HomeHome & Propertyကွန်ဒိုတိုက်ခန်းဝယ်ယူတဲ့အခါမှာ ပြင်ဆင်ပြီးသားအခန်းနဲ့ မပြင်ဆင်ရသေးတဲ့အခန်း ၊ ဘယ်လိုအခန်းမျိုးကို ဦးစားပေးဝယ်ယူသင့်သလဲ ? ? ?

ကွန်ဒိုတိုက်ခန်းဝယ်ယူတဲ့အခါမှာ ပြင်ဆင်ပြီးသားအခန်းနဲ့ မပြင်ဆင်ရသေးတဲ့အခန်း ၊ ဘယ်လိုအခန်းမျိုးကို ဦးစားပေးဝယ်ယူသင့်သလဲ ? ? ?

အကယ်၍ သင်လက်ရှိ မျက်စိကျနေတဲ့အခန်းက သင်အမြဲတမ်းနေထိုင်မယ့် နေအိမ်မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် သင်က အမြဲတမ်းနေထိုင်တော့မယ့် နေရာဆီ မပြောင်းမီ ဒီနေရာမှာ အချိန်အတိုင်းအတာ တစ်ခုအထိသာနေမယ်လို့ စီစဉ်ထားရင် ပရိဘောဂပါဝင်တဲ့ကွန်ဒိုကို ဝယ်ယူတာက ပိုပြီး သင့်တော်ပါတယ်။ တစ်သက်လုံးနေမှာ မဟုတ်တဲ့အတွက် အချိန်ကုန် လူပင်ပန်း ငွေကုန်ခံပြီး ပရိဘောဂတွေကို ကိုယ်တိုင်ဝယ်ဖြည့်တာက မတန်ပါဘူး။ အကယ်၍ သင်က စတူဒီယိုတစ်ခု ဒါမှမဟုတ် အိပ်ခန်းတစ်ခန်းတည်းရှိတဲ့ အိမ်ငယ်လေးကို ဝယ်မယ်ဆိုရင်လည်း ပရိဘောဂတွေ ဖြည့်ထားပေးတဲ့ ကွန်ဒိုကို ဝယ်တာက ပိုပြီးလက်တွေ့ကျပါတယ်။

- Advertisement -

အိမ်ခြံမြေရှာဖွေနေစဉ်အတောအတွင်း အခက်ခဲဆုံးသော ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ ပရိဘောဂပါဝင်တဲ့ (သို့) ပရိဘောဂမပါဝင်တဲ့ ကွန်ဒိုအခန်းတွေထဲမှာ ဘယ်လိုအခန်းမျိုးကို ဝယ်ယူခြင်းက ပိုကောင်းမလဲဆိုတာကို ဝယ်ယူလိုသူကိုယ်တိုင် စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဝယ်ယူသူရော ရောင်းချသူပါ ပြုလုပ်ဖို့လိုအပ်တဲ့ ရွေးချယ်မှုတွေလည်း ရှိပါတယ်။ တစ်ဖက်မှာတော့ ပရိဘောဂပါဝင်တဲ့ အိမ်ခြံမြေကို ဝယ်ယူခြင်းက အချိန်ကုန် ၊ လူပင်ပန်းတဲ့ဒဏ်မှ သက်သာစေပေမယ့်လည်း ကိုယ်သဘောကျတဲ့ ရွေးချယ်မှုနောက်မှာ ထိုက်သင့်တဲ့ ကုန်ကျစရိတ်ကတော့ ကပ်ပါလာမှာလည်း ဖြစ်ပါတယ်။ ဒီတော့ ဘယ်ရွေးချယ်မှုက သင့်အတွက် အသင့်လျော်ဆုံးဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

 

- Advertisement -

ပရိဘောဂ စုံလင်စွာပါဝင်တဲ့အခန်းကို ဝယ်ယူသင့်တဲ့အချိန်။

- Advertisement -

အကယ်၍ သင်လက်ရှိ မျက်စိကျနေတဲ့အခန်းက သင်အမြဲတမ်းနေထိုင်မယ့် နေအိမ်မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် သင်က အမြဲတမ်းနေထိုင်တော့မယ့် နေရာဆီ မပြောင်းမီ ဒီနေရာမှာ အချိန်အတိုင်းအတာ တစ်ခုအထိသာနေမယ်လို့ စီစဉ်ထားရင် ပရိဘောဂပါဝင်တဲ့ကွန်ဒိုကို ဝယ်ယူတာက ပိုပြီး သင့်တော်ပါတယ်။ တစ်သက်လုံးနေမှာ မဟုတ်တဲ့အတွက် အချိန်ကုန် လူပင်ပန်း ငွေကုန်ခံပြီး ပရိဘောဂတွေကို ကိုယ်တိုင်ဝယ်ဖြည့်တာက မတန်ပါဘူး။ အကယ်၍ သင်က စတူဒီယိုတစ်ခု ဒါမှမဟုတ် အိပ်ခန်းတစ်ခန်းတည်းရှိတဲ့ အိမ်ငယ်လေးကို ဝယ်မယ်ဆိုရင်လည်း ပရိဘောဂတွေ ဖြည့်ထားပေးတဲ့ ကွန်ဒိုကို ဝယ်တာက ပိုပြီးလက်တွေ့ကျပါတယ်။

- Advertisement -

 

ပရိဘောဂ စုံလင်စွာမပါဝင်တဲ့ ကွန်ဒိုကို ဝယ်သင့်တဲ့အချိန်။

အကယ်၍ သင့်မှာ ပရိဘောဂတွေ ရှိနေပြီးသားဆိုရင်တော့ ပရိဘောဂ စုံလင်စွာမပါဝင်တဲ့ အခန်းကို ဝယ်ယူသင့်ပါတယ်။ အဆင့်မြင့် ဇိမ်ခံကွန်ဒိုကို ဝယ်ယူလိုသူတွေကလည်း ဒီရွေးချယ်မှုကို သေသေချာချာ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ အိမ်အတွင်းအလှပြင်ဆင်မှု ဒီဇိုင်းရေးဆွဲပေးတဲ့ ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင်တော့ ကွန်ဒိုရဲ့တန်ဖိုးကို ပိုမြင့်တက်စေနိုင်ပြီး အိမ်ခြံမြေငှားရမ်းတဲ့ စျေးကွက်မှာ ပိုပြီးထင်ပေါ်နေစေနိုင်ပါတယ်။

 

သင့်မှာရွေးချယ်စရာ အများကြီး မရှိတော့တဲ့အချိန်။

သင်ဟာ အိမ်ငှားနေဖို့သာ တတ်နိုင်တဲ့အချိန်မျိုးမှာ ပရိဘောဂပါဝင်တဲ့ ကွန်ဒိုကို ရွေးချယ်ရမလား ဒါမှမဟုတ် ပရိဘောဂမပါဝင်တဲ့ ကွန်ဒိုကို ရွေးချယ်ရမလားဆိုပြီး စဉ်းစားရခက်နေတတ်ပါတယ်။ အခန်းဌားသူတွေအနေနဲ့လည်း သင့်အနေနဲ့ သူတို့ရဲ့ပရိဘောဂတွေထည့်သွင်းပြီးသားအခန်းကို ဌားစေချင်ပြီး များသောအားဖြင့် ပရိဘောဂတွေ ဌားရမ်းအသုံးပြုခကိုလည်း အခန်းဌားခထဲမှာ ပါဝင်ပြီးသားဖြစ်နေဖို့ အရေးကြီးပါတယ်။

<Unicode Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read