွေဟာ မစင်တွေကို မြေအောက်တိုင်ကီထဲ ပို့လွှတ်ဖို့ ရေစုပ်စက်ကို အသုံးပြုပြီး ရေအသုံးပြုမှုကိုပါ လျှော့ချပေးပါတယ်။ ထိုနေရာမှာရှိတဲ့ သေးငယ်တဲ့ ဇီဝသက်ရှိတွေက စွန့်ပစ်ပစ္စည်းတွေကို မီသိန်းဓါတ်ငွေ့အဖြစ် ဖြိုခွဲပစ်လိုက်ရာကနေ အဆိုပါဓါတ်ငွေ့ကို အဆောက်အအုံရဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုလာနိုင်တဲ့အပြင် ဓါတ်ငွေ့မီးဖို ၊ ရေပူဘွိုင်လာနဲ့ လောင်စာဆဲလ်တွေကိုပါ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

တောင်ကိုးရီးယားတက္ကသိုလ်တစ်ခုက ပညာရှင်တွေဟာ လူသားတွေ စွန့်ပစ်လိုက်တဲ့ မစင်တွေကို အသုံးပြုပြီး အဆောက်အဦးတစ်ခုမှာ အသုံးပြုဖို့ လျှပ်စစ်ဓါတ်အားကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ တက္ကသို်လ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း ကျောင်းတွင်းစားစရာတွေ ဝယ်ယူရာမှာ အိမ်သာအသုံးပြုရာကနေ ရရှိလာတဲ့ငွေကြေးနဲ့ ငွေပေးချေခွင့် ရှိနေပြီလည်းဖြစ်ပါတယ်။ Ulsan အမျိုးသား သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က မြို့ပြနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာပါမောက္ခ Cho Jae-Weon က ဇီဝဓါတ်ငွေ့နဲ့ မြေသြဇာထုတ်လုပ်ဖို့ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုတဲ့ ဓါတ်ခွဲခန်းတစ်ခုနဲ့ ဆက်သွယ်ထားတဲ့ ဂေဟစနစ်ကို တည်ဆောက်ခဲ့ပါတယ်။

ပညာရှင်တွေက “ပျား” နဲ့ “အမြင်အာရုံ” ဆိုတဲ့ စကားလုံး (၂) လုံး ပေါင်းစပ်ပြီး သန့်စင်ခန်းတွေကို “BeeVi” လို့ အမည်ပေးခဲ့ပါတယ်။ BeeVi သန့်စင်ခန်းတွေဟာ မစင်တွေကို မြေအောက်တိုင်ကီထဲ ပို့လွှတ်ဖို့ ရေစုပ်စက်ကို အသုံးပြုပြီး ရေအသုံးပြုမှုကိုပါ လျှော့ချပေးပါတယ်။ ထိုနေရာမှာရှိတဲ့ သေးငယ်တဲ့ ဇီဝသက်ရှိတွေက စွန့်ပစ်ပစ္စည်းတွေကို မီသိန်းဓါတ်ငွေ့အဖြစ် ဖြိုခွဲပစ်လိုက်ရာကနေ အဆိုပါဓါတ်ငွေ့ကို အဆောက်အအုံရဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုလာနိုင်တဲ့အပြင် ဓါတ်ငွေ့မီးဖို ၊ ရေပူဘွိုင်လာနဲ့ လောင်စာဆဲလ်တွေကိုပါ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

“အကယ်၍ ကျွန်တော်တို့တွေက သမာရိုးကျမစဉ်းစားဘူးဆိုရင် မစင်တွေဟာ စွမ်းအင်နဲ့ မြေသြဇာထုတ်လုပ်ရာမှာ တန်ဖိုးရှိတဲ့အရာတွေ ဖြစ်တယ်ဆိုတာကို နားလည်လာမှာပါ။ အဆိုပါတန်ဖိုးရှိတဲ့အရာတွေကို ကျွန်တော်က ဂေဟဗေဒဖြန့်ဖြူးခြင်း စက်ဝန်းထဲ ထည့်လိုက်ခြင်းဖြစ်ပါတယ်” ဆိုပြီး Cho က ရှင်းပြခဲ့ပါတယ်။

- Advertisement -

- Advertisement -

သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာတစ်ဦးက ပျမ်းမျှလူတစ်ဦး စွန့်ပစ်လိုက်တဲ့ (၅၀၀) ဂရမ်ရှိတဲ့ မစင်တွေကနေ တစ်ရက်လျှင် သတ္တုဓါတ်ငွေ့ (၅၀) လီတာကို ပြောင်းလဲထုတ်လုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါဓါတ်ငွေ့ဟာ လျှပ်စစ်ဓါတ်အား ၀.၅ ကီလိုဝပ် ထုတ်လုပ်နိုင်ပြီး ကားတစ်စီးကို ၁.၂ ကီလိုမီတာ (၀.၇၅ မိုင်) မောင်းနှင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

Cho ဟာ ကိုရီးယားဘာသာဖြင့် ပျားရည်လို့ အဓိပ္ပါယ်ရတဲ့ Ggool လို့ခေါ်တဲ့ မျက်မြင်ပုံရိပ်ယောင်ငွေကြေးကို တီထွင်ခဲ့ပြီး ဂေဟအကျိုးပြု သန့်စင်ခန်းကို အသုံးပြုသူတစ်ယောက်ချင်းစီတိုင်း တစ်နေ့လျှင် (၁၀) Ggool ဆီ ပေးအပ်ခဲ့ပါတယ်။ ကျောင်းသားတွေက ကျောင်းဝင်းအတွင်းက ကော်ဖီ ၊ အသင့်စားခေါက်ဆွဲခြောက် ၊ သစ်သီးတွေနဲ့ စာအုပ် အစရှိတဲ့ပစ္စည်းတွေကို ဝယ်ယူဖို့ အဆိုပါဒီဂျစ်တယ်ငွေကြေးကို အသုံးပြုနိုင်ပါတယ်။ ကျောင်းသားတွေက သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ဆိုင်တစ်ဆိုင်ကနေ ကောက်ယူပြီး Ggool က QR ကုဒ်နဲ့ ငွေပေးချေလိုက်ရုံပဲဖြစ်ပါတယ်။

Ggool စျေးကွက်မှ ဘွဲ့လွန်ကျောင်းသား Heo Hui-Jin က “မစင်တွေဟာ ညစ်ပတ်တယ်လို့ ထင်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ကျွန်တော့်အတွက် တန်ဖိုးရှိနေပါပြီ။ အစားစားနေတဲ့အချိန်မှာတောင် ကျွန်တော်လိုချင်တဲ့ စာအုပ်တွေကို ဝယ်နိုင်ဖို့ မစင်တွေအကြောင်း စဉ်းစားမိတဲ့အထိပါပဲ။” လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read